Future Creations

Future Creations

Share

26/07/2024

သူရှုံးတယ် ငါနိုင်တယ်ဆိုတဲ့အာဏာလုပွဲကြီးရဲ့ကြားကမြေစာပင်ဖြစ်နေရတဲ့ကလေးတွေအတွက်ဘယ်သူတွေများထည့်သွင်းစဥ်းစားမိကြပါသလဲ...
😢😓စစ်ဘေးရှောင်ဒေသတွေမှာဘေးလွတ်ရာကိုမပြေးနိုင်တဲ့ကလေးတွေအတွက်.. ကူညီနိုင်ကြရင်သိပ်ကောင်းမှာနော်

Photos from Future Creations's post 28/04/2024

မူကြိုက​လေးတို့အတွက်အားထားရမဲ့ဆရာမ​လေးများ ဆရာမကြီးများနဲ့အတူသင်တန်း​လေးတခု​အောင်မြင်စွာပြုလုပ်​ပေးနိုင်ခဲ့တဲ့ Baby Home preschool ​လေးမှာမှတ်တမ်းတင်

Photos from Save the Children in Myanmar's post 30/03/2024
06/03/2024

မိမိကလေးများကိုလဲအောင်မြင်သောသူများဖြစ်အောင် ပြုစုပျိုးထောင်ပါ...

❤️Successful people....
အောင်မြင်သောသူများသည်

Read every day.
နေ့စဥ် စာဖတ်၏။

Compliment.
သူများကို ချီးကျူးပြောဆို၏။

Embrace change.
အပြောင်းအလဲကို လက်ခံ၏။

Forgive others.
သူများကို ခွင့်လွှတ်တတ်၏။

Talk about ideas.
အတွေးအခေါ်များကို ဆွေးနွေး၏။

Continuously learn.
အမြဲမပြတ် လေ့လာသင်ယူနေ၏။

Accept responsibility for their failures.
မိမိ၏ ကျရှုံးခြင်းအတွက် တာဝန်ယူ၏။

Have a sense of gratitude.
ကျေးဇူးသိတတ်၏။

Set goals and develop life plans.
ရည်မှန်းချက်ချပြီး ဘဝအတွက် စီမံကိန်းချလုပ်တတ်၏။

💔Unsuccessful people .....
မအောင်မြင်သော သူများမှာမူ

Watch TV every day.
နေ့စဥ် TV ကြည့်၏။

Criticize.
သူတပါးကို အပြစ်တင်ဝေဖန်တတ်၏။

Fear change.
အပြောင်းအလဲကို ကြောက်ရွံ့၏။

Hold a grudge.
အငြိုးကြီး၏။

Talk about people.
သူတပါးအကြောင်း ပြောတတ်၏။

Think they know it all.
မိမိကိုယ်ကို အကုန်သိသည်ဟု ထင်၏။

Blame others for their failures.
ကိုယ့်ကျရှုံးမှုအတွက် သူတပါးကို အပြစ်တင်တတ်၏။

Have a sense of entitlement.
မိမိမှာ ရပိုင်ခွင့်ရှိသူဟု အထင်ရောက်တတ်၏။

Never set goals.
ရည်မှန်းချက်လည်း ဘယ်တော့မှ မရှိကြပေ။

Photo credit to the original uploader.
With love,
Dr.Soe Than

16/02/2024

ဉာဏ်ရည်မသန်စွမ်း ကလေးငယ်တို့အတွက် နေအိမ်တွင်း ကစားခြင်းနဲ့ သင်ယူလေ့လာခြင်းမှာ ချောမွေ့စေဖို့ မိဘ အုပ်ထိန်းသူ၊ ပြုစုစောင့်ရှောက်သူတွေ ပံ့ပိုးပေးနိုင်တဲ့ နည်းလမ်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

🔴 စကားလုံးတွေ၊ ရုပ်ပုံတွေ၊ သင်္ကေတတွေ ဒါမှမဟုတ် အရာဝတ္ထုတွေကို အသုံးပြုပြီး ပြောဆိုဆက်သွယ်ပါ။ မျက်လုံးချင်း ဆုံပြီး လက်ဟန်ခြေဟန် အမူအရာ အများအပြား အသုံးပြုပါ။

🟠 လမ်းညွှန်ချက်တွေ ပေးတဲ့အခါ ရိုးရှင်းတဲ့ ဘာသာစကားကို အသုံးပြုပါ။
လမ်းညွှန်းချက်တွေ ဒါမှမဟုတ် ရှင်းပြချက်တွေကို ထပ်ခါထပ်ခါ ပြောပေးပါ။ လမ်းညွန်ချက်တွေကို ရိုးရှင်းတဲ့ အဆင့်တွေ ခွဲပြီး ပြုလုပ်ပေးပါ။ နားလည်မှု ရှိ၊ မရှိလည်း မကြာခဏမေးမြန်းပါ။

🟡 ပြောဆိုဆက်သွယ်ရာမှာ ဘာသာစကားအသုံးပြုဖို့၊ လက်ဟန်အမူအရာ အသုံးပြုဖို့ ကလေးကို တိုက်တွန်း အားပေးပါ။

🔵 ကလေးကို ၎င်း စိတ်ဝင်စားတဲ့ ခေါင်းစဉ်တွေ၊ အကြောင်းအရာတွေနဲ့ စပ်လျဉ်းပြီး စကားစမြည် ပြောပါ။

🟣 ကလေးက အကူအညီ လိုအပ်ရင် ဘယ်လို တောင်းရမယ်ဆိုတာကို သဘောတူညီမှုရယူပါ။ (ဥပမာအားဖြင့် ရုပ်ပုံများပြသခြင်း၊ အမှတ်အသားများကို အသုံးပြုခြင်း)

🟢 ကလေးကို နည်းလမ်းအမျိုးမျိုးနဲ့ ပြန်လည်တုံ့ပြန်ခွင့်ပြုပါ။ (ညွှန်ပြခြင်း၊ လက်ဟန်ခြေဟန်၊ အမူအရာ၊ သင်္ကေတ၊ မျက်စိအကြည့် စသည်ဖြင့်)

🟤 ပြောဆိုဆက်သွယ်ရာမှာ ကလေး၏ ကြိုးပမ်းအားထုတ်မှုကို အားပေးအားမြှောက်ပြုပါ။ ကလေးက စကားပြောဖို့ ကြိုးစားတဲ့အခါ စိတ်ရှည်မှုရှိပါ။ ကလေးကို အမြန်ပြောဖို့ ဖိအားမပေးရပါ။

လုပ်‌ဆောင်ချက်ကို အပြီးသတ်နိုင်ဖို့ ကလေးကို အချိန်ပို‌ပေးပါ။ လုပ်ဆောင်ချက်တွေ အပြီးသတ်ဖို့ အတင်းအကြပ် မခိုင်းရပါ။ လုပ်ဆောင်ချက်တစ်ခု အပြီးသတ်တိုင်း ကလေးအား အားပေးချီးကျုးပါ။ (လက်ဖဝါးချင်းရိုက်ခြင်း၊ ဂုဏ်ပြုခြင်း စသည်ဖြင့်) လိုအပ်မယ်ဆိုရင် ကလေးကို အနားယူချိန် ပေးပါ။

🌸 ရန်ကုန်တိုင်းဒေသကြီးမှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် ဒေါ်နီနီချိုကတော့ အသက် ၁၆ နှစ်အရွယ် ဉာဏ်ရည်မသန်စွမ်း သားလေးအကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။

ပထမတုန်းကတော့ ကိုယ့်သားဦးက ဉာဏ်ရည်မသန်စွမ်းကလေး ဖြစ်နေတော့ သူ့အတွက် စိတ်မကောင်းဖြစ်ရတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကလေးကို ဘယ်လိုလုပ်ပေးရမလဲ ဆိုတာကို အွန်လိုင်းကနေ ရှာဖွေလေ့လာပြီး လိုက်လုပ်ပေးခဲ့တယ်။ မွေးစကနေ အသက် ငါးနှစ်အတွင်း သင်ပေးရင် ရနိုင်တယ်လို့ သိရတော့ စကားပြောတာ၊ အသံထွက်တာ၊ လက်လေ့ကျင့်ခန်းနဲ့ ပစ္စည်းတွေကိုင်တွယ်တာ၊ လမ်းလျှောက်တာကစပြီး သင်ပေးတယ်။ ကလေးကို ဘယ်သူတွေ ဘာပြောပြော ကြံ့ကြံ့ခံပြီး သားမျက်နှာကို ကြည့်ပြီး ကြိုးစားသင်ပေးတယ်။ သူ့အဖေကလည်း တတ်နိုင်သလောက် ပံ့ပိုးပေးပါတယ်။

ကလေး အသက် သုံးနှစ်ကျော်မှာ ကျောင်းစထားဖြစ်တယ်။ ကျောင်းထားထားပြီးပြီးချင်းပဲ ကလေးက တိုးတက်လာတယ်။ စနစ်တကျ ဖြစ်လာပါတယ်။ လုပ်ပေးရင် လုပ်ပေးသလောက် ရတယ်ပေါ့နော်။ ကိုဗစ်ကာလ မတိုင်ခင်ကတည်းက special needs မရှိတဲ့ ကလေးတွေနဲ့ အတူတူ တက်ရတဲ့ ပုဂ္ဂလိကကျောင်းမှာ ထားခဲ့တာပါ။ အခု Grade (4) တက်နေပါတယ်။ ပံ့ပိုးမှုတော့ များများပေးရတယ်။

မနှစ်တုန်းကတော့ ကလေးကို အိမ်မှာ ကစားရင်းနဲ့ပဲ စာသင်ပေးခဲ့တယ်။ ဒါပေမဲ့ ကလေးက သူ့ပတ်ဝန်းကျင် ပျောက်ပြီး တစ်ယောက်တည်း ဖြစ်သလို ခံစားရတယ် ထင်ပါတယ်။ အပြင်ထွက်ချင်တယ်ဆိုပြီး မကြာခဏ ပြောလာတာပေါ့။ ဒါနဲ့ ဒီနှစ် ဩဂုတ်လက စပြီး ကျောင်းပြန်ထားလိုက်တယ်။ ကျောင်းနဲ့ အဆက်ပြတ်သွားလို့ အဆင်ပြေပါ့မလားလို့ ထင်ခဲ့ပေမယ့် တက်တက်ကြွကြွ ပြန်ဖြစ်လာပြီး သူ့ပတ်ဝန်းကျင်ထဲကို ပြန်ရောက်သွားသလို ပျော်လာတာ။ Special Needs ကလေးဆိုတော့ ကျောင်းစာတွေ မလိုက်နိုင်မှာကို ကျွန်မလည်း စိုးရိမ်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ကျောင်းမှာ ဆရာတွေက ဂရုစိုက်သင်ပေးတယ်။ သင်ခန်းစာတွေကို အစကနေ ပြန်ပြီး သင်ပေးတယ်။ ကလေးကတော့ ပထဝီ၊ သမိုင်း၊ သိပ္ပံ သင်တဲ့အခါ အခက်အခဲ နည်းနည်း ရှိပါတယ်။ ဒါပေမဲ့ ကျောင်းမသွားချင်ဘူးဆိုတာ မရှိဘူး။ သူ ကြိုးစားပြီးတော့ သင်ယူနေလို့ ကျွန်မတို့ ဝမ်းသာရတယ် 🌸

(*အမည်ရင်းကို လွှဲပြောင်းအသုံးပြုထားပါသည်)

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 24, 62 Street
Yangon