How2

How2

Share

Photos 27/05/2013

ဒီရက်ပိုင်းမှာ Candy Crush game လေးက လူတွေကြားထဲတော်တော်လေးခေတ်စားနေတယ်ဗျာ။

ဒီ ဂိမ်းကစားရင်း level တဖြည်းဖြည်းမြင့်လာတဲ့အခါမှာ အသက် ငါးသက်က မလောက်ပဲဖြစ်နေတယ်ဗျ။
ထုံးစံအတိုင်း ဟိုလူ့ဆီကို request လုပ် ဒီလူဆီ လုပ်နဲ့ နည်းနည်းအောက်သလားလို့။ :)
တစ်ချို့တွေက Game request ဆိုရင် စိတ်မ၀င်စားဘူးလေဗျာ။

OK ခု How2 ကနေ ဘယ်လို အသက်များများရအောင်ယူမလဲ.. တနည်းအားဖြင့်ဘယ်လိုခိုးမလဲပေါ့နော်။
အားလုံးသိတဲ့အတိုင်း အချိန်နောက်ပြန်ချိန်းလိုက်ရင် အသက် ငါးသက်က ပြန်ရတာပဲလေ။
ဒါပေမယ့်ခုဟာက ကိုယ်လိုချင်သလောက် ခိုးနိုင်မဲ့ နည်းလေးပေါ့နော်။
ခုနည်းက IOS မှာခိုးယူတဲ့နည်းလေးပါ။ အသက်တင်မက တခြားမိမိလိုချင်တာတွေပါ ပြောင်းယူလို့ရပါတယ်။

ကဲ စကားတွေ မရှည်တော့ဘူးဗျာ စလိုက်ရအောင်။
ပထမဆုံးလိုအပ်တာလေးတွေ အရင် ကြည့်လိုက်ရအောင်
Jailbreak လုပ်ထားရပါမယ်။ ifile သွင်းထားရမယ်။
ဒါပါဘဲ.လိုအပ်တာတွေက..
အဲ နောက်ထပ်တခုကတော့ ဒါတွေမပြင်ခင်မှာ Candy Crush ကို exit လုပ်ထားဖို့လိုပါလိမ့်မယ်။
ပထမဆုံး ifle ကိုဖွင့်ပါမယ်။ ဒီနေရာမှာ သတိထားရမှာက ifle ရဲ့ Setting အောက်က file manager မှာ Application Name ကိုဖွင့်ထားပေးရပါမယ်။ ဒါမှ ကျွန်တော်တို့ folder name တွေကို apps နာမည်တွေနဲ့ (Candy Crush) ပြပေးမှာပါ။

ifile\CandyCrush\candycrushsaga.app\res\ ထဲထိရောက်အောင်သွားလိုက်ပါ။

တိတိကျကျပြောရမယ်ဆိုရင် /var/mobile/application/candy crush/candycrushsaga.app/res ပေါ့ဗျာ။

ကဲ ဒီ tweakdata.prop ဆိုတာလေးကိုတွေ့အောင်ရှာပါ။
ပြီးရင်တော့ text viewer နဲ့ဖွင့်ရပါမယ်။
Edit ကိုနှိပ်ပြီး "lives.base.max 5" ဆိုတာကိုမိမိလိုချင်သလောက်ပြင်လိုက်ပါ။ ဥပမာ - "lives.base.max 999"

နောက်တခုက "lives.gain.interval ****" change to "lives.gain.interval 0"

ကဲ နောက်ဆုံးတခုက တော့ "lives.gift.interval.hours ** " change to "lives.gift.interval.hours 0"

ကဲ ဒါပြီးရင်တော့ save လုပ်ပြီး ထွက်လိုက်ရုံပါဘဲ... အသက် 999 နော်

အော်မေ့လို့ လိုချင်သလောက် ယူပါဗျာ အလကားရတာပဲ..

နောက်လာမဲ့ Post တခုကတော့ level 36 ပြီးသွားရင် friend တွေကို ကိုယ်ဆက်သွားနိုင်ဖို့ သုံးယောက်ကြီးများတောင် request လုပ်ရတယ်ဗျာ။ ဒါလေးကိုလဲကျော်တဲ့နည်းလေး တင်ဆက်ပေးသွားပါ့မယ်။ ဘယ်သူ့ဆီက မှ Approval တောင်းစရာမလိုတဲ့နည်းလေးပေါ့နော်။
Android သမားတွေအတွက်လည်း မကြာမီလာမည် ပေါ့ဗျာ။

တွေ့ကြအုံးမယ်ဗျို့
အားလုံးပဲ ပျော်ရွင်စွာနဲ့ ကစားနိုင်ပါစေ။
facebook မှာတော့ ရဘူးနော်။

Source- internet
By- Admin@how2

Photos 22/05/2013

ဒီအကြောင်းအရာလေးက တော့မသိသေးသူများအတွက်ပါ။

Social API ဆိုတဲ့ feature တခု ကို Firefox ကနေမိတ်ဆက်လို်က်ပါပြီ။ စတင်မိတ်ဆက်လိုက်တာကတော့ Version 17 ထဲကပါ။ ဒါပေမယ့် တချို့ feature တွေစုံစုံလင်လင်မပါသေးပါဘူး။ ယခု verson 21 မှာဆိုရင် အရင်ကထက် social service တော်တော်များများ ပါဝင်လာပါပီ။

Firefox ကနေ Facebook, MSN, စတဲ့ social network တွေကို integrated အဖြစ်အနေနဲ့ သုံးလို့ရအောင် လုပ်ပေးလိုက်တာပါ။
Flock ကနေအရင်းခံလာပြီး Firefox ဆီဆင်းသက်လာတာဖြစ်ပါတယ်။ ဒါပေမယ့် ဒါကိုအသုံးပြုဖို့ဆိုရင် Social Provider ကို install လုပ်ထားရပါလိမ့်မယ်။ Install ဆိုတာထက် Turn On ဆိုရင်ပိုမှန်ပါလိမ့်မယ်။
Firefox ရဲ့ Social API ဆိုတာက website တွေကို social provider အနေနဲ့ register လုပ်ပေးလိုက်ခြင်းပါဘဲ။ ဘယ် tab ကိုပဲပြောင်းပြောင်း
သူတို့က side bar တခုအနေနဲ့ အမြဲရှိနေမှာပါ။


* Facebook Messenger: Facebook Messenger for Firefox allows you to integrate Facebook Messenger with your browser so you can chat on Facebook wherever you are on the Web.

https://www.facebook.com/about/messenger-for-firefox



* Mixi: The Japanese social network Mixi has a social provider for Firefox integration.

http://mixi.jp/



* msnNOW: Microsoft’s msnNOW shows you trending stories from across the web in a browser sidebar.

https://now.msn.com/now-for-firefox



* Cliqz: Cliqz delivers a stream of personalized news stories — also in a browser sidebar.

https://mozsocial.cliqz.com/



အပေါ်က မိမိလိုချင်တဲ့ Link တွေဆီသွားပြီး Turn it on ဆိုတာလေးနှိပ်လိုက်ရင် ရပါပီ။
ဒါပေမယ့် Firefox Browser version က တော့ 21 ဖြစ်မှ အဆင်ပြေမှာပါ။ TRY IT!!

Source- howtogeek
By-Admin@how2

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon