The Light Bulb
Traditionally a light bulb is a graphic symbol for genesis of a brilliant idea. It also illuminates innovation, invention and positive breakthrough of a hard work. A bright light bulb brings us the feeling of crowned achievement derived from accomplishing tasks we thought we would never be able to succeed. Here in The Light Bulb community, we aim to support those who are working hard to make their
17/05/2022
"အကြံပေးပုဂ္ဂိုလ် သို့ ညွှန်ပြသူ (mentor) ထားရှိခြင်း"
ကိုယ်ပိုင်လုပ်ငန်းမလုပ်ခင် သိဖို့လိုတဲ့ ၃ ချက်အကြောင်း TLBC ကနေ ပြောပြပေးခဲ့တာက ဒီနေ့ဆိုရင် နောက်ဆုံးတတိယမြောက် နှင့် နောက်ဆုံးအချက်ကို ရောက်ရှိလာပါပြီ။ ပထမ ၂ချက်အကြောင်းသိလိုသူများအတွက် ဒီ link တွေကနေတဆင့် ဖတ်ရှုလို့ရပါတယ်။
➡ https://bit.ly/3ld0pz6
➡ https://bit.ly/3LtVZyN
🌊 အခုလက်ရှိစီးပွားရေးလုပ်ငန်းတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ အချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေပါတယ်။ ကျွန်မတို့ရဲ့ လုပ်ငန်းလုပ်ကိုင်ပုံ၊ ဘဝရဲ့စံနှုန်းတွေနဲ့ တန်ဖိုးထားတဲ့အရာတွေကို ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ Covid- 19 က အများကြီးပြောင်းလဲစေတာကိုလည်း တွေ့ရပါတယ်။ စက္ကန့်နဲ့အမျှ ပြောင်းလဲနေတဲ့အရာတွေကို အမှီလိုက်ပြီး လိုအပ်တဲ့ စွမ်းရည်တွေ ရရှိအောင်လုပ်နိုင်ဖို့အတွက် ကိုယ့်မှာရှိတဲ့ သင်ယူလေ့လာနိုင်စွမ်းအပြင် တခြားသူတွေနဲ့ပူးပေါင်းလုပ်ဆောင်ဖို့ စိတ်အားထက်သန်မှုတွေပေါ်မှာ အများကြီးမူတည်နေပါတယ်။ ထိရောက်တဲ့ လမ်းညွှန်မှုနဲ့ လိုအပ်တဲ့ပံ့ပိုးမှုတွေပေးနိုင်တဲ့ အကြံပေးပုဂ္ဂိုလ်ထားရှိပြီး အထူးသဖြင့် သူနဲ့ကိုယ့်ကြားမှာ နှစ်ဦးနှစ်ဖက်လုံးအတွက်အကျိုးရှိတဲ့ ဆက်ဆံရေးရှိတာက ကိုယ့်လုပ်ငန်းအောင်မြင်ဖို့အတွက် အများကြီးအထောက်အကူပြုတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့်မို့လို့ အခုနောက်ပိုင်းအဖွဲ့အစည်းကြီးတွေမှာ ကိုယ့်ထက်သဘာရင့်၊ ဝါရင့်တဲ့သူနဲ့ပဲဖြစ်ဖြစ် ကိုယ့်အချင်းချင်းပဲဖြစ်ဖြစ် လမ်းညွှန်အကြံပေးကြတဲ့ mentoring အစီအစဥ်တွေကို ထည်သွင်းလုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။
