SAMM

SAMM

Share

13/05/2026

Dobro/ Slide.ဂစ်တာ သင်ခန်းစာ

ဒီတစ်ခေါက် ကျွန်တော်တို့ရဲ့ SAMM Musician တွေနဲ့ မိတ်ဆက်ပေးချင်တာကတော့ Dubro လို့ခေါ်တဲ့ Slide တီးဟန်ဖြစ်ပါတယ်။ Dobro ဆိုတာဟာ Slide ဂစ်တာအမျိုးအစားဖြစ်ပါတယ်။

ဒါပေမယ့် Dobro အများစုဟာ Bar မြင့်ပါတယ်။ သူက Slide တီးဖို့လုပ်ထားတာဆိုတော့ သာမန်ဂစ်တာနဲ့ နဲနဲတော့ ကွဲပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အိမ်မှာလက်ရှိတီးနေတဲ့ ဂစ်တာတွေကိုပဲ Dobro လိုပြောင်းပြီး တီးခတ်ကြည့်ရအောင် ...

အရင်ဦးဆုံး Dobro ရဲ့ Tuning ကိုလေ့လာကြည့်ရအောင် ။ Dobro ဟာ ဂစ်တာနဲ့ Tuning ချင်းမတူပါဘူး။ နဲနဲတော့ကွဲပါတယ်။ သူ့ရဲ့ ကြိုးညှိတဲ့ပုံစံကတော့ D B G D B G ဖြစ်ပါတယ်။ အောက်ဆုံး တစ်ကြိုးကို D နဲ့ ညှိယူရပါမယ်။

6 String ကို G နဲ့ ပြောင်းညှိရပါမယ်။ ငါးကြိုးမြောက် ကိုတော့ B နဲ့ ညှိရပါတယ်။ ကျန်တဲ့ ကြိုးသုံးကြိုးကတော့ ဂစ်တာအတိုင်းပါပဲ။ ဒီနေရာမှာ Dobro ရဲ့ ထူးခြားချက်ကို သတိထားကြည့်ရအောင်။ ကြိုးနံပတ် 1 , 2 , 3 နဲ့ ကြိုးနံပတ် 4 , 5 , 6 တို့ဟာ တူညီနေပါတယ်။

ဒါဟာ Dobro ရဲ့ထူးခြားချက်ပါပဲ၊ Dobro ရဲ့ ကြိုးညှိတဲ့ပုံစံဟာ 3 string Guitar ကဲ့သို့ညှိယူထားပါတယ်။ ကြိုးနံပတ် 1 2 3 နဲ့ ကြိုးနံပတ် 4 5 6 တို့ဟာ တူညီနေတာကြောင့် Dobro ဟာ 3 String ဂစ်တာနှစ်လက် ပေါင်းစပ်ထားသလိုပါပဲ။

High Octave Guitar နဲ့ Low Octave Guitar နှစ်လက်ပေါင်းစပ်ဖန်တီးထားတဲ့ ထူးခြားတဲ့ Dobro Style ကိုလက်တွေ့တီးခတ်ကြည့်ရအောင် ... အောက်မှာ Dobro Pieces လေးတစ်ခုထည့်သွင်းပေးထားပါတယ်။ ဒါလေးကို လက်တွေ့တီးခတ်ကြည့်မယ်ဆိုရင် သင်ဟာ Dobro ရဲ့ တီးဟန်ကိုလည်းနားလည်သွားမှာဖြစ်ပြီး Dobro ကိုလဲ စွဲညှိသွားမှာ အသေအချာပါပဲ ...


SAMM မှ ဖွင့်လှစ် သင်ကြားပေးလျှက်ရှိသော သင်တန်းတွေကတော့ ...

1. Audio Engineering And Mixing Course

Home Studio စတင်လုပ်ကိုင်လိုသူများ ၊ အသံဖမ်းခြင်း၊ အသံတည်းဖြတ်ခြင်း ၊ Mixing , Mastering ပြုလုပ်လုပ်ခြင်း) စသည်တို့ကို အခြေခံ မှစတင်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

2. Computer Music Creation Course

ကွန်ပျူတာဖြင့် တေးသီချင်းဖန်တီးလိုသူများ, Drum , Piano , Bass , Violin , KB စတဲ့လိုင်းများကို FL ဖြင့်တီးခတ်ပြီး သီချင်းတစ်ပုဒ်အနေဖြင့် ဖန်တီးရယူလိုသူများ၊ ကိုယ်ပိုင်သံစဉ်သီချင်း တီးခတ်ဖန်တီးလိုသူများ) အတွက် Music Theory နှင့်တွဲဖက်၍ သင်ကြားပေးသော သင်ခန်းစာ ဖြစ်ပါတယ် ...

3. Mixing And Mastering Advanced Course

Professional အဆင့်Mixing ပြုလုပ်နည်းနှင့် Mastering ပြုလုပ်နည်းကို သင်ကြားရမည့် Course ဖြစ်ပြီး AAX Plugins များ , Drum Trigger အသုံးပြုနည်း , Vocal အတွက် Pitch ပြင်ဆင်ခြင်း ၊ ဟာမိုနီလိုင်းများထပ်မံဖန်တီးခြင်း ,Stereo Image ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်း စသည်ဖြင့် Advanced Mixing နည်းစနစ်များစွာကို သင်ကြားရမည့် သင်ခန်းစာဖြစ် ပါတယ် ...

(4) Music Theory And Lead Guitar Course

Music သီအိုရီကို စနစ်တကျလေ့လာလိုသူများ နှင့် Lead Guitar , Jazz ဂစ်တာ တီးခတ်လိုသူများ , လက်မြန်လိုသူများ, Speed တင်လိုသူများ) အတွက်သင့်တော်တဲ့ Guitar Course တစ်ခု ဖြစ်ပါတယ် ...

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 61 Lake Kan Street Yay Kyaw
Yangon
11182