Myanmar Eco Solutions

Myanmar Eco Solutions

Share

Myanmar Eco Solutions is the pinnacle of green energy solutions that combines energy-auditing services with providing quality, renewable lighting & clean drinking water products for the rural population. Although a profit oriented company, we believe the raising of living standards for our customers comes first. For an average household, our auditing services provide savings of at least 30% per ye

02/12/2022

SME လုပ်ငန်းရှင်များအတွက် မီးပျက်ခြင်း၊ လောင်စာဆီစျေးနှုန်းတက်ခြင်း၊ စွမ်းအင်သုံးစွဲမှုစရိတ် မြှင့်တက်ခြင်း တို့ကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများ ဖြေရှင်းနိူင်ရန် RBF အထောက်အပံ့

အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ (SMEs)များအတွက် ဒိန်းမတ်အစိုးရဖွံ့ဖြိုးရေးအထောက်အပံ့ဖြစ်သော Responsible Business Fund (RBF) ဆဌမအကြိမ်မြှောက်အဆိုပြုလွှာများကို နိူဝင်ဘာ (၉) ရက်နေ့မှ ဒီဇင်ဘာ (၅) ရက်နေ့ထိ ပထမအဆင့်အနေဖြင့်လက်ခံနေပါသည်။

အဆိုပါအထောက်ပံ့မှုများအတွက် သတ်မှတ်ထားသောကဏ္ဍ (၂)ခုမှာ စွမ်းအင်အလေအလွင့်လျှော့ချခြင်း (Energy Efficiency) နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် (Renewable Energy) တို့ဖြစ်သည်။ RBF အနေဖြင့် စီမံကိန်းကုန်ကျစရိတ်၏ ၂၅%၊ အများဆုံး မြန်မာကျပ်ငွေ သိန်း၄၀၀အထိ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

၎င်းအပြင် Myanmar Eco Solutions အနေဖြင့် လူကြီးမင်းတို့ ငွေကြေးအခက်အခဲများအတွက် ဘဏ်ချေးငွေ လျောက်ပေးခြင်း ဝန်ဆောင်မှုများကိုလည်း ဆက်လက်လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

Myanmar Eco Solutions အနေဖြင့် စွမ်းအင်အလေအလွင့်လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍအတွက် စီမံကိန်းများအား RBF အထောက်အပံ့ဖြင့် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ရှိ Greenland Coffee ခြံတွင် (၂၀ kW) ရှိ Solar Pump အား ဧက၄၀ ရေပေးဝေနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဧပြီလတွင်တပ်ဆင်ခဲ့ပါသည်။ ၎င်းအပြင် မြန်မာနိုင်ငံတွင် ပထမဆုံးသော ဆိုလာယာဉ်ရပ်နားစခန်း Solar Car Port (62 kW) ကို ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၁၅မိုင်ရှိ GR 8 စားသောက်ဆိုင်တွင်လည်းကောင်း၊ မွန်ပြန်နယ် ရေးမြို့ရှိ Star Light Resort Hotel တွင် (20 kW နှင့် ဘက်ထရီ 46 kWh) အားလည်းကောင်း RBF အထောက်အပံ့ဖြင့် ၂၀၂၀ ခုနှစ် မေလနှင့် ဇွန်လများတွင် အောင်မြင်စွာတပ်ဆင်နိုင်ခဲ့ပြီးဖြစ်ပါသည်။

စိတ်ပါဝင်စားသော SME လုပ်ငန်းရှင်များအနေဖြင့် Myanmar Eco Solutions သို့ဆက်သွယ်တိုင်ပင်နိုင်ပါသည်။ လျှောက်လွှာများတင်သွင်းရာတွင်လည်း လိုအပ်သော အကူအညီများကို ဆောင်ရွက်ပေးပါသည်။

RBF အထောက်အပံ့နှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
https://fb.watch/h9govn4L93/

Myanmar Eco Solutions သို့ဆက်သွယ်ရန်ဖုန်းနံပါတ်များ - ၀၉ ၄၀၆ ၁၉၆ ၁၉၀ - ၁၊ စန္ဒီ - ၀၉ ၄၅၆ ၆၅၅ ၄၇၅

Photos from Myanmar Eco Solutions's post 09/12/2021

MES သည် မိမိတို့တာဝန်ယူတပ်ဆင်ပေးနေသော ကုန်ပစ္စည်းများ၏အရည်အသွေး၊ လုပ်ဆောင်မှုများကို တိုးတက်ကောင်းမွန်စေရန်အတွက် စဉ်ဆက်မပြတ်ကြိုးစားလျှက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့တွင် Lorentz တံဆိပ်ဆိုလာရေမြုပ်ပန့် PS1800 C-SJ30 ကို စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါသည်။ ပန့်လုပ်ဆောင်ချက် ဗွီဒီယိုအား ပထမဆုံး comment တွင်လေ့လာကြည့်ရှုနိုင်ပါသည်။ အဆိုပါပန့်သည် ဆိုလာပါဝါပေါ်မူတည်ပြီး အမြင့်ဆုံး ၁၀မီတာရေတင်နိုင်ပြီး တစ်နာရီရေဂါလံ ၁သောင်းကျော်ထွက်ရှိသောကြောင့် စီးပွားရေးတွက်ချေကိုက်သောပန့်အမျိုးအစားဖြစ်သည်။

Lorentz တံဆိပ်ဆိုလာရေမြုပ်ပန့်များသည် ဘက်ထရီမလို၊ အင်ဗာတာမလိုပဲ DC တိုက်ရိုက်ဖြစ်ခြင်းကြောင့် လောင်စာဆီကုန်ကျစရိတ်လုံး၀မရှိပါ။ ထို့အပြင် အာရုံခံစနစ်များဖြစ်သော Well Probe, Float Switch, Pressure Sensor, Sun Sensor, Surge Protector, Water Meter တပ်ဆင်ခြင်းကြောင့် ရေအလိုအလျောက်တင်ခြင်း၊ ပိတ်ခြင်းတို့ကို ပန့်ကိုထိခိုက်မှုမရှိစေပဲ လုပ်ဆောင်ပေးသည်။ ၎င်းအာရုံခံစနစ်များအကြောင်းကို အောက်တွင်အသေးစိတ်ဖော်ပြထားပါသည်။

Well Probe - ရေလယ်ဗယ်သည် ၎င်းအာရုံခံစနစ်အောက်ကျဆင်းသွားသောအခါ ပန့်အလိုအလျောက်ရပ်တန့်သွားသည်။ ရေမရှိပဲပန့်လည်ပတ်ခြင်းမှ ကာကွယ်ပေးသောကြောင့် ပန့်လောင်ကျွမ်းမှုမဖြစ်တော့ပါ။
Float Switch - ရေလှောင်ကန်တွင် ရေပြည့်သွားသောအခါ ပန့်အလိုအလျောက်ရပ်တန့်သွားသော အာရုံခံစနစ်ဖြစ်သည်။ ထိုစနစ်ကြောင့် ပန့်ကိုလိုအပ်သည်ထက်ပိုပြီးလည်ပတ်စေခြင်းမရှိတော့သည့်အပြင် စောင့်ကြည့်ရန်လည်းမလိုအပ်သောကြောင့် လုပ်အားချွေတာခြင်းအကျိုးကို ရရှိနိုင်ပါသည်။
Pressure Sensor - Float Switch နှင့်လုပ်ဆောင်ပုံခြင်းဆင်တူသော်လည်း ပန့်နှင့် ရေသိုလှောင်ကန်များအလွန်ဝေးကွာသော အခြေအနေမျိုးတွင် Pressure Sensor ကို အသုံးပြုကြသည်။
Sun Sensor - လုံလောက်သော နေရောင်စွမ်းအင်မရရှိပါက ပန့်အလုပ်မလုပ်ရန် တားဆီးပေးသောကြောင့် ပန့်ကိုရေရှည်အသုံးပြုနိုင်သည်။
Surge Protector - မိုးကြိုးကြောင့်ဖြစ်စေ ၊ အခြားသောလျှပ်ကူးမှုကြောင့်ဖြစ်စေ ဗို့အားမြှင့်လျှပ်စစ်စီးဆင်းမှုမှ ကာကွယ်ပေးသောကြောင့် ပန့်ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်။
Water Meter – ရေစီးဆင်းမှုကို တိကျစွာတိုင်းတာပေးသော ကိရိယာတစ်ခုဖြစ်ပါသည်။

လူကြီးမင်းတို့၏ ရေအခက်အခဲကိုဖြေရှင်းနိုင်ရန်အတွက် 09 406196190 (သို့မဟုတ်) 09 950487153 သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

12/10/2021

ပြည်တွင်းလုပ်ငန်းရှင်များအတွက်ဝမ်းမြောက်ဖွယ်သတင်း

သင်လက်ရှိရင်းနှီးလုပ်ကိုင်နေသောလုပ်ငန်းသည် ရာသီဥတုပြောင်းလည်းခြင်းကိုသက်သာစေပြီးလိုက်လျောညီထွေမှုကိုဖန်တီးပေးနိုင်သောလုပ်ငန်း (Climate mitigation and adaptation project)မျိုးဖြစ်လျင် Private Financing Advisory Network (PFAN) ၏​ထောက်ပံ့မှုကိုအရယူလိုက်ပါ။

၂၀၂၁နှစ်အတွက်နောက်ဆုံးအခွင့်အလမ်းအနေဖြင့် October လ (၃၁)ရက်မတိုင်ခင်နောက်ဆုံးထားလျှောက်နိုင်ပါသည်။

အသေးစိတ်အချက်အလက်များကိုသိလိုပါက https://pfan.net တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

Myanmar Eco Solutions ၏ chat box မှလည်းသိလိုသောအချက်များကိုစုံစမ်းနိုင်ပါသည်။

PFAN အဖွဲ့၏လုပ်ဆောင်ချက်များကိုဖေါ်ပြပါYouTube link
တွင်လည်းကြည့်ရှုနိုင်ပါသည်။

https://youtu.be/kkKKuHcnn9A

Photos from Myanmar Eco Solutions's post 11/10/2021

Myanmar Eco Solutions ၏ မိတ်ဟောင်း၊ မိတ်သစ်များ မင်္ဂလာပါ။

ယခုအချိန်တွင် အနယ်နယ်အရပ်ရပ်မှ စက်ရုံ ၊ အလုပ်ရုံများအနေဖြင့် လျှပ်စစ်ဓါတ်အားလိုအပ်ချက်များ မြင့်မားစွာဖြစ်ပေါ်လျှက်ရှိပါသည်။ ထိုလိုအပ်ချက်ကို Myanmar Eco Solutions အနေဖြင့် အပြည့်အ၀ ဖြေရှင်းဝန်ဆောင်မှုပေးရန် အသင့်ရှိပါသည်။ လူကြီးမင်းတို့၏ စက်ရုံ၊ အလုပ်ရုံများနှင့် ဂိုဒေါင်များတွင် အစိုးရလျှပ်စစ်နှင့်သာမက မီးစက်နှင့်ပါတွဲ၍အသုံးပြုနိုင်သော micro-grid ဆိုလာစနစ်ကိုတပ်ဆင်နိုင်ပါသည်။ အဆိုပါဆိုလာစနစ်သည် ဓါတ်အားလိုအပ်ချက်ကိုဖြေရှင်းနိုင်မည့်အပြင် လျှပ်စစ်ဓါတ်အားခနှင့် လောင်စာဆီဖိုးကိုပါ သက်သာစေနိုင်ပါသည်။
MES သည် Commercial and Industrial Sector တွင် ဆယ်စုနှစ်တစ်စုကြာ လျှပ်စစ်ဓါတ်အားလိုအပ်ချက်များကို ဝန်ဆောင်မှုပေးအပ်ခဲ့ပြီးဖြစ်ပါသည်။ MESမှ တပ်ဆင်ပြီးစီးသော micro-grid စီမံကိန်းများမှာ
• တနင်္သာရီတိုင်း မြိတ်မြို့တွင် ၃၃၀ကီလိုဝပ်ဆိုလာစနစ်၊
• Russel Island ရှိ ပုလဲမွေးမြူရေးတွင် ၁၆ကီလိုဝပ်ဆိုလာစနစ်၊
• ရန်ကုန်-မန်းလေးအမြန်လမ်းမကြီး ၁၁၅မိုင်ရှိ GR8 စားသောက်ဆိုင်တွင် ၆၀ကီလိုဝပ်ဆိုလာစနစ် တို့ဖြစ်ပါသည်။
လူကြီးမင်းတို့အနေဖြင့် လိုအပ်ချက်များကို ဆွေးနွေးလိုပါက 09 406196190 သို့မဟုတ် [email protected] သို့ဆက်သွယ်နိုင်ပါသည်။

Want your business to be the top-listed Contractor in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


9C, 9th Floor, Pansodan Business Tower, Pansodan Street
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00