Job
29/12/2022
#လိုင်စင် အတု / အစစ် ခွဲခြားပုံ 👇🏻
၁) စာရွက်အသား
၂) ဟိုလိုဂရမ် အဝိုင်းတံဆိပ်
၃) ဘားကုတ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကညန လိုင်စင် ဝန်ဆောင်မှု လုပ်ငန်း
☎ 09 785 592 928
📲 09 796 315 837
05/09/2021
လမ်းမပေါ်မှာ အန္တရာယ်ကင်းစွာမောင်းနှင်နိုင်ဖို့
နှစ်လမ်းသွား ကားလမ်းမတစ်ခုပေါ်ကို ကိုယ်ကရောက်နေမယ်။ ကိုယ့်ဘေးနားမှာလည်း အခြား ကားတစ်စီးယှဉ်ပြီး မောင်းနှင်လာနေတယ်။ ဒီလိုအခြေအနေမျိုးမှာ မျက်နှာချင်းဆိုင်အရပ်က အခြားကား တစ်စီးရောက်လာတယ်ဆိုပါစို့ … အန္တရာယ်မဖြစ်အောင် ဘယ်လိုရှောင်ရှားနိုင်မလဲ။ တကယ်တော့ ဒီလို အခြေအနေမျိုးအတွက် အဖြေကရှိနေပြီးသားပါ။
ခေါင်းအေးအေးထားနိုင်ဖို့လို
ကိုယ်က ကားတစ်စီးနဲ့ နှစ်လမ်းသွားလမ်းမကြီးပေါ်ရောက်နေပါပြီ။ ဒါဆိုရင်ထုံးစံအတိုင်းလမ်းညာ ဘက်မှာပဲ နေသားတကျနေရာယူထားရမှာပါ။ အကယ်၍ အထက်ကပြောတဲ့အခြေအနေမျိုးနဲ့ရင်ဆိုင် နေရပြီဆိုရင် ခပ်လှမ်းလှမ်းအကွာအဝေးမှာကတည်းက ရှေ့ကကား သတိထားမိအောင် ဟွန်းနဲ့ထောက် လှမ်းကာ မီးအဖွင့်အပိတ်လုပ်ပြီး အချက်ပြတာမျိုးလုပ်ရပါမယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးနဲ့ကြုံတွေ့လာရပြီဆိုရင် စိတ်ထဲမှာရှုပ်ထွေးလာတာမျိုးတွေအဖြစ်မခံဘဲ သက်သောင့်သက်သာဖြစ်နေအောင် သတိနဲ့ထိန်းထားနိုင်ဖို့ လိုအပ်မှာ အသေအချာပါ။ ပတ်ဝန်းကျင်ကို မျက်ခြည်အပြတ်မခံဘဲ မပြတ်ကြည့်နေမယ်၊ သတိနဲ့မောင်းနှင်ပြီး တစ်စုံတရာသောအကြောင်းနဲ့ ရုတ်တရက်ကြုံလာရင် ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် နေရာကျ ပြီလို့ဆိုရမှာပါ။
တကယ်လို့ ကိုယ်ကနှစ်လမ်းသွားလမ်းမပေါ်မှာ ကားကျော်တက်ချင်တယ်။ မျက်နှာချင်းဆိုင် အရပ်မှာ လည်း ကားတစ်စီးကလာနေတယ်ဆိုရင်တော့ ကိုယ်ရှောင်လို့ လွတ်နိုင်လောက်မယ့်အရှိန်ပမာဏကို စိတ်ထဲ ကနေကြိုပြီး တွက်ချက်ထားသင့်တာပါ။ ဒီလိုအလေ့အထလေးတွေလုပ်ပေးထားရင်းနဲ့ နောက်ပိုင်းမှာ အကွာအဝေးတွေကို ကောင်းကောင်းတွက်ချက်တတ်လာမှာဖြစ်ပါတယ်။
အရမ်းအရဲမကိုးပါနဲ့
ကားလမ်းပေါ်မှာ ရှေ့ကပိတ်နေတဲ့ကားတစ်စီးကိုကျော်တက်ရတာ အန္တရာယ်များတဲ့အလုပ်တစ်ခု ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် လားရာကလာတဲ့ ကားကိုကြည့်ရတာ ကိုယ့်ရှေ့မှာရောက်နေတဲ့ကားနဲ့ လွတ်မလွတ်ချိန်ညှိရတာ ထင်သလောက်မလွယ်ကူတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကပဲ ကားမတော်တဆမှုတွေ ပေါ်ပေါက်လာရလေ့ရှိတာကြောင့် ကားကျော်တက်ဖို့ပြုလုပ်တဲ့အခါ မလိုအပ်ဘဲ အရမ်းအရဲကိုးလွန်းတာမျိုးတွေကို ရှောင်သင့်တယ်လို့လည်း သိထားရပါလိမ့်မယ်။
