Aung Pyitan
19/07/2026
"အာဇာနည်နေ့ ရုံးပိတ်ရက် အသိပေးအကြောင်းကြားခြင်း"
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်သော (၇၉) ကြိမ်မြောက် အာဇာနည်နေ့ အများပြည်သူ ရုံးပိတ်ရက်ဖြစ်ပါသဖြင့် Aung Pyitan Company ၏ ရုံးနှင့် ဝန်ဆောင်မှုများကို ယာယီရပ်နားထားမည် ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့မှစ၍ ပုံမှန်လုပ်ငန်းများနှင့် ဝန်ဆောင်မှုများကို ပြန်လည်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
29/06/2026
🔰ရေကူးကန်များ ရေယိုစိမ့်ခြင်းသည် မြန်မာနိုင်ငံတွင် မကြာခဏ ကြုံတွေ့နေရသော ပြဿနာ တစ်ခုဖြစ်ပါသည်။
ရေယိုစိမ့်မှုဖြစ်ရသည့် အကြောင်းအရင်းများစွာရှိသည့်အနက်
✅ရေလုံဆေး (Waterproofing) မသုတ်လိမ်းထားခြင်း၊
✅ပိုက် နှင့် ကွန်ကရိ အဆက်နေရာများတွင် Water Stopper အသုံးမပြုထားခြင်း၊
✅construction joint များ တွင် Water Stopper အသုံးမပြုထားခြင်း၊
✅ကွန်ကရိ၏ကြံ့ခိုင်မှုအားမလုံလောက်ခြင်း စသည်တို့သည် အဓိက အကြောင်းအရင်းများ ဖြစ်ပါသည်။
🔰ရေကူးကန် ရေယိုစိမ့်မှုကို ကြိုတင်ကာကွယ်ရန် လှုပ်ရှားမှုဒဏ်၊ ကျုံ့ကြွဒဏ်နှင့် အက်ကွဲဒဏ်ကို ခံနိုင်ရည်ရှိပြီး ရေဖိအားဒဏ်ကိုလည်း မြင့်မားစွာ ခံနိုင်ရည်ရှိသော ရေလုံဆေးကို အသုံးပြုရန် အရေးကြီးပါသည်။ ထို့ကြောင့် APT တံဆိပ် AquaCem 200 Flex သို့မဟုတ် MAPEI တံဆိပ် Mapelastic ကဲ့သို့ ဘိလပ်မြေအခြေခံ Flexible Waterproofing ကို အသုံးပြုနိုင်ပါသည်။
ဒါ့အပြင် ရေလုံဆေး၏ အက်ကြောင်းဒဏ်ခံနိုင်မှုကို အားဖြည့်ပေးပြီး Waterproof Layer ကို ပိုမိုခိုင်ခံ့စေရန် MAPEI တံဆိပ် Alkali-resistant Fiberglass Mesh - Mapenet 150 နှင့် တွဲဖက်အသုံးပြုသင့်ပါသည်။
🔰ကွန်ကရိသည် သဘာဝအတိုင်း ရေလုံသောပစ္စည်းမဟုတ်သည့်အတွက် ပိုက် နှင့် ကွန်ကရိ အဆက်နေရာ များတွင်လည်း ရေစိမ့်ဝင်မှု ဖြစ်တတ်ပါသည်။ ဤနေရာများတွင် ရေစိမ့်ဝင်မှုမဖြစ်စေရန် ရေနှင့်ထိတွေ့သည့်အခါ ပွလာပြီး ပိုက်အဆက်နေရာကို ထိရောက်စွာ ပိတ်ဆို့ပေးနိုင်သော Swelling Profile များဖြစ်သည့် APT Swell 101 သို့မဟုတ် MAPEI တံဆိပ် Mapeproof Swell တို့ကို ကြိုတင် တပ်ဆင် အသုံးပြုရန် လိုအပ်ပါသည်။
🔰ကွန်ကရိ Joint ဖြတ်ထားသော နေရာများတွင် ရေစိမ့်ဝင်မှုကို ကာကွယ်ရန် အတွက် PVC Water Stopper များ ဖြစ်သော APT PVC CJ Water Stopper သို့မဟုတ် MAPEI Idrostop PVC ကို ကွန်ကရိမလောင်းမှီ ကြိုတင်ထည့်သွင်းတပ်ဆင်သင့်ပါသည်။ PVC Water Stopper သည် Joint မှတစ်ဆင့် ရေဝင်ရောက်မှုကို တားဆီးပေးကာ ရေကူးကန်၏ ရေလုံမှုကို ပိုမိုစိတ်ချရစေပါသည်။
🔰အခြားသတိထားရမည့် အချက်မှာ Waterproofing မပြုလုပ်မီ ကွန်ကရိ၏ ကြံ့ခိုင်မှုနှင့် ကွန်ကရိ အောက်ခံ မျက်နှာပြင် အခြေအနေကို သေချာစစ်ဆေး ပြုပြင်မှုများ ဆောင်ရွက်ပြီးမှသာ ရေလုံဆေးသုတ်လိမ်းသင့်ပါသည်။
✅အသုံးပြုမည့် နေရာပေါ်မူတည်၍ သင့်လျော်သော ရေလုံဆေး အမျိုးအစားနှင့် အသုံးပြုပုံနည်းလမ်းများကို Aung Pyitan နှင့် အသေးစိတ် ဆွေးနွေး တိုင်ပင်နိုင်ပါသည်။
Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅09 881 881 420
17/06/2026
နှစ်မျိုးစပ် ဘိလပ်မြေအခြေခံရေလုံဆေး AquaCem 100 နှင့် AquaCem 200 Flex က ဘာကွာလဲ?
🔰AquaCem 100 (နှစ်မျိုးစပ် ဘိလပ်မြေ အခြေခံ ရေလုံဆေး)
ဧရိယာသိပ်မကျယ်သည့် ရေချိုးခန်း၊ အိမ်သာနှင့် ဝရံတာ များတွင် ရေစိမ့်မှုမှ ကာကွယ်ရန်အတွက် AquaCem 100 ရေလုံဆေးကို အသုံးပြုရန် လိုအပ်ပါသည်။
ထိုနေရာများတွင် AquaCem 100 နှစ်မျိုးစပ် ဘိလပ်မြေ အခြေခံ ရေလုံဆေးကို အသုံးပြုသင့်ပြီး AquaCem 100 အသုံးပြုထားသော ရေလုံဆေး အပေါ်တွင် တော်ပင် (သို့) ကြွေပြား ကပ်ရန် လိုအပ်ပါ သည်။
AquaCem 100 - (25 kg) တစ်စုံတွင် ဆေးရည် (20) kg နှင့် ဆေးမှုန့် (5) kg ပါဝင်ပြီး တစ်စုံ လျှင် 1 ကျင်းခန့် အသုံးပြုနိုင်ပါတယ်။
🔰AquaCem 200 Flex (ကျုံ့ကြွဒဏ်ခံ နှစ်မျိုးစပ် ဘိလပ်မြေ အခြေခံ ရေလုံဆေး)
ဧရိယာ ကျယ်ဝန်းသည့် အမိုးစလပ်၊ ရေကူးကန်နှင့် လသာဆောင်များသည် ရေထိတွေ့မှုဒဏ်၊ တုန်ခါမှုဒဏ်နှင့် အက်ကွဲဒဏ်တို့ကို ခံရသဖြင့် ကျုံ့ကြွမှုဒဏ်ခံ AquaCem 200 Flex ရေလုံဆေးကို အသုံးပြုသင့်သည်။
AquaCem 200 FLex အသုံးပြုထားသော ရေလုံဆေး အပေါ်တွင် တော်ပင် (သို့) ကြွေပြား ကပ်ရန် လိုအပ်သည်။
AquaCem 200 Flex တွင် ထုတ်ပိုးမှု Size အနေဖြင့် (4) kg နှင့် (28) kg နှစ်မျိုး ရှိပြီး (4) kg ထုတ်ပိုးမှု ပုံစံတွင် ဆေးမှုန့် (3) kg နှင့် ဆေးရည် (1) kg ပါရှိကာ (28) kg ထုတ်ပိုးမှု ပုံစံတွင် ဆေးမှုန့် (21) kg နှင့် ဆေးရည် (7) kg ပါရှိပါသည်။
✅အသုံးပြုမည့် နေရာပေါ်မူတည်၍ အသုံးပြုသင့်သည့် ရေလုံဆေး အမျိုးအစား အကြောင်း အသေးစိတ် သိရှိလိုပါက Aung Pyitan နှင့် တိုင်ပင် ဆွေးနွေးနိုင်ပါသည်။
Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅09 881 881 420
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
54 A, Thirimingalar Street (2). Kamayut Township
Yangon
11041
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |
| Saturday | 09:30 - 13:30 |