Myanmar Development Professionals

Myanmar Development Professionals

Share

Myanmar Development Professionals is a professional organization providing Capacity Development trainings, Organizational Development consultancy, Research and Business plan.

28/05/2026

🐸 “Eat That Frog” — အရေးကြီးဆုံးအရာကို အရင်စလုပ်နိုင်တဲ့သူကပဲ တကယ်တိုးတက်လာတယ်။

💢 နေ့တိုင်းမှာ ကျွန်တော်တို့ဆီကို Tasks တွေ၊ Messages တွေ၊ Meetings တွေ၊ Notifications တွေ မရပ်မနားဝင်လာတတ်ပါတယ်။
ဒါပေမယ့် အဲ့ဒီအလုပ်တွေထဲမှာ “တကယ်အရေးကြီးပြီး ဘဝကိုပြောင်းလဲပေးနိုင်တဲ့အလုပ်” ကို ကျွန်တော်တို့အများစုက နောက်ဆုံးထိရွှေ့ထားတတ်ကြပါတယ်။

✅ Brian Tracy ရဲ့ “Eat That Frog” concept ကတော့ အရမ်းရိုးရှင်းပါတယ်။
“အခက်ခဲဆုံး၊ အရေးကြီးဆုံးအလုပ်ကို မနက်အစောပိုင်းမှာ အရင်လုပ်ပါ” ဆိုတာပဲဖြစ်ပါတယ်။

🍀 ဖားတစ်ကောင်ကို စားရမယ်ဆိုရင် တစ်နေ့လုံးကြောက်နေရတာထက် အစောပိုင်းမှာပဲ စားပြီးသွားတာ ပိုကောင်းတယ်ဆိုတဲ့ metaphor ကို အသုံးပြုထားတာပါ။

ဒီ Concept ထဲမှာ Productivity တိုးဖို့အတွက် အရေးကြီးတဲ့ Principles 10 ခု ရှိပါတယ်။

1. Clear Goals ရှိရပါမယ်။

ကိုယ်ဘာလိုချင်တာကို မသိရင် အလုပ်သာများနေသလို ဖြစ်နေတာ Productive တော့ မဖြစ်ပါဘူး။ Direction မရှိတဲ့ကြိုးစားမှုက ပင်ပန်းပေမယ့် ရလဒ်မထွက်တတ်ပါဘူး။

2. နေ့တိုင်း Plan ချပြီး အလုပ်လုပ်ရပါမယ်။

နေ့စဉ် Plan မရှိရင် အရေးမကြီးတဲ့အရာတွေက ကိုယ့်အချိန်ကို ခိုးယူသွားတတ်ပါတယ်။ To-do list တစ်ခုက စိတ်ရှုပ်ထွေးမှုကို လျော့ချပေးနိုင်ပြီး ကိုယ်ကဘယ်အရာကို အရင်ဦးစားပေးရမလဲဆိုတာကို မြင်သာစေမှာပါ။

3. 80/20 Rule ကို အသုံးချရပါမယ်။

Tasks 20% က Results 80% ကို ဖြစ်စေတတ်ပါတယ်။
အလုပ်များတာထက် Impact ရှိတဲ့အလုပ်ကို ရွေးလုပ်နိုင်ဖို့ အရေးကြီးပါတယ်။

4. Consequences ကို စဉ်းစားပါ။

“ဒီအလုပ်ကို လုပ်လိုက်ရင် ရေရှည်မှာ ဘာရလဒ်ရမလဲ” ဆိုတာကို စဉ်းစားတတ်တဲ့သူတွေက Priority ကို ပိုကောင်းကောင်းသတ်မှတ်နိုင်ပါတယ်။

5. ABCDE Method သုံးကြည့်ပါ။

A = မလုပ်မဖြစ်
B = လုပ်သင့်
C = လုပ်ရင်ကောင်း
D = တာဝန်ခွဲပေးခြင်း

E = အပြီးတိုင်ဖယ်ရှားခြင်း။

အလုပ်အားလုံးကို တန်းတူမမြင်ဘဲ Priority ခွဲနိုင်ဖို့လိုပါတယ်။

6. Key Result Areas ကို Focus လုပ်ပါ။

ကိုယ့် Role ထဲမှာ တကယ် Result ထွက်စေတဲ့အရာကို သိထားဖို့လိုပါတယ်။ အလုပ်များနေတာက Performance ကောင်းတယ်လို့ မဆိုလိုပါဘူး။

7. Eat That Frog ကိုသုံးပါ။

အခက်အခဲဆုံးအလုပ်ကို အရင်လုပ်နိုင်တဲ့သူက
Stress နည်းပြီး Confidence ပိုတက်လာတတ်ပါတယ်။
Procrastination ကို အနိုင်ယူနိုင်တဲ့ habit လည်း ဖြစ်ပါတယ်။

8. Self-Discipline ထားပါ။

Motivation က အမြဲမရှိနိုင်ပါဘူး။
ဒါပေမယ့် Discipline ရှိတဲ့သူက Mood မကောင်းတဲ့နေ့တောင် ဆက်လုပ်နိုင်ပါတယ်။

9. Technology ကို အသုံးချပေမယ့် လမ်းမလွဲသွားပါနဲ့။

Technology က Tool ဖြစ်ရမယ်၊ Distraction မဖြစ်သင့်ပါဘူး။ Notifications တွေ၊ Social Media တွေက Focus ကို အလွယ်တကူဖျက်ဆီးနိုင်ပါတယ်။

10. Continuous Learning လုပ်ပါ။

တိုးတက်ချင်ရင် လေ့လာကို ရပ်လို့မရပါဘူး။
Skills, Knowledge, Habits တွေက ရေရှည်မှာ Compound Effect ဖြစ်စေပါတယ်။

✅ Success ဆိုတာ အလုပ်အများကြီးလုပ်တဲ့သူတွေမဟုတ်ဘဲ အရေးကြီးတဲ့အလုပ်ကို မှန်မှန်လုပ်နိုင်တဲ့သူတွေ ဆီကို ပိုရောက်လာတတ်ပါတယ်။ ဒါကြောင့် နေ့တိုင်း မနက်ခင်းတိုင်းမှာ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။
“ဒီနေ့ ငါ့ရဲ့ Frog က ဘာဖြစ်မလဲ?”

27/05/2026
27/05/2026

💢 ဒီဘက်ခေတ်မှာ ပိုပြီးလိုအပ်လာတဲ့ Boundaries များ

👋 “Boundaries” ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေ၊ သက်တောင့်သက်သာရှိမှုနဲ့ ကိုယ့်တန်ဖိုးကို ကာကွယ်ပေးတဲ့ invisible line တစ်ခုဖြစ်ပါတယ်။

🍀 လူတိုင်းမှာ “ဟုတ်တယ်” လို့ပြောပိုင်ခွင့်ရှိသလို “မလုပ်ချင်ဘူး” လို့ပြောပိုင်ခွင့်လည်း ရှိပါတယ်။

❌ တချို့လူတွေက Boundaries ကို မေတ္တာမရှိတာ၊ အေးစက်တာလို့ ထင်တတ်ကြပေမယ့် တကယ်တော့ Boundaries ဆိုတာ relationship တွေကို ပိုပြီး ခိုင်မာ၊ ကျန်းမာစေတဲ့ respect ပဲဖြစ်ပါတယ်။

✅ တစ်ခါတလေ စိတ်ပင်ပန်းနေချိန် “နောက်မှပြောလို့ရမလား” လို့ပြောနိုင်တာက Emotional Boundary ဖြစ်ပါတယ်။ မလိုချင်တဲ့ စကားတွေကို ကိုယ့်ကို “အဲ့လိုမပြောပါနဲ့” လို့တားနိုင်တာက Verbal Boundary ဖြစ်ပြီး ကိုယ့်အချိန်ကို တန်ဖိုးထားပြီး “ဒီနေ့တော့ အစီအစဉ်ရှိတယ်” လို့ပြောနိုင်တာက Time Boundary ဖြစ်ပါတယ်။

🍀 Boundaries ရှိတဲ့လူတွေက Self-respect ပိုရှိတတ်ပြီး Stress နည်းတတ်သလို Relationship တွေမှာလည်း မြိုသိပ်ရမှုတွေ နည်းတတ်ပါတယ်။

💜 တချို့အချိန်တွေမှာ “အားနာလို့” ဆိုပြီး ကိုယ့်ကိုယ်ကို မကျေနပ်တဲ့အထိ လိုက်လျောနေရတာထက် နူးညံ့ပေမယ့် ရှင်းလင်းတဲ့ Boundaries တွေထားတတ်ဖို့က ပိုအရေးကြီးပါတယ်။

26/05/2026

🍀 မြန်မာနိုင်ငံ၏ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးကဏ္ဍတွင် နှစ်ပေါင်း (50) တိုင် ယုံကြည်မှုအပြည့်ဖြင့် ရပ်တည်လာသော Yoke Pyo Pharmaceutical Company အား Myanmar Development Professionals (MDP) မှ Project Management Training ကို သင်ကြားပေးခွင့်ရရှိခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါသည်။

အဖွဲ့အစည်းတစ်ခု၏ ရေရှည်အောင်မြင်မှုအတွက် ထုတ်ကုန်အရည်အသွေးတင်မကဘဲ စနစ်တကျစီမံခန့်ခွဲနိုင်မှု၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် Project များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မှုတို့သည်လည်း အရေးကြီးသော အစိတ်အပိုင်းများဖြစ်ပါသည်။

Training ဖြစ်မြောက်အောင် အစစအရာရာ ကူညီပံ့ပိုးပေးခဲ့ကြသော Yoke Pyo ၏ MD နှင့် အဖွဲ့ဝင်များအားလုံးနဲ့အတူ Session အတွင်း တက်ကြွစွာပါဝင်ဆွေးနွေးပေးခဲ့ကြသော Yoke Pyo Team အား ကျေးဇူးအထူးတင်ရှိပါသည်။

ယခုလို Learning & Development ကို အလေးထားသော Organization များနှင့် လက်တွဲလုပ်ဆောင်ခွင့်ရခြင်းသည် Myanmar Development Professionals အတွက် အားတက်ဂုဏ်ယူစရာဖြစ်ပါသည်။

Myanmar Development Professionals (MDP) အနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် Organizational Development အတွက် အရည်အသွေးမြင့် Training Programs များကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


97, DanaTheikDi Street, 8th Block, KabaAye, Mayangone
Yangon
951

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30