CBK Myanmar

CBK Myanmar

Share

20/09/2022

- လက်ဆေးကြပါ ...
- မိမိ ပတ်ဝန်းကျင်း မိတ်ဆွေ သူငယ်ချင်း များ ကို လိုအပ်သော Premium Gift လက်ဆောင်များ ပေးခြင်းဖြင့် တစ်ဦးကို တစ်ဦး ဂရုစိုက်ကြောင်း ချစ်ခြင်း မေတ္တာ ပြသကြပါ ....






Normal Pack . ( 1 x 10 pcs ) . Ks-9000/-
Limited Edition ( 1 x 3 pcs ) . Ks-3800/-

☎️ - 09 8800 52326 , 09 4200 99437

31/07/2022

#ကူးစက်ရောဂါတွေက_ဘယ်လို_ကူးစက်ပျံ့နှံ့ပါသလဲ ❓❓❓
#မျောက်ကျောက်ရောဂါ
#ကိုဗစ်ရောဂါ

( #ကူးစက်ရောဂါများ)

ပိုး (Virus, Bacteria) ကြောင့် ဖြစ်တတ်တဲ့
လူတစ်ယောက်ကနေ တစ်ယောက် ကို ကူးစက်တတ်တဲ့ ရောဂါတွေကို ( Infectious Disease - ကူးစက်ရောဂါ တွေလို့ခေါ်ပါတယ်)

ဘယ်လို ပျံ့နှံ့သလဲဆိုတော့ Chain of Infection (ရောဂါကွင်းဆက်) ဆိုပြီိး ရှိပါတယ်။

1. ရောဂါဖြစ်ပွားစေတဲ့ ပိုး
2. အဲ့ဒီပိုးက လူကိုရောဂါဖြစ်စေနိုင်လောက်တဲ့ လုံလောက်တဲ့ ပမာဏ ရအောင် ပွားများဖို့ Reservoir
3. ပိုး တွေပွားပြီး အဲ့ဒီ Reservoir ထဲက အပြင်ကို ထွက်လာဖို့လမ်းကြောင်း
4. ပိုး တွေ အပြင်ရောက်လောက်ပြီး တခြားသူဆီ ကူးစက်ဖို့ နည်းလမ်း
5. ပိုးတွေက ကူးစက်ခံရမယ့် သူဆီကို ဝင်ရောက်လာမယ့် လမ်းကြောင်း
6. ကူးစက်ခံရတဲ့ သူ

အစရှိသဖြင့် ကွင်းကြီး (၆) ကွင်း ရှိပါတယ်။

ကွင်းဆက်ဆိုတဲ့အတိုင်း 👉 ကွင်း (၆) ကွင်း လုံး ဆက်နေမှ ရောဂါက ကူးစက်ပျံ့နှံ့နိုင်တာပေါ့။

ဥပမာ ။ ။ ကိုဗစ် နဲ့ ကွင်းဆက် (၆) ခုကို ပြရရင်

1. Covid 19 Virus
2. လူ ထဲဝင်တယ် ပွားတယ်
3. အဲ့ဒီလူ နှာချေး၊ ချောင်းဆိုး ရာကနေ အပြင်ထွက်လာတယ်
4. လေထဲကနေတဆင့် ပျံ့တယ်
5. တခြားသူရဲ့ အသက်ရှူလမ်းကြောင်းကနေ လေရှူရာက တဆင့် ဝင်ရောက်တယ်
6. ကူးစက်ခံလိုက်ရပြီပေါ့

----------
အဲ့ဒီ ကွင်းဆက် (၆) ခု ကို တစ်နေရာရာ က ဖြတ်လိုက်နိုင်ရင် ရောဂါပျံ့ဖို့ကို တားဆီးနိုင်တာပေါ့။

အားလုံး ကျွမ်းနေကြတဲ့ Covid နဲ့ ဥပမာပေးတာပေါ့

1. ပိုး က Virus ဖြစ်ပြီး မျိုးတွေ စွတ်ခွဲနေတော့ သူကို ပျောက်ကွယ်သွားအောင် လုပ်ဖို့ က မလွယ်ဘူး လေ

2. ရောဂါပိုး ရှိပြီး ပိုးတွေပွားနေတဲ့သူ

ကျွန်တော်တို့ တတွေ ရောဂါလက္ခဏာပြတဲ့သူကို ဆေးရုံခေါ်တင်ပြီး Isolation လုပ်ပြီးကုတယ်
သူနဲ့ထိတွေ့ထားတဲ့ အိမ်သားတွေကို Lock down ချပြီး ထားတယ် ဆိုတာတွေက

ပိုး ထပ်မပျံ့ရအောင် Reservoir ဆိုတဲ့ ကွင်းဆက်ကို ဖြုတ်ဖို့ကြိုးစား တာပါ။

ဒီနေရာက ဖြတ်လိုက်နိုင်ရင် နောက်လူတွေဆီ မရောက်တော့ဘူးပေါ့။

3. Portal of Exit

ရောဂါပိုးရှိတဲ့သူက နှာချေ၊ချောင်းဆိုးရင် အုပ်ပြီးဆိုးတာ၊
Mask တပ်ထားတာ စသဖြင့် လုပ်ခြင်းဟာ ပိုး တွေက အပြင်ကို ပျံ့နှံ့မယ့် အပေါက်ကို ပိတ်ခြင်းဖြင့် ကွင်းဆက်ဖြုတ်ဖို့ ကြိုးစားကြတာပေါ့။

4. Mode of Transmission

လေထဲကနေ ကူးစက်တဲ့အတွက် Mask တပ်ထားခြင်း၊ လက်ဆေးခြင်းတို့က Mode of Transmission ကွင်းဆက်ဖြုတ်တာပဲပေါ့

5. Portal of entry

ပိုး ခန္ဓာကိုယ်ထဲ ဝင်ဖို့က နှာခေါင်းပေါက်၊ ပါးစပ်ပေါက်တွေဖြစ်တာမို့

အဲ့အပေါက်တွေ ပိတ်ထားခြင်းအားဖြင့် ပိုး ဝင်မယ့် ကွင်းဆက်ကို ဖြတ်ဖို့ကြိုးစားတာပါ

- Mask ကို နှာခေါင်း ၊ ပါးစပ် လုံအောင် သေသေချာချာ တပ်မယ်
- မေးသိုင်းတာ၊ ကြိုးတစ်ချောင်းဖြုတ်တာ၊ လက်မောင်းမှာတပ်ထားတာ၊ ချွတ်လိုက်တပ်လိုက်လုပ်တာ စတာတွေ မလုပ်ရပါဘူး

လက်တွေကလည်း ကိုင်ချင်ရာလျှောက်ကိုင်ပြီး
- မျက်နှာပွတ်တာ
- နှာချေး/နှာခေါင်းနှိုက်တာ မလုပ်ရပါဘူး

ဘာကိုင်ကိုင် လက်ဆေးပါ။ ဆပ်ပြာနဲ့ စနစ်တကျနေရာအနှံ့ စက္ကန့် (၂၀) ကြာဆေးပါ
ရေနဲ့ ဆပ်ပြာ မလွယ်က Alcohol 60% အထက်ရှိတဲ့ အကျိုးရှိတဲ့ လက်သန့်ဆေးရည် အသုံးပြုပါ။

6. Susceptible Host

နောက်ဆုံး ကူးစက်ခံရမယ့်သူ (ကိုယ်ဆီ) မရောက်ရအောင်က

- အိမ်ထဲမှာပဲ ဘယ်မှ မသွားပဲနေနိုင်ရင် ပိုး မကူးတော့ဘူးပေါ့

နိုင်ငံ နဲ့ ချီပြီး စဉ်းစားကြရင် ပိုးရှိတဲ့ နိုင်ငံက လာတဲ့သူတွေကို ကန့်သတ်တာ (Quarantine ထားတာ) တွေက ဒီ Chain of Infection (ရောဂါကွင်းဆက်) ကြီးကို ဖြတ်ဖို့ကြိုးစားကြတာပါ။

ပုံလေးလဲ ကြိုးစားပြီး ဆွဲထားပါတယ်။ ဗဟုသုတရကြမယ်လို့ ယူဆပါတယ်

ကိုဗစ်ရန်ကင်းဝေးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
00:30 am/ 30.07.2022

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

23/07/2022

#ဖျားနေပြီ 😱😱😱
#ဒီအချိန်ခါကြီး
#လည်ချောင်းနာ_နှာစီး_ချောင်းဆိုးပြီးတော့ဖျားနေပါပြီ

😱 #ဘယ်လိုလုပ်မလဲ ❓
😱 #ဘာလုပ်ကြမလဲ ❓

🙄🙄🙄🙄🙄
ကိုဗစ် နဲ့ နှစ်နှစ်လောက် နေလာရတာဆိုတော့ ကိုဗစ် အထာတော့ နပ်နေကြပါပြီ
ဖျားတယ်၊ ချောင်းဆိုး၊ နှာစေး၊ လည်ချောင်းနာ ပြီဆိုရင်
- ပိုးသတ်ဆေး 💊တွေကိုတော့ ကိုယ့်သဘောနဲ့ ကိုယ် ❌ မသောက်ကြတော့ပါဘူး
- အိမ်သားတွေ ကူးမှာစိုးလို့ Mask တပ်ကြပါပြီ
- လက်ဆေးကြပါပြီ
- သီးသန့်ခွဲနေကြပါပြီ

ခုက လူတော်တော်များများကလည်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသွားကြပြီ ဆိုတော့ (ငပွကြီးဗစ်ဗစ် က မျိုးတွေဘယ်လောက်ထပ်ခွဲခွဲ အထိုက်လျောက်တော့ ကာကွယ်နိုင်နေပါပြီ)

ခုက ကိုဗစ်တစ်ခုတည်း ကြောက်စရာ မဟုတ်တော့ပဲ တုပ်ကွေးလား ၊ ရာသီဖျားလား စတာတွေလည်းရှိလို့
ကိုယ်ခံအားကို မြှင့်တင်ဖို့

- 🚰 ရေ/အရည် များများသောက်ပါ
- 🍚 အစာ ပုံမှန်စားပါ (တချို့က ဖျားရင် အစားဖြတ်ကြပါတယ် - မလုပ်ကြပါနဲ့ )
- အိပ်ချိန် မှန်မှန်နဲ့ အိပ်ရေး ဝ ဝ အိပ်ပါ
- 🚬 ဆေးလိပ်(လုံးဝ) မသောက်ပါနဲ့
- 🍺 အရက် မသောက်ပါနဲ့
ဘာကြောင့် ဖျား/ဖျား - ဖျားတာနဲ့
* အိမ်သားများ နဲ့ သီးသန့်ခွဲနေပါ
* 😷 Mask တပ်ထားပြီး၊
* နှာချေ/ချောင်းဆိုး လက်ကိုင်ပဝါ သုံးပါ

- သာမန်အဖျားကျဆေး၊ ချောင်းဆိုးပျောက်ဆေး၊ နှာမွှန်ပျောက်ဆေး သောက်ပါ၊ (❌အကိုက်အခဲပျောက်ဆေး၊ ❌steroid မသောက်သုံးသင့်ပါ)

ဖျား/နာ ကိုက်ခဲ ခေါင်းကိုက်ခြင်းအတွက်
Paracetamol 500mg တစ်နေ့ (၄ - ကြိမ်) ၆ နာရီခြား သောက်လို့ရပါတယ်။

နှာစေး/နှာမွှန်/နှာချေခြင်းအတွက်
Loratidine (သို့မဟုတ်) Cetrizine တစ်နေ့တစ်ကြိမ်သောက်လို့ရပါတယ်

ချောင်းဆိုးခြင်းအတွက်
dextromethorphan ပါတဲ့ ချောင်းဆိုးပျောက်ဆေး ဝယ်၍ရတာ တစ်နေ့ (၃ - ကြိမ်) ၈ နာရီခြားသောက်လို့ရပါတယ်

လည်ချောင်းယား/နာခြင်းအတွက်
Lozenge (ငုံဆေး) ကြိုက်နှစ်သက်ရာ ငုံလို့ရသလို
တကယ်လုပ်ရမှာက ဆားရည်ဖြင့် မကြာခဏ ပါးလုတ်ကျင်းပါ

*ဂျင်းဖြင့်ပြုတ်ထားတဲ့ အသားပြုတ်ရည် နွေးနွေးလေး သောက်ပေးပါ။

မသက်သာပါက

👉👉👉 🏥 ဆေးရုံ/ဆေးခန်း သွားပါ။

👉 ရောဂါ ရာဇဝင် အမှန် ပေးပါ၊
👉 Contact history အမှန်ပေးပါ၊
👉 ခရီးသွား ရာဇဝင် အမှန် ပေးပါ၊

- အဖျားတိုင်းရပါမယ်
- Mask တပ်ကိုတပ်ရပါမယ်
- ဆရာဝန်၊ ဆရာမ က ကြည့်ပေးပါလိမ့်မယ်
- သင့်တော်တဲ့ 💊 ဆေးဝါး ညွှန်းပါလိမ့်မယ်
- လိုအပ်ပါက CXR ဓာတ်မှန်ရိုက်ခြင်း၊ သွေးစစ်ဆေးခြင်း တို့ဆောင်ရွက်ပေးပါလိမ့်မယ်
- လိုက်နာရမယ့် အချက်တွေ ပြောကြားပါ လိမ့်မယ်

😥 ဆေးဝါးကုသမှုခံယူပြီး၊ 🤧ရောဂါ မသက်သာဘူး 🤒 ပိုဆိုးလာတယ် 😰 ဘယ်လိုလုပ်ရမလဲ

- မူလ ပြသထားတဲ့ ဆေးရုံ/ဆေးခန်း ကို #ဖုန်း ☎️ ဖြင့် ဆက်သွယ်ပါ
- ဆေးရုံ/ဆေးခန်းမှ ကျန်းမာရေးဝန်ထမ်း ရဲ့ အကြံကိုတောင်းခံပါ
- သက်ဆိုင်ရာ #အစိုးရ #ကျန်းမာရေးဌာန သို့ ညွှန်းပို့ပေးပါလိမ့်မည်
- အခြေအနေပေါ်မူတည်၍ လူနာတင်ယဉ်တောင်းခံ ပြီး ဆေးရုံသို့သွားပါ

🙏🙏🙏

ကိုဗစ်ရန်ကင်းဝေးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
05:20 pm/22.07.2022

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

13/04/2022
04/04/2022

အပြင်မှာ နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ သူတွေအတွက် ကျန်းမာရေးဂရုစိုက်ဖို့ဆိုတာ အရမ်းကိုအရေးကြီးပါတယ်နော်....
ဒါကြောင့် တစ်ဖက်တစ်လမ်းက မိမိကိုယ်ကို ကာကွယ်ဖို့ အတွက် ပထမဦးဆုံး အရေးကြီးတာက လက်ကိုသန့်ရှင်းဖို့ပါ.....
အလွယ်တကူသိမ်းဆည်းလို့ ရတဲ့ Hand Spray လေးရှိနေတော့ အချိန်တိုင်းလိုလို ရောဂါပိုးမွှားတွေကာကွယ်လို့ရပါတယ်

ိမှတ်ပြု လက်မှတ် ရရှိထားပြီး အရည်သွေးမြင့်ကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါသည်။
“Everywhere with Touch Me , It’s very handy”

Want your business to be the top-listed Recruitment Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Bo Myat Htun Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00