CEO Myanmar

CEO Myanmar

Share

02/06/2026

ဆရာ စံ-ဇာဏီဘို၏ ဇွန်လ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း

-----------------------------------

CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း ပရိသတ်များအတွက် ၁-၆-၂၀၂၆ ရက်မှ ၇-၆-၂၀၂၆ ရက်အထိ ဆရာ စံ-ဇာဏီဘို၏တစ်ပတ်စာဟောစာတမ်းကို ဖော်ပြပေးလိုက်ပါတယ်။

အပတ်စဉ်တိုင်း ဆရာစံဇာဏီဘိုဗေဒင်ဟောစာတမ်းကို ဖော်ပြပေးသွားမှာမို့ Page ကို Like & Follow လုပ်ထားနိုင်ပါတယ်။

မိမိဘယ်ရာသီဖွားဆိုတာကို သိချင်ရင်တော့ ... မိမိမွေးသည့်လ၊ ရက် (အင်္ဂလိပ်ပြက္ခဒိန်မှ) တို့ကို အောက်ဖော်ပြပါ ရာသီခွင်များနှင့် တိုက်၍ကြည့်ရှုနိုင်ပါတယ်။

(၁) ARIES (မိဿရာသီဖွား)
မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ ရက်အတွင်း မွေးဖွားသူများ

(၂) TA**US (ပြိဿရာသီဖွား)
ဧပြီလ ၂၁ ရက်မှ မေလ ၂၁ ရက်အတွင်း မွေးဖွားသူများ

(၃) GEMINI (မေထုန်ရာသီဖွား)
မေလ ၂၂ ရက်မှ ဇွန်လ ၂၁ ရက်အတွင်း မွေးဖွားသူများ

(၄) CANCER (ကရကဋ်ရာသီဖွား)
ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၂၂ ရက်အတွင်း မွေးဖွားသူများ

(၅) LEO (သိဟ်ရာသီဖွား)
ဇူလိုင်လ ၂၃ ရက်မှ သြဂုတ်လ ၂၃ ရက်အတွင်း မွေးဖွားသူများ

(၆) VIRGO (ကန်ရာသီဖွား)
သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ

(၇) LIBRA (တူရာသီဖွား)
စက်တင်ဘာလ ၂၃ ရက်မှ အောက်တိုဘာလ ၂၃ ရက်အတွင်း မွေးဖွားသူများ

(၈) SCORPIO (ဗြိစ္ဆာရာသီဖွား)
အောက်တိုဘာလ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက်အတွင်း မွေးဖွားသူများ

(၉) SAGITTARIUS (ဓနုရာသီဖွား)
နိုဝင်ဘာလ ၂၃ ရက်မှ ဒီဇင်ဘာလ ၂၁ ရက်အတွင်း မွေးဖွားသူများ

(၁၀) CAPRICORN (မကာရရာသီဖွား)
ဒီဇင်ဘာလ ၂၂ ရက်မှ ဇန်နဝါရီလ ၂၀ ရက်အတွင်း မွေးဖွားသူများ

(၁၁) AQUARIUS (ကုံရာသီဖွား)
ဇန်နဝါရီလ ၂၁ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်အတွင်း မွေးဖွားသူများ

(၁၂) PISCES (မိန်ရာသီဖွား)
ဖေဖော်ဝါရီလ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း မွေးဖွားသူများ

ဆရာ စံ-ဇာဏီဘို၏ မြန်မာ့ရိုးရာ အဋ္ဌဟောကိန်း (နေ့နံအလိုက်) များနှင့် ကံပွင့်လာဘ်ပွင့်အစီအစဉ်များ၊ လက္ခဏာပညာစာစဉ်များကို အောက်ပါ link တွင် ဝင်ရောက်လေ့လာဝယ်ယူနိုင်ပါပြီ။
https://todaybooks.com.mm/shop/authors/647

#ကိုယ်တိုင်ဆရာဖြင့် တိုက်ရိုက်တွေ့ဆုံဗေဒင်မေးမြန်းလိုပါက ဆရာစံ-ဇာဏီဘို ဖုန်း - ၀၁ ၃၆၄၁၆၃၉ ၊ ၀၉ ၄၂၁၇၄၅၈၄၀ ကို ဆက်သွယ်နိုင်ပါတယ်။

#ဆရာစံ-ဇာဏီဘို

#ဗေဒင်





#2026

10/05/2026

ဆီဈေးကြီးတဲ့ဒဏ်ကို AI သုံးပြီး ဖြေရှင်းနေတဲ့ ထိုင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ

----------------------------------------

ဆီဈေးတွေ အဆမတန် တက်နေတဲ့ဒဏ်ကို ခံနိုင်ဖို့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ပို့ဆောင်ရေးလုပ်ငန်းတွေဖြစ်တဲ့ KEX Express နဲ့ J&T Express တို့ဟာ AI နည်းပညာနဲ့ လမ်းကြောင်းတွက်ချက်တဲ့ စနစ်တွေကိုသုံးပြီး ကုန်ကျစရိတ် လျှော့ချဖို့ ကြိုးစားနေကြပါတယ်။ အခုချိန်မှာ ကမ္ဘာ့ဆီဈေးနှုန်းတွေက မတည်ငြိမ်ဘဲ ပို့ဆောင်ခတွေ တက်နေပေမယ့် အွန်လိုင်းအရောင်းအဝယ် (e-commerce) ကဏ္ဍကတော့ ဆက်ပြီး တိုးတက်နေဆဲပါပဲ။ ဒီလိုအခြေအနေမှာ လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို မကျစေဘဲ ကုန်ကျစရိတ်ကို ထိန်းချုပ်နိုင်ဖို့အတွက် AI နည်းပညာနဲ့ လမ်းကြောင်းအကောင်းဆုံးဖြစ်အောင် တွက်ချက်ပေးတဲ့ (Route Optimisation) စနစ်တွေကို ပိုပြီး အားကိုးလာကြတာ ဖြစ်ပါတယ်။

KEX Express (Thailand) ရဲ့ စီအီးအို (CEO) ဖြစ်သူ မစ္စတာ စတီဖင်ဘောင်က သူတို့အနေနဲ့ ဆီဈေးနှုန်း အတက်အကျကို မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ စတီဖင်ဘောင်ရဲ့ ပြောပြချက်အရ KEX ဟာ ပို့ဆောင်ရေးကွန်ရက်တွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်တာ၊ လမ်းကြောင်းတွေကို စနစ်တကျ စီစဉ်တာတွေကနေတစ်ဆင့် ကုန်ကျစရိတ်တွေကို လျှော့ချနိုင်အောင် စီမံနေတယ်လို့ သိရပါတယ်။ “ကျွန်တော်တို့ရဲ့ အဓိကဦးစားပေးကတော့ သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုကို မှီခိုနေရတဲ့ အွန်လိုင်း အရောင်းသမားတွေနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေအတွက် တည်ငြိမ်တဲ့ ဝန်ဆောင်မှုတစ်ခု ပေးနိုင်ဖို့ပါပဲ” လို့ မစ္စတာဘောင်က ပြောပါတယ်။

J&T Express ကလည်း စွမ်းအင်လေလွင့်မှုကို လျှော့ချနိုင်ဖို့နဲ့ ပို့ဆောင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ဖို့အတွက် ဒေတာအခြေပြု ယာဉ်မောင်းစီမံခန့်ခွဲမှု အစီအစဉ်များကို ကျင့်သုံးလျက်ရှိပါတယ်။ ဒါ့အပြင် မှာယူသူဆီပို့ဆောင်တဲ့ နောက်ဆုံးအဆင့် ပို့ဆောင်ရေးအတွက် လျှပ်စစ်ဆိုင်ကယ်တွေကို စတင်အသုံးပြုနေပြီဖြစ်ကာ ရေရှည်အတွက် အခြားစွမ်းအင်သုံး ယာဉ်နည်းပညာတွေကိုလည်း ဆက်လက်လေ့လာ တီထွင်နေကြောင်း သိရပါတယ်။ ဒါ့အပြင် စားသုံးသူတွေရဲ့ လူနေမှုပုံစံ ပြောင်းလဲလာမှုနဲ့အတူ J&T ဟာ "Scan to Pick Up" အမည်ရှိ ဝန်ဆောင်မှုအသစ်ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ Scan to Pick Up ဆိုတာက အသုံးပြုသူတွေအနေနဲ့ QR code ကို စကန်ဖတ်ရုံဖြင့် အချိန်မရွေး၊ နေရာမရွေး ပါဆယ်တွေပေးပို့နိုင်ဖို့ စီစဉ်ပေးခြင်းဖြစ်ပြီး ဝန်ထမ်းတွေက သတ်မှတ်ထားတဲ့ နေရာတွေ မှာ လာရောက်သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။
Grab Thailand ရဲ့ အကြီးအကဲဖြစ်သူ မချန်ဆူဒါ ကတော့ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက တက္ကစီနဲ့ အွန်လိုင်းယာဉ်စီးနင်းခတွေ တိုးမြှင့်တာကို ကန့်သတ်ထားတာကြောင့် အားလုံးအတွက် မျှတတဲ့ ဈေးနှုန်းဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားနေရတယ်လို့ ဆိုပါတယ်။

08/05/2026

ရွှေမည်း (သို့မဟုတ်) ရေနံဈေးကွက် လည်ပတ်ပုံ၊ ဈေးနှုန်းသတ်မှတ်ပုံနှင့် ခွဲဝေဖြန့်ဖြူးပုံ

--------------------------------------------

နေရောင်ခြည်စွမ်းအင်နဲ့ အခြားစွမ်းအင်နည်းပညာအသစ်တွေအမျိုးမျိုးပေါ်လာနေပေမယ့်လည်း လက်ရှိအချိန်ထိ ရွှေမည်းလို့တင်စားခေါ်ဝေါ်ရတဲ့ ရေနံဟာ ကမ္ဘာကြီးရဲ့အင်ဂျင်ကိုမောင်းနှင်ပေးနေတဲ့ အရေးအကြီးဆုံးကုန်စည်တစ်ခု ဖြစ်နေဆဲပါပဲ။ ကမ္ဘာ့နိုင်ငံတိုင်းက ရေနံကို မရှိမဖြစ်လိုအပ်နေတာ ကြောင့် ရေနံဟာ ကုန်စည်တစ်ခုသက်သက်တင်မကဘဲ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေးတည်ငြိမ်မှုတို့ကို အဆုံးအဖြတ်ပေးနိုင်တဲ့ စွမ်းအားကိုပဲပိုင်ဆိုင်ထားပါတယ်။ ဒီလိုအရေးပါလှတဲ့ ရေနံရဲ့ ဈေးနှုန်းကို ဘယ်သူတွေကဘယ်လိုသတ်မှတ်သလဲ၊ ဈေးကွက်ကဘယ်လိုလည်ပတ်ပြီး ဘယ်လိုပုံစံနဲ့ ခွဲဝေဖြန့်ဖြူးသလဲဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။

