Projects Building

Projects Building

Share

23/05/2026

နံနက်ခင်းဆုတောင်း🙏🙏🙏

လင်းအရုဏ်ဦးနံနက်ခင်းချိန်မှစ
တစ်ညတာအိပ်စက်နားသည့်အချိန်ထိ
အန္တယ်ရာယ်ခပ်သိမ်းကင်းငြိမ်းကြပါစေ။

သောကဗျာပါဒကင်းကွာကြလို့
ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ။

နေ့သစ်တိုင်းကို
ကောင်းစွာကျော်ဖြတ်နိုင်ကြပါစေ။

ပြည့်စုံကြွယ်ဝလိုတရတဲ့ ဘဝက်ို
ပိုင်ဆိုင်နိုင်ကြပါစေ🙏🙏🙏

ုတောင်း 🙏

22/05/2026

#ဆုတောင်း🙏🙏🙏

ဆင်းရဲသည် ဖြစ်စေ
ချမ်းသာသည် ဖြစ်စေ
နှလုံးသား ဖြူစင်တဲ့ သူတွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ...။

ပညာတတ်သည် ဖြစ်စေ
စာမတတ်သည် ဖြစ်စေ
ကိုယ်ချင်းစာ တတ်သူတွေကြောင့်
ကမ္ဘာ မြေကြီး သာယာနိုင်ပါစေ... ။

ရုပ်ချောသည် ဖြစ်စေ
ရုပ်ဆိုးသည် ဖြစ်စေ
စိတ်ထား မြတ်သူတွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ... ။

အဆင်ပြေသည် ဖြစ်စေ
အဆင် မပြေသည် ဖြစ်စေ
ရိုးသားစွာ ပေးဆပ်သူ တွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ...။

အသားဖြူ သည် ဖြစ်စေ
အသားမဲသည် ဖြစ်စေ
မခွဲခြားဘဲ ဆက်ဆံတတ်သူ တွေကြောင့်
ကမ္ဘာမြေကြီး သာယာနိုင်ပါစေ...။

ဆာလောင်နေသူကို ဖြစ်စေ
ငိုရှိုက်သံကြားက အရိပ်မဲ့နေသူကို ဖြစ်စေ
ဂရုဏာနဲ့ ကူညီနေသူတွေကြောင့်
ကမ္ဘာ မြေကြီး သာယာနိုင်ပါစေ...။

ဆပ်နိုင်သည် ဖြစ်စေ
မတတ်နိုင်သည် ဖြစ်စေ
ကျေးဇူးတရားကို မမေ့တတ်သူတွေကြောင့်
ကမ္ဘာ မြေကြီး သာယာနိုင်ပါစေ...။

အရှုံး အမြတ်ကို မကြည့်သူ
မေတ္တာတရားကို ဝေငှ ပေးရဲသူ
လူသားဆန်တဲ့ သူတွေကြောင့်
ကမ္ဘာမြေကြီး ငြိမ်းချမ်း နိုင်ပါစေ... ။

ုတောင်း 🙏

21/05/2026

မြေသားစမ်းသပ်ခြင်း (Soil Testing) က အိမ်ဆောက်တော့မယ့်သူတွေအတွက် ဘာကြောင့် ဒီလောက်အရေးကြီးတာလဲ❓🤔

"အုတ်မြစ်ခိုင်မှ အိမ်ခိုင်မယ်" ဆိုတဲ့အတိုင်း ခိုင်ခံ့တဲ့ အုတ်မြစ်တစ်ခုဖြစ်ဖို့ဆိုရင် မြေပြင်ရဲ့ အခြေအနေကို အရင်ဆုံး လေ့လာရပါတယ်။ မြေသားရဲ့ အတိမ်အနက်၊ ခံနိုင်ရည်အားတွေကို တိတိကျကျ သိရှိမှသာ အဆောက်အအုံအတွက် အသင့်တော်ဆုံး Foundation အမျိုးအစားကို စနစ်တကျ တွက်ချက်တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

အခုပုံလေးတွေကတော့...
တောင်ဒဂုံ၊ (၂၀) ရပ်ကွက်မှာ စတင်တော့မယ့် ကျွန်တော်တို့ရဲ့ Project အသစ်အတွက်စနစ်တကျ မြေသားစမ်းသပ်ခြင်းလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ မြင်ကွင်းလေးတွေပဲ ဖြစ်ပါတယ်။ 🔎📐

အိမ်ဆောက်မယ့် လုပ်ငန်းစဉ်အစကတည်းက အင်ဂျင်နီယာပိုင်းဆိုင်ရာ စံချိန်စံညွှန်းပြည့်မီစွာနဲ့ သေချာ စေ့စပ်ဆောင်ရွက်ပေးနေတဲ့ Projects Building ရှိနေတာမို့ ရေရှည်အတွက် ဘာမှပူစရာမလိုတော့ဘူးပေါ့။ 🥰

✨ ဒါ့အပြင် အိမ်ဆောက်ဖို့ ပြင်ဆင်နေသူတွေအတွက် အထူးသတင်းကောင်း! ✨

မေ (May) လအတွင်းမှာ Projects Building နဲ့ လက်တွဲပြီး အိမ်ဆောက်မယ့်သူတွေအတွက်...
💰 15 သိန်း | 30 သိန်း | 45 သိန်း အထိ ပြန်လည်ရရှိမယ့် Cash Back အခွင့်အရေးကြီး က စောင့်ကြိုနေပါတယ်။
အရည်အသွေးလည်း စိတ်ချရ၊ ကုန်ကျစရိတ်လည်း သက်သာစေမယ့် ဒီအခွင့်အရေးကို လက်လွတ်မခံဘဲ အမြန်ဆုံး ဆက်သွယ်လိုက်ပါဦးခင်ဗျာ။ 📲

📌 လုပ်ငန်းအပ်နှံရန်နှင့် အသေးစိတ် စုံစမ်းမေးမြန်းရန် -
ရုံးခန်းလိပ်စာ: No.734, Yamanay 6th Street, 34 Ward, North Dagon.
Hotline: 09-777967070, 09-261554339, 09-5128791

#မြေသားစမ်းသပ်ခြင်း #တောင်ဒဂုံ၂၀ရပ်ကွက်

20/05/2026

နံနက်ခင်းဆုတောင်း
🙏========🙏========🙏
လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ

ဥပါတ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ

သတ္တဝါမှန်သရွေ့ တရားတွေ့ချမ်းမြေ့သာယာရှိပါစေ

သူတော်ကောင်းဓာတ် တရားမြတ်လွှမ်းပတ်ကမ္ဘာတည်ပါစေ

မင်္ဂလာနံက်ခင်းလေးပါ ချစ်သူငယ်ချင်းတို့ အေးချမ်းသာယာပျော်ရွှင်ပြီး စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနဲ့ပြည့်စုံကြပါစေ

မြန်မာပြည်သူပြည်သားအားလုံး ရန်သူမျိုးငါးပါး ကပ်သုံးပါးမှကင်းဝေးကြပြီး ဘေးဘယာတွေဝေးကွာလို့ အေးချမ်းသာယာကြပါစေ🙏🙏🙏

နံနက်ခင်းလေးမှာ

စိတ်ကူးနဲ့ ဆန္ဒထပ်တူကြသော့နေ့လေးဖြစ်ပါစေ

ပြည်စုံသော့ဘ၀လေးများကိုပိုင်ဆိုင်နိုင်ကြပါစေ

တစ်နေ့တာ အလုပ်အကိုင်တွေ

အဆင်ပြေကြပါစေ🙏🙏🙏

ုတောင်း 🙏

Want your business to be the top-listed Home Improvement Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No-734, Yamanay 6st, 34 Ward, North Dagon Township
Yangon
11422

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 00:00