The Voice of Rakhine

The Voice of Rakhine

Share

19/07/2026

မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေတိုင်းပြည်ကိုဘယ်လိုမျှော်မှန်းတည်ဆောက်ခဲ့သလဲဆိုတာ လေ့လာတန်ဖိုးထားဖို့လိုတယ်လို့ပြော

UR-Myanmar/ဇူလိုင်၁၉/၂၀၂၆

မြန်မာနိုင်ငံတစ်ဝန်း ဗိုလ်ချုပ်ကြေးရုပ်တွေကို ဖျက်ဆီးပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ ကျရောက်တဲ့၇၉ နှစ်မြောက် အာဇာနည်နေ့ အခမ်အးနားသို့ တက်ရောက်ခဲ့ပါတယ်။

အာဇာနည်နေ့အခမ်းအနားကို တက်ရောက်လာတဲ့ မင်းအောင်လှိုင်က မီဒီယာတွေနဲ့အင်တာဗျူးဖြေကြားရာမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည်ခေါင်းဆောင်ကြီးတွေတိုင်းပြည်ကိုဘယ်လိုမျှော်မှန်းတည်ဆောက်ခဲ့သလဲဆိုတာ လေ့လာတန်ဖိုးထားဖိုလိုတယ်လို့ပြောဆိုခဲ့တာဖြစ်ပါသည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ ၇၉ နှစ်မြောက် အခမ်းအနားမှာအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အတူ သူ့နောက်လိုက်တွေဖြစ်တဲ့ ရဲဝင်းဦး၊ ခင်ရီ၊ အောင်လင်းဒွေး အပါအဝင် ထိပ်တန်း စစ်ခေါင်းဆောင်များ၊ ကြံ့ဖွတ်ခေါင်းဆောင်တွေလည်း တက်ရောက်လာခဲ့ကြပါတယ်။
#မင်းအောင်လှိုင်
#အာဇာနည်နေ့
#စစ်တပ်

18/07/2026

Tropical Storm လို့ နာမည်ပေးထားတဲ့ ရုရှား-မြန်မာ စစ်ရေးပူးတွဲလေ့ကျင့်မှု(ရုပ်သံ)

UR-Myanmar /ဇူလိုင်၁၈/၂၀၂၆

ရုရှားစစ်တပ်နဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၆ ရက်ကနေ ၁၇ ရက်အထိ နေပြည်တော်က အမျိုးသားကာကွယ်ရေးတက္ကသိုလ်ဝင်းအတွင်း “Tropical Storm” အမည်ရှိတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေ တယ်လို့သိရပါတယ်။

ရုရှား-မြန်မာပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ FPV အသေခံဒရုန်းအသုံးပြု စစ်ဆင်ရေး၊ ဒရုန်းတန်ပြန်တိုက်ခိုက်ရေး၊ တောတွင်းစစ်ပွဲနဲ့ ခေတ်သစ်စစ်ပွဲဗျူဟာတွေကို လက်တွေ့လေ့ကျင့်နေပြီး တော်လှန်ရေးအခြေစိုက်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်တဲ့ ပုံစံ၊ အဆင့်မြင့်အရာရှိတစ်ဦးရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုကို ကာကွယ်တဲ့ စစ်ဆင်ရေးပုံ စံတွေပါ ပါဝင်ပါတယ်။

ရုရှားအရှေ့ပိုင်းစစ်တိုင်းက ဒုတိယတပ်မှူး ဦးဆောင်တဲ့ ရုရှားအထူးတပ်ဖွဲ့ဝင်တွေဟာ မြန်မာအကြမ်းဖက်စစ်တပ် နဲ့အတူ လေ့ကျင့်နေတာဖြစ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ဒရုန်းတွေ၊ စနိုက်ပါ သေနတ်တွေ၊ မောင်းသူမဲ့မြေပြင်ယာဉ် (UGV) နဲ့ အခြားစစ်လက်နက်ပစ္စည်းတွေကို မြန်မာစစ်တပ်အရာရှိတွေကို သရုပ်ပြနေတာကိုလည်း တွေ့ရပါတယ်။
#မအလ
#စကစ
#ရုရှား

17/07/2026

အင်အားကြီးမားလာတဲ့ အာရက္ခတပ်တော်(AA)

ဇူလိုင်၁၇/၂၀၂၆
အာရက္ခတပ်တော် (AA) ဟာ မြန်မာနိုင်ငံအတွင်း အင်အားအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်လာပြီး စစ်ရေးနဲ့ အုပ်ချုပ်ရေး နှစ်ဖက်စလုံးမှာ လျင်မြန်စွာ တိုးတက်လာတယ်လို့ Jamestown Foundation သုံးသပ်ထားပါတယ်။


#အာရက္ခတပ်တော်

17/07/2026

AA သည် အင်အားအကောင်းဆုံး လက်နက်ကိုင်တပ်ဟု အမေရိကန်သုတေသနအဖွဲ့ ဆို

ဇူလိုင် ၁၇၊ ၂၀၂၆

ရခိုင်ပြည်နယ် မြို့နယ်အများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) သည် ကြားခံဇုန်တခု တည်ဆောက်ရန် စစ်ရေး တိုးချဲ့လျက်ရှိကာ မြန်မာနိုင်ငံ၏ အင်အားအကောင်းဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်လာကြောင်း အမေရိကန်အခြေစိုက် ကာကွယ်ရေးမူဝါဒဆိုင်ရာ သုတေသနအဖွဲ့တခုဖြစ်သည့် Jamestown Foundationက ယမန်နေ့တွင် ထုတ်ပြန်သည်။

AA သည် လက်ရှိ ပုံမှန်စစ်သည်အင်အား ၄၀,၀၀၀ ဖြင့် ဖွဲ့စည်းထားကာ တောင်အာရှနှင့် အရှေ့တောင်အာရှတွင် အကြီးမားဆုံး လှုပ်ရှားနေသည့် အစိုးရမဟုတ်သော လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး ‘ရက္ခိတလမ်းစဉ်’ မှတဆင့် ‘ရက္ခိုင်အိပ်မက်’ ကို အကောင်အထည်ဖော်ရန် ရည်မှန်းထားသလို အာဏာသိမ်းသမ္မတမင်းအောင်လှိုင်အတွက်လည်း အထိရောက်ဆုံး ခြိမ်းခြောက်မှုတခု ဖြစ်လာသည်ဟု Jamestown Foundation က ဆိုသည်။

AAသည် ၎င်းတို့ထိန်းချုပ်မြို့နယ်များတွင် လက်တွေ့ကျသော အုပ်ချုပ်ရေးယန္တရားကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး၊ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖွဲ့စည်းထားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအား စစ်သင်တန်းပေးရန်နှင့် လက်နက်ခဲယမ်း ထောက်ပံ့ပေးရန် မဟာဗျူဟာမြောက် မဟာမိတ်များဖြင့် လုပ်ဆောင်လျက်ရှိကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြောက်ပိုင်းအဖွဲ့များနှင့် မတူသည့်အချက်မှာ AA ၏ စစ်ဆင်ရေးနယ်မြေသည် တရုတ်နိုင်ငံအပေါ် မမှီခိုရသည့်အတွက် တရုတ်ဩဇာလွှမ်းမိုးမှုမှ ကာကွယ်ပြီးသားဖြစ်နေကြောင်းလည်း ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကိုပါ သိမ်းပိုက်ထားသော AA သည် နယ်မြေထိစပ်နေသော ဧရာဝတီ၊ ပဲခူးနှင့် မကွေးတိုင်းအတွင်းသို့ စစ်ရေးတိုးချဲ့လျက်သလို ပြည်နယ်မြို့တော် စစ်တွေနှင့် တရုတ်နိုင်ငံ၏ အကြီးစားစီးပွားရေးစီမံကိန်းများ တည်ရှိရာ ကျောက်ဖြူမြို့တို့ကိုပါ သိမ်းပိုက်ရန် ကြိုးပမ်းလျက်ရှိသည်။

ဓာတ်ပုံ-AA Info Desk



#တိုငရင်းသားလက်နက်ကိုင်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


33gJanlan Flora 1/4
Yangon
42500