ဂီယာကိုမမေ့ပါနဲ့
အခြားကားတစ်စီးကို ကျော်ဖြတ်ဖို့ကြိုးစားနေချိန်မှာ ဂီယာကိုလျှော့ချဖို့မေ့မနေသင့်ပါဘူး။ အထူး သဖြင့် ကိုယ့်ကားက Manual ဂီယာနဲ့ကားမျိုးဖြစ်နေရင်ပါ။ Auto ဂီယာတပ်ဆင်ထားတဲ့ကားတွေဟာ လိုရင်လိုသလိုအရှိန်အတိုးအလျှော့ကို ချိန်ညှိနိုင်ပေမယ့် ညြေကေူ တွေမှာကတော့ အရုန်းအဆွဲအားပိုကောင်း အောင် မဖြစ်မနေ ဂီယာဒေါင်းပေးဖို့ လိုအပ်ပါတယ်။
အချက်ပြဖို့ မမေ့ပါနဲ့
ကိုယ့်ရှေ့က ကားကိုကျော်ဖြတ်ဖို့ပြင်ဆင်ပြီးမှ ကျော်တက်ရကောင်းနိုးနိုး၊ ဒီအတိုင်းနေရကောင်းနိုးနိုးနဲ့ ဆုံးဖြတ်ချက်မပြတ်မသား ဖြစ်မနေသင့်ပါဘူး။ ဒီလိုအကျင့်စရိုက်မျိုးက ယာဉ်မောင်းသူတိုင်းကို ဒုက္ခ ကောင်းကောင်းပေးတတ်လို့ သတိထားသင့်ပါတယ်။ ကိုယ့် ဘက်ကမသေချာလို့ ကျော်မတက်ဖို့ကိုဆုံးဖြတ်တဲ့ အခါ ပြဿနာမရှိပေမယ့် ကျော်တက်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ရဲရဲတင်းတင်းကျော်ဖို့လိုပါတယ်။ ဒီနေရာမှာ အရေးကြီးတာကတော့ ရှေ့ကကားကိုကိုယ်ကျော်တက်တော့မယ့်အကြောင်း အချက်ပြဖို့လိုသလို သူနဲ့ ကိုယ့်ကြားမှာ အန္တရာယ်မရှိလောက်တဲ့အကွာအဝေးနဲ့ ကျော်ဖြတ်နိုင်ဖို့လည်း လိုအပ်လှတာပါ။ ဒီအဆင့်မှာ လျင်မြန်ဖို့၊ ဆုံးဖြတ်ချက်ပြတ်သားဖို့နဲ့ ညင်သာမှုရှိဖို့လိုအပ်ပါတယ်။
အရေးပေါ်အခြေအနေတွေ ကျော်ဖြတ်နိုင်ဖို့
ကားရှင်းပြီအထင်နဲ့ ကျော်ဖြတ်ဖို့လုပ်မှ မျက်နှာချင်းဆိုင်က ကားရုတ်တရက်ထွက်လာ တာမျိုးနဲ့လည်း ကြုံရတတ်ပါတယ်။ ဂီယာနဲ့ဘရိတ်ကို အချိုးကျချိန်ပြီး ရှေ့ကားနောက်ကိုအလိုက်သင့်ပြန်ဝင်နိုင်ဖို့ လိုအပ်မှာပါ။ ကျွမ်းကျင်မှုနဲ့အတွေ့အကြုံပေါင်းစပ်ထားတဲ့ ကားမောင်းသူတွေအတွက် အခက်အခဲမရှိနိုင်ပေမယ့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်သွားရင်တော့ မတော်တဆမှုတောင်ကြုံတွေ့သွားနိုင်ပါတယ်။ ဒီလိုအဖြစ်မျိုးနဲ့မကြုံ အောင် စိတ်ရှည်ရှည်ထားတတ်ဖို့နဲ့ ရုတ်တရက်မင်သက်သွားတတ်တာမျိုးတွေမဖြစ်အောင် သတိထားသင့်ပါ တယ်။
Credit/ Copy
ိမ်အရောက်ကားမောင်းသင်တန်း🚘
#09785592928
Click here to claim your Sponsored Listing.
Website
Address
Mya Lay Street, (14) Qrt, South Okkalapa Tsp
Yangon