ရေနံဈေးနှုန်းကို အဆုံးအဖြတ်ပေးတဲ့ စံနှုန်းများ
ကမ္ဘာဒေသအသီးသီးမှာ ထွက်ရှိတဲ့ ရေနံစိမ်း (Crude Oil) တိုင်းက အရည်အသွေး တူညီကြတာ မဟုတ်ပါဘူး။ ဆာလဖာ (Sulfur) ပါဝင်မှုနည်းတဲ့ (Sweet) ရေနံစိမ်းနဲ့ သိပ်သည်းဆနည်းတဲ့ (Light) ရေနံစိမ်းတို့ဟာ သန့်စင်ရလွယ်ကူလို့ ဈေးပိုရလေ့ရှိပါတယ်။ ကမ္ဘာ့ရေနံဈေးကွက်မှာ ဈေးနှုန်းသတ်မှတ်ဖို့ အဓိကရည်ညွှန်းတဲ့ စံသတ်မှတ်ချက်သုံးမျိုး ရှိပါတယ်။

• Brent Crude: မြောက်ပင်လယ် (North Sea) မှ ထွက်ရှိပြီး ဥရောပနဲ့ အာဖရိက ဈေးကွက်တွေအတွက် အဓိက စံနှုန်းပါ။ ကမ္ဘာ့ရေနံအရောင်းအဝယ်ရဲ့ ၆၀ ရာခိုင်နှုန်းကျော်က Brent ဈေးနှုန်းကို အခြေခံသတ်မှတ်ပါတယ်။
• West Texas Intermediate (WTI): အမေရိကန်ပြည်ထောင်စုမှ ထွက်ရှိတဲ့ အရည်အသွေးမြင့် ရေနံစိမ်းဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းနဲ့ မြောက်အမေရိက ဈေးကွက်အတွက် အဓိကစံနှုန်းပါ။
• Dubai/Oman: အရှေ့အလယ်ပိုင်းမှ ထွက်ရှိပြီး အာရှဈေးကွက်ကို တင်ပို့တဲ့ ရေနံတွေအတွက် အဓိကစံနှုန်းဖြစ်ပါတယ်။
ဈေးကွက်လည်ပတ်ပုံနဲ့ ဈေးနှုန်းသတ်မှတ်ချက် ယန္တရား

ရေနံဈေးနှုန်းက ကုန်စည်ဒိုင် (Commodity Exchanges) တွေပေါ်မှာ အဓိက အခြေခံပါတယ်။ ရောင်းသူတွေနဲ့ ဝယ်သူတွေဟာ "လက်ငင်းဈေး" (Spot Price) နဲ့ "အနာဂတ်ဈေး" (Futures Contract) ဆိုပြီး အရောင်းအဝယ်နှစ်မျိုးလုပ်ကြပါတယ်။ အနာဂတ်ဈေးဆိုတာက ရင်းနှီးမြှုပ်နှံသူတွေနဲ့ ရေနံကုမ္ပဏီကြီးတွေဟာ နောင် ၃ လ၊ ဒါမှမဟုတ် ၆ လအကြာမှ ရရှိမယ့်ရေနံကို လက်ရှိပေါက်ဈေးနဲ့ ကြိုတင်စာချုပ်ချုပ်ဆို ရောင်းဝယ်တာကို ပြောတာပါ။ အနာဂတ်ဈေးနဲ့အရောင်းအဝယ်လုပ်ခြင်းဟာ ဈေးနှုန်း အတက်အကျဒဏ်မှ ကာကွယ်ဖို့ အတွက် (Hedging) ဖြစ်သလို၊ ကုန်သည်တွေအတွက် အနာဂတ်ဈေးအတက်၊အကျကို ခန့်မှန်းရတဲ့ ရင်းနှီးမြုပ်နှံမှုဈေးကွက်တစ်ခုလည်း ဖြစ်ပါတယ်။ NYMEX (New York) နဲ့ ICE (London) တို့ဟာ ကမ္ဘာ့အကြီးဆုံး ရေနံအရောင်းအဝယ်ပြုလုပ်ရာ နေရာတွေဖြစ်ကြပါတယ်။

ဒေါ်လာရဲ့ အခန်းကဏ္ဍ (The Petrodollar)
ကမ္ဘာ့ရေနံကို အမေရိကန်ဒေါ်လာနဲ့သာ အဓိက အရောင်းအဝယ်ပြုလုပ်ပါတယ်။ ဒါကြောင့် အမေရိကန်ဒေါ်လာ တန်ဖိုးတက်ပါက အခြားငွေကြေးသုံးစွဲတဲ့ နိုင်ငံတွေအတွက် ရေနံဈေး ပိုကြီးသွားလေ့ရှိပြီး ဝယ်လိုအား ကျဆင်းတတ်ပါတယ်။

ရေနံဈေးကွက်ကို ထိန်းချုပ်ထားတဲ့ အင်အားစုများ
ရေနံဈေးနှုန်းဟာ ရိုးရှင်းတဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအား (Supply and Demand) အပေါ်မှာတင်မကဘဲ အောက်ပါအချက်တွေအပေါ်မှာလည်း မူတည်နေပါတယ်။

OPEC နဲ့ OPEC+ ရဲ့ ဩဇာ
ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ OPEC အဖွဲ့နဲ့ ရုရှား ဦးဆောင်တဲ့ မဟာမိတ်တွေ (OPEC+) ဟာ ကမ္ဘာ့ရေနံထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးကို ထိန်းချုပ်ထားပါတယ်။ ဒီအဖွဲ့က ရေနံဈေးနှုန်းကျဆင်းပါက ထုတ်လုပ်မှု လျှော့ချခြင်းဖြင့် ဈေးနှုန်းကို ပြန်လည်မြှင့်တင်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။

ပထဝီနိုင်ငံရေး ပဋိပက္ခများ
အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲဖြစ်ပွားခြင်း၊ ဒါမှမဟုတ် ယူကရိန်း - ရုရှား စစ်ပွဲတို့လို အခြေအနေ တွေက ရေနံတင်ပို့မှုလမ်းကြောင်းကို အနှောင့်အယှက်ဖြစ်စေလို့ ဈေးနှုန်းကို ရုတ်တရက် ထိုးတက်စေပါတယ်။

Shale Oil ထုတ်လုပ်မှုနည်းပညာ
Shale oil (ရှေးလ်ရေနံ) ဆိုတာက မြေအောက်အနက်ပိုင်းရှိ အနည်ကျကျောက်လွှာ (Shale Rock) များကြားမှာ ပိတ်မိနေတဲ့ ရေနံစိမ်းတစ်မျိုး ဖြစ်ပါတယ်။ ၎င်းက ပုံမှန်ရေနံစိမ်းတွေလို ရေနံအိုင်အဖြစ် စုစည်းတည်ရှိနေခြင်းမဟုတ်ဘဲ ကျောက်လွှာများအတွင်း ပြန့်နှံ့ပိတ်မိနေတာ
ကြောင့် ထုတ်ယူရာမှာ ပိုမိုခက်ခဲနက်နဲတဲ့ နည်းပညာတွေ လိုအပ်ပါတယ်။ အထူးသဖြင့် အလျားလိုက်တူးဖော်ခြင်း (Horizontal Drilling) နဲ့ ရေ၊ သဲ၊ ဓာတုပစ္စည်းတွေကို ဖိအားပြင်းပြင်းနဲ့သုံးပြီး ကျောက်လွှာတွေကို ခွဲထုတ်တဲ့ Hydraulic Fracturing (Fracking) နည်းပညာကို ပေါင်းစပ်အသုံးပြုမှသာ ထုတ်ယူနိုင်တာ ပါ။
ဒီ Shale oil ထုတ်လုပ်မှု အောင်မြင်လာခြင်းက အမေရိကန်ပြည်ထောင်စုကို ကမ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်တဲ့နိုင်ငံ ဖြစ်လာစေခဲ့ပြီး OPEC အဖွဲ့ရဲ့ ဈေးကွက်လွှမ်းမိုးမှုကို ဟန်ချက်ညီအောင် ထိန်းညှိပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပုံမှန်ရေနံထက် ထုတ်လုပ်မှုစရိတ် ပိုမိုမြင့်မားခြင်းနဲ့ သဘာဝ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုရှိနိုင်ခြင်းတို့လို စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်။

ရေနံ ဖြန့်ဖြူးမှုလမ်းကြောင်း
ရေနံစိမ်း မြေအောက်ကနေ ထွက်လာတဲ့အဆင့်ကနေ လူတွေရဲ့ ကားဆီတိုင်ကီထဲ ရောက်တဲ့အထိ အဆင့် ၃ ဆင့်ကို ဖြတ်သန်းရပါတယ်။

၁။ Upstream (ရှာဖွေခြင်းနဲ့ ထုတ်လုပ်ခြင်း)
ရေနံတွင်းများ ရှာဖွေခြင်း၊ တူးဖော်ခြင်းနဲ့ မြေပေါ်သို့ ထုတ်ယူခြင်းတို့ကို လုပ်ဆောင်တဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်က ကုန်ကျစရိတ် အလွန်များပြားပြီး နည်းပညာ မြင့်မားဖို့လည်း လိုအပ်ပါတယ်။

၂။ Midstream (သယ်ယူပို့ဆောင်ခြင်းနဲ့ သိုလှောင်ခြင်း)
တူးဖော်ရရှိထားတဲ့ ရေနံစိမ်းတွေကို ပိုက်လိုင်းတွေ (Pipelines)၊ ရေနံတင်သင်္ဘောကြီးတွေ (Tankers) ၊ ရထားတွေနဲ့ သိုလှောင်ရုံတွေဆီကို ပို့ဆောင်တဲ့အဆင့်ဖြစ်ပါတယ်။ "Chokepoints" လို့ခေါ်တဲ့ ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) လိုနေရာတွေဟာ ကမ္ဘာ့ရေနံသယ်ယူပို့ဆောင်ရေးအတွက် အလွန် အရေးပါတဲ့ ဗျူဟာမြောက်နေရာတွေ ဖြစ်ပါတယ်။

၃။ Downstream (သန့်စင်ခြင်းနဲ့ ရောင်းချခြင်း)
ရေနံချက်စက်ရုံတွေ (Refineries)မှာ ရေနံစိမ်းကို ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီနဲ့ ကတ္တရာ ဆိုပြီး အမျိုးအစား ခွဲခြားချက်လုပ်ပြီးနောက် လက်လီအရောင်းဆိုင်တွေမှာ ရောင်းချတဲ့အဆင့်ဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောရရင် ကမ္ဘာ့ရေနံဈေးကွက်ဟာ သာမန်အရောင်းအဝယ်သက်သက်သာမကဘဲ နိုင်ငံရေး ကစားကွက်တွေ၊ နည်းပညာ တိုးတက်မှုတွေနဲ့ လူသားတို့ရဲ့ စွမ်းအင်လိုအပ်ချက်တို့ပါ ပေါင်းစပ်ပါဝင်နေတဲ့ ရှုပ်ထွေးတဲ့ ယန္တရားကြီးတစ်ခု ဖြစ်ပါတယ်။ ရေနံဈေးနှုန်း အတက်အကျဟာ လူတွေရဲ့ နေ့စဉ်စားဝတ်နေရေးကနေ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး တည်ငြိမ်မှုအထိ သက်ရောက်မှု ရှိနေပါတယ်။ ကမ္ဘာကြီးက စွမ်းအင်အသစ်တွေကို တီထွင်ဖန်တီးနိုင်ဖို့ ကြိုးစားနေပေမယ့်လည်း လာမယ့် ဆယ်စုနှစ်အနည်းငယ်အထိ ရေနံဟာ ကမ္ဘာကြီးရဲ့အင်ဂျင်အဖြစ် ဆက်လက်တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No(H), Hlaing Myint Mo Housing, Hlaing Township
Yangon
11051