Treasure Star

Treasure Star

Share

Office : 408(A), Banyar Dala Road, Tarmwe, Yangon.

08/05/2026

Treasure Star ရဲ့ 2026 ခုနှစ် အမေများနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့ "The Story of Her - မေမေ့မေတ္တာပုံပြင်” Campiagn ရဲ့ ကံထူးရှင်များပေါ်ထွက်လာပါပြီ။

ဒီ အစီအစဥ်လေးမှာ Treasure Star က သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနှင့်အညီ ပါဝင်ပြီး
ပထမဆု ပတ္တမြားလက်စွပ်ကံထူးသွားတဲ့သူကတော့ Kaung Thet Naing ဖြစ်ပြီး
ဒုတိယဆု ငွေကျပ် ၅ သိန်း ကံထူးသွားတဲ့သူကတော့ Wai Hninsi Aung တို့ပဲဖြစ်ပါတယ်

မိခင်၏ မေတ္တာကို ကိုယ်ပိုင်အတွေ့အကြုံနှင့် အလွန်လေးနက်စွာ ပုံဖော်ထားသည့်အတွက် Kaung Thet Naing အားပထမဆု ပတ္တမြားလက်စွပ်၊ မိခင်တစ်ဦး၏ ကိုယ်ဝန်ဆောင်စဉ်ကာလမှစ၍ သားသမီး လူလားမြောက်သည်အထိ ပေးဆပ်ခဲ့သော မေတ္တာတရားများကို အသေးစိတ်ကျကျနှင့် ရိုးသားစွာ ရေးသားထားတဲ့အတွက် Wai Hninsi Aung အားဒုတိယဆု ငွေကျပ် ၅ သိန်း ရရှိသွားတာပါ

"The Story of Her - မေမေ့မေတ္တာပုံပြင်” Campiagn မှာပါဝင်ယှဥ◌်ပြိုင်ခဲ့တဲ့ တစ်ဥ◌ီးတစ်ယောက်ချင်းစီကို Treasure Star မှ အထူးပင်လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါကြောင်းနှင့် အမေများနေ့မှာ ကိုယ့်ရဲ့ မေမေတို့နဲ့အတူ တန်ဖိုးရှိတဲ့အခိုက်အတန့်တွေကိုရရှိခဲ့မယ်လို့ ယုံကြည်ပါတယ်ရှင့်

The winners for Treasure Star’s 2026 Mother’s Day celebratory campaign, "The Story of Her - Mother’s Love Story,” have been announced!

In accordance with the rules and regulations set by Treasure Star, the participants who have won are:

First Prize (Ruby Ring): Kaung Thet Naing
Second Prize (500,000 Kyats): Wai Hninsi Aung

Kaung Thet Naing is awarded the First Prize (Ruby Ring) for portraying a mother's love with profound depth and through personal life experiences. Wai Hninsi Aung is awarded the Second Prize (500,000 MMK) for a detailed and sincere depiction of a mother's sacrifices, from the period of pregnancy until the child reaches adulthood.

Treasure Star would like to express our heartfelt thanks to each and every person who participated in "The Story of Her - Mother’s Love Story" campaign. We believe you shared precious moments with your mothers on this Mother's Day.

First Price Video - https://www.facebook.com/reel/839661795304660
Second Price Video - https://www.facebook.com/reel/1678172366650091

Available exclusively at Treasure Star!
"ကိုယ်ပိုင်ဟန် အနုစိတ်လက်ရာ”
FOR INQUIRES AND DETAILS
09778494052, 09776127384
[email protected]
Office: No.127 (B), Corner by West Shwe Gone Daing Road and Oak Street, Yangon
Showroom: No (4), Front Row, Bogyoke Market, Yangon.

08/05/2026

International Mother's Day - အမေများနေ့✨

အချိန်တွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ…
မိခင်တစ်ယောက်ရဲ့ မေတ္တာတရားကတော့ ဘယ်တော့မှ မမှိန်သွားတဲ့ အဖိုးတန်ဆုံး ရတနာတစ်ပါးပါပဲ။

ဒီနှစ် မေလ ၁၀ရက် အမေများနေ့အခါသမယတွင်
ကမ္ဘာပေါ်ရှိ မိခင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ပျော်ရွှင်အေးချမ်းကြပါစေကြောင်း Treasure Star Fine Gems & Jewellery မိသားစုမှ လေးနက်စွာ ဂါရဝပြု ကန်တော့အပ်ပါသည်။

မေမေ့ရဲ့ ဂုဏ်ကျက်သရေကို ပိုမိုတောက်ပစေမယ့်
ထာဝရတန်ဖိုးရှိ Fine Jewellery လက်ရာများနဲ့အတူ
ဒီအမေများနေ့ကို အမှတ်တရအရှိဆုံး နေ့တစ်နေ့အဖြစ် ဖန်တီးလိုက်ပါ။

“မိခင်တစ်ဦးရဲ့ မေတ္တာဆိုတာ ကျွန်တော်တို့ဘဝမှာ အဦးဆုံး ရရှိပိုင်ဆိုင်ခဲ့ရတဲ့ ရတနာတစ်ပါးပါ”

𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲! 🌷

#အမေများနေ့

05/05/2026

Timeless Love. Appreciating Value.

ခေတ်ရေစီးကြောင်းတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ... နှစ်ပေါင်းများစွာကြာမြင့်စွာ ကမ္ဘာမြေကြီး၏ နက်ရှိုင်းသော အတွင်းပိုင်းတွင် မြင့်မားသော ဖိအားနှင့် အပူချိန်တို့၏ အနုပညာဆန်သော ပုံဖော်မှုဖြင့် သဘာဝတရားကြီးက ဖန်တီးပေးထားသော စိန်နှင့် ကျောက်မျက်ရတနာများ၏ တန်ဖိုးတွေသည် အချိန်နဲ့အမျှ ပိုပြီး မြင့်တက်လာစမြဲပါ။

ရတနာဆိုတာ အလှဆင်ဖို့ သက်သက်မဟုတ်ဘဲ မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းရမယ့် Generational Investment တစ်ခုဖြစ်တယ်ဆိုတာနဲ့အညီ... ဒီနှစ် အမေများနေ့ကိုဂုဏ်ပြုသောအားဖြင့် Treasure Star ကနေ မေလ (၅) ရက်နေ့ မှ မေလ (၁၀) ရက်နေ့အထိ မေမေတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နောက်တစ်ဆင့် (Next Level) ကို မြှင့်တင်ပေးမယ့် "Mother’s Day Special Upgrade" ကို မိတ်ဆက်ပေးလိုက်ပါတယ်။ 💎

Treasure Star မှာ ယခင်က ဝယ်ယူခဲ့ဖူးတဲ့ ရတနာပစ္စည်းတွေကို မူလအခြေအနေအတိုင်း ဘယ်ခုနှစ်ကပဲ ဝယ်ခဲ့ဝယ်ခဲ့... တန်ဖိုးမြင့်ပစ္စည်းတွေနဲ့ လဲလှယ်တဲ့အခါ ယခင်ဝယ်ဈေးနဲ့မဟုတ်ဘဲ "လက်ရှိ ကာလပေါက်ဈေး (Current Market Value)"အတိုင်း အပြည့်အဝ တန်ဖိုးဖြတ်ပေးသွားမှာပါ။

ဒီတန်ဖိုးနဲ့အတူ မေမေ့အတွက် ပိုမိုခမ်းနားပြီး တန်ဖိုးမြင့်မားတဲ့ အနုစိတ်လက်ရာ ရတနာအသစ် တွေနဲ့ စိတ်ကြိုက် ပြောင်းလဲဆင်မြန်းပေးနိုင်မယ့် အထူးအခွင့်အရေးပဲ ဖြစ်ပါတယ်။

မေမေ့ရဲ့ ဂုဏ်ကျက်သရေကို ပိုမိုတောက်ပစေမယ့်အပြင် မိသားစုရဲ့ အနာဂတ်အတွက်ပါ အခိုင်မာဆုံး ရင်းနှီးမြှုပ်နှံမှုကို ဖန်တီးဖို့ Treasure Star သို့ ဖိတ်ခေါ်အပ်ပါတယ်။

Promotion Period : မေလ (၅) ရက်နေ့ မှ မေလ (၁၀) ရက်နေ့အထိ (၆ ရက်တာ သီးသန့်)

Available exclusively at Treasure Star!

"ကိုယ်ပိုင်ဟန် အနုစိတ်လက်ရာ”

FOR INQUIRES AND DETAILS
09778494052, 09776127384
[email protected]
Office: No.127 (B), Corner by West Shwe Gone Daing Road and Oak Street, Yangon
Showroom: No (4), Front Row, Bogyoke Market, Yangon.

