Tiny Cozy
We focus on quality and comfort, catering to modern parents' needs with thoughtful designs and superior materials.
19/06/2026
မိုးရာသီနှင့် အေးတဲ့ရာသီတွေမှာ ဘေဘီလေးတွေရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့ လိုပါတယ်။ ရာသီဥတုအေးလာတဲ့အခါ ကလေးများကို နွေးနွေးထွေးထွေးထားပေးခြင်းက အအေးမိခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
💥နွေးနွေးထွေးထွေးထားဖို့ လိုတယ်ဆိုပေမဲ့ အဝတ်အစားများ အလွန်အကျွံထပ်ဝတ်ပေးခြင်း (သို့) အလုံပိတ်ဝတ်ပေးထားခြင်းများ မပြုလုပ်သင့်ပါ။
တချို့မေမေတွေက အေးလာပြီဆိုတာနဲ့ အစိုးရိမ်လွန်ကာ အထပ်ထပ်ဝတ်ပေးခြင်း ၊ အလုံထုပ်ပေးထားခြင်းတို့ ပြုလုပ်တတ်တာကြောင့် ကလေးရဲ့ ခန္ဓာကိုယ်အပူချိန် ထိန်းညှိမှုကို ထိခိုက်စေနိုင်ပြီး အပူမမျှဖြစ်ကာ မသက်မသာဖြစ်စေတတ်ပါတယ် ။
အလုံထုပ်ပိုးထားခြင်းထက် သင့်တင့်တဲ့နွေးထွေးမှုနှင့် လေဝင်လေထွက်ကောင်းအောင် မျှတစွာ ဝတ်ဆင်ပေးခြင်းကသာ ကလေးကျန်းမာရေးအတွက် ပိုသင့်တော်တာမို့ အဝတ်အစား ဝတ်ပေးရာမှာ လေဝင်လေထွက်ကောင်းပြီး နူးညံ့တဲ့အထည်သားများကို အသုံးပြုသင့်ပြီး အခန်းအပူချိန်နှင့် ရာသီဥတုအခြေအနေအလိုက် သင့်တင့်အောင် ဝတ်ဆင်ပေးသင့်ပါတယ်။
ဒါကြောင့် အလုံထုပ်မဲ့အစား ပေါ့ပေါ့ပါးပါးနဲ့ နွေးထွေးလုံခြုံစေတဲ့ 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 Baby Comfy Wear လေးတွေကို ရွေးချယ်ပြီး မိုးအေးအေးမှာ 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 နဲ့နွေးနွေးထွေးထွေးနဲ့ ထားလိုက်ပါနော် 🤱
18/06/2026
𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 လေးတွေကို Co Co Ethan မှာလည်း ဝယ်လို့ရနေပါပြီရှင် 💚🧡
18/06/2026
📣📣 ကဲ..နယ်က မေမေတွေအတွက်ပါ သတင်းကောင်းလေး
❗️Ocean Super Center ဆိုင်ခွဲတိုင်းမှာ 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 ကလေးအဝတ်အထည်အမျိုးမျိုးကို ဝယ်ယူလို့ရနေပါပြီနော် 🎉🎉
📍ရန်ကုန်မြို့တင်မကပဲ
✅️ မန္တလေး
✅️ နေပြည်တော်
✅️ တောင်ကြီး
✅️ ပုသိမ်
✅️ မော်လမြိုင်မြို့တွေမှာပါ ရရှိနေပြီမို့ မေမေတို့အတွက် အဆင်ပြေတာပေါ့ 😊
𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 ဆိုတဲ့အတိုင်း Quality & Comfort ကတော့ ပထမဦးစားပေးမို့ မေမေတို့ရဲ့ကလေးငယ်လေးတွေအတွက် စိတ်သာချထားလိုက်တော့..
18/06/2026
📣📣 သတင်းကောင်းလေး မေမေတို့ကို အသိပေးပါရစေရှင့်
𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 ကလေးအဝတ်အထည်အမျိုးမျိုးကို City Baby Club ဆိုင်ခွဲတိုင်းမှာ စိတ်ကြိုက်သွားရောက်ဝယ်ယူလို့ရနေပြီနော် 🎉🎉
📍ဆိုင်လိပ်စာလေးတွေက
City Baby Club
- Myanmar Plaza
- City Mall St. John
- 6.5 mile Market Place
- Golden Valley Market Place တို့ပဲဖြစ်ပါတယ်။
𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 ဆိုတဲ့အတိုင်း Quality & Comfort ကတော့ ပထမဦးစားပေးမို့ မေမေတို့ရဲ့ကလေးငယ်လေးတွေအတွက် စိတ်သာချထားလိုက်တော့..
မေမေတိုင်း ရွေးချယ်တဲ့ 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 ရဲ့ လသားဝတ် Baby Comfy Set
👶 ကလေးငယ်လေးအတွက် ဝတ်ထားချိန်တိုင်းမှာ မရှိမဖြစ်လိုအပ်တဲ့
✅️ လွတ်လပ်ပေါ့ပါး သက်တောင့်သက်သာရှိစေမှု
✅️ လုံခြုံနွေးထွေးစေမှု
✅️ အင်္ကျီအသားကောင်းမွန်မှု
✅️ လက်ရာဒီဇိုင်း သေသပ်ကောင်းမွန်မှု
ဒီလို ပြီးပြည့်စုံတဲ့ Quality ကိုလိုချင်ရင်တော့ 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 ကိုသာ ရွေးချယ်လိုက်ပါနော် 💚🧡
အင်္ကျီလက်ရှည် နဲ့ ဒိုက်ဘာဘောင်းဘီရှည် ဝမ်းဆက်လေးတွေကို Sizes လေးတွေ ရပါမယ်။ 3M (newborn to 3 months) 6M (3 to 6 months) 12M (6 to 12 months)
Disclaimer: No Copyright Infringement caption indented. I do not own the music in this video. Music belongs to the rightful owner.
မေမေတို့ရဲ့ dream colour လေးက ဘယ်တစ်ခုဖြစ်မလဲ 🤔
မီးမီးလေးတွေအတွက် အကြိုက်ဆုံးအရောင်လေးတွေကို ရွေးပေးခဲ့ပါဦး❓️
𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 ရဲ့ Designer လက်ရာလေးနဲ့ ချစ်စရာအရမ်းကောင်းတဲ့ Cozy Ribbon Dress လေး 🎀
👗 ၆လကျော်ကနေ ၄နှစ်ဝန်းကျင်အထိ size လေးတွေ ရှိမယ်နော်။
11/06/2026
သွေးလွန်တုပ်ကွေး အန္တရာယ် 🦟🤒
ရာသီအကူးအပြောင်းတွေဟာ ပုံမှန်ချိန်တွေထက် ဂရုစိုက်ရမယ့် အချိန်တွေဖြစ်ပါတယ်။ အထူးသဖြင့် ဒီလိုမိုးရာသီမျိုး အပူကနေအအေးကိုပြောင်းတဲ့ စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီတွေမှာ ပိုတောင်ဂရုစိုက်ဖို့ လိုပါတယ်။ မိုးရာသီဟာ အခြားရာသီတွေထက် ကူးစက်ဖျားနာတွေ ပိုများလို့ပါ ။
မိုးရာသီဆိုတာနဲ့ ဂရုပြုရမယ့်ထဲ ❝သွေးလွန်တုပ်ကွေး❞လည်း အပါအဝင်ပါပဲ။သွေးလွန်တုပ်ကွေးဟာ တခြားရောဂါတွေထက် ပိုဖြစ်လွယ်ပြီး ခြင်ကိုက်ခံရရုံနဲ့ ကူးစက်နိုင်တဲ့ အဖျားရောဂါ တစ်မျိုးပါ။ လူတစ်ယောက်နဲ့တစ်ယောက် တိုက်ရိုက်မကူးစက်နိုင်သော်လည်း တုပ်ကွေးဖြစ်နေတဲ့လူကို ကိုက်ထားတဲ့ခြင်က နောက်ထပ်လူကို ကိုက်တဲ့အခါ ခြင်မှတစ်ဆင့် ကူးစက်နိုင်ပါတယ်။
ဘာကြောင့် မိုးရာသီမှာ ပိုဖြစ်လွယ်တာလဲဆို သွေးလွန်တုပ်ကွေးခြင်ဟာ ရေဝပ်နေရာတွေမှာ ပေါက်ဖွားတာမို့ပါ။ မိုးရွာပြီးနောက် ပန်းအိုး၊ ရေပုံး၊ တာယာဟောင်းများထဲ ရေတင်ကျန်ခြင်း၊
အမှိုက်ပုံး၊ ပလတ်စတစ်ခွက်များထဲ ရေစုခြင်း ၊ ရေသိုလှောင်ကန်များ မဖုံးအုပ်ထားခြင်းစတဲ့ ရေဝပ်နိုင်တဲ့နေရာတွေအကုန်ဟာ ခြင်ဥပေါက်ဖွားဖို့ အကောင်းဆုံးနေရာ ဖြစ်တာကြောင့်ပါ။
မိုးရာသီရောက်လာတဲ့အခါ ရေတင်ကျန်ခြင်း၊ ရေကန်သေးသေးလေးတွေ ဖြစ်ပေါ်လာခြင်းကလည်း ခြင်ပေါက်ဖွားမှုများလာပြီး သွေးလွန်တုပ်ကွေး (Dengue Fever) ဖြစ်ပွားမှုနှုန်းလည်း ပိုမြင့်တက်လာပါတယ်။
ရောဂါလက္ခဏာများ
ခြင်ကိုက်ခံရပြီး ၄ရက်မှ ၁၀ရက်အတွင်း လက္ခဏာတွေ ပေါ်လာနိုင်ပြီး အစောပိုင်းလက္ခဏာတွေကတော့
🤒 အဖျားကြီးခြင်း (၄၀°C အထိ) ၊ ခေါင်းကိုက်ခြင်း ၊ မျက်ရိုးကိုက်ခြင်း ၊ မျက်လုံးအောင့်ခြင်း ၊ ကြွက်သားနှင့် အရိုးအဆစ်များ ကိုက်ခဲခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ပျို့အန်ခြင်း ၊ အရေပြားပေါ် အဖုအပိန့်များထွက်ခြင်းတို့ ဖြစ်ပါတယ်။
🚫 သတိပြုရမှာက ဗိုက်အလွန်နာခြင်း ၊ မရပ်မနားအန်ခြင်း ၊ သွားဖုံးသွေးယိုခြင်း ၊ နှာခေါင်းသွေးလျှံခြင်း ၊ ဆီးထဲ သို့မဟုတ် ဝမ်းထဲသွေးပါခြင်း ၊ အသက်ရှုခက်ခြင်း ၊ ခြေလက်များ အေးစက်နေခြင်း ၊ အလွန်အမင်း ငိုက်မျဉ်းခြင်းစတဲ့ လက္ခဏာများ ပြလာရင် နီးစပ်ရာဆေးရုံကို အမြန်သွားသင့်ပါတယ် ။
🚫🚫 နောက်ဆုံးအဆင့် Dengue Shock Syndrome ဆိုတဲ့ သွေးကြောထဲက အရည်များ ယိုစိမ့်ထွက်လာပြီး သွေးဖိအားကျခြင်း ၊ ကိုယ်အင်္ဂါများသို့ သွေးလည်ပတ်မှု မလုံလောက်ခြင်းတို့ ဖြစ်လာပါက Shock ဝင်နိုင်တာကြောင့် ဒီအခြေအနေမှာ အသက်အန္တရာယ် စိုးရိမ်ရပြီး အရေးပေါ် ကုသမှုခံယူဖို့ မဖြစ်မနေလိုလာပါတယ်။
သွေးလွန်တုပ်ကွေးမှာ ကလေးနဲ့လူကြီး ကွာခြားချက်လေး အနည်းငယ်ရှိပြီး ကလေးများမှာ အစာမစားချင်ခြင်း ၊ ငိုယိုခြင်း ၊ ငိုက်မျဉ်းခြင်း ၊ အဖျားကြီးခြင်းနဲ့ လူကြီးများမှာ ကိုယ်လက်ကိုက်ခဲမှု ပိုပြင်းထန်ခြင်း ၊ ခေါင်းပိုကိုက်ခြင်းတို့ ဖြစ်တတ်ပြီး လက္ခဏာတွေကို သေချာခွဲခြားသိထားခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
ယခုအချိန်အထိ Dengue Virus ကို တိုက်ရိုက်ပျောက်ကင်းစေတဲ့ ဆေးမရှိသေးတာကြောင့် ကြိုတင်ကာကွယ်ခြင်းက စိတ်အချရဆုံးပါ ။
👉 ဘယ်လိုကာကွယ်မလဲ
ခြင်မပေါက်ဖွားအောင် ရေဝပ်နိုင်တဲ့ နေရာများကိုရှင်းလင်းခြင်း ၊ ရေပုံးများကို ဖုံးအုပ်ထားပြီး တစ်ပတ်တစ်ကြိမ် ရေလဲခြင်း ၊ ခြင်ကိုက်မခံရအောင် လက်ရှည်ခြေရှည်ဝတ်ခြင်း ၊ ခြင်ထောင် ၊ ခြင်လုံဇကာတပ်ဆင်ခြင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
💥 သွေးလွန်တုပ်ကွေးဟာ ခြင်ကတစ်ဆင့် ကူးစက်ပါတယ်။
💥 မိုးရာသီမှာ ဖြစ်ပွားမှုနှုန်း ပိုများပါတယ်။
💥 ခြင်ပေါက်ဖွားရာနေရာတွေ ဖယ်ရှားခြင်းက အကောင်းဆုံးကာကွယ်နည်း ဖြစ်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုကောင်းသည်။
𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 ဝတ်ထားရင် ကောင်းကောင်းအိပ်ပျော်တယ် 💤
ဟုတ်ပါတယ်...ဒီ feedback လေးတွေက မေမေတွေဆီကနေ အမြဲပြန်ကြားရသလို မင်မင်ကိုယ်တိုင်လည်း အိမ်ကသားလေးကို ဝတ်ပေးတဲ့ညတွေဆို သတိထားမိတယ်။ ကလေးက ညညထငိုပြီး အိပ်ရေးပျက်ရတဲ့ညတွေရှိရင် နောက်ရက်တွေကျ 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 လေးဝတ်ပေးပြီး သိပ်လိုက်...အိပ်ပျော်ချက်ပဲ မနက်တော်တော်နဲ့ကို မနိုးဘူး။ မင်မင်ပါ အိပ်ရေးဝဝအိပ်ရတာပေါ့ 😄
𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 က ကလေးတွေအတွက် သက်တောင့်သက်သာရှိစေရမယ်ဆိုတဲ့ တန်ဖိုးအတိုင်း Quality & Comfort ကို အဓိကပထမဦးစားပေးအနေနဲ့ ဖန်တီးပြုလုပ်ထားတဲ့ 👕 Comfy Wear လေးတွေပါ။
သားလေး လသားတည်းက ရည်ရွယ်ပြီး စတင်ခဲ့တဲ့ 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 လေးမို့ မိခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေ အများကြီးထည့်ပြီးလုပ်ခဲ့တဲ့ brand လေးဖြစ်တဲ့အတွက် မိခင်တိုင်းကို စိတ်ကျေနပ်မှုရရှိစေမှာပါ 💚🧡
🧒 Toddler အရွယ် သားသားလေးတွေအတွက် ကိုရီးယားမင်းသားတွေလို စတိုင်ကျဖို့ 😎
✨ 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 ရဲ့ ဒီဇိုင်းအသစ်ထဲကတစ်ခုဖြစ်တဲ့
Premium Grade A ဝါးချည်စစ်စစ်နဲ့ ဖန်တီးပေးထားတဲ့
👕🩳 𝐂𝐨𝐳𝐲 𝐒𝐡𝐢𝐫𝐭 & 𝐒𝐡𝐨𝐫𝐭𝐬 𝐒𝐞𝐭 ✨
✔ ပရီမီယမ် Grade A ဝါးချည် ပိတ်စအသားနဲ့ ချုပ်ထားတာဖြစ်လို့ အသားအေး၊ နူးညံ့အိစက်ပြီး ကလေးအသားအရည်အတွက် အထူးသင့်တော်ပါတယ်။
✔ စတိုင်ကျတဲ့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီတို ဝမ်းဆက်လေးက တစ်ခါတည်း အတွဲလိုက်လေးမို့ အပေါ်အောက် လိုက်ရှာဝယ်နေစရာ မလိုတော့ဘူးနော်။
✔ ဘောင်းဘီခါးသားရည်ကြိုးကို လိုသလို အတိုးအလျှော့လုပ်လို့ရတာကြောင့် ကလေးအတွက် သက်တောင့်သက်သာရှိစေပါတယ်။
👉 (၁)နှစ်ကနေ (၄)နှစ်အထိ ဝတ်လို့ရတဲ့ Size လေးတွေ ရှိပါတယ်။
🎯 သင့်ကလေးငယ်ကို သက်တောင့်သက်သာ အေးအေးလူလူနဲ့ ချစ်စရာအကောင်းဆုံးဖြစ်အောင် ဖန်တီးပေးလိုက်ပါ။
04/06/2026
မေမေ့ Review လေး 🥰
ဒီ customer မေမေက တစ်ခါတည်း 𝐓𝐢𝐧𝐲 𝐂𝐨𝐳𝐲 ကို အများကြီးအားပေးသွားပြီး ဘေဘီလေးဝတ်ထားတဲ့ပုံလေးနဲ့ review လေး တကူးတကပြန်လာပြောပြပေးတာ...💚🧡
ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙏
Click here to claim your Sponsored Listing.
Category
Website
Address
Times City Complex, Building 401, Hanthawaddy Road, Kamayut Township
Yangon
11041