Ma Mhone - Insurance Advisor

Ma Mhone - Insurance Advisor

Share

14/05/2026

“ကိုယ်ယုံကြည်ရတဲ့ မိတ်ဆွေက ဖိတ်ကြားလာတဲ့ အာမခံပညာပေးပွဲကို တက်ရောက်ဖြစ်ရင်
သင့်အတွက် ဘယ်လိုအကျိုးထူးတွေ ရနိုင်မလဲ?” 🌱

တချို့လူတွေက “Insurance” ဆိုတာကို
ရောင်းဖို့ပြောတာလို့ပဲ မြင်တတ်ကြပါတယ်။

ဒါပေမယ့်…

တကယ်က အာမခံပညာပေးပွဲတစ်ခုက
💡 ကိုယ့်ဘဝအတွက် Financial Awareness တိုးစေမယ့်နေရာတစ်ခုပါ။

ဒီ Event ကို တက်ရောက်ခြင်းအားဖြင့် —

✅ မိသားစုအတွက် Financial Protection ကို ဘယ်လိုပြင်ဆင်ထားသင့်လဲ သိနိုင်မယ်
✅ Emergency ဖြစ်လာရင် ငွေကြေးပိုင်းကို ဘယ်လိုစီမံနိုင်မလဲ နားလည်လာမယ်
✅ Saving, Protection, Retirement Planning အကြောင်း Practical Knowledge ရမယ်
✅ ကိုယ့်ရဲ့ Income ကို ဘယ်လိုကာကွယ်နိုင်မလဲ သိလာမယ်
✅ Insurance နဲ့ပတ်သက်တဲ့ Misunderstanding တွေ Clear ဖြစ်သွားမယ်
✅ Financial Freedom ကို စတင်စဉ်းစားဖို့ Inspiration ရမယ်

အရေးကြီးဆုံးက —
“မဝယ်ခင် သိထားသင့်တဲ့ Knowledge” ကို ရလာတာပါ ✨

ဒီပွဲက ရောင်းဖို့ဖိအားပေးတဲ့ Event မဟုတ်ဘဲ
လူတိုင်းအတွက် အသုံးဝင်တဲ့ Financial Education Sharing Session တစ်ခု ဖြစ်ပါတယ်။

📍 Date – 17 May 2026
⏰ Time – 1:00 PM to 3:00 PM
📌 Venue – Manulife Myanmar Office

သင့်ဘဝအတွက် ပိုကောင်းတဲ့ Future ကို
ဒီနေ့ကစပြီး စီစဉ်လိုက်ရအောင် 🌿

21/02/2026

ကားဘီးဆိုတာ နေ့တိုင်းပေါက်နေတာမှ မဟုတ်တာဗျာ။ ဘာလို့ ကားထဲမှာ ဘီးအပိုတွေ နေ့စဉ်အလေးခံပြီး ဆောင်ထားကြသလဲဆိုတဲ့ Concept ကို ပြန်စဉ်းစားကြည့်ရင် သိမှာပါ။

ကျွန်တော်တို့ အပြင်ထွက်ရင် ကိုယ့်အိတ်ကပ်ထဲ ထည့်သွားတဲ့ ပိုက်ဆံအကုန်သုံးဖြစ်တာမှ မဟုတ်တာ.. ဘာလို့ သုံးမယ်ဆိုတာ မသေချာတဲ့ ပိုက်ဆံအပိုတွေ အိတ်ကပ်ထဲ အလေးခံ အပျောက်ခံပြီး ထည့်သွားသေးလဲဆိုတဲ့ အချက်လည်း ပြန်စဉ်းစားကြည့်လို့ရပါတယ်။

တကယ်တော့ အသက်အာမခံဆိုတာ လူလတ်တန်းစားတွေအတွက် ပိုလိုအပ်ပါတယ်။ သူဌေးတွေက သူတို့မရှိရင် နောက်က သူ့မိသားစုအတွက် အထုပ်အထည်တွေနဲ့ မကြောင့်မကြအောင် ထားခဲ့နိုင်ပါသေးတယ်။ လူလတ်တန်းစားတွေမှာက လူကိုပဲ ရင်းပြီး မိသားစုကို ကျွေးနေရတာမို့ ကိုယ်မမျှော်မှန်းနိုင်တဲ့ဖြစ်ရပ်တွေအတွက် ကိုယ့်မိသားစုကို အကာအကွယ် ယူထားသင့်ပါတယ်။

တိုးတက်တဲ့ နိုင်ငံတိုင်းမှာ အသက်အာမခံဆိုတာ မိသားစုအတွက် Family Financial Planning တစ်ခုအဖြစ်နဲ့ မထားမဖြစ်ကို ထားကြတာပါ။ သုတေသနစာတမ်းအရ အမေရိကန်နိုင်ငံမှာဆို လွန်ခဲ့တဲ့ နှစ်၂၀ အတွင်း (၁၉၉၈-၂၀၁၈) သူ့နိုင်ငံသားတွေ ဝယ်ထားတဲ့ စုစုပေါင်းအသက်အာမခံပေါ်လစီ အရေအတွက်က သန်း ၆၆၀ နီးပါး ရှိတယ်။ အမေရိကန် တစ်နိုင်ငံလုံး လူဦးရေစုစုပေါင်းမှ သန်း ၃၂၈ သန်းပဲ ရှိတာမို့ လူတစ်ယောက်ကို အနည်းဆုံး အသက်အာမခံ ပေါ်လစီ ၂ ခုနဲ့အထက် ရှိတဲ့သဘောပါပဲ။ ဒါတောင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကဝယ်ထားတဲ့ အသက်အာမခံအရေအတွက်ကိုပဲ ထည့်တွက်ထားသေးတာပါ။ ကမ္ဘာထိပ်သီး အမေရိကန်တွေ တုံးလို့၊ မတွက်တတ်လို့ အသက်အာမခံ ထားထားကြတာမဟုတ်တာတော့ သေချာပါတယ်ခင်ဗျာ။ ပညာတတ်လေ၊ စဉ်းစားဉာဏ်ရှိလေ သူ့မိသားစုရဲ့ Family Financial Planning ကို စနစ်တကျ ချတတ်လေဆိုတဲ့ သဘောပါ။

ဆိုတော့ဗျာ
"ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် တရားဓမ္မ အားထုတ်ပါ။"
"သင့်မိသားစုကို ချစ်တယ်ဆိုရင် အသက်အာမခံ ထားထားပါ။"
Credit with THANKS: Thet Oo Shwe

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Mandalay Street
Yangon
11221