PT Distribution- PT Tech
14/08/2017
MOBILE BANKING
လွန်ခဲ့သော ၆ နှစ်က မြန်မာနိုင်ငံမှာ ဖုန်းတစ်လုံး၏တန်ဖိုး ဘယ်လောက်ရှိတယ်ဆိုတာ ပြန်စဉ်းစားကြည့် ပါလား?
လူဦးရေရဲ့ ရာခိုင်နှုန်းဘယ်လောက်က မိုဘိုင်းဖုန်းကနေ အင်တာနက်သုံးလို့ ရနေပြီလဲဆိုတာကို မသိချင်ဘူးလား?
Mobile Banking ကို စတင်စေခဲ့သော ကြောင်းပြချက် လည်းဖြစ်ပါတယ်
******************************
မြန်မာနိုင်ငံတွင် Mobile Banking တိုးတက်လာခြင်း
လွန်ခဲ့သော (၆) နှစ်အတွင်း မြန်မာနိုင်ငံသည် အလျှင်အမြန်တိုးတတ်သော အချိန်ကာလကို ကျော်ဖြတ်လာခဲ့သည်။ မိုဘိုင်းဖုန်းဈေးကွယ်များ အလွန်ကျယ်ပြန့်လာမှုသည် နိုင်ငံအတွင်း ဖွံ့ဖြိုးတိုးတက်လာမှုကို ပြသနေခြင်းဖြစ်သည်။ လူဦးရေ၏ ရာခိုင်နှုန်းတော်တော်များများ မိုဘိုင်းဖုန်း သုံးစွဲနေခြင်းကြောင့် Mobile Bamking အတွက် အခွင့်အလမ်းများ ဖန်တီးဖွင့်လှစ်ပေးခဲ့ပါသည်။ ဒီဆောင်းပါတွင် မြန်မာနိုင်ငံအတွင်း Mobile Banking ထွက်ပေါ်လာမှုကို ကျွန်ုပ်တို့ လေ့လာသွားပါမည်။ ဆောင်းပါ၏ တချို့ အပိုင်းများကို Reuters၊ Bloomberg နှင့် American Founders Bank တို့မှ မှီငြမ်းထားပါသည်။
******************************
အတိတ်မှာတုန်းက မိုဘိုင်းဖုန်းများသည် ချမ်းသာသူများအတွက်သာ
လွန်ခဲ့သော (၆)နှစ် စစ်တပ်အုပ်ချုပ်ခဲ့သော အဆက်အသွယ်ဖြတ်ထားသော ဆယ်စုနှစ်များ၌ ဖုန်းများသည် ချမ်းသာသူများနှင့် အဆက်အသွယ်ကောင်းကောင်းရှိကြသူများ အတွက်သာရရှိနိုင်သော အဆောင်ယောင် တစ်ခုဖြစ်ပါသည်။ မြောက်ကိုရီးယာတစ်နိုင်ငံသာလျှင် မြန်မာနိုင်ငံထက် မိုဘိုင်းဖုန်း အရေအတွက်နည်းခဲ့သည်။ ပြီးခဲ့သော စစ်အုပ်ချုပ်ရေးအချိန်တုန်းကဆိုလျှင် ဆဲလ်ဖုန်းထဲသို့ ထည့်ရသော SIM ကဒ်ဟုခေါ်သော ချပ်စ်ပြားလေး တစ်ခု၏တန်ဖိုးမှာ မှောင်ခိုဈေးတွင် ဒေါ်လာ ၂၀၀၀ ကျော်အထိ ပေါက်ဈေးရှိခဲ့ပါသည်။ ယခုနေ့များတွင်တော့ Qatari Company ဖြစ်သော Ooredoo မှရောင်းသော အင်တာနက်အသင့်သုံး ကဒ်တစ်ခုကို ၁.၅ ဒေါ်လာ လောက်နှင့် ကိုင်နိုင်ပြီဖြစ်သည်။ Smart Phone တစ်လုံးကိုလည်း ဒေါ်လာ ၂၀ အောက်လောက်နှင့် ရရှိနိုင်လာပြီး ပြည်တွင်းဖုန်းခေါ်ဆိုမှုများအတွက် တစ်မိနစ်လျှင် ၀.၀၂ ဒေါ်လာ ခန့်သာကျသင့်ပါတော့သည်။ အလွန်တိုးတတ်လာသော နည်းပညာများကြောင့် မြန်မာနိုင်ငံ အကျိုးကျေးဇူးခံစားရခြင်းဖြစ်သည်ဟု Financial Thutha အနေဖြင့် ယုံကြည်ပါသည်။ နည်းပညာအလွန်တိုးတတ်လာမှုကြောင့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများသည် မိုဘိုင်းဖုန်းများသုံးစွဲခွင့်ရပြီး ကမ္ဘာကြီးနှင့် ဆက်သွယ်ခွင့် ရရှိလာခဲ့တာပဲဖြစ်ပါသည်။
******************************
အရေအတွက်ကို ကြည့်ကြည့်ခြင်း
၂၀၁၅ခုနှစ်၌ တရုတ်နှင့် အန္ဒိယတို့မှလွဲ၍ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း စတင်သုံးစွဲသူ အရေအတွက်သည် တခြားနိုင်ငံများထက် အလွန် များပြားခဲ့သည်ဟု Asia Development Bank ၏ စာရင်းများအရသိရပါသည်။ ပြီးခဲ့သော ဇွန်လက တိုင်းပြည်၏ ၅၄ သန်းသော လူဦးရေ၏ ၉၀% ခန့် သည် ဖုန်းမှတဆင့် အင်တာနက် ဝင်ဆောင်မှု ရရှိနေပြီဟု Myanmar Computer Federation မှပြောကြားခဲ့ပါသည်။ တချို့သော ၆၀% သည် Facebook သို့မဟုတ် အခြား Social Media များသုံး၍ သတင်းများရရှိနေကြောင့် နိုင်ငံပိုင်သတင်းစာ မှ ဧပြီလက ပြောခဲ့ပါသည်။ တိုင်းပြည်၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင် Uber သို့မဟုတ် Grab တို့ကဲ့သို့သော app များသုံး၍ ကားငှားနိုင်ပြီဖြစ်သည်။ Financial Thutha အနေဖြင့် မှတ်ချက်ပြုချင်တာကတော့ Uber နှင့် Grab တို့ရောက်ရှိလာခြင်းသည် မြန်မာနိုင်ငံအတွင်း မိုဘိုင်းဖုန်းကွန်ရက်များအတွက် အခြေခံအဆောက်အဦးများအပေါ် ယုံကြည်မှုမြင့်တက်လာခြင်းနှင့် မြန်မာနိုင်ငံအတွင် မိုဘိုင်းဖုန်းသုံးစွဲသူ များလာခြင်းကို ဖော်ပြနေပါသည်။
******************************
အင်တာနက်ကြောင့် ရရှိလာသော အပြောင်းအလဲများ
ရုတ်တရက် အင်တာနက်ကို သုံးစွဲခွင့်ရရှိလာသောကြောင့် ကမ္ဘာရဲ့တခြားနေရာတွေမှာ ဘာတွေဖြစ်နေလဲဆိုတာ လူတွေသိရှိလာရတယ်လို့ မသီရိသန့်မွန်က မှတ်ချက်ပေးသွားခဲ့ပါသည်။ အခုဆိုရင်တော့ လမ်းပေါ်ကလူတိုင်းက Trump အကြောင်းပြောဆိုနေကြပြီ။ လွန်ခဲ့သော နှစ်အနည်းငယ်တုန်းကတော့ ဘေးကမြို့မှာ ဘာဖြစ်နေမှန်းတောင် ဘယ်သူမှ မသိခဲ့ကြဘူး။
******************************
Mobile Banking ၏အကျိုးကျေးဇူး (၃) ခု
အချိန်ကုန်သက်သာ (Time Saving) --- ဘဏ်တစ်ခုစီသို့ သွားနေရမယ့် အချိန်အစား သင့်လက်ကျန်စာရင်းစစ်တာ၊ ငွေလက်ခံတာ၊ ငွေလွှဲတာနှင့် သင့်အကောက်ကို စီစစ်တာတွေကို ရှိတဲ့နေရာကနေ လုပ်နိုင်ပါသည်။
သက်တောင့်သက်သာရှိ (Convenient) --- အကြာကြီး ဘဏ်မှာသွား တန်းစီနေရမယ့်အစား သင်အဆင်ပြေတဲ့အချိန်မှာ သင်အဆင်ပြေတဲ့နေရာမှာ ဘဏ်ဝင်ဆောင်မှုကို ရယူလို့ရပြီဖြစ်သည်။
လုံခြုံစိတ်ချရ (Secure) --- ယေဘုယျအားဖြင့် ကောင်းမွန်တဲ့ Mobile Banking App တွေမှာ ငွေချေခြင်းကို ခွင့်ပြုပေးရန် လုံခြုံရေးအာမခံချက်ရှိပြီး အတည်ပြုချက်ကုဒ်ကို SMS ပို့ပေးပါသည်။
Financial Thutha အနေဖြင့်အကြံပေးချင်တာကတော့ ဘဏ္ဍာရေးလောကမှာ လုပ်နေသော ဘယ်သူမဆို Mobile Banking နဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲဟု ပြောလာနိုင်သောကြောင့် ထိုအချက်တွေကို မှတ်ထားသင့်ပါသည်။ ထိုသို့အားဖြင့် သင့်ဖောက်သည်တွေကို အထင်ကြီးစေမှာဖြစ်ပါသည်။
******************************
ယခုတွင် ကျွန်ုပ်တို့လိုအပ်သော ဘဏ်ဝန်ဆောင်မှုများအတွက် ရွေးချယ်စရာများလာ
ယခုအချိန်များတွင် ဘဏ်များသည် သုံးစွဲသူများညအဆင်ပြေချောမွေ့စေရန် Mobile Banking ဝန်ဆောင်မှုပေးလျက်ရှိသည့်အပြင် သုံးစွဲသူများ ဘယ်နေရာမှမဆို အသုံးပြုနိုင်ရန် မိုဘိုင်း၌ပါ အသုံးပြုလို့ရနိုင်သည့် ဝက်ဆိုဒ်များလည်းရှိလာပြီဖြစ်သည်။ စမက်ဖုန်းများမှတဆင့် Mobile Banking အသုံးပြုသူများ အဆင်ပြေစေရန်အတွက် ဘဏ်များသည် ဝက်ဆိုဒ်များ၌ ပိုပိုများသော အစီအစဉ်များ လုပ်ဆောင်ချက်များကို ပံ့ပိုးလာကြပါသည်။ မြန်မာနိုင်ငံတွင် နည်းပညာတိုးတက်လာမှုကြောင့် ဘဏ်များ Mobile Banking ဝန်ဆောင်မှုများပေးလာခဲ့ပြီး ထိုမှတဆင့် အဆင်ပြေမှုနှင့် အချိန်ကုန်သက်သာမှုများကို မြန်မာပြည်သူများအတွက် ယူဆောင်လာခဲ့သည်ဟု Financial Thutha အနေဖြင့် မှတ်သားမိပါသည်။
******************************
Financial Thutha
အခု ပေ့ခ့်ျထဲမှာ ®®online shopping 〽〽လုပ်နေသူနဲ့ စိတ်ဝင်စားသူ ❗❗ဘယ်သူတွေရှိလဲသိချင်လို့ မန့်ခဲ့ပေးပါလား
မိတ်ဆွေတို့ 💲💲ဘာအကူညီပဲလိုလို OS နဲ့ပါတ်သက်ရင်ကူညီပေးလို့ရအောင်ပါ✔✔✔
12/08/2017
Facebook နဲ့ စီးပွားတက်အောင် ကူညီပေးမယ့် အချက် (၅) ချက်
Facebook နဲ့ စီးပွားရေးလုပ်လို့ရတယ်ဆိုတာ ယနေ့အချိန်အခါမှာ အံ့သြစရာ ကိစ္စတစ်ခု မဟုတ်တော့ပါဘူး။ Facebook ကနေ ပစ္စည်းတွေရောင်းတယ်။ ကိုယ့်လုပ်ငန်းကို ကြော်ငြာတယ်။ သင်တန်းတွေဖွင့်ပေးတယ်။ လုပ်ငန်းအချိတ်အဆက်တွေ ရှာကြတယ်။
ဒါပေမယ့် လုပ်ငန်းတိုင်းက Facebook ပေါ်ကနေ စီးပွားတက်အောင် လုပ်ဖို့ အဆင်ပြေကြတာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ စီးပွားတက်အောင် ကူညီပေးမယ့် နည်းလမ်းလေးတွေကို မသိလို့ပါ။
မြန်မာနိုင်ငံမှာ page ပေါင်း ၆ သိန်းကျော်ရှိပါတယ်။ ဆိုလိုတာက ကိုယ့်လုပ်ငန်း Page လေးဟာ ပုံစံတူ လုပ်ငန်း ၆ သိန်းထဲမှာ မြှုပ်နေမှာပါ။ ဒီအခါမှာ ကျန်တဲ့လုပ်ငန်းများထက် ထူးခြားနေဖို့ ၊ ကိုယ့်ရဲ့ ဝယ်သူတွေကို စွဲဆောင်နိုင်ဖို့ ပိုအရေးကြီးလာပါပြီ။
အခု အလွယ်ဆုံး အချက် (၅) ချက်ကို မျှဝေပေးပါ့မယ်။
၁။ Facebook နဲ့ စီးပွားရေး လုပ်တဲ့အခါမှာ ဖုန်းထက်စာရင် Laptop / Computer ကို သုံးစွဲပါ။ ဖုန်းမှာမပါတဲ့ စီးပွားရေးအတွက် လုပ်ဆောင်လို့ရတယ့် Function တွေ အများကြီး Laptop / Computer က ကူညီပံ့ပိုး ပေးထားပါတယ်။ 💰💵💳
၂။ Facebook for Business ဆိုတဲ့ (စီးပွားရေးအတွက် Facebook) ဆိုတာကို Facebook က တရားဝင် ပံ့ပိုးပေးထားပါတယ်။ လူတွေ စီးပွားတက်လာပြီး ငွေကြေး အဆင်ပြေလာရင် ပိုမိုသာယာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်ကြလိမ့်မယ်လို့ Facebook က ယုံကြည်တဲ့အတွက် လုပ်ဆောင်ထားတာပါ။ Google ကနေ Facebook for Business ဆိုပြီး ရှာကြည့်လိုက်ရင် Video သင်ခန်းစာတွေ လုပ်နည်းလုပ်ဟန်တွေ အခမဲ့ သိရှိနိုင်မှာ ဖြစ်ပါတယ်။ 💰💵💳
၃။ Messenger Application
Messenger ဟာ တစ်ဦးနဲ့တစ်ဦး စကားပြောဖို့ Chat လုပ်ဖို့ ကူညီပေးတဲ့ Application လေးတစ်ခုပါ။ ဒါကိုအသုံးချပြီး ကိုယ့်ရဲ့ Facebook စီးပွားရေးလုပ်ငန်းမှာ ဆက်သွယ်ချိတ်ဆက် စကားပြောလို့ရပါတယ်။ Auto Reply လို စာအလိုအလျောက် ပြန်ပို့ပေးမယ့် စနစ်မျိုးကို မိမိ Laptop / Computer နဲ့ ချိတ်ဆက်သုံးစွဲပြီး လွယ်ကူစွာ လုပ်ဆောင်လို့ရပါတယ်။ 💰💵💳
၎။ Pages Manager Application
Facebook မှာ စီးပွားတက်အောင် လုပ်ရာမှာ မိမိရဲ့ ကိုယ်ပိုင် Account ကနေ စီးပွားရေး လုပ်မယ်ဆိုရင် ကိုယ်နဲ့ Friend ဖြစ်တဲ့သူကိုပဲ ချိတိဆက်ရောင်းချလို့ ရမှာပါ။ ဝယ်သူအသစ်တွေရဖို့ အကန့်အသတ်ရှိပါတယ်။ Page လုပ်ထားမယ်ဆိုရင် ပိုပြီး စီးပွားရေးနယ်ပယ် ပိုကျယ်ပြန့်လာမှာပါ။ ဒီအခါမှာ Page ကို ကောင်းကောင်း စီမံခန့်ခွဲတတ်ဖို့ Pages Manager Application ကို အသုံးချနိုင်ဖို့ လိုပါတယ်။ 💰💵💳
၅။ Facebook Ads Manager Application
Facebook မှာ Post တွေတင်တယ်။ ပုံတွေတင်တယ်။ ဒါပေမယ့် လူများများ မတွေ့ရဘူး။ Like မပေးကြဘူး။ Like တွေများပေမယ့် ပစ္စည်းတွေ မရောင်းရဘူး။ ဒါဆိုရင် ကိုယ်လုပ်နေပေမယ့် အကျိုးမရှိသလို ဖြစ်နေတာပေါ့။ မိမိရဲ့ လုပ်ငန်းကို လူပိုသိအောင် ကြော်ငြာမယ်။ ပစ္စည်းတွေပိုရောင်းထွက်အောင် Post တွေကို Boost လုပ်မယ် ဆိုရင် ဒီ Facebook Ads Manager Application လေးက အသုံးကျမှာ ဖြစ်ပါတယ်။ VISA Card နဲ့ ချိတ်ဆက်ပြီး မည်သူမဆို လွယ်ကူစွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ 💰💵💳
မိမိဖုန်းထဲမှာ လိုအပ်နေတဲ့ Application လေးတွေရှိနေရင် Google Play Store ကနေပြီး အခမဲ့ Download ရယူနိုင်ပါတယ်။ Laptop / Computer ရှိသူများ အနေဖြင့်လည်း စမ်းပြီးတော့ သုံးစွဲကြည့်နိုင်ပါတယ်။
ဒီ Post လေးကနေ အကျိုးတစ်စုံတစ်ရာ ရခဲ့မယ် ဆိုရင် Comment လေးနဲ့ အသိပေးပါဦး။ သိလိုတာလေးတွေ ရှိရင်လည်း မေးခဲ့ပါ။ ကူညီမျှဝေ ဖြေရှင်းပေးပါ့မယ်။
Click here to claim your Sponsored Listing.
Telephone
Website
Address
Padauk Street, Northokkalapa Township
Yangon
11031