Lin Thit Mobile

Lin Thit Mobile

Share

We can solve the difficulties of Mobile, Computer and Electronic Circuit, Software error, Hardware error, Networking, Satellite Technology, Ecommerce Website about their daily problem of IT Technologies and various hardware devices.

17/09/2019

power supply အကြောင်း

🔋🔋🔋🔋🔋🔋🔋🔋

Power supply အကြောင်းမပြောခင် ဘာကြောင့်သုံးရတယ်ဆိုတော့
Power နှိုးစမ်းကြည့်ဖို့ ဖုန်းကို PS ချိတ်လိုက်တာနဲ့
Amp တန်းတက်လာသလား နှိုးမှ တက်လာသလား
ဘယ်လောက်အထိ တက်လာပီး ဘယ်နေရာမှာ ရပ်သွားတာလဲ
တက်ပီး ပြန်ကျလာတာလား ရပ်နေတာလား
အဲသလို ကြည့်လိုက်တာနဲ့ ပြစ်ချက်ကို အကြမ်းဖျင်း မှန်းလို့ ရတတ်ပါတယ်

အဲဒါဆို Power နိုးခြင်းကို သိသလောက်လေး အကြမ်း ပြောကြည့်မယ်ဗျာ
ဖုန်းကို Battery တတ် (သို့) PS ချိတ်လိုက်တာနဲ့
ဖုန်းက ကောင်းနေမယ်ဆိုရင် Power Key မှာ ဗို့အားတခု စရောက်လာပါတယ်
Qualcomm ဖုန်းတွေမှာ 1.7V ခန့်နဲ့ MTK ဖုန်းတွေမှာ 3.7V ခန့်ပါ
အဲသလို ဗို့တခုခှုရှိနေတာကို high level (1) လို့ ပြောကြပါတယ်
Power Button ကို နှိပ်လိုက်ရင် Power Key ဟာ low level (0) ကို ဆင်းသွားချိန်မှာပဲ PMU နဲ့ ချိတ်ဆက်ထားတဲ့ Crystal က ထုတ်ပေးတဲ့ လှိုင်းကြောင့် PMU စတင်ပြီး အလုပ်လုပ်လာပါတယ်
PMU IC ကနေ CPU အတွက် ဗို့အားလမ်းနှစ်ကြောင်းထုတ်ပေးပါတယ်
အဲဒီအချိန်မှာ PS ရဲ့ Amp မီတာမှာ 0.07A ဝန်းကျင် စတက်လာပါတယ်
CPU မှ ဖုန်းအတွင်းမှာရှိတဲ့ လမ်းကြောင်းတွေကို စစ်ဆေးပြီး Error မရှိရင်
Power နှိုးခြင်းလုပ်ငန်းကို ခေတ္တရပ်ဆိုင်းလိုက်ပါတယ် (Reset)
အဲဒီအချိန်ဟာ 1Sec ကျော်လောက်ပဲ ကြာတတ်တာမို့ power button ကို ဆက်နှိပ်မထားရင် power ဆက်မနိုးတော့ပါဘူး
3Sec ကျော်အထိ ဆက်နှိပ်ထားမယ်ဆိုရင်တော့
Baseband Chip က PMU ဆီကို Power နှိုးကြောင်းအတည်ပြုပေးလိုက်တဲ့အတွက်
PMU မှ power နှိုးခြင်း လုပ်ငန်းစဉ် ပြန်လည် စတင်ပါတယ်
CPU အတွက် 1.1V 1.2A လမ်းကြောင်းနှစ်ကြောင်းနဲ့အတူ
eMMC အတွက် digital volt ဖြစ်တဲ့
1.8V ကို လဲ ဆက်လက် ထုတ်ပေးလိုက်ပါတယ်
CPU နဲ့ eMMC တို့ ချိတ်ဆက်ပြီးလို့
eMMC စတင် အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်ရင်
Analog volt 2.8V ကို ဆက်လက်ထုတ်ပေးပါတယ်
(တချို့ဖုန်းတွေမှာ RAU DC DC Conventer အသုံးပြုပီး 2.8V ထုတ်ပေးတတ်ပါတယ်)
eMMC ကို နှိုးနေတဲ့အချိန် PS မှာ 0.2A ဝန်းကျင်မှာ လှုပ်နေတတ်ပါတယ်
OS နိုးသွားလို့ ကျန်တဲ့ wirless , network စတဲ့ အပိုင်းတွေ ဆက်လက် ချိတ်ဆက်မိသွားရင်
0.45A ဝန်းကျင်မှာ လှုပ်နေတတ်ပါတယ် ခဏအကြာ 0.3A ဝန်းကျင်ကို ပြန်ကျသွားပီး
ဒီအတိုင်း ဘာမှမနှိပ်ပဲ ထားလိုက်ရင် Sleep mode ဝင်ပီး 0.1A - 0.2A ဝန်းကျင် ပြန်ကျသွားပါတယ်

