Epic Sports
03/11/2022
အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူး အန်တွမ် ဂရစ်ဇ်မန်းက အသင်း အနေနဲ့ ချန်ပီယံလိဂ်မှာ နောက်တဆင့် တက်ဖို့ မပြောနဲ့၊ ယူရိုပါလိဂ်ကို ရောက်ဖို့တောင် မထိုက်တန်ခဲ့ကြောင်း ဝန်ခံ ပြောကြားလိုက်ပါတယ်။
အက်သလက်တီကိုဟာ ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲမှာ ပေါ်တိုကို သရေကစားနိုင်ရုံနဲ့ ယူရိုပါလိဂ် ဝင်ခွင့် ရရှိနိုင်မှာ ဖြစ်ပေမယ့် ရှုံးနိမ့်သွားခဲ့တာကြောင့် အုပ်စု နောက်ဆုံး နေရာသာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဆီမြွန်နီရဲ့ အသင်းဟာ ဒီပွဲ မတိုင်ခင် ကာဒစ်ဇ်နဲ့ ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ရှုံးနိမ့်ထားခဲ့ပြီး ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းပါ ဆိုးရွားနေခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့်လည်း နည်းပြ ဒီယေဂို ဆီမြွန်နီရဲ့ အနာဂတ်က လှုပ်ခတ်နေပြီး ဂရစ်ဇ်မန်း ကလည်း “ကျနော် တို့က ချန်ပီယံလိဂ်မှာ ရှုံးထွက်အဆင့်ကို ရောက်ဖို့ မထိုက်တန်သလို ယူရိုပါလိဂ်ကို ပြောင်းကစားဖို့လည်း မထိုက်တန်ခဲ့ပါဘူး”
“ကျနော်တို့ တစ်ပွဲလောက် နိုင်ရုံနဲ့ ဒီအရာတွေ ဖြစ်နိုင်ပေမယ့် မလုပ်ပြနိုင်ခဲ့ပါဘူး။ အခုချိန်မှာတော့ ကျနော် တို့ရဲ့ ပါးစပ်တွေကို ပိတ်ပြီး တိုက်ပွဲဝင်ရတော့မှာပါ” လို့ ပြောကြားခဲ့ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon