NEC SOLAR
23/10/2025
ပွင့်လင်းရာသီမှာ ထားသင့်တဲ့ Setting
----------------------------------
မိုးကုန်လို့ ဆိုလာတွေ အရများလာပါတယ်။
ဆိုလာကို အကုန်အကျခံတပ်ထားလို့ မီတာခလည်း
သက်သာအောင်၊ အကျိူးရှိရှိ အသုံးချ ဖို့ အကြံပြုလိုက်ပါတယ်။
-
EPC အားသွင်းပိတ်မယ်
———————————-
ပထမ ဆုံးလုပ်ရမှာက ဘက်ထီအားသွင်းဖို့ ဆိုလာက လုံလောက်ပြီမို့
ကိုယ်နေတဲ့ ရပ်ကွက်၊မြို့နယ်က ညဘက်ကို မီးပေးတာများရင်
EPC အားသွင်းပိတ်သင့်ပါတယ်။ ခု လက်ရှိရန်ကုန်မှာ မီးပေးတဲ့ပုံစံက
နေ့ဘက် ၄ နာရီခြားပေးပြီး ညဘက်ဆိုရင်တော့ တညလုံးလာတာများပါတယ်။
ဒါဆိုရင် ညနေပိုင်းမှာအားပြည့်နေတဲ့ ဘက္ထရီက ဥပမာ ညနေ ၅ ကနေ ၉ ထိ ပျက်
တဲ့ ရက်မှာ သုံးလိုက်ပြီး ည ၉ နာရီ မီးပြန်လာရင် လျော့သွားတဲ့ ဘက်ထီကို
အားမသွင်းပဲ မနက်ထိထားလိုက်ပါ။ ဒါဆို မနက် မိုးလင်းတာနဲ့ ဆိုလာက အား
သွင်းပြီ။ ညနေပိုင်းကနေ နောက်နေ့မနက် ပိုင်းထိ မီးလာတဲ့ ရက်ဆိုရင်
ည ၁၁/၁၂ လောက်အထိ EPC က သုံးလိုက်ပြီး အဲနောက်ပိုင်းမှ
ဘက်ထီက သုံးလိုက်ရင် မနက်ကျ ဆိုလာနဲ့ အားသွင်းလို့ရတယ်။
တကယ်လို့ ကိုယ့်ဘက္ထရီအရွယ်အစားနဲ့ ညဘက် အသုံးက လောက်ရင်
တော့ ပွင့်လင်းရာသီမှာ EPC ကို လုံးဝ အပြီးပိတ်ထားလို့ရပါတယ်။ တဉီးနဲ့တဉီး
ဆိုလာတပ်ဆင်ထားပုံ၊ ဘက်ထီ အရွယ်အစား၊ ညဘက် အသုံးတွေက မတူညီ
နိုင်လို့ ကိုယ့်ဘာသာ ချိန်ရမှာပါ။ ပုံသေနည်းတော့ မရှိပါဘူး။
ကျွန်တော်က ဘက်ထီ လောက်ရင် EPC ကို လုံးဝ Off ထားချင်ပေမယ့်
ညဘက်ကျ အဲကွန်း ၂ လုံးဖွင့်တာမို့ တညလုံး မနိုင်လို့ ညဉီးပိုင်း epc က သုံးပါတယ်။
ည ၁၂ လောက်မှ epc အပြီးချ လိုက်ရင် မနက်ကျ 30/40% အကျန်နဲ့ ကွက်တိပါပဲ။
EPC က မီးပေးတဲ့ ပုံစံကလည်း အရေးကြီးပါတယ်။ နေ့ရော ညရော ၄ နာရီလာ ၄ နာရီ
ပျက် ပေးနေတာမျိုးဆိုရင် ဘက်ထီက ညဘက်မလောက်နိုင်ရင်တော့ လာချိန်မှာ
EPC ကလည်း ပူးတွဲ အားသွင်းရမှာပါ။
-
ဘက္ထရီ နှမျောဖို့မလို
---------------
အခု သုံးစွဲနေကြတဲ့ Lifepo4 Battery တွေက အမျိုးအစားကောင်းရင်
၅ နှစ်အထက် ၈ နှစ် ၁၀ နှစ် အေးဆေးခံတာမို့ ပေးထားရတဲ့တန် ဖိုးနဲ့ ညီအောင်
ထိုက်သင့်သလို သုံးပါ။ EPC မီးက စိတ်ချရရင် ညဘက် 20% ကျန်အထိသုံးပြီး မနက်မှ
ဆိုလာနဲ့သွင်းပါ။ EPC မီးက စိတ်မချရရင်တော့ အိုးထဲ 40/50% ချန်သုံးပါ။
ညဉီးပိုင်းထဲက ဘက်ထီက သုံးထားပြီး ညနက်ပိုင်း/မနက်လင်းခါနီးမှ
ဘက်ထီကလည်း ကုန်၊ epc ကလည်းပျက်ဆို ဒုက္ခရောက်မှာစိုးလို့။
ကျွန်တော် ဆိုရင် မနက်လင်းရင် ဘက်ထီထဲ အားအပြည့်ရှိနေတာမကြိုက်ပါဘူး။
ဆိုလာကနေလည်း အားသွင်းချင်သေးတယ်။ မီတာခလည်း လျော့စေချင်တယ်။ ကြီးကြီးကျယ်ကျယ်
ပြောရရင် EPC မီး မလောက်တဲ့အချိန်မှာ ကိုယ့်လိုအိမ်က အသုံးလျော့ ရင်
ကျန်တဲ့သူတွေပိုသုံးရတာပေါ့။
-
နေ့ပိုင်း EPC ပိတ်ထားပါ
----------------------
ဆိုလာ လောက်ပြီမို့ မနက် ၇ နာရီလောက်ဆို EPC in/ AC in
breaker ချထားပြီး ဆိုလာ/ဘက်ထီ တွဲသုံးပါ။ ဘက်ထီ အားပြည့်အောင်စောင့်
ဖို့မလိုပါ။ 30/40% လောက်ဆို ပုံမှန်သုံးလို့ရပြီ။
တခါတလေ မိုးအုံ့သွားလို့ ဥပမာ သုံးနေတာက ဝပ် ၃၀၀၀၊ ဆိုလာက ထွက်တာ ၂၀၀၀ ဆိုရင်
လိုတဲ့ ၁၀၀၀ ကို ဘက်ထီက ခဏကူလိမ့်မယ်။ နေပြန်ပွင့်သွားရင် လျော့သွားတဲ့ဘက်ထီကို
ဆိုလာက ပြန်သွင်းသွားမယ်။ သူ့ဟာနဲ့သူ အပတ်လည်သွားလိမ့်မယ်။
တယောက်က မေးတယ်။ epc ပိတ်သုံးရင်အင်ဗာတာ/ဘက်ထီ နာလားတဲ့။
အင်ဗာတာ/ဘက်ထီက နိုင်နင်းတဲ့ဝန်အားသုံးရင် မနာပါဘူး။
သုံးသာသုံးပါ။ ဘက်ထီအားပြည့်ပြီး အသုံးက သိပ်မရှိရင် ဆိုလာက မထွက်တော့ဘူး။
ထွက်လည်း အားတွေက သိမ်းစရာနေရာ၊သုံးစရာ ဝန်အားမှ မရှိတာ ဘယ်သွားထားရမလဲ။
အင်ဗာတာမှာပါတဲ့ ကွန်ထရိုလာက ဘက်ထီအားပြည့်မပြည့်၊ အသုံးဝန်အားကို အမြဲ detect လုပ်နေပြီး
လိုအပ်သလို စီမံသွားတာပါ။ သုံးစွဲသူက ဘာမှ လုပ်ဖို့မလိုပါဘူး။ အားလုံး အော်တိုပါ။
ညနေ ၄/၅ နာရီမှ epc ပြန်တင်ပါ။
-
ဆိုလာမတပ်ထားရင်
--------
ဆိုလာမပါဘဲ အင်ဗာတာ/ဘက်ထီပဲ တပ်ထားသူတွေကတော့ ရှင်းပါတယ်။
မီးလာနေသမျှ မီးက သုံး၊ မီးပျက်ရင် ဘက်ထီက သုံးတာမို့ ပုံမှန်အတိုင်းသုံးရုံပါပဲ။
တချို့က အားသွင်းလိုက်၊ ပြည့်ရင် ဘက်ထီက သုံးလိုက်၊ ပြန်အားသွင်းလိုက် လုပ်တာ
ရှိသေးတယ်။ မလိုအပ်ပါဘူး။ မီတာ တက်တာကလည်း တက်မှာပဲ။ ဘက်ထီ သက်တမ်း
သာ ထိခိုက်နိုင်ပါတယ်။ cycle count တက်တာပဲ အဖတ်တင်မယ်။
မီးလာတာများလို့ ဘက်ထီက အမြဲလိုအားပြည့်နေရင် တလ တစ်ခါလောက် ဘက်ထီထဲက
20% လောက်ကျန်တဲ့အထိ သုံးပါ။ ပြီးရင် အားပြည့်အောင် ပြန်သွင်းပြီး stand by ထားပါ။
အင်ဗာတာ /ဘက်ထီ back up တပ်ထားပြီး ဆိုလာမတပ်ရသေးရင် ခုချိန် တပ်လို့ကတော့
အကျိုးရှိမှာ သေချာပါတယ်။
-
NEC SOLAR
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
No. 1174, Thumana Road, 2/Taung Ward, Thaketa Township
Yangon
11241
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |