Aye Life Insurance

Aye Life Insurance

Share

09/04/2024

ကိုယ်တွေ Manulife ဟာ ဒီနေ့က စပြီး

⭐️ Manulife Care Plus (ကျန်းမာသုခ အသက်အာမခံ)

ဆိုတဲ့ အာမခံ အမျိုးအစားသစ် တစ်မျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။

တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတဲ့ Product ဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံအခြေအနေနဲ့လဲ ကိုက်ညီပါတယ်။

သူရဲ့ အားသာချက်တွေက…

✅ နှစ်တို စုငွေ (၅ နှစ်က စထားလို့ရ)…
စုငွေဖြစ်တဲ့ အတွက် နှစ်ပြည့်ရင် မိမိစုဆောင်းထားတဲ့ ငွေကြေးအားလုံး ပြန်ရပါတယ်။ နှစ်တို ဖြစ်တဲ့ အတွက် inflation ကိုလဲ အတိုင်းအတာ တစ်ခုထိ ကာကွယ်ပြီးသားဖြစ်ပါတယ်။ နှစ်ပြည့်ပြန်ထုတ်တဲ့အခါ တော်တော်မြင့်မားတဲ့ အပိုဆု (အတိုး) လဲပါဝင်ပါသေးတယ်။

✅ အသက်အန္တရာယ်/ထာဝစဉ်နာမကျန်းဖြစ်ခြင်း အတွက် အကာအကွယ်…
နှစ်တိုစုငွေထဲမှာ အမြင့်ဆုံးနဲ့ အကောင်းဆုံးလို့ ပြောလို့ရတဲ့ အထိ မြင့်မားတဲ့ အကာအကွယ် ပါဝင်ပါတယ်။ အာမခံထားငွေရဲ့ 200% ကို မိသားစုကို အကာအကွယ် ပေးထားပါတယ်။

✅ ကျန်းမာတဲ့ လူနေမှုပုံစံအတွက် အပိုဆု (အတိုး)…
အမြင့်မားဆုံး ၃၀% အထိ အပိုဆု ပေးအပ်ထားတာ ရှိတယ်။ ဥပမာ၊ သိန်း ၁၀၀ အာမခံထားရင် ပြန်ရတဲ့အခါ သိန်း ၁၃၀ အထိ အမြင့်မားဆုံး ပြန်လည်ရရှိမှာပါ။ စျေးကွက်ထဲမှာ အမြင့်မားဆုံးအပိုဆု ပါပဲ။

✅ ဆေးရုံတက်တာနဲ့ နာတာရှည်ရောဂါ အတွက် ကျန်းမာရေး အကျိုးခံစားခွင့်…
နှစ်တို စုငွေအာမခံ အမျိုးအစား ဘယ်ဟာမှာမှ နာတာရှည်ရောဂါအတွက် အကာအကွယ် မပေးပါဘူး။ အခု Manulife က ပထမဆုံး အနေနဲ့ စုငွေအာမခံ အမျိုးအစားမှာ နာတာရှည်ရောဂါနဲ့ ဆေးရုံတက် စရိတ်အတွက် ငွေကြေးပြန်လည်ထုတ်ပေးမှု အကာအကွယ်ကို ထည့်သွင်းပေးထားတာပါ။

ကျန်တာကတော့ ဝန်ထမ်းဆိုရင် personal income tax လျော့တာ (lump-sum payment ဖြစ်တဲ့အတွက် tax လဲ အမြောက်အများလျော့ပါလိမ့်မယ်)၊ ပြန်ရတဲ့ အာမခံငွေကြေးက tax benefit ရတာ ဒါမျိုးတွေရှိပါမယ်။

နှစ်တို ငွေစုချင်၊ အခွန်လည်းသက်သာချင်တဲ့ ရုံးဝန်ထမ်းတွေ၊
မိမိရဲ့ငွေကြေးကို အာမခံချက်ရှိ၊ ယုံကြည်စိတ်ချရတဲ့ Global Company မှာ ရင်းနှီးမြုပ်နှံထားချင်၊ ငွေကြေးကို ဖြန့်ခွဲထားချင်တဲ့ လုပ်ငန်းရှင်များအတွက် အလွန်သင့်တော်ပါလိမ့်မယ်။

✅ ကလေးအသက် ၆လအရွယ်ကနေစပြီးလည်းအာမခံထားပေးလို့ရတာဖြစ်လို့ မိမိတို့ရဲ့ အဖိုးတန်သား၊ သမီးလေးတွေအတွက် သေချာငွေစုဆောင်းပေးချင်တဲ့ ဖေဖေ၊မေမေတွေအတွက်လည်း အဆင်ပြေတဲ့ product တစ်ခုပါ။

စိတ်ဝင်စားရင် အသေးစိတ် တိုင်ပင်ဆွေးနွေးပေးလို့ရပါတယ်။

Aye Thandar Thein
09765686452, 09421110243 (Viber)

Life Insurance

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Shwegonedaing Road
Yangon
11201