🔷 Mentor ထားရှိတာကြောင့် ရရှိနိုင်တဲ့ ပထမဆုံးအကျိုးကျေးဇူးကတော့ သူကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ စီးပွားရေးမှတ်တိုင်တွေကနေတဆင့် သင်ယူလေ့လာခဲ့ရတာတွေကို လွယ်လွယ်သိရှိနိုင်တာပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ mentor က ကိုယ်နဲ့တူညီသောလုပ်ငန်းမျိုးလုပ်တဲ့သူ သို့ လုပ်ငန်းသဘောတရားခြင်းတူညီတဲ့ နယ်ပယ်ကဖြစ်မယ်ဆိုရင် ပိုကောင်းပါတယ်။ သူကြုံတွေ့ရတဲ့ သင်ခန်းစာနဲ့ ကျူးလွန်မိခဲ့တဲ့ အမှားတွေကို ကြိုတင်သိရှိပြီး ထပ်တူညီတဲ့ အမှားမျိုးမလုပ်မိအောင် ရှောင်ရှားနိုင်တာကြောင့် ကိုယ့်ရဲ့ငွေကြေးနဲ့အချိန်ကို အလဟဿမဖြုန်းတီးမိတော့ပါဘူး။ "ကိုယ့်စီးပွားရေးလုပ်ငန်းနဲ့ ပတ်သတ်ပြီး ပြန်ပြင်ဆင်ခွင့်ရခဲ့မယ်ဆိုရင် ဘယ်လိုမတူကွဲပြားတာတွေကို လုပ်မိမယ်ထင်လဲ" ဆိုတဲ့မေးခွန်းမျိုးကိုမေးပြီး အတွေးအမြင်သစ်တွေကို သင်ယူလို့ရပါသေးတယ်။
🍀 ကောင်းမွန်ထိရောက်တဲ့ mentorship တစ်ခုက ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအရည်အသွေးတိုးတက်ဖို့အတွက်ပါ အများကြီးပံ့ပိုးပေးနိုင်ပါတယ်။
ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်တဲ့အချိန်က ခက်ခဲကြမ်းတမ်းပြီး စိတ်ဖိစီးမှုတွေကို ကြုံတွေ့ခံစားရတတ်ပါတယ်။ အဲ့ဒီလိုပင်ပန်းရတဲ့အချိန်တွေမှာ မင်းတစ်ယောက်ထဲ ဒီခရီးကြမ်းကို သွားနေရတာမဟုတ်ဘူး။ ပြဿနာရှိရင် အဲ့ဒါကိုဖြေရှင်းနိုင်မဲ့နည်းလမ်းလည်း ရှိစမြဲပဲဆိုတာကို အသိပေးနိုင်မဲ့သူရှိ ထားတာကလည်း ကိုယ့်အတွက်ကြီးမားတဲ့အားတစ်ခုပါပဲ။
🤝 စီးပွားရေးလုပ်တဲ့နေရာမှာ ကိုယ့်လုပ်ငန်းကို အထောက်အပံ့ပေးနိုင်မဲ့ အဆက်အသွယ် သို့ ကွန်ယက်ထားရှိတာကလည်း လုပ်ငန်းအောင်မြင်စေဖို့အတွက် အများကြီးအကူအညီဖြစ်စေပါတယ်။ စီးပွားရေးနယ်ပယ်ထဲမှာ မြောက်များစွာသောရွေးချယ်မှုတွေ လုပ်ရမှာ ဖြစ်ပြီး ကိုယ့်ဆီကိုရောက်လာတဲ့ သတင်းချက်အလက်တွေကလည်း များလွန်းတာကြောင့် ဝေခွဲမရဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းတိုးတက်အောင်မြင်ဖို့အတွက် စိတ်ရင်းအမှန်နဲ့ အကြံဥာဏ်ပေးနိုင်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့ စီးဖွားဖက်ရှိအောင် ရှာဖွေထားရှိဖို့လိုအပ်ပါတယ်။ ဒီလိုမျိုး ကိုယ့်လုပ်ငန်းနဲ့သင့်တော်တဲ့ မိတ်ဖက်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ဖို့အတွက် ဘယ်သူ့ကိုတော့ ချိတ်ဆက်လုပ်ကိုင်သင့်တယ်ဆိုတာကို ကိုယ့် mentor ရဲ့ အဆက်အသွယ်ကွန်ယက်တွေကနေတဆင့် လည်း ရရှိနိုင်ပါတယ်။
☀️🌱 ကိုယ့်အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်းဖွင့်ဟနိုင်ပြီး ကိုယ်သိချင်တာတွေကို တိုင်ပင်လို့ရတဲ့ ရဲဘော်ရဲဘက်စိတ်ဓါတ်အပြည့်ရှိတဲ့ mentor တစ်ယောက်နဲ့ချိတ်ဆက်မိဖို့ဆိုတာ အပြောလွယ်သလောက် ရဖို့အရမ်းခက်ခဲတတ်ပါတယ်။ ဒါကြောင့်မို့လို့ လူတစ်ယောက်ကို ကိုယ့်ရဲ့အကြံပေးပုဂ္ဂိုလ် သို့ mentor အဖြစ် မထားရှိခင်မှာ အလေးထားပြီး လုပ်သင့်တာက သူ့အကြောင်းကို သေသေချာချာသိအောင် လေ့လာထားဖို့၊ နှစ်ယောက်သား ခဏတဖြုတ်တွေ့ဆုံစကားပြောပြီး သူနဲ့ကိုယ်နဲ့ကြားမှာ chemistry ကိုက်ပြီး နားလည်မှုရှိနိုင်ပါ့မလား ဆိုတာကို အရင်ကြိုသိအောင် လုပ်ထားဖို့ တိုက်တွန်းအကြံပြုလိုပါတယ်။
✨ Good luck.
ဒီပုံလေးကတော့ Lion King animation ထဲက အဖေ ဖြစ်သူကသားကို သွန်သင်လမ်းညွန်နေတဲ့ နာမည်ကြီးဇတ်ဝင်ခန်း လေးပါ၊
09/05/2022
Happy Monday!
ဒီနေ့မှာတော့ အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ်ရပ်တည်ချင်တဲ့ သူတွေအတွက် The Light Bulb ကနေ ထောက်ခံအကြံပြုချင်တဲ့ ဉီးစားပေးလုပ်ရမဲ့ အချက် ၃ ချက်ထဲက ဒုတိယတစ်ခုအကြောင်း ဆက်လက်ဖေါ်ပြပေးပါ့မယ်။
‼️ လုပ်ငန်းကောင်းမွန်စွာ စတင်နိုင်ဖို့နဲ့ စဉ်ဆက်မပြတ်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ငွေပမာဏကို ကြိုတင်တွက်ချက်ထားပါ။
စာဖတ်သူတွေထဲမှာ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုနယ်ပယ်က မဟုတ်တဲ့သူတွေ လွယ်လွယ်ကူကူ နားလည်စေဖို့အတွက် တတ်နိုင်သမျှအရိုးရှင်းဆုံး ပြောပြပေးသွားပါ့မယ်။
လုပ်ငန်းတစ်ခုလည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးပမာဏကို ကြိုတင်တွက်ချက်ပြင်ဆင်ထားတာက ကိုယ့်လုပ်ငန်း ကြီးပွားအောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာကို သေချာအစီအစဥ်ချပြီးလုပ်သလိုမျိုးပဲ အရမ်းအရေးကြီးတဲ့အဆင့်ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လုပ်ငန်းကောင်းကောင်းလည်ပတ်နိုင်ဖို့အတွက် အချိန်ဘယ်လောက်ယူရမလဲဆိုတာကို အရင်ဆုံးဖြတ်ရပါမယ်။ ၅နှစ်လား? ဒါမှမဟုတ် ၁၀နှစ်လား စသည်ဖြင့်ပါ။
ပြီးတော့ ကိုယ့်စီးပွားရေးလုပ်ငန်း စတင်နိုင်ဖို့အတွက် လိုအပ်မဲ့စက်ပစ္စည်းအမျိုးအစားတွေနဲ့ ငွေကြေးအသုံးပြုဖို့လိုမဲ့ အကြောင်းအရာတွေကို သေချာရွေးထုတ်ထားရပါမယ်။ ဥပမာအားဖြင့် ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားတဲ့သူတွေအနေနဲ့ သေချာပေါက် ကော်ဖီဖျော်စက်လိုအပ်မှာပါ။ ကိုယ်ရင်းနှီးမြှပ်နှံနိုင်တဲ့ ငွေကြေးပမာဏပေါ်မူတည်ပြီးတော့ စက်ကိုဝယ်မလား၊ ငှားပြီးသုံးမလားဆိုတာကို ရွေးချယ်ရပါမယ်။ နောက်ထပ်ဥပမာအနေနဲ့ ကိုယ်လုပ်ငန်းဆောင်ရွက်မဲ့ မြေနေရာနဲ့အဆောက်အဦးကို ငှားမှာလား၊ အပိုင်ဝယ်မှာလားဆိုတာကိုလည်း ထည့်တွက်ရပါမယ်။ အဲ့ဒါတွေအပြင် ကိုယ့်လုပ်ငန်းကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက် လိုအပ်မဲ့ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ ပန်းကန်ခွက်ယောက်၊ တခြားလိုအပ်မဲ့ကုန်ကြမ်းတွေနဲ့ ဝန်ထမ်းအင်အားကို ကြိုတင်ဖြည့်တင်းထားဖို့လိုပါလိမ့်မယ်။
လုပ်ငန်းကောင်းမွန်စွာ စတင်နိုင်ဖို့နဲ့ စဉ်ဆက်မပြတ်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးပမာဏကို ကြိုတင်ချိန်ဆတဲ့အပိုင်းမှာ အသက်တမျှအရေးကြီးတာကတော့ လုပ်ငန်းပုံမှန်လည်ပတ်ဖို့အတွက် ငွေဘယ်လောက်သုံးရမယ်ဆိုတာကို ကြိုတင်တွက်ချက်ထားတာပဲ ဖြစ်ပါတယ်။ နောက်ပြီး ဝန်ထမ်းဘယ်နှယောက်ခန့်မှာလဲ။ စက်ပစ္စည်းထိန်းသိမ်းခက ဘယ်လောက်ရှိမလဲ? အပြင်ကနေဝယ်ယူသုံးစွဲရမဲ့ ကုန်ကြမ်းအတွက် ကုန်ကျစားရိတ်က ဘယ်လောက်လဲ? ဒီအချက်တွေအားလုံးကို သေချာတွက်ထားပြီး လုံလောက်တဲ့ငွေပမာဏကို ကိုယ့်လက်ထဲမှာရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ သေချာပေါက်လိုအပ်ပါတယ်။ ဒါမှပဲ လုပ်ငန်းထဲကို ငွေတွေပြန်မဝင်သေးတဲ့အချိန်မှာ ကုန်ကျစားရိတ်အားလုံးကို ပေးချေနိုင်ပြီး ဟန်မပျက် ဆက်လက်လည်ပတ်နိုင်မှာပါ။
ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ ငွေကြေးပမာဏကို တိတိကျကျသိပြီးသွားပြီဆိုရင် လိုအပ်တဲ့အရင်းအနှီးကို ဘယ်နေရာက ရယူမလဲဆိုတာကို စဥ်းစားအဖြေရှာရပါမယ်။
ရင်းနှီးမြှုပ်နှံငွေရနိုင်မဲ့ ခိုင်မာတဲ့ လမ်းကြောင်းတစ်ခုရှိထားရပါမယ်။ ဥပမာအားဖြင့် ဘဏ်ကနေအတိုးနှုန်းနည်းနည်းနဲ့ ချေးငွေရယူတာမျိုးပါ။ မြန်မာနိုင်ငံမှာတော့ မိဘဆွေမျိုး သို့ ရင်းနှီးတဲ့မိတ်ဆွေတွေဆီကနေ ချေးငှားပြီးတော့ လုပ်ငန်းစတင်တတ်ကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ့်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေဆီက ငွေကြေးအရင်းအနှီးရယူပြီး ရှယ်ယာပြန်ပေးတာမျိုးလည်း လုပ်လို့ရပါသေးတယ်။ Sydney တက္ကသိုလ်ရဲ့ MBA ဒါရိုက်တာဖြစ်တဲ့ Professor Guy Ford က " ကြွေးမှီရှိခြင်းက လုပ်ငန်းတစ်ခု စတင်ဖို့၊ လည်ပတ်ဖို့နဲ့ ချဲ့ထွင်ဖို့အတွက်အပြင် လုပ်ငန်းတစ်ခုရဲ့ သေရေး၊ ရှင်ရေးတမျှအရေးကြီးတဲ့ သော့ချက်လည်း ဖြစ်တယ်။ ဒါကြောင့် ဥာဏ်ကိုလွှာပြီး အကျိုးရှိရှိသုံးကြပါ။" ဆိုပြီး ပြောထားပါတယ်။
အနှစ်ချုပ်ပြီးပြန်ပြောရမယ်ဆိုရင် အဓိကလိုအပ်တဲ့ အချက် ၃ ချက်ကတော့
1- လုပ်ငန်းကောင်းမွန်စွာလည်ပတ်ဖို့လိုအပ်မဲ့ အချိန်အတိုင်းအတာသတ်မှတ်တာ။
2- လိုအပ်မဲ့ ပစ္စည်းအမျိုးအစားတွေနဲ့ လုပ်ငန်းလည်ပတ်ဖို့အတွက် သုံးရမဲ့ငွေပမာဏကို တိတိကျကျတွက်ချက်ထားတာ။
3- လုပ်ငန်းခိုင်ခိုင်မာမာစတင်ပြီး ရပ်တည်ဖို့အတွက် ခိုင်မာတဲ့ငွေရပေါက်ရလမ်းတွေ ထားရှိဖို့ပဲဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီအကြောင်းအရာတွေက လိုအပ်နိုင်တာတွေကို ခြံငုံပြီးပြောပြထားတာပါ။ ခက်ခဲနက်နဲတဲ့အသေးစိတ်အကြောင်းအရာအတွက် အဖြေကတော့ ဝါရင့်စီးပွားရေးကဝေဆီကပဲ ရနိုင်မှာပါ။ ဒါကြောင့်မို့လို့ အတွေ့အကြုံများပြီး အရည်အချင်းပြည့်ဝတဲ့ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဆီကနေ တိကျတဲ့လမ်းညွှန်မှုနဲ့ အကြံဥာဏ်ရယူဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။
** English version**
Happy Monday!
Let us try to write this post as less technical as possible as many of our readers might not come from a Finance background.
It is equally important for you to have your finances sorted out just as you have your business growth plan developed. First you have to decide the length of your business plan. Is it five years? Ten years?
Next, you have to identify the type of assets you require to set up your business. For example, if you are setting up a coffee shop, you will need a coffee making machine. Depending on the capital you have, you can either rent or buy the machine. Another example is leasing or buying a building or land for your business to operate. You also need to consider stocks you require to start the operations such as grounded coffees, cutleries, resources, etc.,
Calculating the operating cost of your business is another critical element in the capital outlay calculation. How much resources are you going to hire? What is the maintenance cost of your assets? How much will you need to spend monthly on external suppliers? You need to ensure that you have enough funds to run your operations before revenue comes in to cover the expense sufficiently.
Now that you know what and how much you need to start your business, you need to figure out where to obtain the required funds. One way is to source through financing, for example, from the banks with a certain amount of interest. In Myanmar, it is common to get the funds by borrowing money from your parents or family or even friends. You also have an option to work with the investors where they invest in your company in exchange for equity. Professor Guy Ford, Director of MBA Program from the University of Sydney mentioned once that “Debt is necessary to set up/ operate/ expand a business and it could also be a life/death plug for your business. Use it wisely.”
In summary, there are three key factors - (i) the length of your business plan (ii) type of assets required and operation cost to run the business (iii) source of funds required for the set up.
I would like to highlight that this is a very high level explanation and the details lie in the devil. Therefore, we recommend you to consult with experienced financial experts to give you more accurate advice.
06/05/2022
"ကိုယ့်ရဲ့ကောင်းခြင်းဆိုးချင်းကို အရှိအတိုင်းလက်ခံဖွင့်ဟနိုင်တာက အားနည်းတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ရဲရင့်မှုကို အမှန်ကန်ဆုံးတိုင်းတာပေးတဲ့ အရာတစ်ခုပါ။"
Brene Brown
လူတော်တော်များက ကိုယ်ဟာဘယ်လောက် ခံနိုင်ရည်အားရှိပြီး ကြံ့ခိုင်သန်မာတဲ့သူတစ်ယောက်ဖြစ်လဲဆိုတာကို ပြသဖို့အတွက် သတိဝီရိယနဲ့ အချိန်ပြည့် ကြိုးစားတတ်ကြတယ်မဟုတ်လား။ ကျွန်မတို့မမေ့သင့်တဲ့ အရာတစ်ခုက ကိုယ့်ရဲ့အရှိအတိုင်း ပကတိအခြေအနေကို ထုတ်ဖေါ်ပြသတာကလည်း သတ္တိရှိခြင်းတစ်မျိုးပါပဲ။ ကိုယ့်ရဲ့ စိတ်ခံနိုင်ဝန်အားကိုဖေါ်ပြတာ၊ မသေချာမရေရာမှုတွေကို လက်သင့်ခံရတာနဲ့ ကြောက်ရွံ့နေတဲ့ကြားက အရဲစွန့်ပြီးလုပ်ကိုင်ရတာတွေက လုံးဝမမှားယွင်းပါဘူး။
ကျွန်မတို့ရဲ့ The Light Bulb page ကနေပြီးတော့ ကိုယ်လုပ်ချင်နေခဲ့ပေမဲ့ ဖြစ်လာမဲ့ရလဒ်ကြောင့် တွန့်ဆုတ်နေပြီး မလုပ်ဖြစ်ခဲ့တဲ့အရာတစ်ခုကို ဒီတစ်ပတ်စနေ၊ တနင်္ဂနွေမှာ လုပ်ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီး သိထားစေချင်တာတစ်ခုက ဒီလိုလုပ်ကြည့်လို့ ဖြစ်လာနိုင်တဲ့အဆိုးဆုံးရလဒ်ကတော့ အတွေ့အကြုံအသစ်တစ်ခုဖြစ်ပြီး အောင်မြင်မှုဖြစ်ပါစေ၊ ကျရှုံးမှုဖြစ်ပါစေ ကိုယ့်ဘဝအတွက် သင်ခန်းစာအသစ်ကို လေ့လာပြီးသားဖြစ်သွားမယ်ဆိုတာပါပဲ။
Happy Friday!
*English version*
“Vulnerability is not weakness, it is our most accurate measure of courage.” - Brene Brown
It is in our human nature that we usually put our guards up and persist to show strength and resilience. We must not forget that showing vulnerability is also a form of being brave. There is nothing wrong with exposing our emotional measures, accepting uncertainty and taking risks no matter how scared you are.
We encourage you to do something you have been wanting to do this weekend but not doing it because you are scared of the outcome. Please know that the worst it could happen is that you get to experience it and learn a lesson regardless if it fails or succeeds.
Happy Friday!
Click here to claim your Sponsored Listing.
Website
Address
Yangon