Safe Food from Safe Farm

Safe Food from Safe Farm

Share

Photos from Safe Food from Safe Farm's post 29/01/2026

🍓 (ပိုးသတ်ဆေးကင်းစင်ပြီး) လတ်ဆတ်တဲ့
ဂျပန်ချိုမွှေး စတော်ဘယ်ရီ လာပြီနော်! 🍓
​"မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အသီးအနှံတွေကိုပဲ ရွေးချယ်ချင်သူတွေအတွက်..."

​✅ Safe Food from Safe Farm မှာ ပိုးသတ်ဆေး လုံးဝ(လုံးဝ) မသုံးဘဲ စိုက်ပျိုးထားတဲ့
🍓ဂျပန်ချိုမွှေး စတော်ဘယ်ရီ မှာယူနိုင်ပါပြီ

သောက်ကြာနေ့မှာခူးပြီး ညတွင်းချင်း စနေနေ့မနက်ရောက်ရှိလာမှာဖြစ်လို့ လတ်ဆတ်မှုကအပြည့်ပါပဲ

​🥦 ဒါ့အပြင်
✅​ ဓာတုကင်းစင်တဲ့ ဟင်းသီးဟင်းရွက်များ
✅ ပြည်တွင်း ထုတ်ကုန်များကိုလည်း

သင့်အိမ်အရောက် ဝန်ဆောင်မှုပေးနေပါပြီခင်ဗျာ...

​💰 ဈေးနှုန်းစာရင်းကို (ပုံမှာကြည့်ပေးပါ)

လိုချင်တာတွေစာရင်းမှတ်ပြီး

​🛒 အမြန်ဆုံး Order မှာယူလိုက်ပါခင်ဗျာ
📞 ဖုန်း - 09 43127656
📩 Messenger မှတစ်ဆင့်လည်း ဆက်သွယ်မှာယူနိုင်ပါတယ်။

Photos from Safe Food from Safe Farm's post 08/01/2026

ပြီးခဲ့တဲ့အပတ်က Safe Food from Safe Farm ဈေးပုံရိပ်များဖြစ်ပါတယ်...

ကျွန်တော်တို့ရဲ့ "ဘေးကင်းလုံခြုံပြီး လတ်ဆတ်တဲ့ အစားအစာ" တွေကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... 🌱

နောက်အပတ်‌‌ နောက်အပတ်တွေမှာလည်း လိုအပ်ချက်တွေကိုဖြည့်ဆည်းပြီး ဒီထက်ပိုလတ်ဆတ်၊ ပိုကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက်တွေ နဲ့ ထုတ်ကုန်တွေကို ရောင်းချပေးနိုင်ဖို့ ကြိုးစားသွားပါမယ်ခင်ဗျာ... See you next weekend! 👋

Photos from Safe Food from Safe Farm's post 31/12/2025

နှစ်သစ်ကူးပိတ်ရက်‌‌ စနေတနင်္ဂ‌နွေ လေးမှာ
Safe Food from Safe Farm မှာ ပျော်ပျော်ရွင်ရွင် ဈေးဝယ်ကြစို့

🍅🥦🥒🫛🍐🍈🍌🥑🥬🫐🫜🥥🍆🥕🍊🍉

ဒီအပတ်မှာလည်းလတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက် နဲ့ ပြည်တွင်းထုတ် ဒေသထွက်ကုန်တွေအစုံအလင်ပါပဲခင်ဗျ...

🌿ရရှိနိုင်မယ့်သစ်သီးဝလံ သင်းသီးဟင်းရွက်နဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်👇

၁။ မှိုမျိုးစုံနှင့်အညာထွက်ကုန်
၂။ ဓါတုဓါတ်ကြွင်းကင်း ဟင်းသီးဟင်းရွက်နှင့် SME ထုတ်ကုန်
၃။ သဘာဝ ပိန္နဲသီး၊ ဩဂဲနစ် မာလကာသီး၊ သဘာဝ ငှက်ပျောသီးမျိုးစုံ
၄။ နယူဒေး (လက်ဖက်ထုတ်ကုန်)
၅။ စိမ်းလန်းမြေ (စားသောက်ကုန်)
၆။ မိတူးလေး ဝိုင်နှင့်ယိုမျိုးစုံ
၇။ Olive Moon မက္ကဒေးမီးယား
၈။ Cherry Coffee
၉။ ထူးဗျန်းဘီး (ကယန်းငရုတ်)
၁၀။ စွမ်းရည် (ဇီဝရွက်ဖြန်းမြေဩဇာ)
၁၁။ Baby Elephant
၁၂။ Ah Tee Family Natural Farm
၁၃။ ဒို့ကျေးလတ် (ဇီဝမြေ‌ဩဇာဖျော်ရည်)
၁၄။ Korean Food Lover
၁၄။ ElePlants က Kombucha ဖျော်ရည်
🍹Kombucha ဆိုတာကတော့ သဘာဝ ပန်းနှင့် သစ်သီးဝလံ ဆေးဖက်ဝင် ဟင်းခတ်အမွှေးကြိုင် များဖြင့် ပြုလုပ်ထားတဲ့ ကျန်းမာရေး အကျိုးပြု probiotics ပါဝင်တဲ့ လက်ဖက်အေးဖျော်ရည် ချဉ်ချဉ်လေးပါ..

👉 Safe Food from Safe Farm စနေ၊ တနင်္ဂနွေဈေးကို ကန်တော်ကြီး၊ မြေပဒေဿာကျွန်း (ဂျပန်သံရုံးရှိတဲ့ဝင်ပေါက်) တွင် နံနက် ၆:၃၀ မှ နေ့လည် ၂:၀၀ အထိ အပတ်စဉ် ဖွင့်လှစ်နေပါပြီ။

🌿အပတ်စဉ်လာရောက်ဝယ်ယူအားပေးသူ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ

🎉နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်မာ၍ လိုအင်ဆန္ဒများပြည့်ဝကြပါစေခင်ဗျာ🙏

Photos from Safe Food from Safe Farm's post 18/12/2025

🌿 ဒီအပတ် ဘာတွေရမှာလဲ?🥬🍅🌽🥦🥕🌶️

Safe Food from Safe Farm Market မှာ ဒီအပတ်ရမယ့် ဓါတုလွတ် ဟင်းသီးဟင်းရွက်တွေကတော့
👇
မုန်ညှင်းစိမ်း/ဖြူ၊ မုန်လာပင်၊ ချဉ်ပေါင်၊ ကန်စွန်းရွက်၊ ဂွေးတောက်ချို/ခါး၊ ပေါက်ပန်းဖြူ၊ ကင်ဗိ၊ တရုတ်နံနံ ပူစီနံ၊ ကင်ပွန်းချဉ်၊ ပင်စိမ်း၊ သံပယိုသီး၊ ငှက်ပျောဖူး၊ ဆလပ်ရွက်၊ ကြက်သွန်မိတ်၊ ဟင်းနုနွယ်၊ သခွားသီး၊ ရှောက်ရွက်နု၊ ပဲသီး၊ သရက်ကင်း၊ ချဉ်ပေါင်ဖူး၊ ခရမ်းကဆော့သီး တွေရပါမယ်...

🌿Ah Tee Family Natural Farm ကလည်း ဒီတစ်ပတ်စနေနေ့မှာ ရာသီပေါ် ဟင်းသီးဟင်းရွက်၊ ပေါ်ဦးပေါ်ဖျား သရက်သီးစိမ်းနဲ့ ထိုင်းအုန်းချိုမွှေး ရပါမယ်... ပြီးတော့...ကြက်မဲဥ နဲ့ တောကြက်ဥလည်းရပါမယ်တဲ့... (စနေနေ့ တရက်တည်း ရမှာပါ)

🌿ဒို့ကျေးလတ် ကလည်း သူတို့ရဲ့ ဇီဝမြေဩဇာ/ သဘာဝအပင်အားဖြည့်ဖျော်ရည်များနဲ့သာ စိုက်ပျိုးထားတဲ့ မုန်ညှင်း၊ ဟင်းနုနွယ် နဲ့ မုန်လာပင်ပေါက် တွေရပါမယ်တဲ့ခင်ဗျာ...

🍄‍🟫မှိုစားချင်တာ လား?
ရှိပါတယ်..လတ်လတ်ဆတ်ဆတ်ဆိုရင် 🍄‍🟫ငွေနှင်းမှို၊ ကောက်ရိုးမှို၊ ကြွက်နရွက်မှို နဲ့ မှိုအချိုကြော်၊ အစပ်ကြော်တွေလည်းရှိပါတယ်...

🍌 ဆေးမစိမ်တဲ့ ငှက်ပျော်သီးရှာနေတာလား?
ဖီးဂျမ်း၊ ရွေငှက်ပျော၊ သီးမွှေး (အခွံစိမ်း) ရပါမယ်.... (လုံးဝဆေးမစိမ်ထားပါဘူးခင်ဗျာ)

🌿သစ်သီးကတော့ အိုးဝေခြံက ပိန္နဲသီး နဲ့ Ah Tee Family Natural Farm က ကီလိုမာလာကာသီး ရပါမယ်...

ဒါပဲလား?
မဟုတ်ပါဘူး...

🌿 Orchard Fresh က ဩဂဲနစ်ဆန်
🌿 ထူးဗျန်းဘီး က ငရုတ်သီး၊ ငရုတ်ဆီ၊ မက်ခါမုန့်၊ မက်ခါစေ့
☕ကော်ဖီချယ်ရီက အသင့်သောက် ကော်ဖီမျိုးစုံ
🫘 ငွေနန်းအိမ် က ရွာငံကော်ဖီ နဲ့ လက်ဖက်ခြောက်
🌿 New Day က 🍵လက်ဖက်ခြောက်၊ ရွေဖီ လက်ဖက်ခြောက်၊ Green Tea အမှုန့်၊ နှစ်ပြန်ကြော်၊ အသားလုံးကြော်၊ လက်ဖက်ကြော်
🌿 Olive Moon က အသင့်စား မက္ကဒေးမီးယားအစေ့ တွေရရှိပါမယ်...

👉 ဒါ့အပြင် ပျားရည်၊ ကြယ်ပဲဆီ၊ သံပုရာသီးခြောက်၊ ကြောင်လျှာသီးခြောက် နဲ့ ပြည်တွင်းထုတ် လူသုံးကုန်နဲ့ စားသုံးကုန်ပစ္စည်းများလည်း ရရှိမှာဖြစ်ပါတယ်...

👉 သဘာဝမြေဩဇာဆိုင်ဆိုရင် ဒို့ကျေးလတ်၊ စူပါဗွန်းနဲ့ ကမ္ဘာသစ် တို့ ရှိပါတယ်...

🌿 ဒီတော့... ကျွန်တော်တို့ရဲ့ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမတို့က....🤗 Safe Food ကိုငါကြိုက်တယ်... Safe Food ပဲလိုချင်တယ် ဆိုရင်တော့....စနေ၊ တနင်္ဂနွေ ဆိုရင် Safe Food from Safe Farm ဈေးကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ...🙏

👉 Safe Food from Safe Farm စနေ၊ တနင်္ဂနွေဈေးကို ကန်တော်ကြီး၊ မြေပဒေဿာကျွန်း (ဂျပန်သံရုံးရှိတဲ့ဝင်ပေါက်) တွင် နံနက် ၆:၃၀ မှ နေ့လည် ၂:၀၀ အထိ အပတ်စဉ် ဖွင့်လှစ်နေပါပြီ။

🌿အပတ်စဉ်လာရောက်ဝယ်ယူအားပေးသူ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏

11/12/2025

ဒီတစ်ပတ်တော့ ‌Safe Food Safe Farm Market မှာ ဈေးလည်းဝယ်.... Kombucha လည်းသောက်.... ဆွေးနွေးပွဲလည်းနားထောင်‌... လို့ရမှာပါ...

🍹Kombucha ဆိုတာကတော့ သဘာဝ ပန်းနှင့် သစ်သီးဝလံ ဆေးဖက်ဝင် ဟင်းခတ်အမွှေးကြိုင် များဖြင့် ပြုလုပ်ထားတဲ့ ကျန်းမာရေး အကျိုးပြု probiotics ပါဝင်တဲ့ လက်ဖက်အေးဖျော်ရည် ချဉ်ချဉ်လေးပါ... မြည်းစမ်းကြည့်လှည့်ပါအုံးခင်ဗျ...

🍅🥦🥒🫛🍐🍈🍌🥑🥬🫐🫜🥥🍆🥕🍊🍉

ဒီအပတ်မှာလည်း လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက် နဲ့ ပြည်တွင်းထုတ် ဒေသထွက်ကုန်တွေအစုံအလင်ပါပဲခင်ဗျ...

🌿ရရှိနိုင်မယ့်သစ်သီးဝလံ သင်းသီးဟင်းရွက်နဲ့ ထုတ်ကုန်တွေဖြစ်ပါတယ်👇

၁။ မှိုမျိုးစုံနှင့်အညာထွက်ကုန်
၂။ ဓါတုဓါတ်ကြွင်းကင်း ဟင်းသီးဟင်းရွက်နှင့် SME ထုတ်ကုန်
၃။ အိုးဝေခြံမှ ကျွဲကော နှင့် သစ်သီးများ
၄။ ငှက်ပျောသီးမျိုးစုံ
၅။ ဒန့်ဒလွန် ထုတ်ကုန်
၆။ နယူဒေး (လက်ဖက်ထုတ်ကုန်)
၇။ စိမ်းလန်းမြေ (စားသောက်ကုန်)
၈။ ကြယ်ပဲဆီ
၉။ မိတူးလေး ဝိုင်နှင့်ယိုမျိုးစုံ
၁၀။ မက္ကဒေးမီးယား
၁၁။ ကော်ဖီနှင့်ခေါက်ဆွဲခြောက်၊ ရှောက်ယို
၁၂။ ဇွန်ပန်း (ပျားရည်)
၁၃။ ထူးဗျန်းဘီး (ကယန်းငရုတ်)
၁၄။ စွမ်းရည် (ဇီဝရွက်ဖြန်းမြေဩဇာ)
၁၅။ Baby Elephant
၁၆။ ဒို့ကျေးလက် ဇီဝထုတ်ကုန်

👉 Safe Food from Safe Farm စနေ၊ တနင်္ဂနွေဈေးကို ကန်တော်ကြီး၊ မြေပဒေဿာကျွန်း (ဂျပန်သံရုံးရှိတဲ့ဝင်ပေါက်) တွင် နံနက် ၆:၃၀ မှ နေ့လည် ၂:၀၀ အထိ အပတ်စဉ် ဖွင့်လှစ်နေပါပြီ။

🌿အပတ်စဉ်လာရောက်ဝယ်ယူအားပေးသူ အားလုံးကို ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ

Want your restaurant to be the top-listed Restaurant in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


UMFCCI
Yangon

Opening Hours

Saturday 06:30 - 14:00
Sunday 06:30 - 14:00