Maxmate So Smooth So Strong
04/06/2016
ကွန်ဒုံးအကြောင်း သင်မသိနိုင်သေးတဲ့ အချက် ၁၃ ချက်။
၉၈ % - နည်းလမ်းမှန်မှန်အသုံးပြုပါက ၉၈% အထိ ကိုယ်ဝန်တားပေးနိုင်သည်။
၁၀၀၀၀ - ကွန်ဒုံး အသုံးပြုခြင်းသည် အသုံးမပြုသူထက် လိင်မှကူးစက်တတ်သည့်ရောဂါကို အဆ တစ်သောင်း ကာကွယ်ပေးနိုင်သည်။
၂.၃% - လိင်ဆက်ဆံချိန်တွင် ကွန်ဒုံးပေါက်ပြဲနိုင်ခြေ ၂.၃% ရှိသည်။
၁ - ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာ အသုံးပြုနိုင်သည်။
၎ - ကွန်ဒုံးကို သိမ်းထားနိုင်သော အများဆုံးကာလမှာ ၄ နှစ်ဖြစ်သည်။
၁၈၅၅ - ကွန်ဒုံးကို ၁၈၅၅ ခုနှစ်တွင် တီထွင်ခဲ့သည်။
၁၃၅၀ - ရှေ့ အီဂျစ်လူမျိုးတို့သည် ၁၃၅၀ ဘီစီ ကတည်းက တိရစ္ဆာန်များ၏ အူနှင့် ဆီးအိတ်တို့မှ ပြုလုပ်သော ကွန်ဒုံးကို အသုံးပြုခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။
၁၂၀၀၀-၁၅၀၀၀ - ကွန်ဒုံးအသုံးပြုသော အမျိုးသား တစ်ဦးအား သရုပ်ဖော်ထားသော ပုံကို ပြင်သစ်နိုင်ငံရှိ ဂူနံရံတစ်ခုပေါ်တွင်ရေးဆွဲထားသော နှစ် ၁၂၀၀၀ မှ ၁၅၀၀၀ သက်တမ်းရှိ နံရံဆေးရေးတစ်ခုတွင် တွေ့ရသည်။
၁၈ - ကွန်ဒုံးအမျိုးအစားပေါင်း ၁၈ မျိုးအထိရှိသည်။
ဝ.၀၃၂ - ကွန်ဒုံးတစ်ခု၏ အထူသည် ၀.၀၃၂ မီလီမီတာရှိသည်။
သန်း ၅ ထောင် - တစ်နှစ်အတွင်း ကွန်ဒုံး အရောင်းမှာ သန်း ၅ ထောင်ရှိသည်။
၂၆၀ - ကမ္ဘာ့အကြီးဆုံး ကွန်ဒုံးမှာ ပေ ၂၆၀ အထိ ရှိသည်။
ဝ.၀၄ - ဈေးအသက်သာဆုံးနှင့် အလွယ်တကူ ရရှိ အသုံးပြုနိုင်သော သန္ဒေတားနည်းမှာ ကွန်ဒုံးသုံးခြင်းဖြစ်ပြီး ဈေးအပေါဆုံးကွန်ဒုံးသည် တစ်ခုကို အမေ၇ိကန်ဒေါ်လာ ၀.၀၄ (၅၀ ကျပ်) ခန့်သာ ကျသင့်သည်။
Ref: www.printerest.com
www.plannedparenthood.org
www.phactual.com
16/05/2016
ကွန်ဒုံးဆိုတဲ့စကားကကျွန်တော်တို့ပတ်ဝန်ကျင်မှာမစိမ်းတော့ပေမယ့် လူကြားသူကြားထဲပေါ့ပေါ့ပါးပါးပြောဆိုဆွေးနွေးလို့ရလောက်အောက်တော့ မပွင့်လင်းသေးပါဘူး။ ကွန်ဒုံးဆိုတာအပြစ်တစ်ခုလိုရှက်စရာရွံစရာ၊ အရာတစ်ခုဖြစ် သတ်မှတ်နေသူတွေရှိနေကြတုန်း။ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာကွန်ဒုံးဆိုတာမကောင်းမှုရဲ့ ပြယုဂ်တစ်ခုအနေနဲ့ တွဲမြင်နေကြသေးတဲ့ အခြေအနေတစ်ခုမှာပဲရှိနေသေးတယ်ပြောရမယ်။
တကယ်တော့ ကွန်ဒုံးဆိုတာကောင်းကျိုးတွေအတွက် လူတွေတီထွင်ခဲ့တဲ့ အရာတစ်ခုပါ။ အစိုးမရနိုင်တဲ့ လူ့စိတ်ဆန္ဒတွေကြောင့် ရရှိခံစားလာရမယ့် ဘေးအန္တရာယ်တွေကိုယ် ကာကွယ်တားဆီးဖို့ အရေးပါတဲ့ ထုတ်ကုန်တစ်ခုဆိုတာနားလည် လက်ခံဖို့လိုပါတယ်။
ကွန်ဒုံးကဘယ်လိုကောင်းကျိုးတွေပေးသလဲ။
လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုကာကွယ်ပေးခြင်း။
လိင်မှတဆင့် ကူးတယ်လို့ပြောရင် HIVပိုး၊ ကာသသားရောဂါ တို့ကိုလူတိုင်းနီးပါးသိပြီးသားပါ။ လွယ်လွယ်ပြောရရင် အကူးစက် မခံရအောင် လိင်မှုကိစ္စကိုမကျူးလွန်ဘဲရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။ ဒါပေမယ့် လူ့စိတ်ဆိုတာကထိန်းချုပ်ဖို့ခက်ခဲပါတယ်။ အခြေအနေအချိန်အခါနဲ့ ပတ်ဝန်းကျင်ကအခွင့်သာနေတဲ့ အခါမျိုးမှာအပျော်အပါးကိုအလွယ်တကူပြုမိကြပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ အသွင်အပြင် ကြည့်ရုံနဲ့ ရောဂါကင်းတဲ့သူလို့ ပြောလို့မရသလို၊ ကူးစက်ရောဂါ ဆိုတာကလည်းတစ်ကြိမ်တစ်ခါတည်းနဲ့လည်းကူစက်နိုင်တယ်ဆိုတာမမေ့သင့်ပါဘူး။ ဒီတော့ ကိုယ်ကိုတိုင် အပျော်အပါးမကင်းတဲ့ ပတ်ဝန်ကျင် အခြေအနေမျိုးမှာနေတတ်သူတစ်ယောက်ဆိုရင် ကွန်ဒုံးကိုဆောင်ထားဖို့နဲ့ ကြုံကြိုက်လာရင် ကွန်ဒုံးကိုသုံးဖို့ မမေ့ဖို့လိုပါတယ်။ သတိဆိုတာပိုတယ်မရှိဘူးဆိုတာသတိချပ်ပါ။
၂။ ကိုယ်ဝန်တားပေးခြင်း။
ကိုယ်ဝန်တားတယ်လို့ ပြောရင် အိမ်ထောင်သည်တွေနဲ့ ဆိုင်တယ်လို့ပဲထင်ကြပါလိမ့်မယ့်။ တကယ်တော့ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာမရည်ရွယ်ဘဲရတဲ့ကိုယ်ဝန် (Unplanned or Unwanted pregnancy) ရမှုကရာခိုင်နှုန်းမနည်းလှဘူး။ အိမ်ထောင်ရှင်တွေအနေနဲ့ ပတ်ဝန်ကျင်ကိုအသိပေးဖြေရှင်းရတာလွယ်ကူပေမယ့် လက်မထပ်ရသေးဘဲအတူနေမိတဲ့ စုံတွဲတွေ အနေနဲ့ပြသနာပိုများပါတယ်။ လူသူမသိအောင် ဖြေရှင်းရင်း အသက်ဆုံးသည်အထိပေးဆပ်ခဲ့ရတဲ့ မိန်းကလေးငယ်လေးတွေ အများအပြားရှိသလိုအဆင်သင့် မဖြစ်သေးခင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်ရပြီးဘဝကိုရုန်းကန်နေရသူမနည်းရှိပါတယ်။ လက်မထက်ခင် အတူနေတယ်ဆိုတာကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာတော့ အပြစ်တစ်ခု (Social Sin) ပါ။ သတိနဲ့ ဆင်ခြင် ထိန်းသိမ်းနိုင်ကြရင်တော့ အကောင်းဆုံး ဖြစ်ပေမယ့် ကိုယ့်သတိနဲ့ မဆင်နိုင်ဘူးဆိုရင်တော့ ကွန်ဒုံးကိုမဖြစ်မနေသုံးဖို့ အလွန်အရေးကြီးပါတယ်။ တစ်ကြိမ်တည်းနဲ့ ဘာမှမဖြစ်ပါဘူးဆိုတာမှားပါတယ်။ အဲ့ဒီ တစ်ကြိမ်တစ်ခါက ကိုယ့်ဘဝတစ်ခုလုံးကိုကောင်းကောင်းကြီးပြောင်းလဲသွားနိုင်တယ်ဆိုတာကိုသတိရှိစေချင်ပါတယ်။
၃။ သုံးရလွယ်ကူပြီးပျော်ရွင်မှုကို ဖြည့်ဆည်းပေးနိုင်ခြင်း။
ကွန်ဒုံးကိုနည်းစနစ်ကျကျ အသုံးပြုဖို့ အလွန်လွယ်ကူပါတယ်။ ကွန်ဒုံးကိုဆောင်ထားရုံကလွဲလို့ သူ့ကိုသုံးဖို့ ကြိုတင်ပြင်ဆင်စရာဘာမှမလိုပါဘူး။ အရေးပေါ်အခြေအနေမှာအလွယ်တကူသုံးနိုင်ပါတယ်။ မိမိလက်ထဲမှာကွန်းဒုံးရှိနေအောင်သာစီစဉ်ထားဖို့လိုပါတယ်။ ကိုယ့်စိတ်ဆန္ဒရှိတဲ့ အတိုင်းဘာကိုမှ စိုးရိမ်စရာ၊ နောက်ကျောတင်းစရာနောင်တရစရာမလိုဘဲ၊ စိတ်သွားတိုင်းကိုယ်ပါ ပျော်ရွင်မှုကိုအပြည့်အဝဖန်းတီးပေးနိုင်ပါတယ်။
ဒီတော့ ကျွန်တော်တို့ အမြင်ကိုတစ်ခုပြောင်းကြည့်ရအောင်။
"ကွန်ဒုံးဆိုတာတက်ကြွပြီးမိမိကိုယ်ကိုဂရုစိုက်တတ်ပြီးကိုယ့်နဲ့ကိုယ့်ချစ်သူ နှစ်ဦးလုံးရဲ့ ဘဝကိုတန်ဖိုးထားတတ်တဲ့သူတိုင်းအတွက် အကောင်းဆုံးလက်တွဲဖော်တစ်ခုပါလို့။"
06/05/2016
ကွန်ဒုံးဆောင်တာရှက်စရာလား။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာကွန်ဒုံးကိုရှက်စရာတစ်ခုအဖြစ်မြင်နေကြတုန်းပါ။
ကွန်ဒုံးလို့ပြောလိုက်ရင် တီကောင်ဆားတို့ခံရသလို မနှစ်မြို့ကြတဲ့လူတွေလဲရှိနေကြတုန်းဆိုတာတွေ့ရသေးတယ်။
ကိုယ့်သားသမီးရဲ့ အိတ်ကပ်ထဲမှာပိုက်ဆံအိတ် လွယ်အိတ်ထဲမှာကွန်ဒုံးတွေ့လို့ အပြစ်သားတစ်ယောက်လိုပြောဆိုတတ်ကြတဲ့ မိဘတွေလည်းမနည်းရှိနေပါသေးတယ်။
Convenience Store တို့ supermarketတို့ရောက်လို့ Condom Stand အရှေ့ ရပ်ကြည့်မိလို့ နှာခေါင်းရှုံပြီးရှောင်သွားကြတာကိုကျနော်တို့ အမျိုးသားတွေ ကြုံဖူးကြမယ်ထင်တယ်။
ဆေးဆိုင်မှာလူရှင်းအောင် စိတ်ရှည်ရှည်နဲ့ စောင့်ပြီးအရောင်းဝန်ထမ်းကိုခိုးကြောင်ခိုးဝှက် ကွန်ဒုံးကိုမေးဝယ်ရတဲ့ အခိုက်အတန့် ကျနော်တို့ အမျိုးသားတွေမှာရှိခဲ့ဖူးကြပါလိမ့်မယ်။
အိတ်ထဲမှာကွန်ဒုံးတွေ့လို့ ချစ်သူကောင်မလေးက ပြသာနရှာခံရတဲ့ ကောင်လေးတွေ ဘယ်နှယောက်ရှိကြလဲ
ဒီလိုရှက်စရာလိုအပြစ်တစ်ခုလိုထင်နေသေးတဲ့သူတွေသိအောင်ပြောပြကြရအောင်….. ကျနော်တို့ အိတ်ထဲကကွန်ဒုံးတွေကဘယ်လိုဘယ်ပုံအရေးပါတယ်ဆိုတာသူတို့သိအောင် Comment ထဲမှာဆွေးနွေးကြရအောင်။
01/02/2016
ကဲ ဘော်ဒါတို့ ဘယ်လိုလဲ 😎😎😎
Credit to Myanmar Portal
အမျိုးသားများ အပေါင်းအသင်းများနှင့် Night Out ပြုလုပ်ပေးရန် အရေးကြီးကြောင်း သိပ္ပံပညာရှင်မ� သင့်အပေါင်းအသင်းတွေနဲ့ ညဖက်သောက်စား လျှောက်သွားတာကို သင့်ချစ်သူဇနီးက သဘောမကျပဲ အလကား အချိန်လိုက်ဖြုန်းတာလို့ ယူဆရင် ဒါဟာ လိုအပ်လို့ လုပ်ဆောင်နေရတာ ဖြစ်ကြောင်း သင်ပြန်ပြောနိုင်ပါပြီ ။
31/01/2016
ဒီတပတ်ရဲ့ weekend လေးကို ကိုညီထွဋ်ရဲ့ ဘာလိုလိုပါ သီချင်းလေးနားထောင်ပြီး အဆုံးသတ်ကြရအောင်လားဗျာ.. မနက်ဖန်အတွက် အားသစ်တွေမွေးရင်းနဲ့ပေါ့..
Zaw Win Htut [unplugged] - Bar Lo Lo Par | ဘာလိုလို မဆိုင်တော့ဘူး ဆိုပေမဲ့  .. ဘာလိုလို ပါ အချစ်ရေ ..
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon