CHRISTINA LIM

CHRISTINA LIM

Share

Photos from CHRISTINA LIM's post 07/04/2026

Chris တို့လိုအချိန်မလောက် လက်မအားတဲ့ mommy တွေအတွက် ၁လုံးလောက်တော့ရှိသင့်တဲ့ နို့ညှစ်စက်လေး 😍

Chris ဒါလေးတုန်းကတော့လက်နဲ့ကိုင်တဲ့ pumps တွေသုံးခဲ့တယ်😬

အခုကြ‌တော့ကလေး၂ယောက်ဆိုတော့ လက်မအားတော့လို့ဒီလို handsfree breast pump တွေသုံးတယ် အရမ်းအဆင်ပြေ အရမ်းအသုံးဝင်တယ် 💯

Chris ကဒီ OllieBoo new version ကြိုက်တာ remote control လေးပါပါလို့
Level အတိုးအလျှော့နဲ့ Mode အပြောင်းအလဲကို remote လေးနဲ့ပြောင်းလို့ရတယ်
အင်္ကျီလှန်ပြီး settingပြောင်းစရာမလိုတော့ဘူး
အင်္ကျီဖုံးထားလည်း သူ့ရဲ့ sensor ကကောင်းတော့ အပြင်ကနေပဲ remote လေးနဲ့ ပြောင်းလို့ရတယ်

သွားရင်းလာရင်း၊ အပြင်အလုပ်ကိစ္စနဲ့ အမြဲထွက်နေရတဲ့အမေတွေအတွက်ဆိုတော်တော်အသုံးဝင်တယ် 💕

OllieBoo New Version လေးမှာ Mode 3 မျိုးလာပါတယ်
🩷ရေစက်ပုံလေးက Suction Mode (အသုံးအများဆုံး)
🩷လက်လေးက Massage mode
🩷နောက်ဆုံးက Stimulation mode

💦Suction mode လေးက နို့ကို မြန်မြန်ကုန်အောင်ညှစ်ပေးပြီး နို့ရည်မြန်မြန်ပြန်ထွက်လာအောင်လုပ်ပေးတဲ့ mode လေး

💦Massage mode လေးက breast ကို နှိပ်နယ်ပေးတာ နို့တင်း နို့နာနေတဲ့အချိန်ဆို ဒီmode လေးနဲ့ အရင်
ညှစ်ပေးလို့ရတယ်လို့သိရတယ်

💦Stimulation mode ကတော့ massage mode နဲ့ ၃ ချက်ညှစ်ပြီး suction mode နဲ့ ၁ချက် စီ အလှည့်ကျညှစ်ပေးတာပါ

Level ဆိုလျှင် suction mode နဲ့ massage mode က Level 12 ထိရှိတယ် stimulation mode ကတော့ Level 6 ထိရှိတယ်

Battery က 1200 mAh lithium battery ဆိုတော့ အားအပြည့်သွင်းထားရင် average ၂ နာရီခွဲ ၃ နာရီနီးပါးလောက်သုံးရတယ် 🔋 🪫

ခဏခဏအားမသွင်းရဘူး Chris ညှစ်ရင်တစ်ဖက်ကို 15-20 mins လောက်တော့ကြာတယ်

နောက်တစ်ခုသ‌ဘောကျတာက suction mode နဲ့ pump modeရွေးထားတယ်ဆိုရင် ၁၀ မိနစ်ပြည့်တိုင်း နို့ခွက်ထဲက နို့ထုတ်ဖို့ flash မီးလေးလင်းပြီးreminder လုပ်ပေးတာကိုပဲ ⏲️ မေ့ပြီး နို့ရည်လျှံကျသွားတာမျိုးမဖြစ်တော့ဘူး

Original ni**le & fl**ge size ကတော့ 24mm
size မတော်တဲ့ သူတွေအတွက် အဆင်ပြေအောင် တစ်ခြား size တွေလဲ သီးသန့်ထပ်ရောင်းပေးသေးတယ်

OllieBoo Handsfree တွေက After sales service အနေနဲ့ Warranty 3 လပါတယ်
Spare parts တွေကို ပျက်ဆီး၊ ပျောက်သွားခဲ့ရင်တခုချင်းလိုသလိုပြန်ဝယ်လို့လဲရတာ‌တော်တော်လေးအဆင်ပြေတယ်

Chris လို mixed feeding လုပ်တဲ့ mommy တွေပဲဖြစ်ဖြစ် exclusive pumping လုပ်တဲ့ mommy တွေပဲဖြစ်ဖြစ် HIGHLY HIGHLY RECOMMEND ပါ! 💯💯

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


80 University Avenue Road, Bahan Township, Yangon.
Yangon
11201