Talk With Devil's
30/11/2025
ပထမပိုင်းကတော့စုတ်လွန်းလို့ဘာမှမပြောတော့ဘူးဂိုးရတယ့်နှစ်ဂိုးက set piece ကနေတဆင့်ရသွားတာ ဒီပွဲမှာ အဆင်ပြေသွားတယ် ယိုရိုဖက်က ယိုပေါက်ကို အချိန်မီ ကာလိုက်တာလည်း ကောင်းသွားတယ် ပယ်နတီကတော့ ပြောင်းထားတယ့်စည်းမျဉ်းကြောင့် မတော်တဆထိမိလို့ပြန်ကန်ခိုင်းတာပါ။ Shaw ကတော့ ဒီနေ့ပွဲအကောင်းဆုံးပါ။ ပဲလေ့စ်ကွင်းမှာ မနိုင်ခဲ့တာ 2021 ထဲပါ။ ပုံစံကောင်းနဲ့နိုင်တာမဟုတ်ပေမယ့် သုံးမှတ်ကတော့အဖိုးတန်ပါတယ်။
07/11/2025
ဒီလောက်ဆို စပါးနဲ့ပွဲကလန့်စရာဖြစ်လာပြီး 🥴
25/10/2025
ပထမပိုင်း ကွန်ညာဂိုးမရခင်ထိ တိုက်စစ်ကရုန်းကန်ခဲ့ရပြီ နှစ်ဂိုး ရပြီးမှာကစားတာ အချိတ်ဆက်တွေမိလာတယ် ပထမပိုင်းတပိုင်းလုံးရဲ့အသက်ကတော့ ကက်ဆီပါပဲ။ ဒုတိယပိုင်းမှာ ကစားပုံပိုတည်ငြိမ်လာပြီး ဂိုးရမယ့် အခိုက်တန့်တွေအများကြီးရခဲ့တယ် အန်ဘူမို ပထမအလုံးဆိုရင် အသင်းလိုက်ကစားပုံတတော်တော်လေးကောင်းတယ်း။ 70 မှာ ကစားအားချပြီး လူစားတွေလဲအပြီးမှာ ဘရိုက်တန်ရဲ့ တိုက်စစ်ဆင်တာခံခဲ့ရတယ် Drogu ရဲ့အမှားက အသင်းရဲ့ အရှိန်ကိုရပ်တန်ပေးလိုက်သလိုပဲ အဲ့နောက်ပိုင်း နှစ်ဂိုးပေးလိုက်ရတယ်။ မိုင်နူး နဲ့ အူဂါတေးက first line up ဘာလို့မရလဲဆိုတာ အခု ဒုတိယပိုင်းကသိသာတယ်။ Lammens ကို clean sheet လိုချင်ခဲ့ပေမယ့် ဒီနေ့လည်း သူ့ရဲ့ပုံစံကောင်းကိုဆက်ထိန်းထားတုန်းပဲ။ MOTM ကတော့ ဦးလေး ကက်ဆီပါပဲ။
Well done guys 💪🏽
19/10/2025
အန်ဖီးမှာနိုင်တာဗျာ အန်ဖီးမှာ
ကျွန်တော်တို့ ကိုးနှစ်ရ ကိုးလကြာအပြီးမှာ ပြန်နိုင်ခဲ့ပြီ ပျော်တာလက်တွေပါတုန်တယ်။ ဆာအဲ့လက်စ်လဲ ပွဲကြည့်စင်ကနေ ချောကလက်စားရင် ပျော်နေမှာပဲ
GGMU 🔥❣️
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Website
Address
Yangon