Jiptoo

Jiptoo

Share

01/04/2024

April fool ရေ
တစ်ပါးသူ ရူးမှ ကိုယ်ပျော်ရမယ်ဆို
ကိုယ်ရူးပြီးပဲ တစ်ပါးသူ ပျော်ပါစေတော့..
JIPTOO (1-4-2016)

23/03/2024

ပျော်ပါသူငယ်ချင်း
စိတ်လွတ်ကိုယ်လွတ်ပျော်ရတာ ကောင်းတယ်မဟုတ်လား
ကိုယ့်ကုသိုလ်နဲ့ကိုယ် ပျော်ရတာလေနော့
ကုသိုလ်နည်းတဲ့သူတို့
သူတို့ထိုက်နဲ့သူတို့ရှိပါစေ။

ပျော်ပါသူငယ်ချင်း
ပျော်ခွင့်မရှိတဲ့သူတွေအတွက်ပါ
အတိုးချပြီးပျော်ပေးလိုက်စမ်းပါ ။
သူတို့လေးတွေ မင်းတို့ပျော်နေတာကြည့်ပြီး ရင်ထဲထိရှကြပါစေ။

ပျော်ပါသူငယ်ချင်း
စားကောင်းသောက်ဖွယ်အစုံအလင်ကို ရွေးချယ်ပြီး စိတ်တိုင်းကျမှစားပါ။
မနက်ညစာ ဘာမှန်းမသိတဲ့သူတို့တွေ မုဒိတာပွားနိုင်ကြပါစေ။

‌ေပျာ်ပါသူငယ်ချင်း
အမိအဘမောင်နှမတွေနဲ့ လုံလုံခြုံခြုံ နွေးနွေးထွေးထွေး
နေစရာမရှိတော့ဘဲ မိသားစု‌ေတွဘယ်ရောက်လို့ ဘယ်နှယောက်ကျန်မှန်း မသိရတဲ့သူတို့အတွက်
စာနာ‌ပေးစရာမလိုဘူး
ကိုယ့်မိသားစုမှမဟုတ်တာလေ

ပျော်ပါသူငယ်ချင်း
မင်းတို့ဒီလိုပျော်ရဖို့ အုတ်တစ်ချပ်သဲတစ်ပွင့်လေးတွေ
အများကြီး အများကြီး စတေးခံပေးထားတယ်။
မင်းတို့ပျော်နေတာကြည့်ပြီး သူတို့လေးတွေ ဝမ်းသာပေးနေကြမှာပါ။
မြေမှာကြွေတဲ့ကြယ်လေးတွေက
မင်းတို့ကမ္ဘာကြီးလှစေဖို့ ဆက်လင်းပေးနေဦးမှာပါ။
ပျော်ပါသူငယ်ချင်း

09/12/2023

စိတ်ဓာတ်တွေ ဖရိုဖရဲဖြစ်တိုင်း
နင့်ကို တောင့်တမိတတ်တဲ့အကျင့်လေး
ငါ ဘယ်လို ဖြေဖျောက်ရမလဲဟင်
JIPTOO (9-12-2023)

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon