MCF: Myanmar Computer Federation
ဒီဂျစ်တယ်ခေတ်ရဲ့ ငွေပေးချေမှုနဲ့ အစိုးရဝန်ဆောင်မှုတွေအတွက် ယုံကြည်စိတ်ချရဆုံး TrustLink
လုပ်ငန်းရှင်များအတွက် မရှိမဖြစ်လိုအပ်တဲ့ Digital Solution တွေကို ရှာဖွေနေပါသလား?
ဒါဆိုရင်တော့ ဒီနှစ် ကမ္ဘာ့ MSME နေ့ အခမ်းအနားရဲ့ MCF Digital Corner မှာ ပါဝင်ထားတဲ့ TrustLink Co., Ltd. နဲ့ မိတ်ဆက်ပေးပါရစေ။
TrustLink ဟာဆိုရင် - Digital Government Solutions (အစိုးရပိုင်းဆိုင်ရာ ဒီဂျစ်တယ်ဝန်ဆောင်မှုများ) နှင့် Digital Payment Systems (ခေတ်မီငွေပေးချေမှုစနစ်များ) ကို အကောင်းဆုံး ဝန်ဆောင်မှုပေးနေတဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
TrustLink က သင့်လုပ်ငန်းအတွက် ဘယ်လိုအထောက်အကူပြုပေးနိုင်မလဲ? သူတို့ရဲ့ ဝန်ဆောင်မှုတွေက ဘယ်လောက်ထိ ဆန်းသစ်ကောင်းမွန်လဲဆိုတာကို အောက်က Video လေးမှာ ဝင်ရောက်ကြည့်ရှုလိုက်ကြရအောင်နော်...
လက်တွေ့လေ့လာဆွေးနွေးချင်တယ်ဆိုရင်တော့... ဇွန်လ (၂၇) ရက် မှ (၂၈) ရက်အထိ နေပြည်တော်၊ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) မှာ စောင့်ကြိုနေပါမယ်။
10/06/2026
"နိုင်ငံ(၇)နိုင်ငံ အသိအမှတ်ပြု ITPEC Exam Question Formulation Meeting တွင် မြန်မာကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေး"
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ AMARA Hotel တွင် ကျင်းပလျက်ရှိသည့် နိုင်ငံ(၇)နိုင်ငံ အသိအမှတ်ပြု ITPEC Exam အတွက် Question Formulation Meeting (QFM) ကို ၂၀၂၆ ခုနှစ် ဇွန်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပလျက်ရှိပါသည်။
အဆိုပါ အစည်းအဝေးသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးအေးသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း၊ စာမေးပွဲကော်မတီ ဥက္ကဋ္ဌ ဒေါ်သဲစုဝေ တို့ တက်ရောက်လျက်ရှိပါသည်။
သုံးရက်ကြာ ကျင်းပမည့် အစည်းအဝေးအတွင်း ITPEC စာမေးပွဲနှင့် သက်ဆိုင်သည့် မေးခွန်းများ ရေးဆွဲခြင်း၊ စိစစ်သုံးသပ်ခြင်းနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးလျက်ရှိပါသည်။
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း
Click here to claim your Sponsored Listing.
Contact the organization
Telephone
Website
Address
Building (9), Ground Floor, MICT Park, Universities' Hlaing Campus
Yangon
11052