KKM - Construction Group
27/07/2020
မင်္ဂလာပါ ,
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ မကြာသေးမီက
ဆောက်လုပ်ပြီးစီးခဲ့သော Rcc နှစ်ထပ်ခွဲ
လူနေအိမ်အဆောက်အဦးလေးကို
လေ့လာနိုင်ရန်အတွက် တင်ပေးလိုက်ပါတယ်ခင်ဗျ
ကျွန်တော်တို့ KKM- Construction Group မှ
မိတ်ဆွေလူကြီးမင်းတို့ ဆောက်လုပ်လိုသည့်
အဆောက်ဦးများကို P.A.E စနစ်ဖြင့်
Labours + Materials အပြီးစီး
အဆောက်ဦးအကြမ်းထည်အဆင့်မှ အချောထည်
ရေမီးဆေးလုပ်ငန်းအပြီးထိ
တာဝန်ယူဆောက်လုပ်ပေးလျက်ရှိပါသည်
**R.C.C building( အကြမ်းထည် )PAE 1sqft 20000 MMK**
ပါဝင်သောလုပ်ငန်းများ
1. မြေတူးခြင်းလုပ်ငန်း
2. ကျောက်ပုံး/ကျောက်ခွက်လုပ်ငန်း
3. သံချည်သံကွေးလုပ်ငန်း
4. ဆလပ်ခင်းခြင်းလုပ်ငန်း
5. အုတ်စီချောလုပ်ငန်း
6. ကွန်ကရိလောင်းခြင်းလုပ်ငန်း
7. အမိုးမိုးခြင်းလုပ်ငန်း
မှတ်ချက် ။ ။ အကြမ်းထည်လက်ခံဆောက်လုပ်ရာတွင်မပါဝင်သောလုပ်ငန်းများမှာ
(1) မျက်နှာကျက် တပ်ဆင်ခြင်း
(2) Main door & Window တပ်ဆင်ခြင်း
(3) ရေပိုက်သွယ်တန်းခြင်းလုပ်ငန်း
(4) မီးလိုင်းများသွယ်တန်းခြင်း
(5) နံရံဆေးနှင့် မျက်နှာကျက်ဆေးသုတ်ခြင်း
(6) ပါကေးခင်းခြင်း / ကြွေပြားကပ်ခြင်း
(7) pae ပြင်ပရှိလုပ်ငန်းများ
(8) ခြံစီးရိုးခတ်ခြင်း နှင့် ရေမြောင်းများပြုလုပ်ခြင်း
(9) ရေကန်တည်ဆောက်ခြင်းနှင့် မိလ္လာကန်တည်ဆောက်ခြင်း
(10) အဆောက်ဦးအဟောင်းဖျက်ခြင်း
(12) သံပန်းလုပ်ငန်း
R.C.C building ( ရေမီးဆေး အပြီး ) 26000 MMK
ပါဝင်သောလုပ်ငန်းများ
------------------------
1. မြေတူးခြင်းလုပ်ငန်း
2. ကျောက်ပုံးကျောက်ခွက်လုပ်ငန်း
3. သံချည်သံကွေးလုပ်ငန်း
4. အုတ်စီချောခြင်းလုပ်ငန်း
5. ဆလပ်ဆင်ခြင်းလုပ်ငန်း
6.ကွန်ကရိလောင်းခြင်းလုပ်ငန်း
7.အမိုးမိုးခြင်းလုပ်ငန်း
8. မျက်နှာကျက်တပ်ဆင်ခြင်းလုပ်ငန်း
9. Main door & Window တပ်ဆင်ခြင်း
10. ရေပိုက်တပ်ဆင်သွယ်တန်းခြင်း
11. အိပ်ခန်းများဖွဲ့စည်းပေးခြင်း
12.ဘိုထိုင်များတပ်ဆင်ပေးခြင်း
13.မီးလိုင်းများသွယ်တန်းပေးခြင်း
14. ပတ်တီး နှင့် ဆေးသုတ်ခြင်းလုပ်ငန်း
15. မီးဖိုခုံနှင့်ရေချိုးခန်းကြွေပြားကပ်ပေးခြင်း များပါဝင်ပါသည် ။
***R.C.C အချောထည်တွင်မပါဝင်သောလုပ်ငန်းများ ***
--------------------------------------------------------------------------------
(1) ကြမ်းခင်းများ ကြွေပြား- ပါကေးခင်းခြင်း
(2) သံပန်းလုပ်ငန်း
(3) အဆောက်အဦးအဟောင်းဖျက်ခြင်း
(4)ရေမြောင်းနှင့်ခြံစီးရိုးလုပ်ငန်း
(5) Area ပြင်ပရှိလုပ်ငန်းများ ( Septic tank အပါအဝင် )
(6) Air condition ထည့်သွင်းခြင်း
(7) Decoration လုပ်ငန်းများ
မပါဝင်သောလုပ်ငန်းများအား extra work အဖြစ်သတ်မှတ်ပြီး
ညှိနိုင်းလုပ်ဆောင်ပေးပါသည်။
နှစ်ထပ်စာအတွက်
***လုပ်ငန်းငွေပေးချေမှုစနစ်***
1. down payment စာချုပ်ပြီး 10%
2, လုပ်ငန်းစတင် 20%
3. Plint beam လောင်းပြီး 20%
4. First floor လောင်းပြီး 20%
5. အမိုးမိုးပြီး 20%
6. ရေမီးဆေးလုပ်ငန်းဝင် 5%
7. လုပ်ငန်းပြီးစီးအပ်နှံ 5%
(အမိုးဆလပ်ဖြင့်တည်ဆောက်လိုပါက 0.5/0.35/0.25 ထည့်သွင်းတွက်ယူပါသည် )
အဆောက်ဦးကောင်းတစ်လုံးဖြစ်ဖို့အတွက် ကျွမ်းကျင်တဲ့လုပ်ငန်းဦးဆောင်သူနဲ့ သေသပ်စွာလုပ်ကိုင်နိုင်တဲ့ လေဘာလုပ်သားတွေလိုအပ်ပါလိမ့်မယ် 💪💪💪💪💪💪💪💪💪💪💪
( Steel structure PAE 1sqft 23000 )
KKM-Construction Group 🙏🙏🙏🙏🙏
09 40 40 40 652
09 40 40 40 653
09 78 72 56 610
25/06/2019
"အိမ်တစ်လုံးရဲ့အသက်
------------------------------
အရေးအကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ လှေကား(Stair)"
-------------------------------------------------------------------
လှေကားတစ်စင်းဟာဆိုရင်တော့
အဆောက်ဦးအတွင်းပိုင်းတစ်ခုလုံးရဲ့
အလှကိုပုံဖော်ပေးတဲ့နေရာမှာအဓိကကျသလို
အသုံးပြုသူများအတွက် သက်တောင့်သက်သာ
အဆင်းအတက်ပြုလုပ်နိုင်ဖို့လဲလိုအပ်ပါတယ်
လှေကားကိုပြုလုပ်တပ်ဆင်ရာမှာ အကျော်အနင်းမှန်ကန်မှုရှိစေဖို့လိုသလို
တည်ဆောက်ထားသောအိမ်နဲ့လိုက်ဖက်မှုရှိဖို့လဲလိုအပ်ပါတယ်
ရှေးအခါက 9"နင်း9" ကျော် ဆိုပြီး
လှေကားအကျော်အနင်းပြုလုပ်တာများပါတယ်
ရှေးခေတ်အခါကကိုးနဝင်းဓာတ်ကိုယုံကြည်မှုအစွဲအလန်းကြီးလို့လား?
လူတွေရဲ့ခြေလှမ်းကပဲကျဲလို့လား ?
ယခုခေတ်အခါ မှာတော့ 9" နင်း 9" ကျော်
မရှိသလောက်ရှားသွားပြီဖြစ်ပါတယ်
ဆင်းတက်လို့လဲအဆင်မပြေပါ
ကျွန်တော့်အနေနဲ့ လှေကားတစ်ခုကိုအကျော်အနင်းဝေတဲ့အခါမှာ
အဆောက်ဦး အမြင့်နဲ့အကျယ်အပေါ်မူတည်ပြီး
အနင်း 10" to 11" အကြား
အကျော် 7" to 8" အကြားဝေဖြစ်တာများပါတယ်
လူတစ်ယောက်ရဲ့ခြေဖဝါးဟာ ပျမ်းမျှ 10" နဲ့တွက်တာမို့
လှေကားအနင်း 10" ထက်လျော့မယ်/ 12"ထက်ကျော်မယ်
ဆိုလျင်တော့အဆင်မပြေနိုင်ပါ
လှေကားတစ်စင်းရဲ့အကျော်ကလဲ 7" ထက်မလျော့ /
8" ထက်မကျော်သင့်ပါ
7" အောက်လျော့လျင် ခြေလှမ်းတုန့်ဆိုင်းပြီး
8" အထက်ကျော်လျင်လဲ အတက်မောသလိုရှိတာမို့
လှေကားခွင်အကျယ်အမြင့်အနေအထားအပေါ်မူတည်ပြီး
7"နဲ့8" ကြားရှိအောင်ပြုလုပ်သင့်ပါတယ်
ရှေးခေတ်လက်သမားကျမ်းနဲ့လူတွေရဲ့အယူအဆတစ်ချို့မှာ
ရာဇ - မရဏ - လာဘ ဆိုပြီးအယူရှိကြပါတယ်
ရာဇ = မင်း/ဘုရင်/ကြီးမြတ်ခြင်း ( 1-4-7-10)
မရဏ = သေဆုံးခြင်း ( 2-5-8-11)
လာဘ = ချမ်းသာကြွယ်ဝခြင်း ( 3-6-9-12) ဆိုပြီး
အယူအဆတွေရှိကျသလို
တစ်ချို့တွေရဲ့အယူအဆကတော့ လှေကားဆိုတာ
စုံအထစ်မထားကောင်း မအထစ်သာထားကောင်းတယ်လို့
အယူရှိကြပြန်ပါတယ်
ကဲသင်ရောဘယ်အယူအဆဖက်လိုက်မလဲ ?
ကျွန်တော့်အနေနဲ့တော့ ကောင်းတာလုပ်လျင်
ကောင်းကျိုးပေးမယ်လို့ ခံယူထားသောကြောင့်
လှေကားတစ်ခုပြုလုပ်တပ်ဆင်ရာမှာ စုံတွေမတွေအသာထားပြီး
သင့်တင့်မျှတ အဆင်ပြေချောမွေ့တဲ့လှေကားတစ်စင်းဖြစ်ဖို့
အိမ်ရဲ့ဖွဲ့စည်းပုံနဲ့ လိုက်ဖက်တဲ့လှေကားတစ်စင်းဖြစ်ဖို့အရေး
ဦးစားပေးပါတယ်လို့ တင်ပြလိုက်ပါရစေ
Ko Kyaw Minn
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
Opening Hours
| Monday | 08:00 - 17:00 |
| Tuesday | 08:00 - 17:00 |
| Wednesday | 08:00 - 17:00 |
| Thursday | 08:00 - 17:00 |
| Friday | 08:00 - 17:00 |
| Saturday | 08:00 - 17:00 |