Sir Zaw-Basic Civil Engineering Class

Sir Zaw-Basic Civil Engineering Class

Share

Photos from Sir Zaw-Basic Civil Engineering Class's post 14/11/2024

10”x10” RC column တိုင် တစ်လုံးသည် တန်ဘယ်လောက် ထမ်းနိုင်ပါသလဲ

fc’ = 2500 Psi ရှိတဲ့ ကွန်ကရိကို သုံးပါမယ်

P=0.44 fc’Ag
P= 0.44x 2500x 100
P= 110000Lb
P= 55 tons

ကွန်ကရိသား ချည်းပဲ ၅၅ တန် ထမ်းနိုင်ပါတယ်

Fy= 50000 Psi ရှိတဲ့ rebar ကို 1% ထည့်ပါမယ်
P’= 0.44 fy As
P’= 0.44x 50000x 1
P’= 22000Lb
P’= 11 tons

သံချောင်းထည့်ပေးရင် 1% တိုင်းသည် ၁၁ တန် (ကွန်ကရိနေရာ အစား ပြန်ဖယ်ပါက ~ ၁၀ တန်) ကူထမ်းပေးပါတယ်

သည့်အတွက် 10”x10” RC column တိုင် တစ်လုံးသည် ပျမ်းမျ
P=55+10= 65 tons ထမ်းနိုင်ပါတယ်။

fc’= 2000psi ပဲ ရှိတဲ့ ကွန်ကရိကို သုံးရင်တော့
ကွန်ကရိသားချည်း 44 tons နဲ့ သံချောင်းအား 1% အတွက် ၁၁ တန် အပြည့်ယူလိုက်ရင် 55 တန် ထမ်းနိုင်ပါမယ်။

သာမန် လူနေအိမ်တွေမှာ ပုံမှန် ခန်းဖွဲ့ ဖွဲ့ရင် တိုင်တစ်လုံးသည် တစ်ထပ်ကို 25 တန်ခန့် ထမ်းရပါတယ်။
10”x10” တိုင်သည် ၂ ထပ်စာ တော့ ကောင်းကောင်းနိုင်ပါတယ်၊ rebar ကစားပေးပြီး ပုံမှန်ခန်းဖွဲ့ သုံးထပ် အထိ သုံးနိုင်ပါတယ်၊
Rebar 1sqin သည် ၁၀ တန် ဝန်းကျင် ထမ်းတာမို့ သံချောင်း သက်သက် ကစားမယ် ဆိုရင် တစ်ထပ်စီ အတွက် 2.5 sqin လောက် ကစားပေးလို့ ရပါတယ်။

Engineering practice အရတော့ အရွယ်တူ Column ထဲ rebar ထည့်ရင်
Ground floor အတွက် 3%
1st floor အတွက် 2%
2nd floor အတွက် 1% ထည့်လေ့ ရှိကြပါတယ်
(Theory အရတော့ 5%, 3%, 1% ဖြစ်သင့်ပါတယ်)

Seithu Min ရေးသားသည်

Want your university to be the top-listed University in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


M301, Sanchaung Garden Residence, Sanchaung Street, Sanchaung Tsp
Yangon