Project Facets
Project Facets
Share
28/10/2019
Facets တစ်ယောက်ရဲ့ လားရာ
=====================
Facets တစ်ယောက်ဟာ အသည်းအသန်ကြိုးစားပြီးမှ လုပ်ငန်းခွင်ကို ရောက်နိုင်မယ်ဆိုတော့ ခင်ဗျားတို့ မျက်ခုံးတွန့်သွားကြပါလိမ့်မယ်။
မြန်မာ့ပညာရေး အခက်အခဲ —
တစ်ချိန်က မြန်မာပြည်ရဲ့ ပညာရေးစနစ်ဟာ လွယ်လင့်တကူနဲ့ ပြီးဆုံးသွားခဲ့ကြတော့ ခက်ခဲတဲ့ ပညာရေးစနစ်သစ်ကို ကျင့်သုံးချိန်မှာ အရမ်းပင်ပန်းပါလိမ့်မယ်။ ခက်ခဲတယ်ဆိုတာ ကိုယ်နဲ့ အကျွမ်းတဝင်မရှိသေးချိန်မှာ တွေးမိတဲ့ အမြင်တစ်ခုသာပါပဲ။ ထိုခက်ခဲတဲ့ လောကထဲကို ကျင်လည်လိုက်ချိန်မှာ ခင်ဗျားတို့ထင်ထားတဲ့ ခက်ခဲခြင်းတွေဟာ ဘဝအတွက် တန်ဖိုးရှိတဲ့ အရာတွေကို သင်ပေးလိုက်ခြင်းလို့ မြင်လာကြမှာပါ။
စိတ်ဓါတ် —
Project Facets ဟာ ခင်ဗျားတို့ရဲ့ ကိုယ်တွင်းမှာ ရှိနေတဲ့ အစွမ်းအစတွေထဲက တစ်ခုတည်းသော အစွမ်းအစတစ်ခုကိုပဲ ရွေးချယ်ပါတယ်။ အဲဒါဟာ စိတ်ဓါတ်ပါ။ ထိုစိတ်ဓါတ်ကြောင့် ခင်ဗျားတို့ဟာ ဘယ်လောက်ပဲ အခက်အခဲတွေ ရှိနေပါစေ အောင်မြင်အောင် လုပ်နိုင်မယ်လို့ Project Facets က ယုံကြည်ထားပါတယ်။
အားနည်းချက်ကြောင့် ဘယ်တော့မှ အထုတ်မခံစေရ —
Project Facets တစ်ယောက် ဖြစ်လာတာနဲ့ ခင်ဗျားရဲ့ နည်းပညာ၊ ဉာဏ်ရည်ဉာဏ်သွေး စတဲ့ လေ့ကျင့်လို့ ရတဲ့ အရာတွေ အားနည်းနေခြင်းကြောင့် အထုတ်ခံရမှာ မဟုတ်ပဲ ခင်ဗျားရဲ့ ကိုယ်တွင်း စိတ် ပြောင်းလဲသွားခြင်းကြောင့်သာ ထွက်သွားခြင်း ဖြစ်ပါလိမ့်မယ်။
အမောင်းခံရခြင်း —
Facets တစ်ယောက်ဟာ Camp မှာ အပြင်းအထန် မောင်းနှင်ခြင်းခံရပါလိမ့်မယ်။ ဒါဟာလည်း ခင်ဗျားရဲ့ အားနည်းချက်တွေကို အားကောင်းလာအောင် ဖြည့်တင်းပေးနေခြင်းဆိုတာ ခင်ဗျားတို့ သဘောပေါက်လာချိန်မှာ တန်ဖိုးထားတတ်လာပါလိမ့်မယ်။
နိုင်ငံတကာတန်းဝင် ပရိုဂရမ်မာ —
Boot Camp အလွန်ကာလဟာ ခင်ဗျားအတွက် ပိုပြီး ပင်ပန်းခက်ခဲတဲ့ အရာတွေကို နှဖူးတွေ့ ဒူးတွေ့ ကြုံတွေ့ရမဲ့ ကာလပါပဲ။ ဒါဟာ နိုင်ငံတကာနဲ့ ဆက်သွယ် လုပ်ကိုင်နေရတဲ့ ပတ်ဝန်းကျင်ကို ခင်ဗျားတို့ ရောက်နေကြပြီမို့ ခင်ဗျားရဲ့ စံနှုန်းကို နိုင်ငံတကာ စံနှုန်းဖြစ်ဖို့ ပင့်တင်ပေးနေခြင်းကြောင့် များပြားလှစွာသော စိတ်ဖိစီးမှုတွေကို ကြုံတွေ့ရလာပါလိမ့်မယ်။ ဒါကို ကျော်လွှားနိုင်ဖို့ ခင်ဗျားရဲ့ ကိုယ်တွင်းက ခိုင်မာခဲ့တဲ့ စိတ်ဓါတ်နဲ့ Boot Camp က သင်ကြားပေးလိုက်တဲ့ စိတ်ဓါတ်၊ နည်းပညာတွေဟာ အသုံးတဲ့လာပါလိမ့်မယ်။
ကျားကုတ်ကျားခဲ —
နောင် ၃ နှစ်အလွန်မှာ ခင်ဗျားဟာ နိုင်ငံတကာတန်းဝင် ကွန်ပျူတာ ပရိုဂရမ်မာ တစ်ယောက် အဖြစ် ရပ်တည်သွားနိုင်ဖို့ အတွေ့အကြုံကောင်းတွေ ရသွားကြမှာပါ။ ခင်ဗျားတို့သာ ၃နှစ်လောက် ကျားကုတ်ကျားခဲ ကြိုးစားခဲ့မယ် ဆိုလျှင်ပေါ့...
Project Facets နှင့် ပညာရေးအစီအမံ —
Project Facets တစ်ယောက်ဟာ ဘွဲ့ရတစ်ယောက် ဖြစ်နိုင်သလို ဘွဲ့မရသေးသူတွေလဲ ဖြစ်နိုင်ပါတယ်။ Computer Sciences/I.T ဖြစ်နိုင်သလို Arts & Science သမားတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ Arts & Science သမား၊ ဘွဲ့ရဖို့ ကြိုးစားနေသူများအတွက် လုပ်ငန်းခွင် ပညာရေးကို ဖန်တီးပေးနိုင်ဖို့ Project Facets က ကြိုးစားပေးနေပါတယ်။ မတူညီတဲ့ လုပ်ငန်းခွင်ရဲ့ သဘောတူညီချက်အပေါ်မူတည်ပြီး Project Facets - Long Term Education Plan ဟာကွဲပြားသွားနိုင်ပေမဲ့ Project Facets တစ်ယောက် ဖြစ်လာပြီ ဆိုလျှင်တော့ Long Term Education Plan ကို အမြဲခေါင်းထဲထည့်ထားဖို့ ရိုက်သွင်းပေးလိုက်မှာပါ။ ဒါဟာ Project Facets ရဲ့ Facets တွေ အပေါ်ထားတဲ့ ထင်ရှားပြတ်သားတဲ့ အမြော်အမြင်တစ်ခုပါပဲ။
ဒါဆို ခင်ဗျားတို့ဟာ Project Facets ကို ဘာကြောင့် ပူးပေါင်းပါဝင်သင့်သလဲဆိုတာ စဉ်းစားမိပါလိမ့်မယ်။
28/10/2017
Microsoft .Net Developer for ERP & WMS
(Job Ref: #002201710)
(Location: Yangon)
----------------------------------
IrraHub ၏ Software Development Offshore Team မှ တည်ဆောက်မည့် ERP & Warehouse Management Project အတွက် အောက်ပါ အရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။
၁။ C #.Net, ASP.Net with OOP knowledge နှင့် Web Application knowledge
၂။ MS SQL Server knowledge
၃။ Javascript (Jquery and Ajax), CSS (Bootstrap)
၄။ Team work ဖြင့် အလုပ်လုပ်ကိုင်ရမည်။
၅။ English စကား ပြောနိုင်ရမည်။
မှတ်ချက်။
Programming Language သင်တန်းဆင်းလက်မှတ်များ ပြရန်မလို။
မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး ဘွဲ့လက်မှတ် ပြရမည်။ Computer Science / IT ဒီပလိုမာရထားပြီး ဘွဲ့ရစာမေးပွဲများအတွက် ခွင့်ရက်ရှည်ယူစရာ မလိုသူများ လျှောက်ထားနိုင်သည်။
အင်တာဗျူးအစီအစဉ်
----
၁။ လူတွေ့ အင်တာဗျူး (ပထမအကြိမ်)၊
၂။ နည်းပညာပိုင်း အရည်အသွေး စမ်းသပ်မှု၊
၃။ လူတွေ့အင်တာဗျူး (English အစီအစဉ် - ဒုတိယအကြိမ်)
လျှောက်ထားရမည့် အစီအစဉ်
----
အောက်ပါလင့်မှ CV ကို download ဆွဲချပြီး IrraHub ရုံးသို့ လူကိုယ်တိုင် လာရောက်တင်ရပါမည်။
CV Template Download Link:
https://www.facebook.com/irrahub/posts/1440993862645173
IrraHub Co., Ltd.
အမှတ်(၈၁)၊ သရက်တော ၃ လမ်း၊
အောက်ကြည့်မြင်တိုင်ကမ်းနားလမ်း၊
ဆင်မလိုက်အဝေးပြေး(သရက်တောမှတ်တိုင်)(အောက်လမ်း)
ရန်ကုန်။
ဖုန်း ။ (95)97 8888 5091
24/10/2017
နည်းပညာအသစ်ဖြင့် လုပ်ကိုင်လိုသူများအတွက် အလုပ်ခေါ်ခြင်း
(Job Ref: # 001201710)
-----
IrraHub ၏ Mobile Team တွင် လိုအပ်နေသော Junior Developer ရာထူး (လစာစကေး- ၂၀၀၀၀၀ ကျပ်)အတွက် အောက်ပါ အရည်အချင်းနှင့် ပြည့်စုံသူပြီး စိတ်ပါဝင်စားပါက လျှောက်ထားနိုင်ပါသည်။
၁။ Teamwork ဖြင့် အလုပ်လုပ်ကိုင်ရမည်။
၂။ နည်းပညာအသစ်ကို ကိုယ်တိုင်လေ့လာသင်ယူနိုင်စွမ်းရှိရမည်။ Go, NodeJs, React/React Native စသည့် နည်းပညာများဖြင့် လုပ်ဆောင်ရမည်။
၃။ မိမိအလုပ်ကို တန်ဖိုးထားပြီး စိတ်အားထက်သန်မှု ရှိရမည်။
၄။ English စကားကို သင့်တင့်စွာ ပြောနိုင်ရမည်။
အင်တာဗျူးအစီအစဉ်
----
၁။ လူတွေ့ အင်တာဗျူး (ပထမအကြိမ်)၊
၂။ ပရိုဂရမ်းမင်း လောဂျစ် စမ်းသပ်မှု နှင့် နည်းပညာအသစ်အား လေ့လာနိုင်စွမ်း စမ်းသပ်မှု၊
၃။ လူတွေ့အင်တာဗျူး (English အစီအစဉ်)
လျှောက်ထားရမည့် အစီအစဉ်
----
အောက်ပါပို့စ်တွင်ပါရှိသည့် လင့်မှ CV ကို download ဆွဲချပြီး IrraHub ရုံးသို့ ရုံးချိန်အတွင်း (မနက် ၉နာရီမှ ညနေ ၆နာရီ) လူကိုယ်တိုင် လာရောက်တင်ရပါမည်။
"https://www.facebook.com/irrahub/posts/1440993862645173"
မှတ်ချက်။
- မည်သည့်ဘွဲ့ရမဆိုလျှောက်ထားနိုင်ပြီး ဘွဲ့လက်မှတ် ပြရမည်။
- လျှောက်လွှာပိတ်ရက်မရှိပါ။ သတ်မှတ်ထားသောလူဦးရေပြည့်လျှင် ပိတ်ကြောင်းကြေငြာပါမည်။
- လုပ်ငန်းအတွ့အကြုံ မလို။
- အခြားသင်တန်းဆင်းလက်မှတ် မလို။
IrraHub Co., Ltd.
အမှတ်(၈၁)၊ ပထမထပ် (B)၊ သရက်တော ၃ လမ်း၊
အောက်ကြည့်မြင်တိုင်ကမ်းနားလမ်း၊
ဆင်မလိုက်အဝေးပြေး(သရက်တောမှတ်တိုင်)(အောက်လမ်း)
ရန်ကုန်။
ဖုန်း ။ (95)97 8888 5091
21/10/2017
သင်တန်း၊ လုပ်ငန်းခွင် နှင့် ကွက်လပ်ဖြည့်ခြင်း
------------
မြန်မာနိုင်ငံတွင် သင်တန်းဟု ပြောလိုက်လျှင် မိမိတို့ မတတ်တာကို တတ်အောင် သင်ပေးနိုင်လိမ့်မည်ဟု တွေးထင်ထားပြီး သင်သမျှကိုသာ လေ့လာကြသည်။ သင်တန်းများသည်လည်း အချိန်တစ်ခုအတွင်းမှာ စီးပွားရှာရသဖြင့် သတ်မှတ်ထားသော သင်ရိုးကိုသာ ပေးပြီး နောက်ထပ် အဆင့်မြင့် သင်ရိုးကို ဆက်လက်တက်ရောက်စေရန် သင်ပေးကြသည်။
တစ်ခုသော အစားသေးကို ပြပြီးကျွေးသည်။ အစာကြီးတစ်ခုကို ထပ်ပြသည်။ လိုချင်လာအောင် ဆွဲဆောင်နည်းတစ်ခုဖြင့် ငွေရှာရသည့် သင်တန်းအမျိုးအစားများသည် မြန်မာပြည်တွင် အများအပြားရှိနေဆဲပင်။
ဒါဆို တစ်ခါတည်းနှင့် အကုန်ပေးလိုက်လျှင်ရော.. ။ မရပါ။ သင်တန်းလာတတ်သူများ၏ အားနည်းချက်များလည်း ရှိနေသည်။
သင်ယူသူသည် ကိုယ်တိုင်ကြိုးစားအားထုတ်ခြင်းမရှိပဲ ခွံ့ကျွေးသမျှကိုသာ မြိန်ရည်ယှက်ရည် စားသုံးပြီး နူးနူးညံ့ညံ့ခွံ့ကျွေးသူဆိုလျှင် ပိုပြီး လေးစားအထင်ကြီးသည့် စိတ်အခံရှိကြသူများသည် ထိုကဲ့သို့သော သင်တန်းများအတွက်တော့ ကတက်ပင်ကြီးသဖွယ်ပင်။ အမြဲအချဉ်တည်ဖို့ ဖြစ်နေပေလိမ့်မည်။
နိုင်ငံခြားမှ သင်တန်းများသည် ဆရာခွံ့ကျွေးမှစားရသည့် သင်တန်းထက် ကိုယ်တိုင်လေ့လာမှုလုပ်ပြီး အဆင့်မြှင့်ရသော သင်တန်းဖြစ်သလို သင်တန်းချိန်သည်လည်း အလွန်ပင် တိုတောင်းလှသည်။
သင်တန်းတစ်ခုသည် ပညာရပ်တစ်ခုကို ဘယ်လို လေ့လာသင့်တယ်ဆိုသည်ကို လမ်းညွန်ပေးနိုင်လျှင် ထိုသင်တန်းသည် သင့်အတွက် အလွန်အဖိုးတန်သော သင်တန်းတစ်ခု ဖြစ်ပြီး ကိုယ်တိုင်လေ့လာနိုင်မှုကို တွန်းအားပေးနိုင်လျှင် ပိုပြီးကောင်းသည်။
လုပ်ငန်းခွင်သို့ရောက်ချိန်တွင် ယနေ့မြန်မာနိုင်ငံမှ သင်တန်းအတော်များများတွင် သင်ကြားပေးသော ပုံစံဖြင့် အလုပ်လုပ်ခဲ့လျှင် ကိုယ့်ရဲ့ အထက်မှ Senior ကို အလုပ်ပိုစေရုံသာမက အလုပ်မှာပါ စိတ်ပျက်စရာ ဖြစ်စေနိုင်တာကို သိစေချင်ပါတယ်။ သင်ပေးထားတာကိုပဲ လုပ်တတ်ပြီး ကိုယ်တိုင်လေ့လာမှု စွမ်းရည်နည်းပါးနေလျှင် အလုပ်တွင် အခက်အခဲများစွာကို ကြုံတွေ့ရလိမ့်မည်။ သင်တန်းနှင့် လုပ်ငန်းခွင်သည် အလွန်တရာ ကွာခြားလှသည်။
လုပ်ငန်းခွင်ထဲရောက်ဖို့ ပညာရပ်တစ်ခုကို သင်တန်းတက်ထားမှ ရမည်ဆိုဟု တွေးထင်ထားသူများရှိသည်။ မိမိတို့ ဘွဲ့ဖြင့် အလုပ်တစ်ခုထဲကို ဝင်နိုင်ပါလျက်နှင့် သင်တန်းတစ်ခုတက်ပြီးမှ အလုပ်ထဲ ဝင်မည်ဟု အထင်ရှိနေခြင်းသည် မိမိကိုယ် မိမိ ယုံကြည်ချက်အားနည်းခြင်းကြောင့်ပင်။
အလုပ်ထဲတွင် သင်တန်းကြီးများမှ ဆင်းလာသောသူတစ်ချို့ရှိသည်။ သူတို့သည် လုပ်ငန်းထဲသို့ ရောက်ချိန်တွင် သင်ထားသည်နှင့် လုပ်ရသည့်အလုပ်သည် အလွန်ကွာခြားနေသည်ကို တွေ့ကြရတော့ အချိန်ကုန်သွားသည်ဟု ပြောကြလေ့ရှိသည်။
နည်းပညာ ကုမ္ပဏီများအတွက်ဆိုလျှင် မြန်မာပြည်မှ သင်တန်းအချို့ရဲ့ သင်ရိုးများသည် ခေတ်နောက်ကျနေသည်။ တက္ကသိုလ်များသည် သီအိုရီကို သင်ကြားပေးသည့်အတွက် မသိသာသော်လည်း နည်းပညာသင်ပေးသော အချို့သော သင်တန်းများအတွက် အလွန်သိသာလှစွာ ခေတ်နောက်ကျနေတတ်သည်။ မိမိတို့သင်ခဲ့ရသည်မှာ လွန်ခဲ့သော ၁၀ နှစ်လောက်က လျှမ်းလျှမ်းတောက် ဖြစ်ခဲ့သော နည်းပညာကို သင်ကြားခဲ့ရပြီး ယနေ့တွင် ထို နည်းပညာသည် အသုံးမတည့်တော့လောက်အောင် ခေတ်နောက်ကျသွားတတ်သည်။ ထို့ကြောင့် နည်းပညာနှင့် ပတ်သက်သော သင်တန်းများကို တက်မည်ဆိုလျှင် အထူးသတိထားသင့်သည်။
အကောင်းဆုံးအကြံပေးချင်တာကတော့ ကိုယ်တိုင်လေ့လာနိုင်မှု အားကောင်းအောင် ကြိုးစားခြင်းဖြင့်သာ လုပ်ငန်းခွင်တွင် မိမိကိုယ်ကို မြှင့်တင်နိုင်မည် ဖြစ်သည်။ လုပ်ငန်းခွင်ရောက်မှ မိမိတို့ရဲ့ လိုအပ်နေသော ပညာရပ်များကို ဖြည့်ဆည်းနိုင်လျှင် ပိုပြီး သိမြင်တတ်သိ လွယ်ပါလိမ့်မည်။
ထို့ကြောင့် အလုပ်ထဲကို ဦးစွာဝင်ပြီး လိုအပ်သော ကွက်လပ်ကို အလုပ်ထဲတွင် ဖြည့်ပါ။ အလုပ်မှ မဖြည့်ပေးနိုင်သော ကွက်လပ်ကို သင်တန်းဖြင့် ဖြည့်ဆည်းပါ။ အချိန်တစ်ခုတွင် လိုအပ်နေသော ကွက်လပ်ပြည့်သွားပါလိမ့်မည်။
လုပ်ငန်းခွင်ကို တတ်နိုင်သလောက် စောစောဝင်ပါ။ ကိုယ့်ရဲ့ Career လိုအပ်ချက်ကို စောစောဖြည့်နိုင်လေ ပိုကောင်းလေ ဖြစ်သည်။
01/10/2017
----------------------
[Unicode]
Project Facets ၏ အဓိကအားသာချက်များ
----------------------
Project Facets သည် သင်တန်းနှင့် လုပ်ငန်းခွင်နှစ်ခုကြား လစ်ဟာနေသော ကွက်လပ်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ပေါ်ထွက်လာသော လူ့စွမ်းအားအရင်းအမြစ် ပရိုဂရမ်တစ်ခု ဖြစ်သည်။
Project Facets ရဲ့ အဓိက အားသာချက်များသည် -
၁။ မိမိတို့ကိုယ်တိုင် သင်ယူတတ်မြောက်စေဖို့ လမ်းညွှန်သင်ကြားပေးခြင်း
၂။ Full-Time Internsive Program ကဲ့သို့ Bootcamp များလိုလည်း အချိန်ပြည့် တက်ရောက်ရန် မလိုအပ်သလို Part-Time Program များလောက်လည်း နည်းပါးသော အချိန်တစ်ခုဖြင့် သင်ကြားခြင်း မဟုတ်ပဲ မျှတသော အချိန်တစ်ခုအတွင်းတွင် လေ့လာနိုင်စေရန် လမ်းညွှန်သင်ကြားပေးခြင်း
၃။ Computer Science တွင် သင်ကြားသော သင်ရိုးများကိုလည်း သိရှိနိုင်စေရန် လမ်းညွှန်သင်ကြားပေးခြင်း
၄။ နောက်ဆုံး သင်ကြားမှုများ ပြီးဆုံးခဲ့ပြီးလျှင် လေ့လာသင်ယူထားသမျှကို ပြန်လည်အသုံးချနိုင်ရန်အတွက် လုပ်ငန်းခွင်အကြိုသင်တန်းအဖြစ် လက်တွေ့လုပ်ငန်းခွင်တွင် ဆောင်ရွက်စေခြင်း
၅။ မိမိတို့ ကျွမ်းကျင်သော Career များအလိုက် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် စီမံပေးခြင်း
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
No. 81, 1st Floor(B), Tha Yat Taw 3 Street, Kyee Myindaing
Yangon
000000
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00