PPSS

PPSS

Share

25/04/2026

နေ့ဘက်ဆို ဖုန်းကပူလို့ ဆော့မရ
ညဖက်ဆို လိုင်းမကောင်းလို့ ဆော့မရ
‌လိုင်းလဲကောင်းပီ ဖုန်းလဲ အေးပီဆိုရင်
ဖုန်းအားက ကုန်ပီ ။

:')

23/04/2026

အသိအတွဲတတွဲရယ် ငါရယ်
ညက Trio ဆော့တာကွာ သူ့ဘဲက
ငါနဲ့ အတူတူထိုင်ဆော့နေတာ ။

ကောင်မလေးဖြစ်သူက သူ့အိမ်ကနေ
ဆော့တာ ..

အဲ အဲ့မှာ သူ့ကောင်မလေးက နဲနဲဂျင်းတယ်
အဲ့ဒါကို Public က နှစ်ကောင်နဲ့ သူ့ ကောင်မလေး
နဲ့ ထ ကွိုင်တက်တာ ။ ဟို နှစ်ကောင်က ဆဲတာ

ဒီကောင်က ဟို နှစ်ကောင်ကို စာရိုက်ပီးသာ
မင်းတို့ ငါ့ကောင်မလေးကို ပြောစရာမလိုဘူးဘာညာနဲ့
ပြန်ပြောနေတာ ရုပ်ကျတော့ ပြုံးစိစိနဲ့ ဟိုနှစ်ကောင်က
သူ့အစား ဆဲပေးနေလို့ ကျေနပ်နေတဲ့ ရုပ်မျိုး ။

အံ့ဩဖို့တောင်ကောင်းတယ်

:')

21/04/2026

အရင်တုံးက Game ဆော့ရင် အဖော်မရှိလို့
Solo ဆော့ ကိုင်ချင်တာကိုင် နိုင်နိုင်ရှုံးရှုံး လုပ်ချင်တာ
လုပ် Skin ဘာညာဆိုလဲ မ၀ယ်

Free Skin
လဲ မယူ တဲ့ ဘဲကြီးတွေကို မြင်တိုင်း ဒီဘဲတွေ
ဘာလို့ Game ဆော့ နေသေးတာလဲ ဆိုပီး
တွေးတွေးပီး ဝေဖန် နေတာ ။

အခု အဲ့ဘဲကြီး နေရာ ကိုယ်ဖြစ်နေတယ်
:')

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon