Food For Soul - ACM
09/06/2026
နှစ်ပေါင်း (၁၄၄) နှစ်ကြာဆောက်လုပ်ပြီးနောက် ဖွင့်လှစ်တော့မည့် နာမည်ကြီးကက်သလစ်ဘုရားကျောင်းကြီးအကြောင်း တစေ့တစောင်း 🇪🇸💒
စပိန်နိုင်ငံ၊ ဘာစီလိုနာ
Sagrada Familia ဘုရားကျောင်း
ဇွန်လ (၁၀) ရက်နေ့တွင် ရဟန်း မင်းကြီးလေအိုက ဖွင့်လှစ်တော့မည့် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့က ကာသီဒြယ် ဘုရားကျောင်းကြီးအကြောင်း တင်ဆက်ပေးပါမည်။
စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့က နာမည် ကျော်ကက်သလစ်ဘုရားကျောင်းကြီးက ကမ္ဘာ့ခရီးသည်များကို အံ့မခန်းပင် ဆွဲဆောင်လျက်ရှိပါသည်။ ဘုရားကျောင်းကြီး၏အမည် "Sagrada Familia" ဟုခေါ်ပါသည်။ အဓိပ္ပါယ်က "သန့်ရှင်းသော အိမ်ထောင်စု" (Holy Family) ဘုရားကျောင်း ဖြစ်ပါသည်။
ဤဘုရားကျောင်းကို (၁၈၈၂) ခုနှစ်က ကာ့တ်လန်ဗီသုကာပညာရှင် Antoni Gaudí ကဒီဇိုင်းရေးဆွဲပြီး စတင်တည် ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က Sagrada Familia သည် မည်သည့်အရာမျှမရှိသော စွန့်ပစ်ခံနယ်မြေဖြစ် သောဘာစီလိုနာမြို့၏ဆင်ခြေဖုံးရပ် ကွက်မှ ထွက်ပေါ်လာခဲ့သည်။ ဘေးပတ် လည်တွင် အိမ်မရှိ၊ လမ်းမရှိဘဲ ရွှံ့ဗွံ့မြေသာရှိခဲ့သည်။ Antoni က "ဒီအဆောက် အဦးကို ကြည့်ရှုလေ့လာမယ်ကျွန်တော့်ရဲ့ ဖောက်သည်ကတော့ ဖြည်းဖြည်းပဲလာပါမယ်"ဟု ဘုရားသခင်ကို ရည်ညွှန်း ပြီး ပြောခဲ့ဖူးသည်။
Antoni က ဤပရောဂျက်သည် သူပိုင်သည်မဟုတ်ဘဲ ဘုရားသခင်ကသာပိုင်ဆိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သူ၏တီထွင်ဖန်တီးမှုသည် သဘာဝကို မကျော်လွန်သင့်ကြောင်း ယုံကြည်ထားသည့်အတွက် အလယ်မျှော်စင်သည် Montjuïc တောင်ကုန်းအမြင့်ထက် တစ်ဆင့်နိမ့်အောင် ဒီဇိုင်းဖော်ထားကြောင်း ပြောကြားခဲ့သည်။
(၁၉၁၅) ခုနှစ်တွင် အန်ထော်နီသည် ဤအဆောက်အဦး တစ်ခုတည်းကိုသာ တည်ဆောက်ရန်အတွက် တခြားကမ်း လှမ်းလာသောအလုပ်ဟူသမျှကို စွန့် လွှတ်ခဲ့ပါသည်။ ဘုရားကျောင်းဆောက် လုပ်ခြင်း ပြီးစီးသည်ကို သူမမြင်ခဲ့ရပါ။ (၁၉၂၆) ခုနှစ်တွင် အဆောက်အဦးတည် ဆောက်နေစဉ် ရထားသံလမ်းပေါ် ပြုတ်ကျခဲ့ပြီး ရထားက သူ့ကိုယ်ပေါ်၌ ဖြတ်သွားသောကြောင့် သေဆုံးသွားခဲ့ရသည်။ တည်ဆောက်မည့် မျှော်စင်စီမံကိန်း (၁၈) ခုထဲမှ (၁) ခုသာ သူပြီးစီးခဲ့ရသည်။
ပို၍ဆိုးရွားသောအရာများ ဖြစ်ပျက်ခဲ့သည်။ (၁၉၃၆) ခုနှစ်၊ စပိန်ပြည် တွင်းစစ်အတွင်း လုပ်ငန်းခွင်အလုပ်ရုံသည် မွှေနှောက်ခိုးယူကြပြီး မီးရှို့ခြင်းခံရသည်။ Gaudi ၏မူရင်းပန်းချီများ၊ ပုံစံနမူနာများ၊ အစီအစဉ်များ ဖျက်ဆီးခြင်းခံရသည်။ ဗီသုကာအနုပညာရှင်များက ဆက်လက်ဆောက်လုပ်နိုင်ရန်အတွက် ရုပ်လုံးပြန်ပေါ်လာအောင် အစိတ်အပိုင်းများကို (၁၆) နှစ်ကြာအောင် အချိန်ယူပြီး ပြန်လည်စုစည်းခဲ့ကြသည်။
Sagrada Familia စတင်တည် ဆောက်ချိန်မှစပြီးယခုအထိ စပိန်အစိုးရထံမှ ယူရိုတစ်ပြားပင် လက်ခံရယူခြင်းမရှိဖူးပေ။ အဆောက်အဦးကို လက် မှတ်ရောင်းရသောငွေနှင့်အလှူအဒါန်းများဖြင့်သာ ရန်ပုံငွေရှာပြီး တည်ဆောက်ကြသည်။ ပိုက်ဆံရှိသည့်အခါ တည် ဆောက်ပြီး မရှိလျှင် တည်ဆောက်ခြင်းရပ်နားပါသည်။
နောက်ဆုံး (၂၀၂၆) ခုနှစ်၊ ဖေဖော် ဝါရီလ (၂၀) ရက်နေ့တွင် အမြင့် (၅၆၆) ပေ၊ ၁၇၂.၅ မီတာရှိပြီး ကမ္ဘာပေါ်၌ အမြင့်ဆုံးဘုရားကျောင်းအဖြစ် တရား ဝင်မှတ်တမ်းဝင်သွားခဲ့သည်။ ထိုမှတ်တမ်းဝင်နိုင်ရန်အတွက် ရာစုနှစ်တစ်ခုကျော်ကြာ စောင့်ဆိုင်းခဲ့ရသည်။ ယခင်က ဂျာမနီနိုင်ငံရှိ Ulm Minister ဘုရားကျောင်းသည် (၁၈၉၀) ခုနှစ်ကတည်း က အမြင့်ဆုံးဘုရားကျောင်းအဖြစ် မှတ်တမ်းဝင်ထားခဲ့သည်။ ဘာစီလိုနာ၏ ဘာစီလီကာဘုရားကျောင်းက အလယ်ခရစ္စတူးကားတိုင် တင်မြှောက်ပြီးနောက် (၁၀) မီတာကျော်ဖြင့် အမြင့်ဆုံးဘုရားကျောင်းဖြစ်လာခဲ့သည်။
နှစ်စဉ်နှစ်တိုင်း ဘုရားကျောင်းတံခါးဝသို့ ဖြတ်လျှောက်သူ ကမ္ဘာ့ခရီး သည် (၅) သန်းဝန်းကျင်ရှိပြီး အကြမ်းအားဖြင့် နှစ်စဉ်ဝင်ငွေ ယူရိုသန်း (၁၅၀) ရရှိသည်။ ထိုဝင်ငွေ၏တစ်ဝက်သည် ဘုရားကျောင်းဆောက်လုပ်ရန်အသုံးပြုသည်။ ရှေးမျက်နှာစာအလှဆင်မှုများကို (၂၀၃၄) ခုနှစ်တွင် ပြီးဆုံးရန်မျှော်လင့်ထားကြသည်။
ယင်းအဆောက်အဦးစတင်တည် ဆောက်ခဲ့သူ Antoni Gaudi ၏သေဆုံးခြင်း နှစ် (၁၀၀) ပြည့်သောနေ့၊ ဇွန်လ (၁၀) ရက်၊ (၂၀၂၆) ခုနှစ်တွင် ရဟန်း မင်းကြီးလေအိုက ဖွင့်လှစ်ပွဲပြုလုပ်မည်ဖြစ်ပါသည်။ ဖွင့်လှစ်ပွဲတွင် စပိန်နိုင်ငံ၏ ဘုရင်နှင့်ဘုရင်မ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ကမ္ဘာတစ်ဝှမ်းက ကာဒီနယ်များနှင့် ဆရာတော်များ၊ စီရင်စုအသီးသီးရှိ ရွေးချယ်ထားသော ဘာစီလိုနာပြည်သူများနှင့် သတင်းဌာနများမှ သတင်းသမား (၁၆၀၀) ကျော် တက်ရောက်ကြမည်ဖြစ်ပါသည်။
Sagrada Familia ဘုရားကျောင်းကို UNESCO က ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ထားပါသည်။ ကမ္ဘာပေါ်၌ ကမ္ဘာ့ခရီးသည်လည်ပတ်ခြင်း ဒုတိယအများဆုံးနေရာအဖြစ်လည်း မှတ်တမ်းဝင်ပါသည်။ မည်သူတစ်ဦးကမျှ မမြင်နိုင်ခဲ့သော အိမ်မက်တစ်ခုကို ဘဝတစ်ခုလုံးနှင့်လောင်းကြေးထပ်လျက် စတင်တည်ဆောက်ခဲ့သော Antoni Gaudi ၏စွန့်လွှတ်စွန့်စားမှုသည် အလွန်လေးစားဖွယ်ရာပင် ဖြစ်ပါတော့သည်။
🖋️ Fr. Paulinus G.K Shing
📸 Photo from Google
9/6/2026 (TUE)
Reference: Different sources
08/06/2026
Mozambique နိုင်ငံက ဆရာတော်ကြီး Osório Citora Afonso အသတ်ခံရ ~~~~~~~~~~~~~~~~~~~~~~
8/6/2026
Mozambique 🇲🇿
မိုဇမ်ဘိတ်နိုင်ငံ၊ Quelimane သာသနာက ကက်သလစ်ဆရာတော်ကြီး Osório Citora Afonso သည် အမည်မသိ သေနတ်သမားတစ်ဦးမှ ပစ်သတ်ခဲ့ပါသည်။ ဆရာတော်သည် သက်တော် (၅၄) နှစ်သာ ရှိပါသည်။
နိုင်ငံ၏တရားခုံရုံးစစ်ဆေးချက် သတင်း အရ ဆရာတော်သည် အသက်ရှင်သန်ခွင့်မရှိအောင် နှလုံးနှင်ရက်ဘတ် ကြိမ်ဖန်များစွာ ပစ်ခတ်ခံရကြောင်း သိရသည်။ ယင်းကဲ့သို့ဖြစ်စေသော အကြောင်းရင်းများကို မသိရှိရသေးဘဲ စတင်စစ်ဆေးနေကြသည်။
ဤဆရာတော်သည် အကြမ်းဖက်မှုကို ပြင်းထန်စွာ ရှုတ်ချသူဖြစ်ပြီး ငြိမ်းချမ်းရေးကို တွင်တွင်ကျယ်ကျယ် ဖော်ဆောင်သူအဖြစ် လူသိများပါသည်။ မကြာသေးခင်က ဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကို ဆန့်ကျင်ပြောဆိုခဲ့ကြောင်း သိရသည်။
Pope Leo XIV က ယင်းဆရာတော်ကြီး အသတ်ခံရမှုအပေါ် စိတ်ထိခိုက်ကြောင်း၊ဝမ်းနည်းကြောင်း ယမန်နေ့က ပြောဆိုခဲ့ပါသည်။
သူ့အတွက် တရားမျှတမှုနှင့် သူ၏သာသနာရှိဘာသာတူများ နှစ်သိမ့်မှုရရှိရန်နှင့် သူ၏ဝိညာဉ်အတွက် သတိရဆုတောင်းပေးကြပါစို့ ...။
May his soul rest in peace!
🖋️ Food For Soul - ACM
📸 Fr. Eva Chibuzo Asadu
Click here to claim your Sponsored Listing.
Category
Contact the public figure
Address
Yangon