Yangon Renting House

Yangon Renting House

Share

03/08/2016

စမ်းချောင်း လမ်းသန့်
15x65
ပြင်ဆင်ပြီး
GF တိုက်ခန်းငှားမည်။
Price..4.5L
Ph..09450444773,450444779

03/08/2016

လှိုင်မြင့်မိုရ်အိမ်ယာ၊လှိုင်။
GF,25x35
ပြင်ဆင်ပြီး၊
တိုက်ခန်းငှားမည်။
price..4L
Ph..09450444773,450444779

03/08/2016

အာရှ-ပစိဖိတ်ဒေသအတွင်း မြန်မာနိုင်ငံသည် ယခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်မှု အလျင်မြန်ဆုံးနိုင်ငံဖြစ်လာမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်၏ နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက ပြုပြင်ပြောင်းလဲမှုများဖြစ်သော ဒီမိုကရက်တစ်အရပ်ဘက်အဖွဲ့အစည်းများ အားကောင်းလာခြင်း၊ နိုင်ငံတကာအရေးယူပိတ်ဆို့ခံရမှုများ ပြေလျှော့သွားခြင်းတို့ကြောင့် မြန်မာနိုင်ငံစီးပွားရေးအတွက် အနာဂတ်ကောင်းကင်မှာ တိမ်ကင်းစင်လျက်ရှိသည်ဟု သုံးသပ်ကြသည်။

အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်အတွင်း ၈ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဟု ခန့်မှန်းထားပြီး ယင်းပမာဏမှာ အာရှ-ပစိဖိတ်ဒေသတွင် အမြင့်မားဆုံးဖွံ့ဖြိုးမှုဖြစ်သည်ဟုဆိုသည်။

မုတ်သုန်ရာသီတွင် စိုက်ပျိုးပြီးစီးခဲ့သော စိုက်ခင်းများ၏ ငါးပုံတစ်ပုံခန့် ပျက်စီးခဲ့သည့်ကြားမှ ယခုကဲ့သို့ ထူးခြားသည့် စီးပွားရေးဖွံ့ဖြိုးမှု အလားအလာပေါ်ပေါက်နေခြင်းလည်းဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်ကဆိုသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုမှာ အဓိကအားဖြင့် သဘာဝအရင်းအမြစ်များ တင်ပို့မှု၊ ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ကြောင့် ဖြစ်ပေါ်မည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်သည်။

လွန်ခဲ့သော ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၄ ဒသမ ၇ သန်းလာရောက်ခဲ့ပြီး ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံ သုံးစွဲခဲ့ကြသည်။

အထည်ချုပ်စက်ရုံများမှ တင်ပို့မှုမှာ ၂၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ ဘီလီယံဖိုး ရှိခဲ့သည်။
၂၀၁၅ ခုနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံရှိခဲ့ပြီး ယင်းအနက် ကန်ဒေါ်လာ ၃ ဘီလီယံကျော်မှာ မြန်မာအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အရပ်သားအစိုးရကို ဖွဲ့စည်းနိုင်ခဲ့ပြီးနောက်ပိုင်း အနောက်နိုင်ငံတို့က ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထင်ကျော်သည် အရပ်သားသမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီးနောက်ပိုင်း အရှေ့တောင်အာရှနှင့် အခြားဒေသများမှ ရင်းနှီးမြှုပ်နှံသူတို့မှာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလာခဲ့ကြသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်သည်။

ယခင်နှစ်အတွင်း မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် ကိုမန်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေနစ်မြုပ်မှုများဖြစ်ပွားခဲ့ရာတွင် ဂျီဒီပီ ၃ ရာခိုင်နှုန်း (ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ) ခန့် ကျဆင်းသွားခဲ့ရသော်လည်း ယင်းအခြေအနေမှ ရုန်းထကာ ယခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသကြီးတစ်ခုလုံး၏ စီးပွားရေးဖွံ့ဖြိုးမှုအလျင်မြန်ဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်မည့် အလားအလာကောင်းများ ရှိနေပြီဖြစ်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ထားသည်။

29/06/2016

Hello

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kamaryut
Yangon
00000