#ကိုယ်ပိုင်ဟန်အနုစိတ်လက်ရာ

04/05/2026

The Story of Her - မေမေ့မေတ္တာပုံပြင်
အမေ့ဆီကနေ ကိုယ်ရရှိခဲ့တဲ့ အဖိုးတန်ဆုံး အမွေအနှစ်က ဘာဖြစ်မလဲ
ရတနာဆိုတာ မျိုးဆက်တစ်ခုကနေ တစ်ခုကို လက်ဆင့်ကမ်းရတဲ့ တန်ဖိုးထားစရာ အမှတ်အသားတစ်ခုပါ။ ဒါပေမဲ့ ရတနာဆိုတဲ့နေရာမှာ တောက်ပတဲ့ စိန်ကျောက်မျက်တွေတင်မကဘဲ... မေမေတို့ရဲ့ ရင်ထဲကလာတဲ့ အနှိုင်းမဲ့မေတ္တာ၊ ကြံ့ခိုင်တဲ့စိတ်ဓာတ်နဲ့ ဘဝအတွက် အကောင်းဆုံး အဆုံးအမတွေကလည်း အချိန်ကြာလေ ပိုပြီးတန်ဖိုးရှိလာလေဖြစ်တဲ့ "ထာဝရအမွေအနှစ်" တွေပါပဲ။
ဒီနှစ် မေလ အမေများနေ့မှာ Treasure Star ကနေ မေမေနဲ့ သားသမီးကြားက ထာဝရခိုင်မြဲတဲ့ သံယောဇဉ်ကို ဂုဏ်ပြုတဲ့အနေနဲ့ "The Story of Her" (အမေ့မေတ္တာအကြောင်း) Campaign လေးကို ဖိတ်ခေါ်လိုက်ပါတယ်။
မေမေ့ဆီကနေ ရရှိခဲ့တဲ့ ဘဝရဲ့ အဖိုးတန်ဆုံးအရာတွေအကြောင်းကို ပြန်လည်မျှဝေရင်း၊ မေမေ့အတွက် ထာဝရအမှတ်တရဖြစ်စေမယ့် ရတနာလက်ဆောင်တွေနဲ့ ကျေးဇူးဆပ်နိုင်မယ့် အစီအစဉ်လေးပဲ ဖြစ်ပါတယ်။
ပါဝင်ရမယ့်ပုံစံကတော့...
၁။ မိမိတို့ဘဝတွင် မေမေပေးခဲ့သည့် အကောင်းဆုံး အဆုံးအမ၊ စိတ်ဓာတ်ခွန်အား သို့မဟုတ် မမေ့နိုင်သော အမှတ်တရတစ်ခုခုကို video လေးတစ်ခုနှင့်အတူ ရင်ထဲရှိအတိုင်း ရေးသားပါ။
၂။ ရေးသားထားသည့် Post တွင် Treasure Star Page ကို Tag လုပ်ပါ။
၃။ နှင့် Hashtag (၂) ခုကို မဖြစ်မနေ ထည့်သွင်းပါ။
၄။ မိမိ၏ Post ကို Public ပြုလုပ်ပြီး တင်ပေးရပါမည်။
ရင်ထဲကို အထိမိဆုံးနဲ့ အနုစိတ်ဆုံး ရေးသားထားတဲ့ Post ပိုင်ရှင် (၂ )ဦးကို ရွေးချယ်ပြီး အောက်ပါအထူးဆုများကို ဂုဏ်ပြုပေးအပ်သွားမှာ ဖြစ်ပါတယ်။
1st Prize: ပတ္တမြားလက်စွပ် လက်ဆောင်
2nd Prize: ငွေကျပ် ၅ သိန်း
ဆုကြေညာပေးမည့်ရက်
ဆုရရှိသူများကို ၂၀၂၆ ခုနှစ်၊ မေလ (၈) ရက်နေ့ (Mother's Day) မှာ Treasure Star Page ကနေ တရားဝင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။
(အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက Treasure Star ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။)
အမေ့ရဲ့မေတ္တာတွေကို ဂုဏ်ယူစွာနဲ့ ပြောပြရင်း အမေ့အတွက် တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို အတူတူ ရယူလိုက်ရအောင်လားရှင်။
Available exclusively at Treasure Star!
"ကိုယ်ပိုင်ဟန် အနုစိတ်လက်ရာ”
FOR INQUIRES AND DETAILS
09778494052, 09776127384
[email protected]
Office: No.127 (B), Corner by West Shwe Gone Daing Road and Oak Street, Yangon
Showroom: No (4), Front Row, Bogyoke Market, Yangon.

04/05/2026

"Nature's artistry is born from time. It is perfected by design." ✨💎
"သဘာဝတရားရဲ့ အနုပညာဟာ အချိန်ကာလတွေဆီက ပေါက်ဖွားလာပြီး... ဒီဇိုင်းဖန်တီးမှုတွေနဲ့ ပြည့်စုံလာပါတယ်"

"နီလာ" လို့ ပြောလိုက်ရင် အပြာရောင်ကိုပဲ ပြေးမြင်တတ်ကြပေမယ့် တကယ်တော့ နီလာဆိုတာ အပြာရောင်တစ်ခုတည်း မဟုတ်ပါဘူး။ နီလာရဲ့ အခြေခံဒြပ်ပေါင်းဟာ Aluminum Oxide (Al203) ဖြစ်ပြီး သူ့ထဲမှာ ပါဝင်ဖွဲ့စည်းထားတဲ့ Iron (သံဓာတ်) နဲ့ Titanium (ဒြပ်စင်) ပမာဏ အနည်းအများပေါ် မူတည်ပြီး အပြာ၊ လိမ္မော်၊ ပန်းရောင်၊ ခရမ်းရောင်၊ အဝါ၊ အဖြူရောင်၊ မီးခိုးရောင်၊ အစိမ်းရောင် စတဲ့ အရောင်အသွေးစုံလင်တဲ့ Fancy Sapphires တွေအဖြင့် ဖြစ်ပေါ်လာပါတယ်။

ဒါကြောင့် Treasure Star က ဖန်တီးပုံဖော်ပေးထားတဲ့ Multi-color Sapphire Set လေးက နီလာတွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အလှတရားကို ဖော်ကျူးပေးတဲ့ လက်ဝတ်ရတနာ Set လေးပဲဖြစ်ပါတယ်...

ဒီ Set ရဲ့ အဓိကထူးခြားချက်ကတော့ ကျောက်တစ်ပွင့်ချင်းစီရဲ့ Cutting နဲ့ လက်ဝတ်ရတနာတစ်ခုချင်းစီရဲ့ Design ပါပဲ။ ရိုးရှင်းပြီး Timeless ဖြစ်တဲ့ Design က ပိုမိုသွယ်လျပြီး လှပကျော့ရှင်းတဲ့ Look ကို ပေးစွမ်းပါတယ်။

ဒါ့အပြင် D-F color diamonds တွေနဲ့ အနုစိတ်ရံထားတာကြောင့် နီလာတွေရဲ့ Pastel Tone အရောင်လေးတွေကို ပိုမိုတောက်ပထင်ရှားစေပါတယ်။

ဒီလိုလှပတဲ့ ရောင်စုံနီလာကျောက်လေးတွေ ဖြစ်ပေါ်လာဖို့ ကမ္ဘာ့မြေလွှာအောက်မှာ အလွန်မြင့်မားတဲ့ အပူရှိန်နဲ့ ဖိအားတွေအောက်မှာ နှစ်သန်းပေါင်းများစွာကြာအောင် ပုံဆောင်ခဲ ဖြစ်တည်ခဲ့ရတာပါ။ မိုးကုတ်မြေရဲ့ ထူးခြားတဲ့ ဘူမိဗေဒအနေအထားကြောင့် ရရှိလာတဲ့ ဒီရတနာတွေကို Treasure Star ရဲ့ အဆင့်မြင့်ဒီဇိုင်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါ... ပွဲတိုးရုံတင်မကဘဲ ခေတ်မီကျော့ရှင်းစေမယ့် Luxury ရတနာ Set တစ်ခု ဖြစ်လာပါတယ်။

When we think of “Sapphires”, we often envision only the color blue. However, Sapphire is much more than a single hue. Scientifically, Sapphires are composed of Aluminum Oxide (Al203). Depending on the amounts of trace elements such as Iron and Titanium, they manifest as Fancy Sapphires in a vibrant spectrum of blue, orange, pink, and purple to yellow, white, gray, and green.

Inspired by this natural phenomenon, Treasure Star introduces the Multi-color Sapphire Set- a collection that celebrates the mysterious and diverse beauty of these gemstones.

The hallmark of this set lies in the masterful cutting of each individual stone and the exquisite jewellery design. The defining features of this set are the precise cutting of each stone and the unique design of every piece. The simple, timeless aesthetic offers a sleek and elegant look.

Encased in a halo of premium D-F color diamonds, the soft pastel tones of sapphires are furthur amplified, radiating absolute brilliance.

These stunning gemstones were formed deep within the Earth’s crust under extreme heat and pressure over millions of years. By combining the unique gelogical hertiage of Mokgok with the high-end designs of Trasure Star, we have created a Luxury Jewelry Set that is not only perfect for grand occasions but also embodies modern sophistication.

Available exclusively at Treasure Star!

"ကိုယ်ပိုင်ဟန် အနုစိတ်လက်ရာ”

FOR INQUIRES AND DETAILS
09778494052, 09776127384
[email protected]
Office: No.127 (B), Corner by West Shwe Gone Daing Road and Oak Street, Yangon
Showroom: No (4), Front Row, Bogyoke Market, Yangon.

#ကိုယ်ပိုင်ဟန်အနုစိတ်လက်ရာ

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. 127(B), Corner By West Shwe Gone Daing Road And Oak Street
Yangon
11211

Opening Hours

Monday 08:30 - 16:30
Tuesday 08:30 - 16:30
Wednesday 08:30 - 16:30
Thursday 08:30 - 16:30
Friday 08:30 - 16:30
Saturday 08:30 - 16:30
Sunday 08:30 - 16:30