Dream - Book House

Dream - Book House

Share

03/09/2022

စာအုပ်တွေက ဒါပါပဲရယ်။ စုစုပေါင်း (10) Set ပါ။

15000 တစ် Set ပဲပါပြီး ကျန်တာက 12000 ဝန်းကျင်တွေပါပဲ။

ဒီည (8) နာရီ ပိုစ့်တင်ပေးပါ့မယ်နော်။ Set (10) set မို့ ပုံ(10)ပုံပါ။ 1st Cmt ကို ရောင်းပေးမယ်နော်။

Payment ကတော့ Prepaid ပါ။ ဒလီကတော့ မနက်ဖြန် အပ်ပေးလို့ အဆင်ပြေပါတယ် 💛

စာအုပ်တွေက ဒါအကုန်ပါပဲနော်။ မရှိတော့ပါဘူး 🫶

အရင်ပိုစ့်နှစ်ခုကို ဖျက်လိုက်ပါ့မယ်နော်။

01/09/2022

Hello 🤎

အစ်မတို့ ပြောစရာလေး ရှိလို့ပါရှင်။

ဒီနေ့ရဲ့ဒေါ်လာစျေးတွေကို သိပြီးကြပြီ ထင်ပါတယ်နော်။ ဒေါ်လာစျေးကြောင့် စာအုပ်နဲ့ပတ်သက်သမျှ ကုန်ကြမ်းစျေးတွေလည်း သုံးဆလောက် ခုန်တက်သွားပါတယ်။ ပုံနှိပ်တိုက်ဖက်ကလည်း အစ်မတို့ကို အကျိုးအကြောင်းလှမ်းမေးနေလို့ပါ။ သူတို့ဖက်က အချိန်တစ်ခုလောက် ရပ်နားတော့မလို့ဆိုလာလို့ပါ။

ဒါတွေကြောင့် အော်ဒါကောက်ဖို့လည်း ခက်ခဲသွားပါတယ်။

အစ်မတို့ ဒီနေ့ရဲ့ စက္ကူပေါက်စျေးနဲ့ တွက်ကြည့်တဲ့အခါမှာ Creamy နဲ့ဆို 8500 ဝန်းကျင်လောက် သွားကျပြီး တခြားစက္ကူနဲ့ဆို 7500 နဲ့ 8000 ဝန်းကျင်လောက် သွားကျပါမယ်။ ဒါတောင် အုပ်ရေ ထောင်စျေးနဲ့ တွက်ထားတာပါ။ ( စက္ကူအသားကို သွားကြည့်ဖို့လိုလို့ ထည့်မပြောပြတော့ဘူးနော် )

အဲ့ဒါကြောင့် အစ်မတစ်ချက်မေးကြည့်ချင်လို့ပါ။

စာအုပ်ကို ဆက်ထုတ်ပေးရမလား။ ရပ်လိုက်ရမလားဆိုတာကိုပါ။

တကယ်လို့ ဆက်ထုတ်ပေးရမယ်ဆိုရင်တော့ ခေတ်ကာလရဲ့အခြေအနေကြောင့် Prepaid / Halfpaid ဖြစ်ပါလိမ့်မယ်နော်။

အဲ့လိုမဟုတ်ဘဲ ရပ်နားထားပေးရမယ်ဆိုရင်တော့ စာအုပ်ထွက်လာမယ့်အခြေအနေကို အာမမခံနိုင်တော့ပါဘူးရယ်။ တကယ်လို့ ထွက်လာမယ်ဆိုရင်တောင် ဒီကပ်ကာလနဲ့ ဒီငွေကြေးတွေ အဆင်ပြေသွားမှာပဲ ဖြစ်လာတော့မှာပါ။ ဒါတောင် ဒေါ်လာစျေးက ထပ်တက်မယ်ကြားထားလို့ မသေချာပါဘူး။

အခုလောလောဆယ်ကတော့ ဘာမှကို သေသေချာချာပြောပြလို့ကို အဆင်မပြေပါဘူးရယ်။

ဒါကလည်း အစ်မတို့အပွင့်လင်းဆုံး ပြောပြပေးတာပါ။ စာအုပ် ထွက်လာမယ်၊ ရပ်လိုက်မယ်ဆိုတာက အားလုံးရဲ့သဘောပါ။ အစ်မတို့ဘက်က စီစဉ်ထားပြီးသားဆိုပေမယ့် အများရဲ့သဘောဆန္ဒအတိုင်း လုပ်ပေးသွားမှာပါ။

ဤကားစကားချပ် - စာအုပ်တွေကတော့ ဒီပုံစံအတိုင်းဆို မျှော်လင့်လို့မရတော့ပါဘူး။ ကြားထားတာတွေကလည်း အဆင်မပြေပါဘူး။ ဂရုစိုက်ကြပါနော်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon