Spring SYMP

Spring SYMP

Share

08/07/2021

📊...မသိသေးတဲ့ သူတွေ ခုထိ ရှိနေသေးလို့ပါ။

( 1 ) မနေ့က မနက် တစ်ယောက် အောက်စီဂျင် ရှာပေးဖို့ ဖုန်းဆက်လာတယ် ok ရှာပေးမယ်ပေါ့ ခု spo2 ဘယ်လောက်ရှိလဲ မေးတော့ 33 တဲ့ မရနိုင်တော့ဘူးလို့ ထင်ပေမဲ့ မပြောရက်ပါဘူး ရှာပေးတော့ ရပါတယ် လာယူမယ်တဲ့ လာယူတဲ့သူ ကျနော့ဆီရောက်တော့ ဖုန်းလာတယ် မယူခဲ့နဲ့တော့ ဆုံးသွားပီတဲ့ 😢😢
* spo2 90 လောက်ကတည်းက oxygen ပေးနိုင်ခဲ့ရင် အသက်ကိုကယ်နိုင်ခဲ့မှာ သူတို့မသိရှာဘူး *

( 2 ) သူငယ်ချင်း ၁ယောက်က သူ့အဒေါ် နေမကောင်းဘူး ပြောလို့ oxygen အိုးရှာပီး ပေးထားတယ် spo2 တိုင်းစက် ဝယ်ပေးထားတယ်နေ့လည်က ဖုန်းဆက်လိုက်တယ် မင့်အဒေါ် ဘယ်လိုနေလဲပေါ့ ကောင်းတယ်တဲ့ (ပေါ့ပေါ့ပါးပါးဘဲ )အစားလဲစားတယ်တဲ့ spo2 ဘယ်လောက်ရှိလဲ မေးတော့ 80 တဲ့ oxygen ပေးထားလား မေးတော့ မပေးဘူးတဲ့ မမောလို့တဲ့
* တကယ်ဆို spo2 80က စိုးရိမ်ရမဲ့ အခြေနေရောက်နေပါဘီ သူတို့က မသိရှာဘူး*

( 3 ) ညနေက သူငယ်ချင်း ၁ယောက်နဲ့ လမ်းမှာ တွေ့လို့ နှုတ်ဆက်တာ ဆေးသွား၀ယ်ပေးတာတဲ့ ဘယ်သူဘာဖြစ်တာလဲ မေးတော့ သူ့အစ်ကို နေမကောင်း တာတဲ့ ကိုလဲ ကိုသိသလောက် spo2 တိုင်း လား oxygen ရှာထားပီးလား မေးတော့ တိုင်းတယ် ကောင်းတယ် 89/90 တဲ့ oxygen က အိုးကြီး၀ယ်ထားတယ်တဲ့ အာ့ဆွင် oxygen ရှူခိုင်းတော့ 90 ဆိုရင် နဲတယ် ပြောလိုက်တာ ခုနက ဖုန်းဆက်ပီး အခြေနေ ဘယ်လိုလဲ မေးတော့ spo2 70 တဲ့ oxygen မပေးထားဘူးတဲ့ ဘာလို့လဲဆိုတော့ မောမှမမောတာလို့ ပြောတယ်တဲ့ လူနာက
* သူ့အသက် အန္တရာယ် စိုးရိမ်နေရပီဆိုတာ သူမသိရှာဘူး *

ပေးထားလိုက်တော့ လို့ ပြောပီး ဖုန်းချ ပီမှ သတိရလို့ ချက်ခြင်း ဖုန်းပြန်ခေါ် oxygen ပေးထားပီလား ဆိုတော့ ပေးထားပီတဲ့ ဘောလုံးလေး နံပါတ် ဘယ်လောက်မှာ ထားလဲဆိုတော့ ၂ တဲ့ ၄/ ၅လောက်ထားဖို့ ပြောလိုက်ရတယ်။

(ဘောလုံးလေးကို ၄/၅ လောက်မှာ ထားပီးပေးရင် 'ရှူး......' ဆိုတဲ့ အသံမြည်နေပါမည် လူတိုင်းနီးပါက အဲ့လိုဆို များတယ်ထင်ပီး လျော့တတ်ပါတယ် spo2 85 အောက်ဆိုရင် လျော့လို့မရပါ အနည်းဆုံး ၄ ထိတော့ ပေးရပါမည်)

ကိစ္စ သေးသေး လေးတေမို့ အရေးတယူ မပြောပြကြဘူး အာ့ကြောင့် ကျန်းမာရေး ဗဟုသုတ နဲတဲ့ ကျနော်တို့လို လူတေက မသိကြဘူး အသက်တေ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံး နေကြရတယ်😢😢

နောက်ထပ်အသက်များစွာ မဆုံးရှုံးစေလိုသော စေတနာဖြင့်

ကိုမျိုးမျိုး

ပြည့်ဖြိုးကြွယ် မှန်ဆိုင်

ခရက်ဒစ်

https://www.facebook.com/100013476165668/posts/1262213670904493/

"Oximeter on right middle finger အောက်စီမီတာ တိုင်းနည်း"

ဆရာခင်ဗျား O2 တိုင်းတဲ့အခါ လက်ညိုးမှာ ၉၃ ပြပြီး လက်ခလယ်မှာ ၉၆ ပြပါတယ်။ ပြန်တိုင်းလဲ ဒီလိုအဖြေပဲထွက်ပါတယ်။ ဘယ်လက်ချောင်းမှာတိုင်းရမယ် သတ်မှတ်ချက်ရှိလား။ ဘယ်လက်ချောင်းက အမှန်ဆုံးလဲ သိချင်ပါတယ်။

၁။ Which finger is best for the pulse oximeter? The right middle finger and right thumb have statistically higher value, making them perfect for a pulse oximeter.
Oximeter ကို ဘယ်လက်ချောင်းမှာ တိုင်းတာ အကောင်းဆုံးလဲ။

#ညာဘက်လက်ခလယ်နဲ့ညာဘက်လက်မတွေက_အဖြေမှန်နဲ့အနီးစပ်ဆုံးရတယ်။

၂။ Is 94 blood oxygen level low? Any reading between 94 - 99 or higher reflects normal oxygen saturation.
94 က အောက်စီဂျင် တနည်းနေပါသလား။

94 ကနေ 99 အထိအဖြေရတာ ပုံမှန်ဖြစ်တယ်။ ။

Source -ဒေါက်တာတင့်ဆွေ

Photos from Spring SYMP's post 23/04/2020

,

ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်
သတိပြုရမည့် အပူဒဏ်အန္တရာယ်များ
(၂၃-၄-၂၀၂၀)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon