Shop Seller Support MM

Shop Seller Support MM

Share

15/02/2024

ရောင်းချသူများကို အသိပေးအကြောင်းကြားခြင်း

လေးစားရပါသော ရောင်းချသူများ

Shop MM ၏ Customer Service Call Center အလုပ်ချိန်များကို ယခင် မနက် ၈း၃၀ နာရီ - ညနေ ၅း၃၀ နာရီ မှ ယခု မနက် ၈း၃၀ နာရီ - ညနေ ၅ နာရီ သို့ ပြောင်းလဲသတ်မှတ်လိုက်သောကြောင့် ရောင်းချသူများအနေဖြင့် လုပ်ငန်းကိစ္စများ စုံစမ်းမေးမြန်းခြင်းများအား ပြောင်းလဲသတ်မှတ်လိုက်သော လုပ်ငန်းချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ရောင်းချသူများ အနေနဲ့ သိရှိချင်သော အကြောင်းအရာများရှိပါက (သို့) အဆင်မပြေမှု တစုံတရာရှိခဲ့ပါက Shop ရဲ့ Seller Support Hotline- 09 969998810 ကို ခေါ်ဆိုမေးမြန်းနိုင်သလို Seller Support Live Chat https://dub.sh/LiveChatSellerSupport2 မှတဆင့်လည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လေးစားစွာဖြင့်
Shop MM

22/01/2024

အော်ဒါလာရောက်ပို့ဆောင်နိုင်သော Shop Hub လိပ်စာများ

လေးစားရပါသော ရောင်းချသူများရှင့်!

ရောင်းချသူများ ရရှိလာတဲ့ အော်ဒါတွေအတွက် ပေးပို့မယ့်ပက်ကေ့ဂျ်များကို Shop သို့လွှဲပြောင်းပေးရန်အတွက် ပိုမိုအဆင်ပြေပြီး ပိုမိုထိရောက်စေဖို့ Shop ရဲ့ Hubsတွေမှာလည်း လာရောက် ပစ္စည်းချပေးနိုင်ကြောင်းကိုလည်း Shop မှ အသိပေး အကြောင်းကြားချင်ပါတယ်။

ရောင်းချသူများနှင့် ဝယ်သူများအတွက် ပို့ဆောင်ချိန်နှင့် လုပ်ဆောင်ချိန်က အရေးကြီးကြောင်း Shop မှ နားလည်ပါသည်။ Shop ရဲ့ Hubs များမှာ လူကြီးမင်းတို့ ပို့ဆောင်မယ့် ပက်ကေ့ဂျ်များကို ချပေးရန် ရွေးချယ်ခြင်းက လူကြီးမင်းတို့အတွက် အောက်ပါအချက်များကို ပိုမိုလုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်။

၁. ပို့ဆောင်ချိန်နှင့် မှာယူမှု အရှိန်မြှင့်လုပ်ဆောင်နိုင်ခြင်း။
၂. ပို့ဆောင်မှုအတွက် Risk များကို လျော့ချနိုင်ခြင်း။
၃. အဆင်ပြေ ပြီး နီးစပ်သောတည်နေရာ တွင် ပစ္စည်းချထားနိုင်ခြင်း။
၄. Hub နှင့် ဆက်သွယ်ရာတွင် ပိုမို အဆင်ပြေလာစေနိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်နှင့် မန္တလေးမြို့ရှိ Shop Hub များကို တနင်္လာမှ စနေနေ့ အတွင်း မနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ ဖွင့်လှစ်ထားမည် ဖြစ်ပြီး အော်ဒါပို့ဆောင်ခြင်း လက်ခံခြင်းများကို ပြုလုပ်ပေးမှာဖြစ်ပါတယ်။

ရောင်းချသူများ အနေနဲ့ အဆင်မပြေမှု တစုံတရာရှိခဲ့ပါက Shop ရဲ့ Seller Support Live Chat မှတဆင့်လည်း တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်။
https://dub.sh/LiveChatSellerSupport1

Shop Hub လိပ်စာတွေကိုလည်း Shop University မှာလည်း အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://dub.sh/ShopHub4Dropoff

ပျော်ရွှင်သော ရောင်းချမှု
Shop MM

09/01/2024

အများပြည်သူရုံးပိတ်ရက် ကြေငြာခြင်း

ရောင်းချသူများရှင့်

၂၀၂၄ ဇန်နဝါရီလ ၁၁ ရက်နေ့ ကြာသပတေးနေ့ (ကရင်နှစ်သစ်ကူးနေ့) သည် အများပြည်သူ ရုံးပိတ်ရက်ဖြစ်သောကြောင့် Shop MM မှ လုပ်ငန်းများ လည်ပတ်မည်မဟုတ်ပါသဖြင့် အော်ဒါပစ္စည်းများ လာရောက်ပို့ဆောင်ခြင်းနှင့် ကောက်ခံခြင်းများရှိမည် မဟုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ သောကြာနေ့ တွင် Shop လုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်သွားမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
ကျေးဇူးတင်ပါသည်။

လေးစားစွာဖြင့်
Shop MM

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Address


No 28, Kanaung Minthar Gyi Road, Zone 2, Dagon Seikkan Township
Yangon
11441

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 14:00