Hello Pageantry

Hello Pageantry

Share

05/05/2026

တာချီလိတ်မယ်လေးပေးသွားတဲ့ သင်ခန်းစာကတော့ဘယ်နယ်ပယ်ပဲဖြစ်ဖြစ် အောင်မြင်ချင်စိတ်လွန်ကဲရင်တော့ ပျက်စီးတက်တာပဲ

လူတယောက်ကို အရမ်းချစ်မိရင်လည်း ပျက်စီးတက်တာမို့ ကိုယ့်ချစ်သူအပေါ်မှာ အချစ်နည်းနည်းလျှော့ရပါမယ်။

လွန်လွန်ကဲကဲချစ်တာမျိုးမလုပ်တော့ပဲ ဖြည်းဖြည်းလေးစီ အချစ်လျှော့လာကြောင်းပြသရပါမယ်။

သူက အရက်သောက်တာ မကြိုက်ရင် ကိုယ်က နည်းနည်းသောက်ပြတာမျိုး။

သူစိမ်းကောင်းလေးတွေနဲ့ စကားပြောတာမကြိုက်ရင်
ကိုယ်က သူငယ်ချင်းကောင်လေးအသစ်ထားတာမျိုး။

ဘယ်ကိုသွားသွား ဘာပဲလုပ်လုပ် Report တက်ရရင်
သူ့ကို Report မလုပ်ပဲ ခိုးပြီး သူမသိအောင် တခုခုလုပ်တာမျိုးတွေ လုပ်ရပါမယ်။ သူတော့ ပြန်သိ ပြန်ကြားနိုင်ပါစေ။

ဒါမှပဲ မြန်မြန်ပြတ်ပြီး အချစ်သစ်ကိုထပ်ရှာနိုင်မှာပေါ့

တယောက်မပြောင်း သူကောင်းမဖြစ်။
ရှင်ချင်တဲ့ကျား တောပြောင်း။

04/05/2026

သီလရှင် ဝတ်စုံကတော့ ဂယက်ထဦးမယ်မြင်ယောင်နေတယ်

ဂတုံးကို မသပ်မရပ်လုပ်ထားနဲ့ ပြီတီတီ Performance
တွေကြောင့် ပိုပြီး ရုပ်ဆိုးသွားတယ်

ပြဿနာက ဘယ်အဆင့်ထိရောက်မလဲတော့မသိဘူး

04/05/2026

ပြဿနာအမြဲတက်နေတဲ့ ဇာတ်အဖွဲ့တခု နောက်ထပ် ပြဿနာတခုထပ်ဖြစ်ဦးမယ် မြင်နေတယ်။

နီးစပ်ရာလူတွေရှိရင်လည်း ပြောလိုက်ကြဦး

ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွေမှာ ဆေးလိပ်သောက်တဲ့ပြကွက်တွေကို “ဆေးလိပ်မသောက်ရ” ဆိုတဲ့ စာတန်းထိုးတာတွေ မဖြစ်မနေ လုပ်ကြတယ်။ မလုပ်ရင် ပြစ်ဒဏ်တွေရှိတယ်။ Blur ထားတာတွေတောင်လုပ်ကြတာရှိတယ်။

Tik Tok မှာတက်လာတဲ့ ပြဇာတ် Video လေးတွေမှာ
လူရွှင်တော်တွေ ဆေးလိပ်လက်ကြားညှပ်ပြီး မြိန်ရည်ယှက်ရည်သောက်ပြနေတာ

လူတွေက မပြောသေးလို့။ ပြောရင် အုတ်အုတ်ကြွက်ကြွက်ဖြစ်ကြဦးမယ်

ဖြစ်လာမှ အပျက်ပျက်နဲ့ ဖြေရှင်းတာထပ် မဖြစ်ခင်
ဆင်ခြင်ထားတာပိုကောင်းတယ်

သူတို့ဖျော်ဖြေနေတဲ့ ဇာတ်လမ်းနဲ့ ဆေးလိပ်နဲ့က ကြည့်ရသလောက် ကိုက်ညီနေတာတော့ မရှိဘူးဆိုတော့
ဆေးလိပ်သောက်တဲ့ Character ဖြုတ်လိုက်တာ
မူရင်းဇာတ်လမ်းမပေါ့သွားပါဘူး

“မမတို့ မောင်လေးကို Brand တွေပဲဆင်ကြမယ်” 🤭

Photos from Hello Pageantry's post 04/05/2026

ဒီနှစ် Miss Universe Philippine ကို အပြန်ပြန်အလှန်လှန်ကြည့်ပြီးနောက် Swimsuit Round မှာ ပြိုင်ပွဲဝင်မယ်တိုင်း “ပုဝါကစားတာ”တွေ တော်တော်လေး ပညာသားပါတယ်ဆိုတာ သိလိုက်ရတယ်

ပုဝါကို ဟိုပြစ်လိုက်၊ဒီပြစ်လိုက်၊ ဟိုလွှဲဒီလွှဲမလုပ်ပဲ
Hand movement, Posture, Catwalk တွေဟာ တိတိကျကျနဲ့ တိတိပပလုပ်ပြသွားကြတယ်။

မြန်မာက ပြိုင်တဲ့မယ်တွေအတွက် ဖိလစ်ပင်းမယ်တွေဟာ မြင်ဆရာတွေပါပဲ။

ဒါဟာမွေးရာပါ ပါရမီပါလို့မဟုတ်ပဲ ကြိမ်ဖန်များစွာ လေ့ကျင့်ထားကြလို့ ဒီလောက်ထိ Professional လှလှပပလေးတွေ ဖြစ်နေကြတာ

Philippine မယ်တွေက Winner လည်းပစ်ရက်စရာမရှိ၊
ကျန်တဲ့သူတွေကလည်း ဒေါင်ဒေါင်မြည်တွေချည်းဆိုတော့ Waste Beauty အများဆုံးထွက်တဲ့ နိုင်ငံလို့တောင်ပြောလို့ရတယ်။

03/05/2026

သူများတွေကြိုးစားနေချိန်မှာ ကိုယ်က အိပ်နေတော့
သူများတွေ အနားယူချိန်မှာ ကိုယ်က ပြန်ကြိုးစားနေရတယ်ကွယ်

03/05/2026

ဒီပုံလေးမြင်တော့ MU Winner လိုပါပဲ

မမျှော်လင့်ပါဘူး MU ကလည်း အာဏာသိမ်းခံထိထားတော့ သူ့လက် သူ့ခြေပဲဆိုတော့

သူပေးတဲ့သူရမှာပဲ

02/05/2026

“MUT Crown မလွှဲရလို့ ဘာစောဒဂ မှ မတက်သလို ကိုယ့်အရည်အချင်းနဲ့ပဲ Miss World ကို သွားပြိုင်ပြီး
Miss World Crown တောင် ဆောင်းလိုက်သေးတယ်

အရည်အချင်းအစစ်အမှန်ဆိုတာ ဒါပါပဲ။

ထိုင်းမှာဆို Mae Pui အဖွဲ့ နဲ့ Nawat အဖွဲ့က အပြိုင်အဆိုင်တွေချည်း

MUT ထဲမှာ Nawat ဆိုရင် Fahsai တယောက်ပဲ ပစားပေးတာ”

လက်ရှိကိုယ့် Org က ND ကိုယ်တိုင်က ကိုယ့်ကိုအဖက်မလုပ်၊ အရေးတယူမလုပ်တာကို

တဖက်အဖွဲ့က City Director ကို သွားပြီး အပြစ်လုပ်နေတယ်

ဟိုဘက်က City Director ကလည်းချေတယ်။ ပိုက်ဆံမရှိလို့ မဖိတ်တာတဲ့။ ဒဲ့ပဲ!!!!!

National Director တို့ City Director တို့ဆိုတာ စီးပွါးရေးသမားတွေပဲ

ကိုယ့်အတွက် အကျိုးအမြတ်မရှိတဲ့နေရာမှာ ငွေမသုံးဘူး။

ကိုယ့်ကိုယ်တိုင်က Personality မကောင်းလို့ အဖက်မလုပ်ကြတာကို ထိုင်ပြီး ရန်နှဲနေ။

ကိုယ့် Professional ထိခိုက်အောင် လင်စိတ်တက်ပြနေတာကို ကိုယ်စိုက်ပျိုးတဲ့အပင် ကိုယ်ရိတ်သိမ်းရတာပဲ

အလုပ်မယ်မယ်ရရမရှိ၊ Background ကလည်းမရှိလင်ကသနားလို့သာ ဟိုက ပညာလေးသင်ပေး၊ ဒီပညာလေးသင်ပေးနဲ့ ဟိုခုန်ကူး၊ ဒီခုန်ကူး
ဖြစ်ဖြစ်မြောက်မြောက်လည်း ဘာမှမရှိလာဘူး

01/05/2026

MUT ကနေ MUM လာပြိုင်မယ်ဆိုပြီး Pageant Fan တွေသိကြတဲ့ Apple ရဲ့ Boyfriend

သူများသားသမီးတွေ ဘယ်ကနေ ရှာဖွေလာကြတာလဲ မသိဘူး

ကောင်းလိုက်တာရှင်

01/05/2026

Miss Grand Myanmar 2026 Top 6 HotPick ဖြစ်ပါတယ်

Top 5 လား Top 6 လား ဘယ် Format နဲ့ရွေးမှာလဲ Admin လည်း မသိတာမို့ Top 6 ပဲရွေးထားပါတယ်။

ကချင်ဘက်ကမယ်လေးတွေလည်း ကြိုက်မိတယ်။

Winner 👑
လောလောဆယ် အနေအထားအရ Body, Beauty, Brain ပိုင်းကတော့ ရန်ကုန်(အနောက်) က အဆင်ပြေဆုံးပါပဲ။
Business ကတော့ သွက်လက်မှုတွေ၊ စကားပြောစွမ်းရည်၊ အကင်းပါးမှု၊ ဖြတ်ထိုးဉာဏ်ကောင်းမှုတွေ ပေါ်မူတည်တာမို့ ဒါက ပြင်ဆင်လို့ရပါတယ်။

Mandalay နဲ့ Keng Tung လည်း Crown ဆောင်းရင် ဆောင်းသွားနိုင်ပါတယ်။

MGM Final က ဘယ်နေ့လဲ ပြောခဲ့ကြပါဦး

30/04/2026

မြန်မာနိုင်ငံမှာလည်း Catwalk ကောင်းတဲ့ မယ်လေးတွေရှိပါတယ်

ဒီမယ်လေးကို မှတ်မိနေတယ်

Miss Grand Hpa An

Catwalk အတွက် Training ကြီးကြီးမားမားကြီးတွေ မယူတာတောင် ပါရမီပါတော့ Catwalk Skill က Level တခုမှာရှိနေတယ်

နိုင်ငံကိုယ်စားပြုဆိုပြီး သွားပြိုင်တဲ့ မယ်တချို့တောင် သူ့လောက် မလျှောက်တက်ကြဘူး

Miss Universe ကို ပြန်လာပေးပါ ကရင်မလေးရေ…

30/04/2026

MUT 2019 တုန်းက ဒီ Movement ကို အကြိုက်ဆုံးပဲ

First Wang ဦးဆောင်လာတဲ့ ဒီ Group ကြီးမှာ Catwalk တွေကလည်း ညီညီညာညာနဲ့ ရှယ်တွေချည်းပဲ

ကြိုက်တယ်

Photos from Hello Pageantry's post 29/04/2026

ဆိုင်ရှင်တွေ ခိုးတာလား? ဝန်ထမ်းတွေခိုးတာလားတော့မသိဘူး။ ရန်ကုန်က စားသောက်ဆိုင်တွေကတော့ ခိုးပါတယ်။ နိုင်ငံကို ဆောင်ရမည့် Tax အခွန်တွေပါ ခိုးတာပါ။

မန်းလေးဘက်တော့ မသိဘူး။

Voucher မှာ Tax ကောက်ထားတယ် ဒါပေမဲ့ Tax ကပ်ခွါလေးတွေ မကပ်ပေးဘူး။
Cashier ကောင်မတွေကို ခိုးဖို့ သေချာ Training ပေးထားသလားထင်ရတယ်။
နာမည် ၂ လုံးနဲ့ Hot Pot စားဖို့တန်းစီရတဲ့ ဆိုင်က ပိုဆိုးတယ်

တာမွေ Ocean က မာလာရှမ်းကောနဲ့ Hot Pot ဆိုင်ဆို Voucher ကို ဓာတ်ပုံရိုက်ခွင့်တောင် မပြုဘူး။

ဘီယာဆိုင်တွေဆိုရင် မမှာတဲ့ ဟင်းပွဲတွေ ပိုတွက်ထားတယ်။ မူးမူးနဲ့ Voucher မစစ်ရင် သွားပြီ။

မာလာရှမ်းကောဆိုင်တွေက ပါဝင်ပစ္စည်းတွေ ခိုးတယ်။
ကိုယ်ရွေးထားတာက အသားလုံး ၅ လုံးဆို ၃ လုံးလောက်ပဲပါတယ်။

ဒီကြားထဲ Service fees ကကောက်သေးတယ်
Waiter လက်ကိုကြည့်တော့ လက်သည်းထဲ ချေး(ဂျီး) တွေနဲ့။ အပြောအဆိုတွေကလည်း အဆင်မပြေ။

Local Pageant ရာသီမှာ ရန်ကုန်ကို ပြိုင်ဖို့လာကြမည့် City Director တွေ၊ မယ်တွေအတွက်ပါ။ စားသောက်ဆိုင်တွေ ထိုင်ရင် သတိထားကြပေါ့။

ရန်ကုန်ကစားသောက်ဆိုင်တွေကတော့ ပေါ်ပေါ်တင်တင်ခိုးပါတယ်။

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon