Prime Health

Prime Health

Share

12/05/2023

💪 လက်မောင်းလေးတွေ ကျစ်လျစ်ဖို့ ဒါတွေရှောင်ပါ။ 👌

💪 လက်မောင်းလေးတွေ ကျစ်လျစ်ဖို့ ဒါတွေရှောင်ပါ။ 👌

ဝမ်းဗိုက်ကအဆီတွေလို ခေါင်းမာပြီး လျော့ရခက်ခဲတဲ့အထဲ
လက်မောင်းအောက်က အဆီတွေကလည်း တစ်ခုအပါအဝင်ပဲပေါ့။

အင်္ကျီလက်ရှည်လေးတွေနဲ့ ဖုံးဖိရင်း
ကိုယ်ရဲ့ယုံကြည်မှုတွေ တဖြေးဖြေးလျော့ကျနေပြီလား..?
ဒါကြောင့် သင့်မှာ Arms Flabby ရှိတယ်ဆိုရင်
ဒီအစားအသောက်တွေကို နှုတ်ဆက်လိုက်ပါတော့။

🥩 Red Meat - အနီရောင်ရှိတဲ့အသားတွေ နေ့တိုင်းစားမယ်ဆို
ဝမ်းဗိုက်နဲ့လက်မောင်းမှာ ပိုလျှံတဲ့အဆီတွေကို သိမ်းဆည်းသလိုဖြစ်စေပါတယ်။

🍞 ပေါင်မုန့်ဖြူ - သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ် များများစားလေ,
လက်မောင်းနဲ့ ဗိုက်မှာ အဆီပိုများလေပဲ ဖြစ်ပါတယ်။

🧀 ထောပတ် - tablespoon (4) ဇွန်းစာ ထောပတ်မှာ calories 102 အထိ
ပါဝင်ပါတယ်။ ထောပတ်အလွန်အကျွံစားသုံးခြင်းကလည်း
calories များပြားပြီး အဆီကို စုပုံစေပါတယ်။

🥤 အချိုရည် - ဖျော်ရည်တဖန်ခွက်ဟာ သကြား 7ဇွန်းထည့်ထားတဲ့
ရေတစ်ခွက်နဲ့တူတယ်လို့ ဆိုကြပါတယ်။ ဒါအပြင် နာရီအနည်းငယ်အတွင်း
ဆာလောင်မှုကို ထပ်မံဖြစ်ပေါ်စေပါတယ်။

🍻 အရက် - ခန္ဓာကိုယ်က အဆီလောင်ကျွမ်းမှုကို တားဆီးပြီး
ဗိုက်ပြည့်နေလည်း တခုခုစားချင်နေတာမျိုးကဲ့သို့
ဆာလောင်မှုကို ဖြစ်စေပါတယ်။

🍭 သကြားလုံးများ - အဆာပြေမုန့်လို ပုံမှန်စားနေမယ်ဆိုရင်
သကြားဓါတ် လွန်ကဲစေပြီး ကျန်းမာရေးနဲ့
မညီညွတ်တဲ့ အဆီတွေ တိုးပွားလာမှာဖြစ်ပါတယ်။

ဒါကြောင့် ဖော်ပြခဲ့တဲ့အစားသောက်တွေအစား
ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရပြည့်စုံစွာပါဝင်တဲ့
🥛 Meal Replacement 🥛 ကို သောက်သုံးနိုင်ပါတယ်။

နေ့စဉ်ပုံမှန်သောက်သုံးမယ်ဆိုရင်
လက်မောင်းအဆီ, ဝမ်းဗိုက်အဆီတင် မဟုတ်ပဲ
ခန္ဓာကိုယ်တခုလုံးက အဆီတွေ လျော့ကျပြီး
ကျစ်လျစ်သွယ်လျလှပတဲ့ body လေးကို
ပိုင်ဆိုင်စေမှာပဲ ဖြစ်ပါတယ်....

03/05/2023

🌕 ကဆုန်လပြည့် - ဗုဒ္ဓနေ့ (ကဆုန်ညောင်ရေသွန်းပွဲတော်)

မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ ကဆုန်လပြည့်နေ့ အခါသမယတွင် မြန်မာပြည်သူပြည်သားအားလုံး ဘေးဘယာဝေးကွာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

We wish you all have a peaceful Kasone Full Moon Day.

#ကဆုန်လပြည့်နေ့

30/03/2023

🙏 Amethyst Company Ltd., မိသားစု၏ မြန်မာနှစ်ဦးတရားအလှူတော် 🙏
************************************************************************
🙏 ပထမအကြိမ်မြောက် Amethyst Company Ltd., မိသားစု၏ မြန်မာနှစ်ဦးတရားအလှူအဖြစ် ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေးပရဟိတ ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ မှ နှစ်သစ်ဦးတရား ဟောကြားမည်ဖြစ်ပါသဖြင့် တရားတော်နာယူကြည်ညိုနိုင်ကြပါစေရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော်အပ်ပါသည်။

🙏 အဆိုပါ Amethyst နှစ်ဦးတရားအလှူကို ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့ (စနေနေ့) မနက် (၉) နာရီအချိန်တွင် Amethyst Co., Ltd page ( https://www.facebook.com/AmethystCoLtd/ ) တွင် Live တိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

🙏 နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး နိဗ္ဗာန်ရောက်ကြောင်းတရားများကိုလည်း ကြိုးစားအားထုတ်နိုင်ကြပါစေကြောင်း Amethyst Company မိသားစုမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

#နှစ်ဦးတရားအလှူ

05/03/2023

တစ်ပတ်အတွင်း (၄)ပေါင်နှင့် အထက်ကျစေပါတယ်...🥰

တစ်ပတ်အတွင်း (၄)ပေါင်နှင့် အထက်ကျစေပါတယ်...🥰

🍊🫐 Meal Replacement က ဆာလောင်မှု ကင်းဝေးစေပြီး လိုအပ်တဲ့ အာဟာရများစွာကိုလည်း ဖြည့်စွက်ပေးပါတယ်။ ဒါ့အပြင် ဘေးထွက်ဆိုးကျိုး လုံး၀ မရှိဘဲ သဘာဝအတိုင်း ခန္ဓာကိုယ် ကျစ်လျစ် သွယ်လျ ဝိတ်ကျစေတာမို့ ရွေးချယ်သောက်သုံးဖို့ အသင့်တော်ဆုံးပါပဲ။

06/07/2022

Unicode: Prime Health Complete Adult 50+

(၅၀)ကျော်အရွယ်မှာ အာဟာရပြည့်ဝပြီး ကျန်းမာသွက်လက်စွာ ဖြတ်သန်းနိုင်စေဖို့ ကူညီထောက်ပံ့ပေးမည့် Complete Adult 50+

အသက်အရွယ်ရလာတာနဲ့အမျှ အမြဲကျန်းမာသွက်လက်နေဖို့ဆိုရင် ကိုယ်ခန္ဓာမှာ ဗီတာမင်နဲ့သတ္တုဓာတ်တွေအပြည့်အဝရရှိနေဖို့လိုအပ်ပါတယ်။ ဒါကြောင့် အသက် (၅၀) ကျော် အမျိုးသား၊ အမျိုးသမီးများအတွက် အဓိကလိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်များကတော့.....

🟠 Vitamin D - အားလုံးလည်းသိထားပြီးဖြစ်တဲ့ နေရောင်ခြည်က‌နေ Vitamin D ဓာတ်ကိုရရှိပါတယ်၊ ဒါပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှခန္ဓာကိုယ်က နေရောင်ခြည်ရဲ့ ဗီတာမင်ဒီဓာတ်ကို စုပ်ယူမှုနည်းလာပါတယ်၊ ဒါကြောင့် အသက် (၅၀) ကျော်လာတာနဲ့အမျှတစ်နေ့ကို Vitamin D 600 IU ရရှိဖို့လိုအပ်ပါတယ်။

🟠 Calcium - အသက်အရွယ်ရလာတာနဲ့အမျှ ကယ်လ်ဆီယမ်ဓာတ် အသင့်အတင့်မရရှိတာကြောင့် အရိုးပွရောဂါအဖြစ်များလာကြပါတယ်။ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ် ကျန်းမာ‌ရေးအတွက် ကယ်လ်ဆီယမ် ကလည်းမရှိမဖြစ်ပါပဲ။ ကယ်လ်ဆီယမ်ဓာတ်ကို နို့နှင့်နို့ထွက်ပစ္စည်းများ၊ အစိမ်းရောင်ရှိ‌သောအရွက်များမှ ရရှိနိုင်ပါတယ်။

🟠 Vitamin B12 - ကတော့ခန္ဓာကိုယ်မှာသွေးနီဥလေးတွေ ဖြစ်ပေါ်လာအောင်ကူညီပေးပြီး အာရုံကြောတွေကို အားကောင်းစေပါတယ်၊ Vitamin B12 ချို့တဲ့လာရင် ဦးနှောက်နဲ့အာရုံကြောမှ မှတ်ဉာဏ်စွမ်းရည် လျှော့ကျစေတဲ့အတွက်ကြောင့် အလုံအလောက်ရရှိဖို့လိုအပ်ပါတယ်။

🟠 Vitamin C - ကိုယ်ခံအားကောင်းဖို့ဆိုရင်တော့ Vitamin C ကတော့အရေးကြီးဆုံးပါပဲနော်။ ဟင်းသီးဟင်းရွက်နဲ့ အရည်ရွှမ်းတဲ့အသီးအနှံတို့ကနေ Vitamin C ရရှိပါတယ်၊ တစ်နေ့တာအတွက် Vitamin C အလုံအလောက်ရ‌ရှိအောင် Supplements တွေသောက်ပေးခြင်းက အလွယ်ကူဆုံးနည်းလမ်းပဲဖြစ်ပါတယ်နော်။

🍁 𝗖𝗮𝗻𝗮𝗱𝗮 နိုင်ငံထုတ် 𝑃𝑟𝑖𝑚𝑒 𝐻𝑒𝑎𝑙𝑡ℎ – Complete Adult 50+ က နာမည်နဲ့လိုက်ဖက်အောင် အသက်(၅၀)ကျော် အရွယ်တို့ရဲ့ ခန္ဓာကိုယ်လိုအပ်ချက် ဗီတာမင်သတ္တုဓါတ်မျိုးစုံကို ဆေးတစ်ထောင့်ထဲမှာ စုံလင်အောင် အချိုးကျ ပေါင်းစပ်ထည့်သွင်းပေးထားတာဖြစ်လို့ နေ့စဉ် တစ်နေ့ (၁) လုံး ပုံမှန်သောက်သုံးပေးခြင်းဖြင့် ကျန်းမာသွက်လက် အမြင်ကြည်လင်ပြီး လူအများအားကျရတဲ့ နုပျိုကျန်းမာသော အသက် (၅၀) ကျော် အရွယ်ကို ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်..

---------------------------
Zawgyi: Prime Health Complete Adult 50+








Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter, Tamwe Township
Yangon
11211