Shop N Order

Shop N Order

Share

Photos from Shop N Order's post 30/03/2020

Unicode
Bun Steaming Machines (ပေါက်ဆီ၊အသားပေါင်းစက် များ)

လ္ဘက်ရည်ဆိုင်၊Mini mart နှင့် အသားပေါင်း၊ပေါက်ဆီ ပြုလုပ်ရောင်းချသူများအတွက် ပုံစံ အစုံ၊အရွယ်အစားစုံ ပေါက်ဆီ၊အသားပေါင်းစက်များ နဲ့ မိတ်ဆက်ပေးပါရစေ။စက်ပုံစံ အမျိုးအစားအနေဖြင့် လေးထောင့် ပုံစံ၊အလှပြ မှန်ပုံး ပုံစံ၊အဝိုင်းပုံစံ ၃ မျိုး ရှိပြီး ပုံစံ တစ်ခုခြင်းအတွက် အရွယ်အစားများကို အောက်မှာ အသေးစိတ်ဖော်ပြပေးထားပါတယ်။

(၁)လေးထောင့်ပုံစံ (Square Bun Steaming Machine)
လေးထောင့်ပုံ စက်တွင် ဂတ်စ်သုံးနှင့် လျပ်စစ်သုံး အမျိုးအစား ၂ မျိုးရှိပြီး စားပွဲတင်ပုံစံနှင့်
ဒေါင်လိုက်ပုံစံ ၂ မျိုး ထပ်ရှိတဲ့အတွက် မိမိလိုအပ်တဲ့ အမျိုးအစားနဲ့ ပုံစံကို ရွေးချယ်နိုင်ပါတယ်။စက်အရွယ်အစားအလိုက် အံဆွဲ ၅ ဆင့် ၊ ၆ဆင့်၊ ၇ ဆင့် (၃) မျိုးရှိပြီး အံဆွဲ အခင်းမှာလည်း အပေါက် နှင့် တန်းထိုး အခင်းပုံစံ ၂ မျိုးကိုလည်း ထပ်မံ ရွေးချယ်နိုင်ပါတယ်။အံဆွဲ တစ်ဆင့် အရွယ်အစားမှာ စားပွဲတင်စက်များတွင် အလျား၊အနံ 17*16 လက်မခန့် နှင့် ဒေါင်လိုက်စက်မှာ 25*25 လက်မခန့်ရှိပါတယ်။
လျပ်စစ်သုံးစက်များကိုတော့ လျပ်စစ် ၂၂၀ ဗို့အားဖြင့် တပ်ဆင်အသုံးပြုရမှာဖြစ်ပြီးဝပ်အားမှာ စားပွဲတင်စက်တွင် ၂၂၀၀ နှင့် ဒေါင်လိုက်စက်တွင် ၉၀၀၀ ဝပ်ကို အသုံးပြုထားပါတယ်။စက်ကိုယ်ထည်တစ်ခုလုံးကို stainless steel ကိုအသုံးပြုထားတာကြောင့် ရေရှည်အသုံးပြုနိုင်ပါတယ်။

(၂)အလှပြ မှန်ပုံး ပုံစံ (Glass Bun Steaming Machine)
စက်ကိုယ်ထည် မျက်နှာပြင်လေးဘက်လုံး ကို မှန်ဖြင့် ဖြင့်ပြုလုပ်တပ်ဆင်ထားတဲ့အတွက် စက်အတွင်း ရှိ ပေါက်ဆီ၊အသားပေါင်း စသည်တို့ကို မြင်တွေ့နေရ တာကြောင့် စားသုံးသူများကို ဆွဲဆောင်မှု့ ရှိစေတဲ့ အလှပြ မှန်ပုံးပုံစံ ပေါက်ဆီပေါင်းစက်ဖြစ်ပါတယ်။လ္ဘက်ရည်ဆိုင်၊Mini Mart နှင့် တနိုင်တပိုင် ပြုလုပ်ရောင်းချသူများအတွက် အထူးသင့်တော်တဲ့ စက် အမျိုးအစား ပုံစံမျိုးပဲ ဖြစ်ပါတယ်။အံဆွဲ အဆင့် ၅ ဆင့် နှင့် ၆ ဆင့် စက်အမျိုးအစား ၂ မျိုးရှိပြီး အံဆွဲ အရွယ်အစားများမှာ 12*12 လက်မ နှင့် 12*16 လက်မ အရွယ်အစားများပဲ ဖြစ်ပါတယ်။စက်အတွင်းပိုင်မှာလည်း အလွယ်တကူ အဖွင့် အပိတ်ပြုလုပ်လို့ရတဲ့ LED မီးချောင်းပါရှိကြောင့် စက်အတွင်းပိုင်း ကို ဆွဲဆောင်မှု့အပြည့်ဖြင့် အလင်း ပေးနိုင်တာပါသေးတယ်။ရေကန် အတွင်းပိုင်း ကိုယ်ထည်၊မှန်ကိုယ်ထည် ဘောင်တန်းများနှင့် အထုတ်အသွင်းပြုလုပ်နိုင်တဲ့ အံဆွဲ အဆင့်များကို Stainless Steel ဖြင့် ပြုလုပ် ထားတာကြောင့် ယုံကြည်စိတ်ချစွာ ရေရှည် အသုံးပြုလို့ရနိုင်ပါတယ်။ 30 ဒီဂရီစင်တီ ဂရိတ်မှ 110 ဒီဂရီစင်တီ ဂရိတ်အတွင်း အပူချိန်ကိုလည်း လိုအပ်သလို ချိန်ညှိလို့ ရနိုင်ပါတယ်။အိမ်သုံးလျပ်စစ်မီတာ ၂၂၀ ဗို့အားဖြင့် အသုံး ပြုရမှာဖြစ်ပြီး watt အားမှာ 1200W နှင့်1500W အား များပဲ ဖြစ်ပါတယ်။စက်များတွင် အာခံ ၃ နှစ်ပါရှိပြီး တစ်နှစ်အတွင်း ပစ္စည်း လက်ခ အခဲမဲ့နှင့် ကျန် ၂ နှစ်အတွက် လက်ခ အခမဲ့ ဆောင်ရွက်ပေးမှာပဲ ဖြစ်ပါတယ်။

(၃)အဝိုင်းပုံစံ (Round Bun Steaming Machine)
စားသောက်ဆိုင်၊အသေးစားလုပ်ငန်း နှင့် အိမ်သုံး ရန်အတွက် အထူးသင့်လျော်တဲ့ အသား၊ငါး၊အသီးအရွက် နှင့် ဂျုံ၊ဆန် စသည်တို့ဖြင့် ပြုလုပ်သော အစားအစာ အမျိုးမျိုးတို့ကိုရေနွေးငွေ့ဖြင့်ပေါင်းလို့ရတဲ့ ပေါင်းအိုးဖြစ်ပါတယ်။ပေါင်းခံ အဆင့် ၃ ဆင့်ပါရှိပြီး လိုအပ်သလို အဆင့်များကို တပ်ဆင် အသုံးပြုနိုင်ပါတယ်။ အပူပေးအောက်ခံအဆင့်ကိုတော့304 Stainless steel ဖြင့် ပြုလုပ်ထားပြီးနှင့် ကိုယ်ထည်တစ်ခုလုံးအား အစားသောက် အတွက် အဆင့်မှီ သော Stainless Steel ဖြင့် ပြုလုပ်ထားသောကြောင့် ကျန်းမာရေးနှင့် ညီညွတ် ကောင်းမွန်စေပြီး သံချေးမတက်ပဲ ရေရှည် အသုံးပြုနိုင်ပါတယ်။အပူချိန်နှင့် အချိန်ကို လိုအပ်သလိုသတ်မှတ် ပေးထားနိုင်ပါတယ်။အလွှာ တစ်ခုခြင်းစီရဲ့ အမြင့် မှာ ၁၃ စင်တီမီတာ ရှိပြီး အချင်းမှာတော့ ၄၀၊၄၇၊၅၂ စင်တီမီတာ အရွယ်အစား ၃ မျိုး ရှိပါတယ်။လျပ်စစ်ဖြင့်တပ်ဆင် အသုံးပြုရမှာ ဖြစ်ပြီး ဝပ်အား ကတော့ ၃၂၀၀ ဝပ် ဖြစ်ပါတယ်။အာမခံ တစ်နှစ်ပါဝင်ပါသည်။
စိတ်ဝင်စားသူများအနေဖြင့်အသေးစိတ်လေ့လာလိုပါက Sales Center မှာလာရောက်လေ့လာဝယ်ယူလို့ရသလို Phone, Message, Viber, comment တို့ဖြင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ရန်ကုန်မြို့တွင်းမှ Customer များအတွက်တော့ အိမ်အရောက် ငွေပေးချေစနစ်နဲ့မှာယူလို့ရပါတယ်။ပစ္စည်းပို့တဲ့ ဝန်ဆောင်ခကိုတော့ မြို့နယ် အလိုက်ကျသင့်မှာဖြစ်ပြီး နယ်မှ Customer များအနေဖြင့် Bank Account ကိုငွေလွှဲပြီးဝယ်ယူလို့ရပါတယ်။ပစ္စည်းကိုတော့ကားဂိတ်မှတဆင့် ပို့ဆောင်ပေးပါတယ်။
Sales Center : No. B-7, River View Garden Housing, Strand Road, Ahlone Township, Yangon.
Phone:-09-799 8833 18, 09-971 737 400.
Viber – 09799 8833 18.
Monday to Saturday : 9:00 AM to 6:00 PM

+++++++++++++++++++++++++++++++++

Zawgyi




Viber – 09799 8833 18.

Photos from Shop N Order's post 29/02/2020

(Zawgyi)
Viber – 09799 8833 18.

++++++++++++++++++++++++++++

(Unicode)
Coconut Digging machine(အုန်းသီးခြစ် စက်)
အုန်းနို့ဖြင့် စားသောက်ကုန်အမျိုးမျိုးပြုလုပ်ရာတွင် သဘာဝအတိုင်း အသုံးပြုသောအုန်းနို့အရောင်ဖြူဖွေးနေမှသာလျှင် ပြုလုပ်လိုက်သော စားသောက်ကုန်တို့၏ အရောင်အဆင်း ပိုကောင်းမွန်စေမှာဖြစ်ပါတယ်။အုန်းနို့အရောင် ဖွေးဖြူနေစေရန် အုန်းသီး ခြစ်၊ညှစ်ရာတွင် များစွာအရေးကြီးတဲ့အတွက် အသုံးပြုမယ့်စက်ကိုလည်း ရွေးချယ်နိုင်ဖို့လိုအပ်ပါတယ်။ယခုမိတ်ဆက်ပေးမယ့် အုန်းသီးခြစ်စက်ကတော့ စတီး ဆူးလုံးအသွား နှင့် စတီးအကာ တို့ကို တပ်ဆင်အသုံးပြုထားတာကြောင့် အုန်းသီး ခြစ်ဖတ်များကို ဖွေးဖြူ၊ညက်ညောသော အမှုန် ကဲ့သို့ခြစ်ပေးတဲ့အတွက် အုန်းနို့ညှစ်ရာတွင်လည်း အုန်းနို့ရည်ကို အထွက်များစေပါတယ်။လျပ်စစ် မီး ၂၂၀ ဗို့အားဖြင့် အသုံးပြုရမှာဖြစ်ပြီး ဝပ်အားကတော့ ၅၅၀ ဝပ် ရှိပါတယ်။ကြေးကွိုင် အစစ် မော်တာကိုတပ်ဆင်အသုံးပြုထားတဲ့ အတွက် မော်တာလည်ပတ်နှုန်းကောင်းမွန်စေပြီး ကြာရှည် အသုံးခံပါတယ်။ စိတ်ဝင်စားသူများအနေဖြင့် အသေးစိတ်ကို Phone, Viber, messanger သို့မဟုတ် comment များရေးသား၍ ဆက်သွယ်မေးမြန်းနိုင်ပြီး အောက်ပါရုံးခန်းလိပ်စာသို့ လာရောက်လေ့လာနိုင်ပါတယ်။
Sales Center : No. B-7, River View Garden Housing, Strand Road, Ahlone Township, Yangon.
Phone : 09-799 8833 18, 09-971 737 400.
Viber – 09799 8833 18.
Monday to Saturday : 9:00 AM to 6:00 PM

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. B-7, River View Garden Housing, Strand Road, Ahlone Township, Yangon. Phone:-09-799 8833 18, 09-971 737 400
Yangon
11121

Opening Hours

Monday 09:30 - 17:30
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:30 - 18:00
Friday 09:30 - 18:00
Saturday 09:30 - 18:00