Liberation Cafe

Liberation Cafe

Share

18/04/2025

နှစ်ဟောင်းကစိတ်ပင်ပန်းမှုတွေကို နှစ်သစ်မှာသယ်မသွားချင်တော့ဘူးဆို။

ပြောပြစရာတွေရှိပေမယ့် နားထောင်စရာရင်ခွင်မရှိတာလား ❓

ဒဏ်ရာတွေတပွေ့တပိုက်နဲ့ အထီးကျန်နေတာလား ❓

ဒီလိုမျိူးစိတ်ထွက်ပေါက်ပိတ်ပြီး နွေးထွေးမှုရနိုင်မယ့်နေရာလေးရှာနေရင်တော့ 𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 ကိုသာ သတိရလိုက်တော့နော်။ 💐

𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 မှာ

❤️‍🩹 လူမှုဘဝရှုထောင့်အစုံက နာကျဥ်မှုတွေ

❤️‍🩹 လုပ်ငန်းခွင်တွင်းဖိနှိပ်ခံရမှုတွေ၊

❤️‍🩹 𝐑𝐞𝐥𝐚𝐭𝐢𝐨𝐧𝐬𝐡𝐢𝐩 ကြားက အဆင်မပြေမှုတွေ၊

❤️‍🩹 ဂုဏ်သိက္ခာထိပါးစရာ ခွဲခြားဆက်ဆံခံရမှုတွေအပြင်

အမျိူးမျိူးသော စိတ်ပိုင်းဆိုင်ရာပြဿနာအဝဝကို 𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 𝐂𝐨𝐫𝐧𝐞𝐫 မှာ ရင်ဖွင့်ပြောပြနိုင်ပါပြီ။ 🌿

𝐉𝐮𝐝𝐠𝐦𝐞𝐧𝐭 မလုပ်၊ 𝐂𝐫𝐢𝐭𝐢𝐜𝐢𝐳𝐞 မလုပ်ဘဲ

ဘာမဆိုအသိပေးနိုင်တဲ့ သူငယ်ချင်းအရင်းကြီးတစ်ယောက်လို၊ မိတ်ဟောင်းကြီးတစ်ယောက်လို စိတ်ရောကိုယ်ပါနှစ်မြုပ်နားထောင်ပေးမှာဖြစ်လို့ စိတ်လုံခြုံစရာရပ်ဝန်းလေးရှာနေရင်တော့ 𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞 ကိုသာ လှမ်းခဲ့လိုက်တော့နော်။ ✨✨✨

𝐔𝐩𝐝𝐚𝐭𝐞 အသစ်တွေသိရဖို့၊ နှလုံးသားအတွက် အကျိူးရှိစရာစာလေးဖတ်ရဖို့ရာ 𝐏𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 𝐚𝐧𝐝 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ထားဖို့လည်း မမေ့ကြပါနဲ့ဦးရှင်။ 💌💌💌

17/04/2025

🌻 ယခုနှစ်သစ်မှစ နောက်နှစ်ပေါင်းများစွာတိုင်အောင် ခုနှစ်ရက်သားသမီးအပေါင်း လူသားအပေါင်းတို့ ဘေးရန်ကင်းကွာအောင်ကြောင်းဖြာ၍ ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

🍃 ထွက်ခွာသွားသူများ ငြိမ်းချမ်းပြီး

ကျန်ရစ်သူများလည်း အေးချမ်းကြပါစေ။ 🍃

အကြည်ဓာတ်စိတ်၊ အကောင်းမြင်စိတ်၊ လူသားဆန်သောစိတ်နှင့် တစ်ဦးအပေါ်တစ်ဦးကိုယ်ချင်းစာဖေးမတတ်သောစိတ်တို့သည် ယခုနှစ်သစ်မှစတင်ကာ အားလုံးအပေါ်သက်ရောက်နိုင်ပါစေ။ 🌼

𝐋𝐢𝐛𝐞𝐫𝐚𝐭𝐢𝐨𝐧 𝐂𝐚𝐟𝐞

11/04/2025

ကိုယ့်အတွက် စစ်မှန်တဲ့အရာတွေဆိုတာ ကိုယ့်ဆီကို အချိန်ကိုက်ရောက်လာတတ်ပါတယ် အမြဲတမ်းကိုယ့်ဘက်ကလိုက်ရှာနေစရာမလိုပါဘူး 🍀🍀

ကိုယ့်ကိုမရွေးချယ်လိုက်တဲ့အလုပ် ကိုယ့်ဆီကနေထွက်သွားတဲ့ အချစ်
ကိုယ်မပိုင်ဆိုင်လိုက်ရတဲ့ ချစ်သူ ဒီအရာတွေဟာ ကိုယ့်အတွက်မဟုတ်လိုပါပဲ 💔💔

ပိတ်သွားတဲ့တံခါးတွေ လွတ်သွားတဲ့ အခွင့်လမ်းတွေ မမျှော်လင့်ထားတဲ့အပြောင်းအလဲတွေဆိုတာ ကိုယ့်အတွက်ပိုကြီးမား တဲ့ နောက်ထပ်အခွင့်အလမ်းတခု ရဲ့အစပါပဲ 💌

လက်လွတ်လိုက်ရတာတွေအတွက်ပဲ နှမြောတသဖြစ်မ‌နေပဲ ကိုယ့်ဘေးမှာရှိနေတဲ့သူတွေ ကိုယ့်မှာရနေတဲ့ အခွင့်အလမ်း တွေ သင့်ရဲ့စွမ်းရည်တွေကို အရင်တွေ့မြင်ပီး တန်ဖ်ုးထားပါ ဒီအရာတွေဟာ ကိုယ့်အတွက်ပါပဲ
ငြင်းပယ်ခံရခြင်းတွေဟာ ကိုယ့်အားနည်းချက်မဟုတ်ပါဘူး ကြန့်ကြာမှူတွေဟာလဲ ကိုယ့်အတွက် အကာကွယ်တခုပါပဲ 🐬🐬

You are exactly where you need to be, even if it doesn’t feel that way yet.

Want your business to be the top-listed Nail Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Yangon