AAT Sport
25/04/2025
ရာသီကုန်မှာ အသင်းက ထွက်ခွာတော့မယ့်
လက်စတာဝါရင့်တိုက်စစ်မှူး ဗာဒီ
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
လက်စတာဝါရင့်တိုက်စစ်မှူး ဂျိမ်းစ်ဗာဒီဟာ ရာသီကုန်မှာ အသင်းက ထွက်ခွာတော့မှာဖြစ်ပါတယ်။
လက်စတာအသင်းက ဗာဒီကို အသင်းရဲ့အကြီးမြတ်ဆုံးကစားသမားအဖြစ် ဖော်ပြခဲ့ပါတယ်။
''လက်စတာပရိသတ်တွေခင်ဗျာ၊ ဒီလိုနေ့ရောက်လာတော့ ကျွန်တော် စိတ်လှုပ်ရှားမိပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ရောက်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒီကလပ်မှာ အောင်မြင်မှုများစွာနဲ့အတူ မယုံနိုင်စရာကောင်းတဲ့ ၁၃ နှစ်ကို ကျွန်တော် ဖြတ်သန်းခဲ့ရတယ်။ တချို့ ကျဆုံးခဲ့ပေမဲ့ အများစုကတော့ အမြင့်ဆုံးမှာ ရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ နှုတ်ဆက်ရမယ့်နေ့ ရောက်လာခဲ့ပြီး ကျွန်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမဲ့ သင့်တော်တဲ့အချိန်လို့ ကျွန်တော် ယူဆပါတယ်။ လက်စတာဟာ အမြဲတမ်းရှိနေမှာဖြစ်ပြီး ကျွန်တော့်နှလုံးသားမှာလည်း ကြီးမားတဲ့နေရာတစ်ခုမှာ ရှိနေပါလိမ့်မယ်''လို့ ဗာဒီက ပြောခဲ့ပါတယ်။
လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းကလည်း ဗာဒီကို သူတွေ့ဖူးတဲ့သူတွေထဲမှာ အပွင့်လင်းဆုံးနဲ့ ရိုးသားမှုအရှိဆုံးသူတွေထဲက တစ်ယောက်အဖြစ် ချီးကျူးခဲ့ပါတယ်။
ဗာဒီဟာ သူ့ရဲ့ကစားသမားဘဝကို ရှေ့ဆက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
ဗာဒီ(၃၈ နှစ်)အနေနဲ့ ၂၀၁၂ ခုနှစ်မှာ non-league ကလပ် ဖလက်ဝုဒ်အသင်းကနေ လက်စတာ
အသင်းထံ ရောက်လာခဲ့တာပါ။
၎င်းဟာ ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၉၈ ပွဲ ကစားခဲ့ပြီး အသင်းသမိုင်းမှာ ပရီးမီးယားလိဂ်ဂိုးအများဆုံး ၁၄၃ ဂိုး၊ ပြိုင်ပွဲစုံ ဂိုးအများဆုံး ၁၉၈ ဂိုးနဲ့ စံချိန်တင်ထားပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီမှာ အသင်းအတွက် လိဂ်ဂိုး ၂၄ ဂိုး သွင်းခဲ့ပြီး ၂၀၂၁ FA Cup ချန်ပီယံအသင်းသားတစ်ဦးလည်း
ဖြစ်ခဲ့ပါတယ်။
18/04/2025
အံ့အားသင့်စရာ Come Backနဲ့ မန်ယူနိုက်တက်အသင်း ဆီမီးဖိုင်နယ် တက်ရောက်
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
မန်ယူနိုက်တက်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲ
ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ လိုင်ယွန်ကို အံ့အားသင့်စရာ Come Back အနိုင်ယူပြီး ဆီမီး
ဖိုင်နယ် တက်လှမ်းခဲ့ပါတယ်။
ပထမအကျော့ နှစ်ဂိုးစီသရေပွဲမှာလည်း အနိုင်ရဖို့နီးစပ်ခဲ့တဲ့ မန်ယူနိုက်တက်အသင်းက ပထမပိုင်းအပြီးမှာ နှစ်ဂိုးပြတ် အနိုင်ရနေခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မထင်မှတ်ဘဲ ချေပဂိုးနှစ်ဂိုး ပြန်ပေးခဲ့ရပြီး လိုင်ယွန်ကစားသမား တိုလစ်ဆိုကတော့
၈၉ မိနစ်မှာ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။
မန်ယူနိုက်တက်အသင်း အချိန်ပိုမှာ ကစားသမားတစ်ယောက်အသာနဲ့ ကစားခဲ့ရပေမဲ့ လိုင်ယွန်ကို
နှစ်ဂိုးထပ်ပေးလိုက်ရလို့ ပြိုင်ပွဲက ထွက်လုနီးပါး ဖြစ်ခဲ့တယ်။
ဒါပေမဲ့ မန်ယူနိုက်တက်ဟာ အချိန်ပို ပွဲပြီးခါနီး မိနစ်ပိုင်းအတွင်းမှာ ချေပဂိုးတွေနဲ့ အနိုင်ဂိုး ပြန်သွင်းပြီး အံ့အားသင့်စရာ Come Back နိုင်ပွဲ ဖြစ်စေခဲ့တယ်။
စပါးအသင်းကလည်း ဂျာမန်မြေမှာ ဖရန့်ဖတ်ကို
ဆိုလန်ကီ သွင်းယူတဲ့ ပထမပိုင်းပယ်နယ်တီဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပါတယ်။
ယူရိုပါလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ စပါး-ဘိုဒယ်
ဂလင့်နဲ့ ဘီလ်ဘာအို-မန်ယူနိုက်တက်၊ ကွန်းဖရန့်
လိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ဘက်တစ်-ဖီအိုရင်တီးနားနဲ့ ယာဂါးဒန်း-ချယ်လ်ဆီးတို့ ရင်ဆိုင်ကစားရမှာ
ဖြစ်တယ်။
ဆီမီးဖိုင်နယ် ပထမအကျော့ကို မေလ ၁ ရက်နဲ့ ဒုတိယအကျော့ကို မေလ ၈ ရက်မှာ ကစားဖို့ စီစဉ်ထားပါတယ်။
15/04/2025
အပြောင်းအလဲဖြစ်လာခြေနည်းတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲတွေကို ဧပြီလ ၁၅၊ ၁၆ ရက်တွေမှာ ကစားမှာဖြစ်ပါတယ်။
ပထမအကျော့ လေးပွဲစလုံး အနိုင်အရှုံး အဖြေထွက်ခဲ့ပြီး အာဆင်နယ်က ရီးရဲလ်မက်ဒရစ်ကို ၃-၀ ဂိုး၊ ဘာစီလိုနာက ဒေါ့မွန်ကို ၄-၀ ဂိုး၊ PSG က အက်စတွန်ဗီလာကို ၃-၁ ဂိုး၊ အင်တာမီလန်က ဘိုင်ယန်
မြူးနစ်ကို ၂-၁ ဂိုးတို့နဲ့ အသီးသီး အနိုင်ယူထားခဲ့တယ်။
ပထမအကျော့ရှုံးထားတဲ့ လေးသင်းထဲက သုံးသင်းဟာ အိမ်ကွင်းပြန်ကစားရမှာဖြစ်ပြီး ဘိုင်ယန်ကတော့ အီတလီမြေမှာ သွားရောက်ကစားရပါ
လိမ့်မယ်။
ပထမပွဲရလဒ်တွေအရတော့ ဒုတိယအကျော့မှာ အပြောင်းအလဲဖြစ်နိုင်ခြေ အတော်လေးနည်းနေ
ပါတယ်။
အလေးပေးချက်အရလည်း ပထမအကျော့ရှုံးထားတဲ့ အသင်းတွေ ဒုတိယအကျော့မှာ ပြန်အနိုင်ယူနိုင်ခြေက အတော်လေးနည်းနေပါတယ်။
ကွာတားဖိုင်နယ် ပထမအကျော့အပြီး ချန်ပီယံအလေးပေးချက်တွေမှာ ဘာစီလိုနာက ၉း၄ လေး၊ PSG က ၅း၂ လေး၊ အာဆင်နယ်က ရး၂ လေး၊ အင်တာမီလန်က ရး၁ လေး၊ ဘိုင်ယန်မြူးနစ်က ၁၄း၁ လေး၊ ရီးရဲလ်မက်ဒရစ်က ၂၀း၁ လေး၊ အက်စတွန်ဗီလာက ၁၀၀း၁ လေး၊ ဒေါ့မွန်က ၁၀၀၀း၁ လေး ဖြစ်သွားခဲ့ပါတယ်။
ဆီမီးဖိုင်နယ်အတွဲအဖက်တွေကတော့ အာဆင်နယ်-ရီးရဲလ်မက်ဒရစ်ပွဲနိုင်နဲ့ PSG-အက်စတွန်ဗီလာပွဲနိုင်၊ ဘာစီလိုနာ-ဒေါ့မွန်ပွဲနိုင်နဲ့ အင်တာမီလန်-ဘိုင်ယန်မြူးနစ်ပွဲနိုင် အသင်းတွေ တွေ့ဆုံရပါလိမ့်မယ်။
11/04/2025
ဒုတိယပိုင်းဂိုးတွေနဲ့ ဆီမီးဖိုင်နယ်တက်ဖို့ သေချာ
သလောက်ဖြစ်သွားတဲ့ ချယ်လ်ဆီး
➖➖➖➖➖➖➖➖➖➖➖➖➖➖
ချယ်လ်ဆီးအသင်းဟာ ပိုလန်မြေမှာ အိမ်ရှင်
လီဂီယာဝါဆောအသင်းကို ဒုတိယပိုင်းဂိုးတွေနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်ဖို့ နီးစပ်
ခဲ့ပါတယ်။
ချယ်လ်ဆီးရဲ့ဂိုးတွေကို တိုင်ရီကေးဂျော့ချ်က တစ်ဂိုး၊ မာဒူအေကေက နှစ်ဂိုး သွင်းယူခဲ့ပါတယ်။
တိုင်ရီကေးဂျော့ချ်ဟာ အင်္ဂလန် ယူ-၁၉ လက်ရွေးစင်ကစားသမားဖြစ်ပြီး ရှစ်နှစ်သားကတည်းက ချယ်လ်ဆီးကို ရောက်နေတာပါ။
ပရီးမီးယားလိဂ်မှာ ပွဲထွက်ကစားခွင့် မရသေးပေမဲ့ ကွန်းဖရန့်လိဂ်မှာတော့ ၁၀ ပွဲ ကစားထားပါတယ်။
အခုပွဲမှာ ကိုးလ်ပါလ်မာ ပွဲထွက်ကစားခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ဘဲ ပြိုင်ပွဲစုံ ၁၃ ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ရပါတယ်။
မာဒူအေကေကတော့ ဒုတိယပိုင်းမှာ ကိုးလ်ပါလ်မာအစား လူစားဝင်ကစားပြီး နှစ်ဂိုးသွင်းခဲ့တာ ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Yangon
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |
| Saturday | 09:30 - 17:30 |