Mobile Guide Journal
05/06/2026
Tesla ရဲ့Autopilot စနစ်က ကားကို ရေကန်ထဲကျစေကာ မောင်းသူ 6-သ ဆုံ-း ခဲ့
Florida က အသက် ၈၇ နှစ်အရွယ် အဘိုးအိုဟာ Tesla Model Y ကားကို မောင်းနှင်စဉ် Autopilot စနစ်နဲ့ မောင်းခဲ့ပြီး အဲဒီ နောက် ကားဟာ လမ်းပေါ်ကနေ ချော်ထွက်l လမ်းဘေးက လျှပ်စစ်ဘုံးကိုဝင်တိုက် ပြီး ရေကန်ထဲ ကျခဲ့ကာ အဲဒီ အဘိုးအိုလည်း 6-သ ဆုံ-း ခဲ့ ပါတယ်။ အဘိုးအိုဟာ ဒဏ်ရာတွေ ရပြီး ဆေးရုံ ရောက်မှ ဆုံ-း ခဲ့တာပါ။ အတူလိုက်ပါစီးနင်းတဲ့ ၇၅ နှစ်အရွယ် အဘွားကတော့ အသက်ရှင်ခဲ့ပါတယ်။ကားမတော်တဆမှုက Wesley Chapel မှာ ဖြစ်ခဲ့ကာ အဲဒီ နေရာမှာ သတ်မှတ်ထားတဲ့ ကားမောင်းရမယ့် နှုန်းကတော့ 30 mph ဖြစ်ပါတယ်။ ကားက ဘယ်လောက် နှုန်းနဲ့ မောင်းခဲ့လဲ ဆိုတာနဲ့ အခြား အကြောင်းအရာတွေကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
04/06/2026
မြန်မာနိုင်ငံရဲ့ စိုးရိမ်ဖွယ် ကျန်းမာရေး တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေတဲ့ သွေးတိုးရောဂါ
မြန်မာနိုင်ငံမှာ အရွယ်ရောက်ပြီးသူ ၃ ယောက် မှာ ၁ ယောက်ဟာ သွေးတိုးရောဂါ ခံစားနေရတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမယ့် လူအတော်များများက ကျန်းမာရေးအသိ အားနည်းတာနဲ့ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု မပြုလုပ်တာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သွေးတိုးရှိနေကြောင်း မသိကြပါဘူး။မြန်မာနိုင်ငံမှာ သွေးတိုးရောဂါကို အချိန်မီ သိရှိပြီး ထိန်းချုပ်ကုသနိုင်ဖို့အတွက် အခြေခံ ကျန်းမာရေးဝန်ဆောင်မှုတွေနဲ့ လူထုအခြေပြု ရောဂါရှာဖွေစစ်ဆေးရေး အစီအစဉ်တွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ တိုးမြှင့်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဖြေရှင်းချက်တွေ ပံ့ပိုးပေးနေတဲ့ Zuellig Pharma အနေနဲ့ သွေးတိုးရောဂါနဲ့ ပြင်းထန်နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့ အရေးကြီးတယ်ဆိုတာ သိရှိနားလည်ထားပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုအနေနဲ့ လက်ခံထားတဲ့ ခံယူချက်က ကျန်းမာရေးစောင့်ရှောက်မှုဆိုတာ ဆေးဝါးသပ်သပ် မဟုတ်ဘဲ ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအန္တရာယ်တွေကို အချိန်မီ နားလည်သဘောပေါက်ပြီး ရောဂါအခြေအနေ မပြင်းထန်လာခင်မှာတင် လိုအပ်တဲ့ ဆေးကုသမှုခံယူနိုင်ဖို့ ကူညီပေးခြင်းဖြစ်ပါတယ်။
ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကတော့
• သွေးပေါင်ချိန်ကို ပုံမှန်တိုင်းတာ စစ်ဆေးတာ
• အငံ အလွန်အကျွံစားသုံးမှုကို ဆင်ခြင်တာနဲ့ ကျန်းမာမျှတတဲ့ အစာအာဟာရတွေကို စားသုံးတာ
• တက်ကြွတဲ့ ကိုယ်လက်လှုပ်ရှားမှု ရှိတာ
• စိတ်ဖိစီးမှု လျော့ချပြီး လုံလောက်စွာ အိပ်စက်အနားယူတာ
• ကျန်းမာရေးဆိုင်ရာ အကြံပြုချက်တွေကို အချိန်မီရယူတာတွေ အပြင် လိုအပ်မယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်တွေအတိုင်း ကုသမှုတွေ လိုက်နာဆောင်ရွက်တာတို့ ပါဝင်ပါတယ်။
သွေးတိုးရောဂါကို ကာကွယ်နိုင်ဖို့က ကျန်းမာရေးဗဟုသုတရှိမှုက စတင်ပါတယ်။ ရောဂါ အချိန်မီ ရှာဖွေတွေ့ရှိမှုကစလို့ တိကျသေချာတဲ့ ကျန်းမာရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့ အားလုံးပူးပေါင်းပါဝင်မှုကနေတစ်ဆင့် မြန်မာနိုင်ငံအနေနဲ့ မကူးစက်နိုင်တဲ့ ရောဂါ (NCDs) တွေရဲ့ ရေရှည်ကျန်းမာရေးဆိုးကျိုးတွေကို လျှော့ချဖို့အတွက် ဆက်လက် အောင်မြင်အောင် လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။
02/06/2026
ထိုင်းနိုင်ငံရှိ TrueMoney Wallet မှ မြန်မာနိုင်ငံရှိ KBZPay Wallet သို့မဟုတ် KBZ Bank အကောင့်များသို့ တိုက်ရိုက်ငွေလွှဲနိုင်မည်
ထိုင်းနိုင်ငံရှိ TrueMoney Wallet မှ မြန်မာနိုင်ငံရှိ KBZPay Wallet သို့မဟုတ် KBZ Bank အကောင့်များသို့ တိုက်ရိုက်ငွေလွှဲနိုင်မည်ဖြစ်ပါသည်။TrueMoney Wallet၊ KBZPay နှင့် ကမ္ဘောဇဘဏ် အကောင့်များကြား တိုက်ရိုက်ချိတ်ဆက်မှုမှတစ်ဆင့် မိသားစုများအကြား ငွေကြေးထောက်ပံ့မှုနှင့် ချိတ်ဆက် ပေါင်းစည်းမှုများကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုအသစ်သည် မြင့်မားသော လုံခြုံရေး၊ အချိန်နှင့်တစ်ပြေးညီ ငွေလွှဲနိုင်မှုနှင့် သုံးစွဲသူများအတွက် လွယ်ကူရိုးရှင်းသော လုပ်ငန်းစဉ်များ စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Website
Address
Yangon