MIDO Optics And Lab

MIDO Optics And Lab

Share

07/10/2024

ယုံကြည်မှုရှိတဲ့မျက်ဝန်းတစ်စုံရဖို့နေကာမျက်မှန်
တစ်လက်ရှာဖွေနေလား?😎 #မီဒိုမျက်မှန်ဆိုင်ကအသင့်ရှိနေမှာပါရှင့်••••••••❤️❤️❤️
စတိုင်ကျသူတိုင်းရဲ့ နေပူထဲထွက်ရမယ့် နေ့တွေမှာပဲဖြစ်ဖြစ် အပန်းဖြေခရီးစဉ်တွေမှာပဲဖြစ်ဖြစ် မပါမဖြစ်အိတ်ဆောင်ပစ္စည်းဆိုရင်နေကာမျက်မှန်လေးတွေကို မေ့ထားလို့မရဘူးနော်. . .

နေကာမှန်လေးတွေဟာဆိုရင် ပူပြင်းတဲ့ နေရောင်ခြည် UV rays တွေကနေ ကိုယ့်ရဲ့ မျက်လုံးနုနုလေးကို
မထိခိုက်စေအောင် စတိုင်ကျကျ ကာကွယ်ပေးနိုင်ပြီး နေပူထဲသွားလာရလို့ မျက်လုံးကျိန်း၊ ခေါင်းကိုက်တာမျိုး‌တွေကိုလည်းလျော့ကျစေပါတယ် 🤕

ဒါကြောင့် သဘာဝတရားကြီးကို အပြည့်အဝခံစားနိုင်ဖို့အတွက် မီဒိုမှာ ယုံကြည်မှုအပြည့်နဲ့ စတိုင်ကျလှပပြီး နေကာမျက်မှန် အလန်းလေးတွေများစွာ ရောင်းချပေးနေပါတယ်လို့•••••

✅မီဒိုမှာ နေကာမျက်မှန် ဝယ်ယူမယ် ဆိုရင်တော့အရည်အသွေးမြင့်မားခိုင်ခံ့တဲ့
နေကာမျက်မှန်ကိုင်း တွေကိုမှ
- အရောင်အမျိုးမျိုး
- ပုံစံအမျိုးမျိုး
- Brand အမျိုးမျိုး ရှိတာကြောင့်
ကိုယ့်မျက်နှာလေးနဲ့ လိုက်ဖက်တာလေးတွေကို စိတ်ကြိုက်ရွေးချယ်အားပေး နိုင်မှာပါနော် 😉

ကဲဒါဆိုရင်တော့ နေရောင်ခြည်တွေ ကန့်လန်ကာဖွင့်ထားတဲ့ သဘာဝတရားကြီးကို စတိုင်ကျကျနဲ့
ယုံကြည်မှုရှိရှိ ရှုမြင်ခံစားနိုင်ဖို့အတွက်ဖို့အတွက်
ရွှေဘုံသာအလယ်လမ်းက Mido Vision ကို
💁‍♀️အခုပဲလှမ်းခဲ့လိုက်တော့နော် 🙆‍♀️

👓 𝐌𝐢𝐝𝐨 𝐕𝐢𝐬𝐢𝐨𝐧 𝐚𝐧𝐝 𝐎𝐩𝐭𝐢𝐜𝐬
📪 အမှတ် ၂၅၂၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
☎️ Message Box (or) Phone - 09 455 167 884 သို့ ဆက်သွယ်ပြီး စုံစမ်းမေးမြန်းမှာယူနိုင်ပါပြီ။


#ရွှေဘုံသာလမ်းကမှန်မျက်ဆိုင်
#မီဒိုမျက်မှန်ဆိုင်
#မျက်မှန်ဆိုင်
#ပါဝါမျက်မှန် #နေကာမျက်မှန်

27/09/2024

တိုးချင်တာတိုး ပါဝါတော့မတိုးချင်ဘူးဆိုရင် “
မီဒိုရဲ့ ချစ်ရတဲ့ follower တို့ရေ 🥰
မျက်မှန်ဆိုတာ အရင်အပါတ်က တင်ဆက်ခဲ့သလို ကမ္ဘာပေါ်မှာ လူနှစ်ယောက်မှာ တစ်ယောက်တပ်ဆင်တဲ့ အသုံးအဆောင်တစ်ခုပါ။

🕶️ ဒီတော့ မျက်မှန်တပ်ရတာက ခေတ်ရေစီးကြောင်းအရ ကိုယ့်ရဲ့အားနည်းချက်တစ်ခုလိုမပြောနိုင်ပေမယ့် မျက်မှန်ပါဝါက တစ်နှစ်တစ်ကြိမ်လောက်လဲပြီးတပ်နေရတယ်ဆိုရင်တော့ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံကို ဆင်ခြင်သင့်တဲ့ လက္ခဏာတစ်ခုလို့ဆိုနိုင်ပါတယ်။

ကဲ… ဒီနေ့မှာတော့ မျက်မှန်ပါဝါတွေထပ်မတိုးလာအောင် ( ဒါမှမဟုတ် ) ပါဝါတက်နှုန်းလျော့ကျလာအောင် လိုက်နာသင့်တဲ့ အ‌ခြေခံအချက် ( ၄ ) ချက်ကို မီဒိုကနေ မျှဝေပေးလိုက်ပါတယ်နော်. . .

(၁) ကျန်းမာတဲ့ စားသောက်မှုပုံစံ
🍊 အစာအုပ်စုမမျှတပဲ ပြီးစလွယ် စားသောက်နေထိုင်ခြင်းဟာ screen time မြင့်သူတွေရဲ့ မျက်စိကျန်းမာရေးကို တိုက်ရိုက် ရိုက်ခတ်နိုင်တာကို သုတေသနစာတမ်းတွေအရ သိနိုင်ပါတယ်။ ကိုယ့်ရဲ့နေ့စဉ် စားစရာတွေထဲမှာ Vitamin A, C, E, omega 3 fatty acids စတဲ့ အာဟာရဓာတ်တွေကို ထည့်သွင်းစားသုံးခြင်းက မျက်စိကျန်းမာရေးကောင်းမွန်ဖို့အတွက် အသင့်တော်ဆုံးပါနော်. . .

(၂) ရေဓာတ်ပြည့်၀မှု
💧 ရေဓာတ်ပြည့်ဝမှုဟာ မျက်ကြည်လွှာကျန်းမာရေး နှင့် ကြည်လင်ရေးမှာ အရေးကြီးပါတယ်။ ဒါကြောင့် တနေ့တာ လိုအပ်တဲ့ ရေဓာတ်ကို ပြည့်ပြည့်ဝဝသောက်သုံးမယ်ဆိုရင် မျက်မှန်ပါဝါ မတိုးရုံသာမကပဲ ပိုပြီးကြည်လင်တဲ့ အမြင်အာရုံကို ပိုင်ဆိုင်စေဦးမှာပါ။

(၃) မလိုအပ်တဲ့ Screen Time လျော့ချမှု
⏰ အထူးတလည်ပြောစရာမလိုတဲ့ ဖုန်း၊ကွန်ပြူတာ အသုံးပြုမှုက မျက်စိအတွင်းမှန်ဘီလူးကို လိုတာထက်ပိုပြီး အလုပ်ပေးတာကြောင့် မှန်ဘီလူးကြွက်သားရဲ့ ရေရှည် ကျုံ့နိုင်ကျယ်နိုင်စွမ်းကို ထိခိုက်နိုင်ပါတယ်။ အလုပ်ချိန်ပြင်ပတွင် LCD screen များနှင့် ထိတွေ့မှုကို လျော့ချခြင်းကလည်း ပါဝါတရစပ် တိုးလာမှုကို ဟန့်တားပေးနိုင်တဲ့နည်းလမ်းတစ်ခုပါ။

(၄) မျက်စိလေ့ကျင့်ခန်း ပြုလုပ်မှု
🌿 အရှေ့ကခေါင်းစဉ်မှာ ပြောခဲ့သလို Screen Time ကို အလုပ်ကိစ္စကြောင့် မလျော့ချနိုင်ခဲ့ရင်တောင် နာရီဝက်၊တစ်နာရီ ကြားတစ်ခါ မျက်စိကိုခေတ္တအနားပေးခြင်း နဲ့ စိမ်းစိုသောအရာဝတ္ထုများကို ကြည့်ပေးခြင်းတွေက မျက်လုံးကြိမ်းစပ်တာကို သက်သာစေလို့ မျက်စိအားပြန်ပြည့်စေပြီး မျက်မှန်ပါဝါတက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

✨🕶️ မျက်မှန်အထူကြီးတွေတပ်ပြီး ကိုယ့်ရဲ့ ရူပါ ကို နဂိုထပ် ပိုပြီး ကြည့်ရမဆိုးလေအောင်...
✨🕶️ မျက်မှန်ပါဝါထပ်မတိုးတော့အောင်...
လုပ်ဆောင်သင့်တဲ့အချက်လေးတွေကို ပြောပြပေးသွားတာပဲဖြစ်ပါတယ်။ ဒီလိုမျက်စိကျန်းမာရေး အခြေခံသိသင့်တဲ့ အချက်အလက်တွေကို ပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်ဖတ်ရှုပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်.. မီဒိုရဲ့ ချစ်ကာကာတို့ရေ

“ မျက်မှန်နဲ့ ပါတ်သတ်လာရင် MIDO “

👓𝐌𝐢𝐝𝐨 𝐕𝐢𝐬𝐢𝐨𝐧 𝐚𝐧𝐝 𝐎𝐩𝐭𝐢𝐜𝐬
📪အမှတ် ၂၅၂၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
☎️ Message Box (or) Phone - 09 455 167 884 သို့ ဆက်သွယ်၍လည်း စုံစမ်းမေးမြန်းမှာယူနိုင်ပါပြီ။

21/09/2024

အနီးအ​ဝေး ၂မျိုးပဲသုံး​နေတုန်းလား?
နောက်ဆုံး​ပေါ် Digital mutifocal (Freeform) ​​လေးနဲ့
မိတ်ဆက်​ပေးပါရစေ•••

လာလို့လဲဆို နောက်ဆုံးပေါ် Digital mutifocal (Freeform) မှန်အမျိုးအစားတွေက •••

💁‍♀️အနီးမှုန်တာတွေ
💁‍♀️အဝေးမှုန်တာတွေ
💁‍♀️မျက်မှန် ၁လက်ထဲမှာ ၂မျိုးထဲမဟုတ်တော့ပဲ•••
တန်းမပါ မျဥ်းမပါ
မှန်တပြင်ထဲမှာပဲ•••
#အ​ဝေး #အနီး #အလယ် ( ၃) မျိုးတပ်လို့ရလို့ပါ••••

ဒါဆိုရင် •••

✔️နီးနီး ဝေးဝေး အလယ်
ဘာကြည့်ကြည့်
အကြည်လင်ဆုံး တစ်လက်ထဲ(သုံး) မျိုးမြင်ရတဲ့ နောက်ဆုံးပေါ် မျက်မှန်ကို လုပ်သင့်တာပေါ့

👌ဒါဆိုရင်တော့•••
စာဖတ်တဲ့ အချိန်/ ဖုန်းကြည့်တဲ့အချိန်မှုန်ဝါးနေတာ
ဘာကိုကြည့်ကြည့် နှစ်ထပ်ဖြစ်မနေဖို့ရာ

အဲ့အတွက်မပူပါနဲ့ အရေအသွေးမြင့်တဲ့ နောက်ဆုံးပေါ်စက်ကြီးတွေနဲ့ သေချာစမ်းသပ်လို့လည်းရလို့••

ပေါ့ပါးတဲ့ ကိုင်းနဲ့ ပါဝါတိကျတဲ့မှန်လေးပါတဲ့
မျက်မှန်ကို•••

နေ့တွင်းခြင်း ပါဝါထည့်သွင်းလို့ Quality ကောင်းမျက်မှန်ကောင်းတစ်လက်အရယူနိုင်ပြီပေါ့

ဒါကြောင့် ဖိုးဖိုး ဖွားဖွားတွေအတွက်
ဖုန်း ကွန်ပြူတာအကြည့်များပြီ မျက်လုံးလေးကိုကာကွယ်ဖို့ဆို
မျက်စိအတွက်ယုံကြည်စိတ်ချဆုံးဖြစ်ဖို့
“ မီဒို “ မျက်မှန်ဆိုင် ကိုသာ အပြေးလေးလှမ်းခဲ့လိုက်ပါတော့ရှင့်

👓𝐌𝐢𝐝𝐨 𝐕𝐢𝐬𝐢𝐨𝐧 𝐚𝐧𝐝 𝐎𝐩𝐭𝐢𝐜𝐬
📪အမှတ် ၂၅၂၊ ရွှေဘုံသာအလယ်လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့
☎️ Message Box (or) Phone - 09 455 167 884 သို့ ဆက်သွယ်၍လည်း စုံစမ်းမေးမြန်းမှာယူနိုင်ပါပြီ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


No 252 Shwebontha Street (Middle Block) Pabaedan Township
Yangon
1010