အဲဒီ လုပ်ငန်းစဉ်ကို အကြမ်းဖျင်းလောက်သိထားရင်
PS က Amp ကို ကြည့်လိုက်တာနဲ့ Error ကို မှန်းလို့ ရတတ်ပါတယ်
Dead Short (standby short) နဲ့ Loading Short (running short) တို့ မဟုတ်ရင်တော့ 1A - 2A PS နဲ့ စမ်းလို့ အဆင်ပြေပါတယ်
Amp အသုံးများတဲ့ တချို့ဖုန်းတွေမှာဆိုရင်တော့
Amp နဲတဲ့ 1A - 2A နဲ့စမ်းရင် power ပြန်ပြုတ်ကျတတ်ပါတယ်
BSI ပါဖို့ လိုအပ်တဲ့ဖုန်းတွေမှာလဲ power ပြန်ပိတ်သွားတတ်ပါတယ်

1A - 2A PS တွေက ထုတ်ပေးထားတဲ့အထွက်လမ်းကြောင်းမှာ ရှော့ရှိနေရင်
အထွက်ဗို့ကို ချက်ခြင်းပိတ်ပစ်တဲ့ protector စနစ် ထည့်ထားပါတယ်
အဲဒါကြောင့် ရှော့ရှိနေတဲ့ ဖုန်းတွေကို စမ်းဖို့ အဆင်မပြေပါဘူး

5A နဲ့ အထက် PS တွေမှာတော့ အထွက်လမ်းကြောင်းရှော့ရှိနေရင် ပိတ်ပစ်တဲ့ protector စနစ် မပါတတ်ပါဘူး အဲသလို မပါတဲ့အတွက် ဖုန်းထဲမှာ ရှော့ရှိနေရင် ရှော့ကျတဲ့ ကွန်ပို့နင့် (component) လေးတွေက Amp ပုံမှန်ထက် ပိုစားတာကြောင့် ပူလာတတ်ပါတယ်
လက်နဲ့စမ်း ခဲငွေ့ရိုက်ရှာပီး ပူတဲ့ကွန်ပို့နင့်လေးတွေကို ရှာကြပါတယ်

သတိပြုရမှာက
1A - 2A PS က အမှားခံတတ်လို့ တော်ရုံနဲ့ မှားချိတ်လဲ အပျက်အစီး နည်းတတ်ပါတယ်
5A PS ကတော့ အမှားမခံတတ်လို့ အကိုင်အတွယ်မှားရင် ချက်ခြင်း လောင်ကျွမ်းတတ်ပါတယ်

5A ဝယ်မယ်ဆိုရင် 5A အပြည့်ထွက်မထွက် စစ်ဆေး ဝယ်ယူသင့်ပါတယ်
ဈေးကွက်ထဲမှာ နှစ်မျိုးတွေ့တတ်ပြီး တမျိုးက ထရန်စဖေါ်မာကွိုင် ( Transformer Coil ) ကို သုံးပါတယ်
သူ့ကို မ ကြည့်ရင် အလေးချိန်များပါတယ် အကြမ်းခံပြီး အပိုပစ္စည်း ဝယ်ဖို့လွယ်မယ်ထင်ပါတယ်
နောက်တမျိုးက ကွန်ဗါတာ ( Converter ) စနစ် သုံးထားတဲ့အတွက်
အလေးချိန် ပေါ့ပြီး PS ထုထည် ကျစ်လစ်ပေါ့ပါးပါတယ် ပုံစံသွက်ပါတယ်
5A ပြည့်မပြည့် စစ်ဖို့ဆိုရင် Amp control ကို အကုန်တင် Volt ကို 5V လောက်ထားပြီး Output Volt ကြိုးနှစ်စကို ပူးကြည့်ပါ
Amp မီတာမှာ ပေါ်လာတဲ့ Amp က PS ကထုတ်ပေးတဲ့ အမြင့်ဆုံး Amp ပါ
တချို့ PS တွေမှာ 15V လောက်ထားစမ်းရပါတယ်
ကျနော်တို့ မိုဘိုင်းဆားဗစ်သမားတွေက 4V ဝန်းကျင်ပဲ အများဆုံးသုံးတတ်တာမို့ 5V မှာ စမ်းပြီး ဝယ်သင့်ပါတယ်

5A Power Supply

ပါဝါမနိုးခြင်း(no power)ထဲမှ၊ရှောစ့်(shock)ဖြစ်သောဆားကစ်ဘုတ်ပြားအားစမ်းသပ်ရာတွင်အသုးံပြုသော 5 Ampere power supply အကြောင်းကိုပြောကြားပေးသွားမှာဖြစ်ပါတယ်။

5 Ampere Power Supply မှာဆိုရင်လည်း တံဆိပ်အမျိုးမျိုးဝင်ရောက်လျှက်ရှိကြပါတယ်ခင်ဗျာ။ဈေးနှုန်းများကတော့

၅သောင်းလောက်မှစတင်၍ ၆သောင်းခွဲ၊၇သောင်းလောက်ထိတော့ရှိပါတယ်လိုပြောကြားချင်ပါတယ်ခင်ဗျာ။

အခုကစတင်ပြီးတော့ 5ampere power supply နဲ့ပတ်သက်ပြီးတော့ပြောပြသွားမှာဖြစ်ပါတယ်။

၎င်းpower supply သည်၊နိုးပါဝါရှော့စ်ကျသောအခါ၍အသုးံပြုရမည်ဖြစ်ပါသည်။

(ရှောစ့်ထဲမှာမှ input shock ကိုစမ်းသပ်ရခြင်း)5Ampereတွင်ပါဝင်သောFunction အစိတ်အပိုင်းများမှာတော့

5A PS ၏ညာဘက်အောက်တွင်တွင်တည်ရှိသောနီ၊၀ါ၊နက်ပင်ပေါက်များသည်ဆားကစ်ဘုတ်ပြားတွင်

တည်ရှိသော Battery connector ငုတ်များအားချိတ်ပေးရမည် power supply ကြိုးပေါက်များဖြစ်ပါတယ်။

၎င်းpower supply ကြိုးပေါက်ချိတ်ဆက်ရာတွင်အနီကြိုးသည်အနီပေါက်သို့ထည့်ရမည်ဖြစ်ပြီး၊

အနက်ကြိုးသည်အနက်ပေါက်သို့ထည့်ရမည်ဖြစ်ပြီး၊အရောင်ပေါက်သည်ဆားကစ်ဘုတ်ပြားအား

Ground(GND)ချသောအပေါက်ဖြစ်ပါတယ်။Ground ဆိုသည်မှာအနုတ်ဓတ်ပိုမိအောင်ထည်သွင်းးထား

ခြင်းဖြစ်ပါ။ခြုံပြီးပြောရမယ်ဆိုရင်တော့cicuit boardအားပါဝါကြွေးသော၊ပင်ပေါက်များဖြစ်ပါတယ်။

နောက်functionတစ်ခုကတော့အနီ၊အ၀ါ၊အနက်ရောင်ပင်ပေါက်များရဲ့အပေါ်တွင်တည်ရှိသော

သင်္ကေများမှာတော့voltageလို့စာသားရေးသားပြီးအောက်တွင် adjust control နှစ်ခုပါဝင်ပါတယ်။

Voltage ဆိုသောစာသားသည်ဗို့အားကိုဖော်ညွှန်းထာခြင်းဖြစ်ပြီး adjust control နှစ်ခုသည်ဗို့အားကို

အတိုး၊အရှော့ပြုလုပ်ပေးသော control ဖြစ်ပါတယ်။ဗို့အားပေးရာတွင်မိုဘိုင်းလ်ဖုန်းပြုပြင်သောကြောင့်

D-C 4V to 5V ပေးသွင်းရမှာဖြစ်ပါတယ်။မှတ်ချက်။။5V ထက်ကျော်ပေးပါက circuit board ပေါ်တွင်တည်ရှိသော

I.C(integrated circuit) များနှင့်P.C.B(printed Circuit Board) ပတ်လမ်းများအားပျက်ခြင်း(သို့မဟုတ်)

ဆားကစ်ဘုတ်ပြားအားရှော့စ်ကျခြင်းတို့ဖြစ်တက်ပါတယ်။ဗို့ပေးရာတွင်အသုးံပြုရမည့် adjust control နှစ်ခုမှာ

ညာဘက်adjust control သည်ပေးချင်သောဗို့အားကိုလိုအပ်သလိုအမြန်တင်သုးံရသော control ဖြစ်ပါတယ်။

ဘယ်ဘက် adjust control သည်မိမိပေးချင်သောဗို့အားကိုပွိုင့်ဗို့ခြင်းတင်၍အသုးံပြုရခြင်းဖြစ်တယ်လို့

မှာကြားချင်ပါတယ်။

နောက်ထပ်functionအနေအထားကတော့Currentလို့ရေးသားဖော်ပြပေးထားခြင်းစာသားဖြစ်ပြီး၊

စာသား၏အောက်ဘက်တွင်တည်ရှိသော adjust Control နှစ်ခုသည် current လို့ခေါ်ဆိုသော ampere နှုန်းကို

adjust control ပြုလုပ်ပေးသော control ဖြစ်ပါတယ်။၎င်း adjust control သည်မိမိစမ်းသပ်လိုသော

ရှောစ့်ကျသောဆားကစ်ဘုတ်ပြားအား Battery connector ၏ပင်ငုတ်များအားပါဝါဗို့အား

4v to 5v ကြွေးပြီးပါက5APowerSupply တွင်ပါရှိသော L.C.D. digital ဂဏန်းများအား L.C.D

ဒိုင်ခွက်ပေါ်တွင်ampereနှုန်းကိုဖော်ပြပေးပါလိမ်မည်။ပြသနေသော ampere နှုန်းဖြင့်ရှောစ့်မပြသပါက

currentဆိုသာစောသားအောက်တွင်adjust controlနှစ်ခုကိုအသုးံပြုရမည်ဖြစ်ပါသည်။

ညာဘက် control ကတော့ ampere ကိုမိမိလိုအပ်သလောက်တင်ပြီး၊သုးံရမှာဖြစ်ပြီးဘယ်ဘက်က

controlကတော့ ampere နှုန်းကိုပွိုင့်လောက်တန်ဖိုးအတိုးအလျှော့လုပ်အသုးပြုရမှာဖြစ်ပါတယ်။

