UNDP Myanmar

UNDP Myanmar

Share

09/04/2026

From code to crops 🌾

At a recent AI for Climate-Resilient Agriculture Hackathon, young developers created solutions to support farmers with real-time insights, from weather forecasts to market prices and crop guidance.

Through the UNDP-supported Frontier Tech Leaders Programme, they are learning new skills, applying them to real-world challenges, and helping build a more resilient future.

🔗 Learn more about this exciting initiative:
https://www.undp.org/myanmar/stories/code-crops-myanmars-young-innovators-are-building-climate-resilient-future

Photos from UNDP Myanmar's post 28/03/2026

ငလျင်ဘေးဒဏ်ကြုံတွေ့ရပြီး တစ်နှစ်အကြာမှာတော့... မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးခရီးလမ်းကို အကျိုးခံစားရမယ့် ရပ်ရွာလူထုကိုယ်တိုင်ကပဲ ဦးဆောင်ပြီး လမ်းခင်းပုံဖော်နေကြပြီ ဖြစ်ပါတယ်။ မိမိတို့ကျေးရွာ ပြန်လည်တည်ဆောက်ရေးမှာ ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်နေတဲ့ မမွန်မွန်ဦး နဲ့ သူမဆိုင်ကို ဖောက်သည်တွေ ပြန်လာလို့ ပြန်လည်အသက်ဝင်လာတဲ့ ဆိုင်ပိုင်ရှင် ဒေါ်ခင်စန်းလွင် တို့လို ဒေသခံသူရဲကောင်းတွေရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဖော်ပြတဲ့ ဖြစ်ရပ်မှန်ဇာတ်‌လမ်းလေး တစ်ပုဒ် ဖြစ်ပါတယ်။

ဒီပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ ရပ်ရွာလူထုရဲ့ စုပေါင်းအင်အားနဲ့ ဖော်ဆောင်နေတာဖြစ်ပြီး မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ မိတ်ဖက်အဖွဲ့တွေကလည်း ဝိုင်းဝန်းကူညီပေးနေကြတာပါ။
UNDP က ထောင်နဲ့ချီတဲ့ ရပ်ရွာလူထုတွေနဲ့လက်တွဲပြီး အိမ်တွေပြန်ပြင်တာ၊ ရွာအတွက် လိုအပ်တဲ့စီမံကိန်းတွေကို ဦးဆောင်လုပ်ကိုင်ပေးနေသလို၊ UNHCR ကလည်း အသစ်ပြန်ပြင်ထားတဲ့ လမ်းတွေမှာ ညဘက်ဆိုရင် ဘေးကင်းကင်းနဲ့ သွားလာလို့ရအောင် ဆိုလာလမ်းမီးတိုင်တွေ တပ်ဆင်ပေးနေပါတယ်။ တစ်ချိန်တည်းမှာပဲ ILO က လူငယ်လုပ်သားတွေကို ဆောက်လုပ်ရေးဆိုင်ရာ ကျွမ်းကျင်မှုတွေ ရှိလာအောင် ပျိုးထောင်ပေးနေတဲ့အတွက် ရွာကိုပြန်လည်တည်ဆောက်ရင်းကနေ သူတို့ရဲ့အနာဂတ်အတွက် အလုပ်အကိုင်တစ်ခုအဖြစ်ကိုပါ ရရှိသွားစေမှာပါ။

အခုလို အရေးပါလှတဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို ပြန်ကောင်းအောင် လုပ်ပေးတာဟာ အဆောက်အအုံတွေကို ပြုပြင်ပေးရုံတင် မဟုတ်ပါဘူး။ ဒေသတွင်း စီးပွားရေးကို ပြန်ပြီး အသက်ဝင်လာစေသလို ရပ်ရွာလူထုကို စုစည်းစေတဲ့ နေ့စဉ်လူမှုဘဝတွေကိုပါ ပြန်ပြီး ချိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။

အောက်ခြေကစပြီး ကျွန်တော်တို့တွေ ဘယ်လိုမျိုး ပြန်လည်တည်ဆောက်နေကြသလဲဆိုတာကို https://www.undp.org/my/myanmar/stories/nglngdnnsng-mnmaaniungngnttng-aeaakkhekc-pnlnnythuutheaangkhng
မှာ ဖတ်ရှုနိုင်ပါပြီ။

Photos from UNDP Myanmar's post 28/03/2026

A year after the earthquake, the road to recovery in is being paved by the very people it serves. This is a story of resilience led by local heroes like Mon Mon Oo, who supervises construction in her village, and Daw Khin San Lwin, whose shop is finally "alive again" now that customers can reach her door.

This recovery is a collective effort driven by the community and supported by the UN in Myanmar and its partners. While UNDP works alongside thousands of community members to lead housing repairs and local planning, UNHCR is brightening these newly restored roads with solar-powered streetlights to ensure safety after dark. At the same time, the ILO is partnering with young workers to build professional construction skills, turning the act of rebuilding a village into a career for the future.

By restoring these vital links, we aren't just fixing infrastructure—we are reviving local economies and reconnecting the daily routines that hold a community together.

Read how we are rebuilding from the ground up
https://www.undp.org/myanmar/stories/rebuilding-ground-myanmar

27/03/2026

One year on from 's earthquake, what lessons are emerging from recovery efforts?

In this interview, UNDP Myanmar's Resident Representative shares firsthand insights on why community-led recovery is essential, and how local leadership is shaping the path forward.

Read the full conversation.
https://www.undp.org/myanmar/blog/recovery-works-best-when-communities-lead

Photos from UNDP Myanmar's post 26/03/2026

လွန်ခဲ့တဲ့နှစ်က ငလျင်ကြောင့် အရာအားလုံး မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားခဲ့ရပါတယ်။ မြန်မာနိုင်ငံက မိသားစုအတော်များများအတွက်တော့ အဲ့ဒီနောက်ပိုင်းလတွေမှာ "ငါတို့ ဘယ်လိုကနေ ပြန်စကြမလဲ" ဆိုတဲ့ ခက်ခဲတဲ့ မေးခွန်းတစ်ခုနဲ့ ဖြတ်သန်းခဲ့ကြရတာပါ။
ပြန်လည်ထူထောင်ရေးဆိုတာ အလိုလိုဖြစ်လာတာမျိုး မဟုတ်ပါဘူး။ အဲ့ဒါက စိုက်ခင်းတွေထဲမှာ၊ ဈေးတွေထဲမှာ၊ ပြီးတော့ လူတွေရဲ့ နေ့စဉ်စားဝတ်နေရေး ပြန်အဆင်ပြေလာဖို့ ကြိုးစားရင်းနဲ့မှ ဖြစ်လာတာပါ။

UNDP၊ FAO အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ Mercy Corps လို မိတ်ဖက်အဖွဲ့အစည်းတွေအားလုံးက ဒီရပ်ရွာလူထုနဲ့ အတူလက်တွဲ ရပ်တည်ပေးခဲ့ကြပါတယ်။ ပြန်စဖို့လိုအပ်တဲ့ မျိုးစေ့တွေ၊ ကိရိယာပစ္စည်းတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးပြီး ကျွန်တော်တို့ဟာ "အကူအညီပေးရုံ" သက်သက်တင် မဟုတ်ဘဲ အိမ်နီးချင်းတွေကို ပြန်ပြီး ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်အောင် ကူညီပေးနေတာ ဖြစ်ပါတယ်။

တစ်နှစ်တာကာလအလွန်မှာ စိုက်ခင်းတွေထဲက မြင်တွေ့နေရတဲ့ အစိမ်းရောင် အပင်ပေါက်လေးတွေဟာ သီးနှံသက်သက်ထက် ပိုပါတယ်။ ဒါတွေဟာ ပြည်သူတွေရဲ့ အံ့မခန်း ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ဘယ်သူ့မှ နောက်ချန်မထားခဲ့ဘူးဆိုတဲ့ ကျွန်တော်တို့အားလုံးရဲ့ ကတိကဝတ်ကို သက်သေပြနေတာပဲ ဖြစ်ပါတယ်။ 🤝

↪️ ပြန်လည်ထူထောင်ရေး ခြေလှမ်းတွေကို ဘယ်လို စတင်ခဲ့သလဲဆိုတာ ဖတ်ရူ့နိုင်ဖို့ ယခု လင့်ခ်ကို နှိပ်ပါ https://www.undp.org/my/myanmar/stories/pthmkhelmmaacttngkhngttcncttaakhriinng-mnmaaniungngnrai-pnlnnythuutheaangre-uuuuphaaphaa-khelmmaa

Photos from UNDP Myanmar's post 08/03/2026

Today, we celebrate the strength, determination, and ambition of women across . 🇲🇲✨

Meet some of the remarkable women who are part of UNDP Myanmar initiatives. Through grants, training, and resources, they're creating new opportunities for themselves, their families, and their communities.

We support them to:
📚 Build skills
🎓 Get an education
📊 Grow their own business

These women are shaping brighter futures, proving that when women have the opportunity to thrive, entire communities benefit.

On International Women’s Day and every day, we stand by the women in Myanmar as they transform their futures.

Rights. Access. Justice.

04/03/2026

"When REVIVE came, I felt relieved."

In , following the devastating March 2025 earthquake, the United Nations Development Programme - UNDP and the
Ministry of Foreign Affairs, Republic of Korea are supporting communities to rebuild homes, recover essential services, and restore livelihoods.

This is early recovery. This is .

30/11/2025

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ရဲ့ ELearning Portal for MSMEs (https://msmelearning.mm.undp.org/)ကို တရားဝင်စတင်မိတ်ဆက်ပြီး (2) နှစ်အတွင်းမှာ အကောင့်ဖွင့်လေ့လာအသုံးပြုနေသူ (15,000) ကျော်သွားပြီဖြစ်ပါတယ်။ အကောင့်မဖွင့်ရသေးရင် အခုပဲ အကောင့်သစ်ဖွင့်ပြီး မိမိကြိုက်နှစ်သက်ရာစီးပွားရေးသင်တန်းကို မြန်မာဘာသာစကားနဲ့ အခမဲ့လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ အခုလေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (22) ခုရှိပါတယ်။ သင်တန်းတစ်ခုပြီးဆုံးသွားတိုင်း Final test ကို ဖြေဆိုအောင်မြင်ရင် UNDP က ပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) ကိုလည်း ရရှိမှာဖြစ်ပါတယ်။
ELearning Portal for MSMEs မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584
အကောင့်ဖွင့်တဲ့အခါ code က အီးမေးလ်ရဲ့ Spam folder ထဲ ရောက်နေတတ်တဲ့အတွက် မိမိအီးမေးလ်ရဲ့ Spam folder ကို စစ်ပေးဖို့ လိုအပ်ပါတယ်။
စီးပွားရေးဆိုင်ရာသင်တန်းတွေကို မိမိဖုန်းကနေ လေ့လာချင်ရင် "eLearning Portal mobile app"ကိုလည်း အောက်မှာပေးထားတဲ့ လင့်ခ်ကတစ်ဆင့် ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။
https://www.facebook.com/photo?fbid=719538084409131&set=a.255619310801013

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar) ရဲ့ eLearning Portal for MSMEs (https://msmelearning.mm.undp.org/)ကို တရားဝင်စတင်မိတ်ဆက်ပြီး တစ်နှစ်ကျော်အတွင်း အကောင့်ဖွင့်လေ့လာအသုံးပြုနေသူ (11,000) ကျော်သွားပြီဖြစ်ပါတယ်။ အကောင့်မဖွင့်ရသေးရင် အခုပဲ အကောင့်သစ်ဖွင့်ပြီး မိမိကြိုက်နှစ်သက်ရာစီးပွားရေးသင်တန်းကို မြန်မာဘာသာနဲ့ အခမဲ့လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ လောလောဆယ် လေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (22) ခုရှိပြီး MSMEတွေ အကြံပြုထားတဲ့ သင်တန်းအသစ်တွေကိုလည်း ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ ပြင်ဆင်မှုတွေလုပ်နေပြီး ထပ်မံဖြည့်စွက်သွားမှာ ဖြစ်ပါတယ်။...
ယခုလေ့လာနိုင်တဲ့ စီးပွားရေးဆိုင်ရာသင်တန်း (22) ခု
1. စီးပွားရေးလုပ်ငန်းပုံစံရေးဆွဲခြင်း (Business Model Canvas)
https://msmelearning.mm.undp.org/course/preview/612755417746f6207c5313f8
2. ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာနားလည်တတ်မြောက်မှု (Financial Literacy)
https://msmelearning.mm.undp.org/course/preview/63ae6609a7ddd00ae87e384a
3. ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု (Financial Management)
https://msmelearning.mm.undp.org/course/preview/63ae6a2ba7ddd00ae87e3b01
4. အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု (Food Safety & Quality Management)
https://msmelearning.mm.undp.org/course/preview/63f8658ba7ddd00ae87ed019
5. အမျိုးသမီးစွန့်ဦးတီထွင်ခြင်းနှင့် လုပ်ပိုင်ခွင့်စွမ်းအားမြှင့်တင်ခြင်း (Women Entrepreneurship and Empowerment)
https://msmelearning.mm.undp.org/course/preview/63e08deda7ddd00ae87eaf59
6. စတင်လုပ်ကိုင်သည့်လုပ်ငန်း၊ စွန့်ဦးတီထွင်မှုနှင့် ဆန်းသစ်တီထွင်ခြင်း (Startup, Entrepreneurship and Innovation)
https://msmelearning.mm.undp.org/course/preview/61e13665a7ddd00ae87d6271
7. လုပ်ငန်းအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး (Organizational Development)
https://msmelearning.mm.undp.org/course/preview/63c77730a7ddd00ae87e86a2
8. စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး (Business Development)
https://msmelearning.mm.undp.org/course/preview/622b0ed5a7ddd00ae87d8591
9. ဒစ်ဂျစ်တယ်ဆိုင်ရာ နားလည်တတ်မြောက်မှု (Digital Literacy)
https://msmelearning.mm.undp.org/course/preview/614c2b3a6bb88a1dcf4b5c99
10. ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation)
https://msmelearning.mm.undp.org/course/preview/63bbbd28a7ddd00ae87e68af
11. မြန်မာနိုင်ငံရှိ MSME များနှင့်သက်ဆိုင်သည့် ဉပဒေနှင့်စည်းမျဉ်းစည်းကမ်းမူဘောင်များ (Legal and regulatory environment for MSMEs in Myanmar)
https://msmelearning.mm.undp.org/course/preview/63f86ccda7ddd00ae87ed114
12. သဘာဝပတ်ဝန်းကျင်ကို အလေးထားသည့် MSME များ ဖွံ့ဖြိုးတိုးတက်ရေး (Green MSMEs Development)
https://msmelearning.mm.undp.org/course/preview/63e08b79a7ddd00ae87eaf09
13. eCommerce
https://msmelearning.mm.undp.org/course/preview/649bdb59d15eff976cb72e76
14. ဈေးကွက်ချဲ့ထွင်ခြင်းနှင့် အမှတ်တံဆိပ်မြှင့်တင်ခြင်း (Marketing & Branding)
https://msmelearning.mm.undp.org/course/preview/6139cb156bb88a1dcf4b493f
15. တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌ခြေခံအုတ်မြစ် (Basic) (Foundation of Responsible Business - Basic)
https://msmelearning.mm.undp.org/course/preview/6650401fdb94e1781658d2b9
16. တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများ၏ အ‌ခြေခံအုတ်မြစ် (Intermediate) (Foundation of Responsible Business - Intermediate)
https://msmelearning.mm.undp.org/course/preview/6673d852e7adb60364c85d06
17. ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှု (Risk Management)
https://msmelearning.mm.undp.org/course/preview/667e6037e7adb60364c93064
18.ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးလုပ်ငန်းဆီသို့ (Diversity, Equity and Inclusion for MSMEs)
https://msmelearning.mm.undp.org/course/preview/65769402550cef5b57e75aae
19. ဘဏ်များနှင့် အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းများထံမှ ချေးငွေများလျှောက်ထားရယူခြင်း (Access to Loans from Banks and MFIs)
https://msmelearning.mm.undp.org/course/preview/675013ec3f2bc1bcebe82bef
20. MSME များအတွက် ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (Corporate Governance for MSMEs)
https://msmelearning.mm.undp.org/course/preview/6772c9143f2bc1bcebf81a18
21. ထောက်ပံ့ကြေးများနှင့် စီမံကိန်းများ လျှောက်ထားရယူခြင်း (Access to Grants & Winning Projects through RFPs)
https://msmelearning.mm.undp.org/course/preview/67a1c09bca830a16edb0ddf6
22. MSME လုပ်ငန်းများတွင် AI ကို ထိရောက်စွာ အသုံးပြုခြင်း (AI for MSMEs)
https://msmelearning.mm.undp.org/course/preview/688b18532bc7d2f6ebd707f1
* အသုံးပြုသူလက်စွဲ (User Manual) ဒေါင်းလုတ်ဆွဲရန် လင့်ခ်https://msmelearning.mm.undp.org/policies/User_Manual_Version_1.pdf
…
eLearning Portal for MSMEs ရဲ့ထူးခြားချက်ကတော့ သင်ခန်းစာအားလုံး၊ ဗီဒီယိုအားလုံးကို "မြန်မာဘာသာစကား"နဲ့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ သင်ခန်းစာပါဝါပွိုင့်တွေကိုလည်း မြန်မာဘာသာနဲ့ ပြင်ထားပြီး ဒေါင်းလုတ်ဆွဲပြီးတော့ ကြိုက်တဲ့အချိန်၊ အင်တာနက်မရတဲ့အချိန်တွေမှာလည်း ပြန်လေ့လာနိုင်ပါတယ်။ ဒါ့အပြင် သင်တန်းတစ်ခုလေ့လာပြီးတိုင်း Final test ဖြေဆိုအောင်မြင်ရင် UNDP က ပေးတဲ့ သင်တန်းပြီးဆုံးကြောင်းလက်မှတ် (Certificate of Completion) ကိုလည်း အခမဲ့ရရှိမှာဖြစ်ပါတယ်။
….
"eLearning Portal mobile app"ကို ဒီလင့်ခ်ကတစ်ဆင့် ဒေါင်းလုတ်ဆွဲနိုင်ပါတယ်။
https://www.facebook.com/photo?fbid=719538084409131&set=a.255619310801013
eLearning Portal for MSMEs မှာ အကောင့်ဖွင့်ပုံ၊ သင်တန်းရွေးချယ်တက်ပုံ၊ ဖိုင်ဒေါင်းလုတ်ဆွဲပုံတွေပါတဲ့ ဗီဒီယိုဖိုင်ကို ဒီလင့်ခ်လေးနှိပ်ပြီး ကြည့်နိုင်ပါတယ်။
https://www.facebook.com/MMeLearningPortal/videos/1561949664633584
အကောင့်ဖွင့်တဲ့အခါ code က အီးမေးလ်ရဲ့ Spam folder ထဲ ရောက်နေတတ်တဲ့အတွက် မိမိအီးမေးလ်ရဲ့ Spam folder ကို စစ်ပေးဖို့လိုအပ်ပါတယ်။
….
UNDP Myanmar ရဲ့ eLearning Portal ဆိုင်ရာ စိတ်ဝင်စားဖွယ်အစီအစဉ်တွေ၊ သင်တန်းတွေကို အချိန်နဲ့တစ်ပြေးညီ အသိပေးကြေညာပေးသွားမှာဖြစ်လို့ Facebook, LinkedIn, Viber နဲ့ Telegram တွေမှာ အောက်ကလင့်ခ်တွေကိုနှိပ်ပြီး like & follow /subscribe လုပ်ထားဖို့ဖိတ်ခေါ်လိုက်ပါတယ်။
Facebook: https://www.facebook.com/MMeLearningPortal
Telegram: https://t.me/eLearningPortal4MSMEs
LinkedIn: https://www.linkedin.com/company/e-learning-portal-for-msmes/?viewAsMember=true
Viber: https://invite.viber.com/?g2=AQAsLo9aRL8%2BJFD5gqMAD3haTSHzG018a0TNOP6hUhWG0r%2BIooTwIw94dPaWa15S...
Sharing is caring!
လွတ်လပ်စွာ မျှဝေနိုင်ပါသည်။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


6, Natmauk Road, Tamwe Township
Yangon
11211

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00