April Healthy Shop

April Healthy Shop

Share

07/06/2025

ဒီနေ့ညစာ စားပြီးတော့
ခံတွင်းနည်းနည်း ချဉ်သလိုလိုရှိတာမို့
မလျက်တာ ကြာပြီဖြစ်တဲ့ လျက်ဆားပုလင်းကို
လှမ်းယူပြီး ဖွင့်လိုက်မိတယ်...လက်နဲ့နှိုက်ပြီး လျက်မယ်ပေါ့...လက်နဲ့နှိုက်ကြည့်တဲ့အခါ...လက်ရဲ့အထိအတွေ့က မွမွလေးဖြစ်နေတော့ စိတ်ထဲ မသင်္ကာတာနဲ့ လျက်ဆားပုလင်းထဲကို ဓာတ်မီးနဲ့ထိုးကြည့်မိတယ်...လားလား...မှိုတွေ... ပုလင်းထဲမှာ ပြည့်လို့...ဒါက မျက်စေ့နဲ့မြင်ရတဲ့အရွယ်ရောက်လာလို့...သူတို့တော်တော်ကြီးနေရောပေါ့...

ဒါနဲ့ တစ်ဆက်ထဲ တွေးမိတယ်...အရပ်ထဲမှာ ပြောပြောနေကြတာလေးကိုပါ...` အဲ့ဒီကလေးက လူကောင်းကလေး... အရက်လည်းမသောက်၊ အသည်းရောင်ပိုးတွေဘာတွေလည်းမရှိဘဲနဲ့ အခုတော့ အသည်းကင်ဆာဖြစ်လို့တဲ့...´ ဆိုတဲ့စကားလေးတွေအကြောင်းလေ...တကယ်တော့...

💥 မှို...

အဲ့ဒီမှိုတွေကြောင့်ပါပဲလေ...
အဲ့ဒီမှိုတွေက ထုတ်တဲ့ မှိုဆိပ်( Mycotoxin) တွေကြောင့်သာ အသည်းပျက်စီးကြတာ...
ကျွန်တော်တို့နိုင်ငံလို ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ နည်းတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အများဆုံး ခံရတာပဲလေ...ကမ္ဘာပေါ်မှာ မှိုမျိုးစိတ်ပေါင်း တစ်သန်းခွဲလောက်ရှိတဲ့အထဲက မျိုးစိတ် ၃၀၀ လောက်က လူတွေကို အန္တရာယ်ပေးကြတယ်လေ...စနစ်တကျ ထုပ်ပိုးမထားတဲ့ တိုင်းရင်းဆေးတွေအများစုမှာ အပူချိန်နဲ့ စိုစွတ်မှုတွေအပေါ်မှာ မူတည်ပြီးတော့ မှိုတွေ ပေါက်လာနိုင်ပါတယ်...အထူးသဖြင့်တော့ Aspergillus နဲ့ Penicillium မှိုမျိုးစိတ်တွေ ပေါက်နေတာ များပါတယ်... အဲ့ဒီမှိုတွေက မှိုဆိပ်တွေထုတ်ပေးပါတယ်... မှိုဆိပ်ကြောင့် အသည်း၊ ကျောက်ကပ်၊ ဦးဏှောက် နှင့်အာရုံကြောအဖွဲ့အစည်း၊ ကြွက်သား၊ အရေပြား၊ အသက်ရှူအင်္ဂါများ၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ မျိုးပွားလိင်အင်္ဂါတွေပါမကျန် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပါတယ်...

မှိုဆိပ်အကြောင်း အကြမ်းဖျင်းပြောရရင်
Aspergillus ဆိုတဲ့မှိုမျိုးစိတ်ထဲက A. flavus နဲ့ A.parasitius ဆိုတဲ့ မှိုကနေ Aflatoxin လို့ခေါ်တဲ့ မှိုဆိပ်ကို အဓိက ထုတ်ပေးပါတယ်... ဒီမှိုဆိပ်က အသည်းကင်ဆာဖြစ်စေတဲ့အထိ ပြင်းထန်ပါတယ်... မြေပဲ၊ မြေပဲနဲ့လုပ်ထားတဲ့မုန့်၊ ပြောင်း၊ ငရုတ်သီးခြောက်၊ ဂျုံ၊ ငရုတ်၊ နေကြာစေ့၊ မက်မွန်သီး၊ သစ်ကြားသီး၊ ငရုတ်ကောင်းမှုန့်၊ မဆလာ၊ တရုတ်နံနံစေ့၊ စနစ်တကျမထုပ်ပိုးသော တိုင်းရင်းဆေး/လျက်ဆား၊/ ပရဆေးအချို့မှာ အများဆုံး ပါဝင်ပါတယ်...

Aflatoxin တွေဟာ အဆိပ်သင့်နှုန်းမြင့်ပြီး ကင်ဆာဖြစ်စေနိုင်၊ သန္ဓေသားအင်္ဂါထိခိုက်စေနိုင်တဲ့ အန္တရာယ် အမြင့်ဆုံးရှိတဲ့ မှိုဆိပ်ဖြစ်ပါတယ်...A.fumigates ဆိုတဲ့မှိုဟာလည်း ကိုယ်ခံအားနည်းတဲ့သူ၊ အဆုတ်ရောဂါရှိတဲ့သူတွေမှာ ပြင်းထန်တဲ့ မှိုဆိပ်သင့်ရောဂါ၊ ဓာတ်မတည့်မှုရောဂါဖြစ်စေပါတယ်... Aspergillosis လို့ခေါ်တဲ့ မှိုစွဲရောဂါကြောင့် ပန်းနာရင်ကြပ်ပုံစံအဆုတ်ရောဂါဖြစ်တတ်ပါတယ်...A.niger မှိုကထုတ်တဲ့ Ochratoxin A နဲ့ Fumonisin B2 လို့ခေါ်တဲ့ မှိုဆိပ်ကလည်း အသည်း၊အဆုတ်၊ကျောက်ကပ်တွေကို ပျက်စီးစေပါတယ်...Penicillium မျိုးစိတ်ထဲက P.Rubrum ဆိုတဲ့မှိုကထုတ်တဲ့ Rubrum မှိုဆိပ်ကတော့ ဗိုက်အောင့်၊ အသားဝါ၊ တက်ခြင်း တို့ကိုဖြစ်စေပြီး P.Citrinum ကထုတ်တဲ့ Citrinin မှိုဆိပ်ကတော့ ကျောက်ကပ်ကို အဆိပ်သင့်စေပါတယ်...

တခြားမှိုမျိုးစိတ်တွေကိုတော့ မပြောတော့ပါဘူး...
မှိုဆိပ်သင့်ပြီဆိုရင် အရင်ဆုံးခံစားရတာတွေက
အစားအသောက်ပျက်မယ်၊ မအီမသာဖြစ်မယ်၊၊ ဘာကြောင့်မှန်းမသိဘဲ အဖျားငွေ့ငွေ့ဖျားနေမယ်...တဖြည်းဖြည်း ကြာလာပြီဆိုရင် ပျို့အန်တာတွေ၊ ဗိုက်အောင့်တာတွေ၊ အသည်းရောင်တာတွေ၊ အသားဝါတာ၊ အသည်းပျက်စီးတာတွေ၊ အသည်းကင်ဆာဖြစ်တာတွေအထိ ဖြစ်လာပြီး အသက်အန္တရာယ်ဖြစ်စေပါလိမ့်မယ်...

ဒီမှိုဆိပ်မသင့်အောင် အစာစားတဲ့အခါ အတတ်နိုင်ဆုံးသတိထားရမှာဖြစ်ပါတယ်...Chlorophyll များများပါတဲ့ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေက မှိုဆိပ်သင့်ခြင်းကို သုံးပုံနှစ်ပုံခန့်အထိ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိထားတာရှိပါတယ်...ဒါကြောင့် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ များများစားခြင်းဟာ ကျန်းမာရေးအတွက် အမှန်တကယ် အထောက်အကူပြုပါလိမ့်မယ်...

ကျွန်တော်တို့နိုင်ငံဟာ ကင်ဆာဖြစ်ပွားနှုန်းကြောက်ခန်းလိလိတက်လာနေတာ တွေ့နေရပါတယ်...အဓိက အကြောင်းရင်းကတော့ အစားအသောက်တွေကြောင့်ပါ...အခု ကျွန်တော်ရေးပြခဲ့တဲ့ မှိုဆိပ်သင့်တာဟာ အဲ့ဒီအကြောင်းရင်းတွေထဲက လူတော်တော်များများ သတိမထားမိကြတဲ့ အကြောင်းရင်းတစ်ခုပါ...

ဒါကြောင့် ...
ဒီစာလေးကိုဖတ်ပြီး
ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊
ကိုယ့်နိုင်ငံအတွက်၊ လူသားတွေအတွက်၊
တစ်ထောင့် တစ်နေရာက အကျိုးရှိသွားမယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ...

အားလုံးပဲ ...
စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာနိုင်ကြပါစေ...
Dr.NLA
(Pyaw Bwe)

မေတ္တာဖြင့်.. ထပ်ဆင့်မျှဝေပါသည်။
ကျန်းမာ ပျော်ရွှင်ကြပါစေ..💟

02/06/2025

Calcium အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်ပွားနိုင်သောရောဂါများ (သို့မဟုတ်)
Calcium သောက်သုံးခြင်းကြောင့် သက်သာပျောက်ကင်းနိုင်သောရောဂါများ

“မျိုးပွားအဖွဲ့အစည်း”
ရာသီလာစဉ်ကိုက်ခဲခြင်း
ကိုယ်ဝန်မရရှိနိုင်ခြင်း
သွေးဆုံးချိန်ဝန်းကျင်တွင် ရောဂါပေါင်းစုံဝင်ရောက်လာခြင်း
(The dysmenorrhea infertility perimenopausal syndrome)
“ရိုးတွင်းချဉ်ဆီအဖွဲ့အစည်း”
ပေါင်ရိုးပျက်စီးပြီးသေဆုံးခြင်း
ကလေးအရိုးပျော့ရောဂါ
အရိုးပျော့ရောဂါ
ကြီးထွားစဉ်ကာလတွင် ကိုက်ခဲနာကျဉ်ခြင်း
ပခုံးတဝိုက်ရောင်းရမ်းနာကျင်ခြင်း
Fluorosis of bone
အရိုးပွားခြင်း
အရိုးအက်ခြင်း
သွား၊ အရိုးပွခြင်း
သွားမြစ်ရောင်နာ၊ သွားပိုးစားခြင်း၊ သွားနဲ့ခြင်း၊
မွေးရာပါအရိုးပျော့ရောဂါ
ကလေးသူငယ်အရွယ်တွင် အရိုးပျော့ရောဂါဖြစ်ခြင်း
လူငယ်အရွယ်တွင် အရိုးပျော့ရောဂါဖြစ်ခြင်း
ဆယ်ကျော်သက်အရွယ်တွင် အရိုးပျော့ရောဂါဖြစ်ခြင်း
ခါးရိုးအတက်ထွက်ခြင်း
လည်ဆစ်ရိုးအတက်ထွက်ခြင်း
“သွေးရည်အဖွဲ့အစည်း”
သွေးကြောရောင်နာ
သွေးအားနည်းရောဂါ
သွေးမတိတ်တဲ့ရောဂါ

“အဖုအကျိတ်”
အဖုအကျိတ်မှ ကင်ဆာရောဂါပေါင်းစုံဝင်ရောက်လာခြင်း
(ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အူကင်ဆာ၊ အသည်းကင်ဆာ)
“နှလုံးသွေးကြောအဖွဲ့အစည်း”
သွေးတိုး
ကိုယ်ဝန်ဆောင်စဉ်သွေးတိုးခြင်း
နှလုံးရောဂါ
သွေးလွှတ်ကြောများမာကျစ်ခြင်း
ရုတ်တရက်သေဆုံးခြင်း
နှလုံးဖုံးမြှေးရောင်ခြင်း
နှလုံးကြွက်သားရောင်ခြင်း
နှလုံးခုန်နှုန်းမမှန်ခြင်း
နှလုံးသွေးကြောပိတ်ခြင်း
နှလုံးအောင့်ခြင်း
“အသက်ရှုအဖွဲ့အစည်း”
အသက်ရှုစွမ်းအားကုန်ခမ်းဆုံးပါးခြင်း
Bronchospasm အဆုတ်ရောဂါ
အအေးမိခြင်း
Respiratory acidosis
Respiratory alkalosis
ကလေးသူငယ်များ အဆုတ်ရောင် တီဘီရောဂါဖြစ်ခြင်း
Pulmonary heart disease
“အာရုံကြောအဖွဲ့အစည်း”
Epilepsy (ဝက်ရူးပြန်ရောဂါ)
ဦးနှောက်ဆိုင်ရာရောဂါ
Hyperactivity သက်ကြီး
သူငယ်ပြန်ခြင်း
အာရုံကြောအားနည်းခြင်း
ဥာဏ်ရည်ကျဆင်းခြင်း
ဦးနှောက်သွေးယိုခြင်း
ဦးနှောက်သွေးကြောတွင် သွေးခဲခြင်း
ဦးနှောက်သွေးလွှတ်ကြောမာတောင့်ခြင်း
တခဏတာ ဦးနှောက်သွေးပြတ်လပ်ခြင်း
Hypertensive ence phalopathy
“အတွင်းရည်စိမ့်ထွက်မှုအဖွဲ့အစည်း”
Cushing syndrime
Parathyroidism
Thyroidism
ဆီးချိုရောဂါ
အဝလွန်ရောဂါ
သိုင်းရိုက်နှင့်ပတ်သက်သောရောဂါအမျိုးမျိုးဖြစ်သည့် Hypothyroidism
Hyperthyroidism
Hypoparathyroidism
Tertiary
Second & primary hyperparathyroidism
Second & pseudo hypoparathyroidism
“အစာချေအဖွဲ့အစည်း”
အစာချေလမ်းကြောင်းပြည်တည်နာဖြစ်ခြင်း
အစာလမ်းကြောင်း အစာအိမ်ဝလျော့ရဲခြင်း
ဝမ်းလျှောခြင်း
အစာအိမ် အူလမ်းကြောင်း ကြွက်တက်ခြင်းနှင့် ဝမ်းသွားခြင်း
အသည်းရောဂါ
လိပ်ခေါင်းရောဂါ
အစာအိမ်အချဉ်ဖောက်ခြင်း
အသည်းရောင်ခြင်း
အသည်းမကောင်းခြင်း
အသည်းအဆီဖုံးခြင်း

“ဆီးရည်စိမ့်ထွက်မှုအဖွဲ့အစည်း”
ဆီးစစ်ထွက်မှုအဖွဲ့အစည်းတွင်ကျောက်တည်ခြင်း
ကျောက်ကပ်ရောဂါ
တဖြည်းဖြည်းဖြင့် ကျောက်ကပ်အားနည်းလာခြင်း
လျင်မြန်စွာဖြင့် ကျောက်ကပ်အားနည်းလာခြင်း
လျှင်မြန်စွာဖြင့် ကျောက်ကပ်ယောင်လာခြင်း
ဆီးအိတ်တွင်ကျောက်တည်ခြင်း
ဆီးပြွန်တွင်ကျောက်တည်ခြင်း

“ရောဂါပြီးခြင်းအဖွဲ့အစည်း”
အဆစ်မြစ်ရောင်နာ
မူမမှန်တုံ့ပြန်မှုရှိသောရောဂါများ
တွယ်ဆက်တစ်ရှူးရောင်ခြင်း
Cardiac Valve ရောင်ခြင်း
အင်ပျဉ်ကွက်
ပြည်တည်နာများပေါက်ခြင်း
ဆေးဝါးကြောင့်အရေပြားယားယံခြင်း
အလာဂျီယားယံခြင်း
အသားအရေ ရောင်ရမ်းခြင်း
“အာရုံခံစားမှုဆိုင်ရာအဖွဲ့အစည်း”
အရေပြားရောဂါ မျက်စိနာ
ခြေလက်ပွေးထခြင်း
ခြေသည်းလက်သည်းပွေးထခြင်း
အင်ပျဉ်ထခြင်း
ခြေလက်ပတ်ကြောင်းထခြင်း
ဝက်ခြံပေါက်ခြင်း
မျက်စိအဝေးမှုန်ခြင်း
မျက်လုံးတွင်းတိမ်စွဲခြင်း
အကြားအာရုံချို့ယွင်းခြင်း
ကလေးငယ်တွင် နှင်းခူနာပေါက်ခြင်း

Tiens Nutrient Super Calcium Series မှ ဂုဏ်ယူစွာဖြင့် တင်ပြပါသည်....။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon Kanbae Tower
Yangon