Innovix Solutions

Innovix Solutions

Share

02/03/2026

ရုံးပိတ်ရက် အသိပေးကြေညာခြင်း 📢

၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ သည် အများပြည်သူရုံးပိတ်ရက် ဖြစ်ပါသဖြင့် Innovix Solutions ရုံးခန်းအား ပိတ်ထားမည် ဖြစ်ပါသည်။

တစ်နိုင်ငံလုံးရှိ ကျေးဇူးရှင် တောင်သူလယ်သမားကြီးများကို လေးစားစွာ ဂုဏ်ပြုအပ်ပါသည်။ 🙏✨

26/02/2026

နည်းပညာတွေ ပြောင်းလဲတာ မြန်လွန်းတဲ့ ဒီနေ့ခေတ်မှာ သင့်လုပ်ငန်းက စနစ်ဟောင်းတွေနဲ့ပဲ ရှေ့ဆက်နေတုန်းလား? 🤔

တကယ်တော့ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ အလုပ်ကို ပင်ပင်ပန်းပန်း လုပ်တာထက် စမတ်ကျကျ စီမံခန့်ခွဲနိုင်ဖို့က ပိုအရေးကြီးပါတယ်။ အနာဂတ်မှာ လုပ်ငန်းတွေ ဘယ်လောက်ပဲ တိုးချဲ့တိုးချဲ့၊ စနစ်တစ်ခုတည်းနဲ့ အကုန်ထိန်းနိုင်ဖို့ဆိုရင် Odoo က အကောင်းဆုံး ရွေးချယ်မှုပါ။

Innovix Solutions အနေနဲ့ သင့်လုပ်ငန်းရဲ့ လိုအပ်ချက်တွေနဲ့ အံကိုက်ဖြစ်မယ့် Digital System တစ်ခုဖြစ်အောင် အကောင်းဆုံး တည်ဆောက်ပေးသွားမှာပါ။ အနာဂတ်အတွက် အခုကတည်းက ပြင်ဆင်ထားလိုက်ရအောင်။

အသေးစိတ် သိလိုပါက -
📞 For more detail: 09 985 648 963
📧 Email: [email protected]
🏠 Office: Level 5, Building 10, MICT Park, Hlaing Township, Yangon

23/02/2026

🚀At 𝐈𝐧𝐧𝐨𝐯𝐢𝐱 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬, the 𝐈𝐧𝐭𝐞𝐫𝐯𝐢𝐞𝐰 𝐒𝐞𝐬𝐬𝐢𝐨𝐧 𝐕𝐢𝐝𝐞𝐨𝐬 marked the beginning of our interns’ journey as 𝐈𝐧𝐧𝐨𝐯𝐢𝐱𝐞𝐫𝐬. These videos helped us connect with their skills, goals, and motivations.

Today, we're sharing Thura Aing interview session from Internship Batch (7) - a Junior Odoo Developer who successfully completed our 6-month Internship Program and is now working at Innovix Solutions. He is sharing why he chose Innovix for his career development. Since then, he and his fellow interns have become an essential part of our team, contributing fresh ideas and making a real impact on our projects. ✨

Our intern program is designed to provide meaningful experience and growth opportunities. Whether you continue as Innovixers or move on to new challenges, this experience will serve as a strong foundation for your career. Innovix Solutions will always be a step that helps shape your professional journey, and we're confident you'll carry the lessons learned here into future successes. 🚀

Photos from Innovix Solutions's post 28/01/2026

လုပ်ငန်းတစ်ခုကို ဦးဆောင်တဲ့အခါ ကိုယ့်ရဲ့ထင်မြင်ယူဆချက် နဲ့ အတွေ့အကြုံတွေစီကနေပဲ ဆုံးဖြတ်ချက်ချမှတ်တဲ့ခေတ်က ကုန်သွားပါပြီ။ ယနေ့ခေတ်လို ပြိုင်ဆိုင်မှုပြင်းထန်တဲ့ခေတ်မှာ တိကျတဲ့ Data (အချက်အလက်) တွေမရှိဘဲ ဆုံးဖြတ်ချက်ချခြင်းဟာ မျက်စိမှိတ် လမ်းလျှောက်နေသလိုမျိုး အန္တရာယ်များလှပါတယ်။⚠️

ဒါဆိုရင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ဘယ်လိုအချက်တွေကို ပြင်ဆင်ထားသင့်သလဲ?

၁။ အချက်အလက်တွေက လက်ရှိဖြစ်နေတဲ့အရာကိုအမှန်တိုင်းပြောပြပါတယ်။
လုပ်ငန်းမှာ ဘယ်ပစ္စည်းက အရောင်းရဆုံးလဲ? ဘယ်အချိန်မှာ ကုန်ကျစရိတ်တွေ အများဆုံးဖြစ်နေတာလဲ? ဆိုတာတွေကို ခန့်မှန်းနေမယ့်အစား တကယ့်ကိန်းဂဏန်း တွေကို ကြည့်ပြီး ဆုံးဖြတ်တာက ပိုမိုထိရောက်ပါတယ်။ အချက်အလက်တွေက လုပ်ငန်းရဲ့ အားသာချက်နဲ့ အားနည်းချက်ကို အရှိအတိုင်း ဖော်ပြပေးတာမို့လို့ ဘယ်အရာကိုပြုပြင်ပြောင်းလဲသင့်ပြီး ဘယ်အရာကိုပိုအားစိုက်သင့်လဲဆိုတာကို ဆုံးဖြတ်ချက်ချမှတ်နိုင်ပါတယ်။

၂။ အချိန်နဲ့တပြေးညီ သိရှိနိုင်မှု (Real-time Insights)
လကုန်မှ စာရင်းပြန်ချုပ်ပြီး အဖြေရှာတာထက်၊ ဒီနေ့ ဘယ်လောက်ရောင်းနေရပြီလဲဆိုတာကို အခုချက်ချင်း သိရတာက ပိုပြီး အကျိုးရှိပါတယ်။ အချိန်မီသိရတဲ့အတွက် မှားယွင်းမှုတွေကို မြန်မြန်ပြင်နိုင်သလို၊ ရရှိလာတဲ့ အခွင့်အရေးတွေကိုလည်း လက်လွတ်မခံဘဲ အမိအရ အသုံးချနိုင်မှာပါ။

၃။ အချက်အလက်များ တစ်နေရာတည်းမှာ ရှိနေခြင်း (Centralized Data)
အချက်အလက်တွေက Excel ဇယားတွေ၊ စာရင်းအုပ်တွေနဲ့ နေရာအနှံ့မှာ ကွဲပြားနေမယ်ဆိုရင် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲပါလိမ့်မယ်။ အရောင်း၊ အဝယ်၊ စတော့နဲ့ ငွေစာရင်း အစရှိတာတွေအားလုံးဟာ စနစ်တစ်ခုတည်းမှာ ချိတ်ဆက်နေဖို့ လိုအပ်ပါတယ်။

ဒီလိုမျိုး ဌာနစုံက အချက်အလက်တွေကို စုစည်းပေးပြီး တိကျတဲ့ Report တွေ ထုတ်ပေးနိုင်ဖို့ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေတဲ့ Odoo ERP လိုမျိုး စနစ်ကောင်းတစ်ခုက သင့်လုပ်ငန်းရဲ့ အကောင်းဆုံး System တစ်ခုဖြစ်လာမှာပါ။

၄။ အနာဂတ်ပလန်ချမှတ်ခြင်း (Future plan)
အတိတ်က အချက်အလက်တွေကို သေချာလေ့လာဆန်းစစ်ထားရင် ရှေ့ဆက်ဘာဖြစ်လာမလဲဆိုတာကို ကြိုတင်ခန့်မှန်းနိုင်ပါတယ်။
နိဂုံးချုပ်အနေနဲ့ အချက်အလက်ပေါ် အခြေခံပြီး ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းတွေဟာ အခြားလုပ်ငန်းတွေထက် အမြတ်အစွန်း ပိုမိုရရှိနိုင်သလို အမှားအယွင်းလည်း နည်းပါးတာကို တွေ့ရပါတယ်။

💡 သင့်လုပ်ငန်းရဲ့ လက်ရှိအချက်အလက်တွေကို ဘယ်လိုမျိုး စနစ်တကျ စုစည်းရမလဲဆိုတာ ဆွေးနွေးချင်တယ်ဆိုရင်တော့ Innovix Solutions မှာကျွမ်းကျင်ပညာရှင်များဖြင့် အခမဲ့ တိုင်ပင်ဆွေးနွေးခွင့်ရှိနေတာကြောင့် အခုပဲ ဆက်သွယ်လိုက်ပါ။ 📞
_________________________________________________
📞 For more detail:
☎️ Phone Number: 09 985 648 963
📧 Email: [email protected]
🏠 Office: Level 5, Building 10, MICT Park, Hlaing Township, Yangon, Myanmar

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Level 5, Building 10, MICT Park, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00