Current စာသားနှင့် Voltage ဆိုသောစာသားနှစ်ခုကြားတွင်တည်ရှိသောခလုတ်လေးသည် ampere

Low ampere နှင့် High ampere ကိုဖော်ပြပေးတာဖြစ်ပါတယ်။၎င်းခလုတ်သည်မိမိအသုးံပြုချင်သော

amprreအနည်း၊အများကိုရွေးချယ်ပေးရခြင်း ဖြစ်ပါတယ်။တစ်ချို့ရှော့စ်များသည် ampere အနည်းတွင်ထားစမ်း၍

မရနိုင်ပါသဖြင့်ampereအများခလုတ်တွင်ထားစအ်းမှသာလျှင့်ရပါသည်။

မှတ်ချက်။။ရှောစ့်ကျနေသာဆားကစ် ဘုတ်ပြားသည် 5A Power Supply ဖြင့်စမ်းသပ်ရာတွင်

ရှောစ့်ကျသောI.C ,Cap:,Res:Dio:,F.E.T (Q) များသည်တစ်ခြားအလုးံ (သို့မဟုတ်)ပစ္စည်းများ

ပူနေပါလိမ်မည်။၎င်းပူနေသာအလုးံအားရှောစ့်ကျ၍ ပျက်နေခြင်းဟုသိရပါလိမ်မည်။

ပူနေသောဖြုတ်ပေးမှသာလျှင်ပါဝါနှိုးပါလိမ်မည်။ နောက်ဆုးံကျန်ရှိနေသာ function အစိတ်အပိုင်း

ကတော့ Voltage အပေါ်တွင်တည်ရှိသောL.C.DDigitalဒိုင်ခွက်နှင့် Current စာသား၏အပေါ်ဘက်တွင်

တည်ရှိသော L.C.D Digital ဒိုင်ခွက်ကတော့ မိမိတိုအသုးပြုနေသောဗို့အားနှင့်အင်ပီယာအား

တို့ကိုဘယ်လောက်တန်ဖိုးရှိသလဲဆိုတာကိုဖော်ပြပေးသောဂဏန်းများဖြစ်ပါတယ်။R.F(radio frequency) နှုန်းကို

ဖော်ပြပေးထားခြင်းဖြစ်ပါတယ်။ဘယ်လိုအသုးံပြုကြလဲဆိုတော့မိုဘိုင်းလ် radiation frequency လှိုင်းနဲ့ချိတ်မိနိုင်၊

မမိနိုင်ကိုradio frequency လှိုင်းတန်ဖိုနဲ့ဖော်ပြပေးသွားမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ပါဝါဆက်ပလိုင်း

ချိတ်သောပင်ပေါက်အနီ၊အ၀ါ၊အနက်ရောင်ပေါက်ရဲ့ဘေးတွင်ရှိသောခလုတ်ကတော့ 5 ampere power

Supply ၏ power ခလုတ်အဖွင့်အပိတ်ဖြစ်ပါတယ်လို့ပြောကြားရင်းနဲ့ဘဲဒီမှာပဲနိဂုန်းချုပ်အပ်ပါတယ်ခင်ဗျာ။

မိုဘိုင်းလ်ဖုန်း Hardware နည်းပညာအားလေ့လာချင်သူများအတွက်ကြိုဆိုပါတယ်ခင်ဗျာ။

Hardware ပညာရပ်သည်ဝါသနာပါမှသာလျှင်တတ်မြောက်ကြမှာဖြစ်ပါတယ်။

အဲဒီတော့မိမိကိုမိမိဝါသနာပါမပါကိုအရင်စမ်းစစ်ပါ။ဝါသနာပါလို့ကတော့

အချိန်ကုန်လို့ကုန်မှန်းတောင်သိမှာမဟုတ်ပါဘူး။

ကိုယ်ပြင်တဲ့ဖုန်းပြန်ကောင်းသောအခါမှာစိတ်ထဲမှာအရမ်းကြည်းနူးဖို့ကောင်းပါတယ်။ကြိုးစားကြပါလို့ပြောချင်ပါတယ်ခင်ဗျာ။

Photos from Lin Thit Mobile's post 31/08/2019
Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon