Phoenix Computer & Network Services
23/02/2023
ChatGBT စမ်းကြည့်ရအောင်။
https://chat.openai.com/chat
05/02/2021
ကျောင်းသူ/ ကျောင်းသားတို့ရေ...📣📣
အလင်းရောင်ရဲ့ အခမဲ့ ပညာရေးနဲ့
စာသင်ဖို့အချိန်ရောက်ပြီ...
အချိန်မရွေး၊ နေရာမရွေး အလွယ်ကူဆုံးနည်းနဲ့ ပညာသင်ယူနိုင်ဖို့အတွက် အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းကနေ အခမဲ့ ပညာရေးကို ပေးဖို့ Ready ဖြစ်နေပါပြီနော်...
အခုဆိုရင်...
💁 အလင်းရောင်ကိုယ်ပိုင်အထက်တန်းကျောင်းက
Technology Based Learning Platform ဆိုပြီး Microsoft Education ရဲ့ Learning Management System (LMS) ကိုသုံးကာ Express Course ကို အခမဲ့ သင်ယူနိုင်စေမှာ ဖြစ်ပါတယ်။
Express Course ကိုတော့
✅ အစိုးရကျောင်းများ၊
✅ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများ၊
✅ ကိုယ်ပိုင်အထက်တန်းကျောင်းများနဲ့
✅ နိုင်ငံတကာကျောင်းများက
Kindergarten to Grade 10 ကျောင်းသူ၊ ကျောင်းသားတိုင်း တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ စတင်သင်ယူနိုင်မယ့် Express Course အတွက်
👉 အခုပဲ အမြန်ဆုံး စာရင်းသွင်းလိုက်ပါ။
Link: http://bit.ly/ALY_TBL_Express_Course_Reg_From
🔹 Register လုပ်ပြီးသားကျောင်းသားတွေအတွက် Microsoft Account တစ်ခုစီပေးသွားမှာပါ။
🔹 ကျောင်းသားတစ်ဦးချင်းစီရဲ့ အတန်းလိုက်သင်ကြားမှုအချိန်များနဲ့ သတင်းအချက်အလက်တွေကိုတော့ အလင်းရောင်ကျောင်းရဲ့ Public Website ဖြစ်တဲ့ https://aly.edu.mm/ မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ ထို Website ကနေတဆင့် မိမိသက်ဆိုင်ရာအတန်းကိုနှိပ်ပြီး ကိုယ်ပိုင် Microsoft Account ကိုသုံးကာ Private Website မှာ သင်ခန်းစာတွေသင်ယူနိုင်မှာ ဖြစ်ပါတယ်။
🔹 ILBC TBL - EPC ကျောင်းသားတွေကတော့ Register လုပ်ဖို့မလိုဘဲ မိမိတို့ရဲ့ ရှိပြီးသား Microsoft Account နဲ့ အလင်းရောင် Private Website မှာ အခမဲ့ ပညာသင်ယူနိုင်မှာပါနော်...
🔹 Express Course မှာတက်ရောက်မယ့် ကျောင်းသားတစ်ဦးချင်းစီအတွက် Microsoft Teams, Microsoft Stream အပြင် သင်ကြားမှုအတွက် အထောက်အကူပြုစေမယ့် 1000 GB အထိဆံ့တဲ့ OneDrive တို့ကို အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ပါတယ်။
🔹 ကျောင်းသူ/သားတွေဟာလည်း Microsoft Teams မှာ ဆရာ/မတွေပေးတဲ့ Homework တွေ၊ Assignment တွေကို Auto Graded System နဲ့ ပြုလုပ်နိုင်မှာဖြစ်ပါတယ်နော်….
ဒါကြောင့်...❗❗
အလင်းရောင် TBL - Express Course မှာ
ကျောင်းသူ/သားတွေအနေနဲ့ မိမိတို့
တက်ရောက်ရမယ့် အတန်းစဥ်အလိုက် သက်ဆိုင်ရာသင်ခန်းစာတွေကို 'အခမဲ့' သင်ယူနိုင်မှာဆိုတော့ ဒီအခွင့်အရေးကြီးကို လုံးဝ
လက်မလွှတ်လိုက်ပါနဲ့နော်...😉
04/02/2021
အကယ်လို့ VPN တွေပါ Ban ခံထိမယ်ဆိုရင် Backup Plan အနေနဲ့ Tor Browser ကို ဆက်သုံးလို့ရတယ်။
ဒီကောင်တွေ ဘန်းချင်တာဘန်း Tor Browser ကိုတော့ သွား Ban လို့မရဘူး :
Tor Browser ဆိုတာက Encryption ကို သုံးထပ်လုပ်ထားတဲ့ ကောင်ပေ့ါ။
Tor Browser နဲ့ဆို ကြိုက်တဲ့ Website ကို ၀င်ကြည့်လို့ရတယ်။ ( Deep Web ကို အဓိက ၀င်ကြည့်ကြတယ် )
ဘာ VPN မှ ကျော်စရာမလိုဘူး။
ဘာ Proxy မှ Change စရာမလိုဘူး။
Browser ကို ဖွင့် Connect လုပ်ပြီး Surface Web / Deep Web ကကြိုက်တဲ့ Website ထဲ၀င်ကြည့်လို့ရတယ်..
ဒီကောင်နဲ့ သုံးနေရင် Trace လိုက် Track လိုက်ဖို့ မလွယ်ကူဘူး။
ဆရာ့ဆရာကြီးတွေကတော့ လိုက်နိုင်ခဲ့ဖူးပေမဲ့ မြန်မာနိုင်ငံက ဖုန်းလိုင်းကို ကတ်ကြေးနဲ့ ဖြတ်တဲ့ ဆရာကြီးတွေကတော့ ဘာမှလိုက်လုပ်နိုင်မှာမဟုတ်ဘူးဆိုတာသေချာတယ်။
ဘယ်လိုသုံးရမလဲ?
ဖုန်းအတွက်ဆိုရင် အောက္မှာ Play store Link ချပေးထားတယ်။
PC အတွက်ဆိုရင် အောက္မှာ သူတို့ Website Link ချပေးထားတယ်။
Down ပြီးတာနဲ့ Connect လုပ်ပြီး အသင့်သုံးရုံပဲ။
ကြိုက်တဲ့ Website ၀င် ဘယ်လိုအကောင်ကြီးကမှ မBan နိုင်ဘူး...
တစ်ခုရှိတာက default Search Engine က Duckduckgo ဖြစ်နေတယ်။
ဖုန်းမှာဆိုရင် Search Engine မှာ Google ဆိုပြီး ရွေးပြီး သုံးလို့ရတယ်။
PC မှာဆိုရင်တော့ google.com ပေါ့။
ဒီ့ထက်ပိုပြီး Facebook ကို Anonymous ဖြစ်ဖြစ်သုံးချင်တယ်ဆိုရင်တော့ (
facebookcorewwwi.onion ) ဒီ Link ကို Tor Browser မှာ ဖွင့်လိုက်။
ဒါက မတ်ဇူကာဘတ်ရဲ့ Onion Network မှာရှိတဲ့ တရား၀င် Facebook site ...
အဲ့ကနေ ကျွန်တော်တို့ သုံးရင် ကျွန်တော်တို့ရဲ့ Location နဲ့ Device ဟာ Anonymous လို့ပဲပေါ်နေလိမ့်မယ်။
ဒီ့ထက်ပိုပြီး လုံခြုံတဲ့ နည်းမရှိတော့ဘူး။
Play Store Link - ( https://play.google.com/store/apps/details... )
IOS https://apps.apple.com/us/app/onion-browser/id519296448
PC Link - ( https://www.torproject.org/ )
Tor Browser ကိုတော့ သုံးစေချင်တယ်။ ဘာလို့လဲဆိုတော့ ဒီ့ထက်ပိုပြီး ဆိုးလာခဲ့သည်ရှိသော် ကိုယ့်ရဲ့ Location ကို Track လိုက်လို့မရပဲ တင်ချင်တာတင်နိုင်အောင် Onion Network ကနေပဲ လုပ်ဆောင်သွားလို့ရတာမို့လို့။
Original owner
Lynn Htut Nyan
The Tor Project | Privacy & Freedom Online Defend yourself against tracking and surveillance. Circumvent censorship.
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon