Htet Aaron - Beads Collection

Htet Aaron - Beads Collection

Share

31/12/2024

"သမိုင်းတန်ဖိုးသိစေလိုသည်"

ပထမအင်္ဂလိပ်မြန်မာစစ်သည် ခရစ်နှစ် ၁၈၂၄-ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သည်။ ကုန်းဘောင်ခေတ်၊ ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ရှင်မဖြူကျွန်း ကိစ္စနှင့် ပတ်သက်၍ အငြင်းပွားရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်နှစ် ၁၈၂၆-ခုနှစ်တွင် ရန္တပိုစာချုပ်ချုပ်ဆိုပြီး စစ်ပွဲပြီးဆုံးသည်။ ပထမ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် အာသံ၊ မဏိပူရ၊ ရခိုင် နှင့် တနင်္သာရီဒေသတို့ကို အင်္ဂလိပ်တို့အား ပေးအပ်ခဲ့ရသည်။

- ဒုတိယစစ်ပွဲအပြီး (၁၈၅၂)ခုနှစ်မှာ- မြန်မာနိုင်ငံ အောက်ပိုင်းတစ်ခုလုံး သိမ်းပိုက်ခံလိုက်ရသည်။

- တတိယစစ်ပွဲအပြီး (၁၈၈၅) ခုနှစ်မှာ- မြန်မာတစ်နိုင်ငံလုံး သိမ်းပိုက်ခံလိုက်ရသည်။

ဒီတော့ အနောက်တိုင်းသားတို့ဟာ (၁၆၁၀)ခုနှစ်မှ (၁၈၈၅)ခုနှစ်အထိ (နှစ်ပေါင်း- ၂၇၅ နှစ်တိုင်တိုင်) နည်းလမ်းမျိုးစုံ အသုံးပြုလာခဲ့ကြပြီး မြန်မာတစ်နိုင်ငံလုံးကို ကျွန်ဇာတ်သွင်းခဲ့ကြသည်။

မြန်မာနိုင်ငံကို ကျွန်ပြုဖို့အတွက် (နှစ်ပေါင်း ၂၇၅ နှစ်တိုင်တိုင်) ကြိုးပမ်းခဲ့ကြသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ (၁၉၄၈) ခုနှစ်မှစပြီး ယခုနှစ် (၂၀၂၁)ခုနှစ်အထိ (နှစ်ပေါင်း- ၇၄ နှစ်)သာ ကြာပါသေးသည်။

ဒီနေ့ခေတ် "အနောက်ဥရောပနိုင်ငံတွေ၊ တိုင်းတစ်ပါးသားတွေက မြန်မာနိုင်ငံအပေါ် စေတနာရှိတယ်" ဆိုတဲ့စကား ယုံနိုင်စရာ ရှိပါ့မလား။ စဉ်းစားစရာပင်…။

တစ်ချို့က ဒီဖြစ်ရပ်ကိုပြန်ပြီးနောက်ကြောင်းပြန်ကြတဲ့ သူတွေကို ဘာဖြစ်သည် ညာဖြစ်သည်ဟု ဝေဖန်ကြသည်။တစ်ချို့ကျတော့လဲ ငပေါလိုလိုအရူးတွေလိုလိုနဲ့ ကဲ့ရဲ့ကြသည်။

ဒါပေမဲ့ တစ်ကယ်တမ်းကသမိုင်းဆိုတာမေ့ပစ်ကောင်းတဲ့အရာတော့မဟုတ်ဘူးဆိုတာသိဖို့တော့လိုသည်။

ခေတ်နောက်ပြန်ဆွဲနေတာမဟုတ်ဘူး။ဒါတွေဟာမျိုးရိုးရဲ့စစ်မှန်ခြင်းကို ပြတာဖြစ်သည်။

ရခိုင်တွေဆိုရင်ကြည့်လိုက် သူတို့ရဲ့ဘုရင်အချုပ်အချာအာဏာကျဆုံးတဲ့နေ့ကို နှစ်ပေါင်း၂၀၀ကျော်တဲ့အထိ လုံး၀မမေ့ဘူး။

ဒါကိုကဲ့ရဲ့တဲ့သူလဲမရှိသလို လှောင်ပြောင်ခဲ့တဲ့သူလဲမတွေ့ရဘူး။

ဒါဟာအမှန်တရားပဲပျော်တာနဲ့သမိုင်းကိုမမေ့တာကတစ်ခြားစီပဲ ခတ်အရယာဥ်ကျေးမှုတွေကူးစက်တာလက်ခံပါသည်။

သို့ပေမယ့်ကိုယ့်သမိုင်းနဲ့ကိုယ့်ရဲ့အတိတ်ကိုတော့ မေ့လောက်အောင်ဖုံးမသွားစေနှင့်။

အဲ့လိုတွေကဲ့ရဲ့လှောင်ပြောင်တာတွေများလာလေလေ သမိုင်းဆိုတာစာကြည့်တိုက်ထဲရောက်သွားလေလေဖြစ်လိမ့်မည်။

ဇန်နဝါရီလ(၁) ရက်, ၁၈၈၆ခုနစ်။

အိန္ဒိယဘုရင်ခံချုပ် လော့ဒ်ဖရင် (Lord Dufferin)က အထက်မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာအတွင်း သွတ်သွင်းကြောင်း ကြေညာသည်။

ကုန်းဘောင်ခေတ်သည် မြန်မာတို့၏ နောက်ဆုံးကိုယ်ပိုင်အုပ်ချုပ်ရေးကို ရခဲ့သည့်ခေတ်နှင့် ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းရန် အကောင်းဆုံး အခွင့်အရေး ရခဲ့သည့်ခေတ်လည်း ဖြစ်ခဲ့သည်။

အောက်ပြည်အရပ်တွင် မွန်တို့ကို အောင်နိုင်ပြီး ပင်လယ်ထွက်ပေါက်ရရှိခဲ့ခြင်း၊ ရခိုင်ကိုသိမ်းပိုက်ပြီး အနောက်ဖက် မဏိပူရ အထိ အာဏာကြီးခြင်း (ထို့ကြောင့် အိန္ဒိယနှင့် ပိုမိုတိုးတက်သည့် သံတမန်ဆက်ဆံရေး ရနိုင်ရန် အခွင့်အရေးရှိခဲ့သည်။)

တို့ကို ကောင်းစွာအသုံးမချနိုင်ခဲ့ဘဲ နန်းတွင်း အရှုပ်တော်ပုံများ၊ အာဏာလုပွဲများ၊ အာဏာသိမ်းပွဲများ အစရှိသည့် ပြဿနာများဖြင့်သာ လုံးပန်းအချိန်ကုန်ခဲ့ရသည့်အတွက် ထူးချွန်သည့် ပညာရှင်များ၊ မင်းညီမင်းသားများ(ကနောင်မင်းသား အပါအဝင်) ဆုံးရှုံးခဲ့ရသည်။

နောက်ဆုံးမင်းဆက်ဖြစ်သည့် သီပေါမင်း လက်ထက်အရောက်တွင် အင်္ဂလိပ်တို့ ကိုလိုနီအတွင်း သိမ်းပိုက်သွပ်သွင်းခံခဲ့ရတော့သည်။

ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်တွင် ပထမ အင်္ဂလိပ် - မြန်မာစစ် (၁၈၂၄-၁၈၂၆) ဖြစ်ပွားပြီး အာသံ ၊ မဏိပူရ ၊ ရခိုင်နှင့် တနင်္သာရီ တို့ကို အင်္ဂလိပ် အရှေ့အိန္ဒိယ ကုမ္ပဏီလက်သို့ ပေးအပ်ခဲ့ရသည်။

ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ တွင် စစ်သူကြီး မဟာဗန္ဓုလမှာ ထင်ရှားခဲ့သည်။

ပုဂံမင်းလက်ထက်တွင် ဒုတိယ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ပြီး ဧရာဝတီ ၊ ရန်ကုန် နှင့် ပဲခူးတို့ကို အင်္ဂလိပ်တို့ လက်သို့ ပေးအပ်ခဲ့ရပြီး အောက် မြန်မာနိုင်ငံ တစ်ခုလုံး ဆုံးရှုံးခဲ့ရသည်။

ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲသည် (၃)လသာ ကြာမြင့်ခဲ့သည်။

သီပေါမင်း (၁၈၇၈-၁၈၈၅) လက်ထက်တွင် တတိယ အင်္ဂလိပ် - မြန်မာစစ် ဖြစ်ပွားခဲ့ပြီး မြန်မာတို့၏ အချုပ်အခြာ အာဏာ ဆုံးရှုံးခဲ့ရသည်။ သီပေါမင်းနှင့် မိသားစုများအား အင်္ဂလိပ်တို့က အိန္ဒိယသို့ ခေါ်ဆောင်သွားခဲ့သည်။

၁၈၈၆ ဇန်နဝါရီ (၁) ရက်နေ့တွင် မြန်မာနိုင်ငံအား အိန္ဒိယ၏ပြည်နယ်တစ်ခုအနေဖြင့် ဗြိတိသျှအင်ပါယာအတွင်းသို့ သွပ်သွင်းလိုက်ကြောင်း အင်္ဂလိပ်တို့က ကြေငြာခဲ့သည်။

တတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ ပြီးနောက် မြန်မာ့ နန်းစဉ် ရတနာနှင့် အဖိုးတန်ပစ္စည်း အများအပြား အင်္ဂလိပ်တို့ သိမ်းပိုက်ယူငင် ခဲ့ကြရာ သမိုင်းတွင် ထင်ရှားလှသည့် ပတ္တမြား ငမောက်‎လည်းပါဝင်ခဲ့ပြီး ယခုတိုင် မည်သည့်နေရာတွင် ရောက်ရှိနေမှန်း မသိရပေ။

တတိယ အင်္ဂလိပ် - မြန်မာစစ် ပြီးဆုံးပြီးနောက် ၁၈၈၅-ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်၌ ရတနာပုံ ရွှေမန္တလေးမှ သီပေါမင်းနှင့် မိဖုရားခေါင်ကြီး စုဖုရားလတ်တို့အား အိန္ဒိယနိုင်ငံ၊ ရတနာဂီရိ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ပါတော်မူခြင်းဟု ခေါ်ဆိုသည်။

သီပေါမင်းကို လက်နက်ချရန် ဖြောင်းဖျ၍ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သူရိယ သင်္ဘောဖြင့် တင်ဆောင်ကာ ရတနာဂီရီသို့ ခေါ်ဆောင် သွားလေသည်။

၁၈၈၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဘုရင်ခံချုပ် လတ်မင်းကြီး ဒပ်ဖရင် အမိန့်ပြန်တမ်း ထုတ်ပြန်သည်မှာ "ဝိတိုရိယ ဘုရင်မကြီး၏ အမိန့်အရ သီပေါမင်း အုပ်ချုပ်ခဲ့သော ပိုင်နက် ဒေသ အားလုံးသည် သီပေါမင်း လက်အောက်ခံ မဟုတ်တော့၍ အရှင်သခင် ဘုရင်မကြီး၏ ပိုင်နက်တွင် တစိတ် တဒေသ အဖြစ် ပါဝင်ခဲ့ပြီ ဖြစ်သည်။

အရှင်သခင် ဘုရင်မကြီး၏ အလိုတော် အတိုင်း ထိုဒေသများကို အိန္ဒိယ ဘုရင်ခံချုပ်နှင့် ဘုရင်ခံတို့က အခါအားလျော်စွာ ခန့်အပ်သွားမည့် အရာရှိများမှ တဆင့် စီရင် အုပ်ချုပ်လိမ့်မည် ဖြစ်ကြောင်း ကြေညာအပ်သည်" ဟု ဖြစ်လေသည်။

လွတ်လပ်သော အထက် မြန်မာနိုင်ငံသည်လည်း တစခန်းသိမ်း၍ ဗြိတိသျှအင်ပါယာ အတွင်းတွင် အိန္ဒိယ ပြည်နယ်များ ကဲ့သို့ပင် ပြည်နယ် တစ်ခု ဖြစ်လာရ လေတော့သည်။

လူမျိုးတိုင်းမှာ သမိုင်းရှိသည်၊ သို့သော် လူမျိုးတိုင်း သမိုင်းကို ရေးလို့မရကြောင်း၊ သမိုင်းဆိုတာ စာပေ၊ ထီးနန်းမြို့ပြနှင့် နေထိုင်ခဲ့ဖူးသော ယဉ်ကျေးမှုမြင့်မားသည့် လူမျိုးတို့ကသာ သူတို့သမိုင်းကို ရေးပြလို့ရသည်ကိုသိထားကြရမှာဖြစ်သည်။

ဖြစ်ရပ်မှန်မှတ်တမ်းများကိုအမှတ်ရစေဖို့အတွက် "သမိုင်းတန်ဖိုးသိစေလိုသည်" သမိုင်းတန်ဖိုးသိမှသာလျှင်တန်းဖိုးရှိမည်ဖြစ်ကြောင်းတင်ပြအပ်ပါသည်။

နန်းဝေ(ပျူပုတီး)

ကိုးကား။ ။အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု သမိုင်းဝင်စာများ
ဦးဖိုးကျား ရေးသားသော ပါတော်မူခြင်း
တတိယ အင်္ဂလိပ် - မြန်မာစစ်

Photos from Htet Aaron - Beads Collection's post 30/12/2024
12/12/2024

{စာဖတ်ဝိုင်း}

စာပေချစ်မြတ်နိုးသူများနှင့်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
လသာမြို့နယ်တို့ပူးပေါင်း၍
စာရေးဆရာမ နန်းဝေ(ပျူပုတီး) ၏
"မြန်မာ့မြေကို ဘယ်တိုင်းတစ်ပါးသားတွေကလာချစ်မှာလဲ" သုတဆောင်းပါးဖြင့်
စာဖတ်ဝိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
စာရေးဆရာ စာရေးဆရာမများ
စာပေချစ်မြတ်နိုးသူများ မည်သူမဆို
တက်ရောက်နိုင်ပါကြောင်း
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေရာ - ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး
ဦးစီးဌာန လသာမြို့နယ်၊အမှတ်(၃၀/၃၂)၊(၁၀)လမ်းအလယ်၊လသာမြို့နယ်။
အချိန် - နေ့လယ် (၁:၀၀) နာရီ။
နေ့ရက် - ၁၇. ၁၂. ၂၀၂၄. အင်္ဂါနေ့။
လမ်းညွှန် - မော်တင်မှတ်တိုင်တွင်ဆင်းရန်။
ဆက်သွယ်ရန် - ဦးသူရဇော်
အမိမြေသစ္စာသတင်းစုံဂျာနယ် (အယ်ဒီတာချုပ်)
ဖုန်း 09694543969

Photos from Htet Aaron - Beads Collection's post 09/12/2024

🙏ဂေါတမဗုဒ္ဓသည်ကုလားမဟုတ်ဆိုတဲ့အိန္ဒိယအစိုးရကြေညာစာတမ်း🙏🥰

ဘုရားဟာကုလားဖြူကုလားမည်းမျိုးမဟုတ် တိဘက်ဗမာဘာသာစကားပြောအုပ်စုဝင်အသားဝါမျိုးသာဖြစ်ကြောင်းအိန္ဒိယအစိုးရကိုယ်တိုင်၁၉၅၈ကတည်းကတရားဝင်ကမ္ဘာသိကြေညာခဲ့တဲ့စာတမ်းကြီးဟာ Cultural Heritage of India Vol-1 ပါ။

မြန်မာပြည်ဝယ်ယခုအခါဗမာလူမျိုးကိုစော်ကားလိုသူမှန်သမျှပြောလေ့ရှိတာက ကုလားကိုကိုးကွယ်နေတဲ့လူမျိုးဆိုတဲ့စကားပေါ့ပျက်ပါ။

ဗမာတို့အဖို့. နိဗ္ဗာန်ရောက်ကြောင်းတရားထူးတရားမြတ်ကိုလမ်းပြခဲ့သည့်အနှိုင်းမဲ့ဗုဒ္ဓကိုသာကြည်ညိုအားထားကိုးကွယ်လိုက်နာကျင့်ကြံကြခြင်းဖြစ်သလို လူမျိုးကိုကိုးကွယ်နေခြင်းမဟုတ်၍ ဘုရားဘာလူမျိုးဆိုသည်ဗမာအတွက်အရေးမကြီး

ဗမာကိုချိုးနှိမ်လိုသူတို့လက်သုံးစကားဖြစ်သော ကုလားက်ိုစော်ကားကုလားကိုကိုးကွယ်နေတဲ့လူမျိုးဆိုတဲ့ သိမ်ဖျင်းသောစကားအတွက်သာ
သမိုင်းအမှန်ဖြစ်သည့်. ဘုရားသည်အသားဝါတိဘက်ဗမာအနွယ်
ကုလားစကားလည်းမပြော. သကျသာကီအသားဝါအနွယ်အများသုံးဖြစ်သောမာဂဓစကားကိုသုံး ဗြဟ္မီအက္ခရာဖြင့်မှတ်တမ်းတင်ခဲ့သည့်ဓမ္မအမွေစစ်ကိုလူသားတိုင်းအတွက်ချန်ခဲ့တဲ့မဟာလူသားအစစ်

အိန္ဒိယအစိုးရအသိအမှတ်ပြုဘုရားမျိုးနွယ်ဗမာတစ်ဦးအနေနှင့်ဘုရားသည်ကုလားမဟုတ်ဟုသိပြီးဖြစ်သလို ကုလားကိုလည်းမည်သည့်အခါမျှစော်ကားခြင်းမရှိခဲ့

ကုလသည် ဆွေမျိုး တရုတ်ကိုပေါက်ဖော်

တရုတ်နဲ့ကုလားကြား ဆွေမျိုးပေါက်ဖော်ဆိုတဲ့အသုံး ဆက်ဆံရေး တန်းတူရှိမှုဖြင့်ရပ်တည်လက်တွဲခဲ့သည့်ရှေးမြန်မာမင်းတို့ရဲ့ လေးစားအဖိုးထားဖွယ်ဂုဏ်ရည်လည်းဖြစ်ပါတယ်

လက်ရှိဗမာကိုစော်ကားနေကြတဲ့ ဘယ်အမျိုးအနွယ်မှဤမျှခိုင်မာတဲ့အမည်သညာဖြစ်တဲ့ ဆွေမျိုးပေါက်ဖော် ပြည်ပဆက်ဆံရေးဂုဏ်ရည်မရှိခဲ့

🙏ဘုရားသည်ကုလားမဟုတ်

🇲🇲ကုလားသည်ဗမာအတွက် ဆွေမျိုး

🇲🇲တရုတ်သည်ပေါက်ဖော်

ထွေပြားရန်မလိုတဲ့ဗမာ့စိတ်ရင်း နှစ်ထောင်ချီအမည်တွင်ခဲ့ပြီးဖြစ်သတည်း။ ။

ပျူ(၁၉)ရွာသားတစ်ဦး

Want your business to be the top-listed Jewelery/watch Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Sanchaung
Yangon