You Matter Most

You Matter Most

Share

25/05/2026

မင်းနဲ့စတွေ့ခဲ့တဲ့နေ့ကို
ငါအခုထိ မှတ်မိနေတုန်းပဲ။
လူအများကြားထဲမှာတောင်မင်းရဲ့အသံ၊ မင်းရဲ့အပြုံး၊
မင်းမျက်လုံးထဲက နူးညံ့မှုတွေကငါ့ကို ထူးထူးခြားခြား ဆွဲဆောင်ခဲ့တယ်။

မင်းနဲ့စကားပြောရတာကို သဘောကျတယ်။
မင်းစိတ်ဆိုးရင် ချော့ပေးချင်တယ်။မင်းဝမ်းနည်းနေရင်
အနားမှာ ထိုင်ပေးချင်တယ်။မင်းပျော်နေရင်ငါပါ လိုက်ပျော်မိတယ်။

အဲ့ဒီအချိန်တုန်းကအချစ်ဆိုတာ ဒီလောက်တောင် နူးညံ့နိုင်တယ်လို့ငါမထင်ခဲ့ဖူးဘူး။

ဒါပေမဲ့
အချစ်တွေ အားလုံးကအဆုံးထိ လှပနေကြတာ မဟုတ်ဘူး။တဖြည်းဖြည်းနဲ့ငါတို့ကြားမှာ နားမလည်မှုတွေ ပေါ်လာတယ်။မပြောဖြစ်တဲ့ စကားတွေ များလာတယ်။
ဖုန်းခေါ်သံတွေ နည်းလာတယ်။“သတိရတယ်” ဆိုတဲ့ စကားလုံးတောင်အရင်လို မနွေးထွေးတော့ဘူး။

ငါသိလာခဲ့တယ်…လူနှစ်ယောက် ချစ်နေကြပေမဲ့
အမြဲတမ်း အတူတူနေလို့ မရနိုင်ဘူးဆိုတာ။

တနေ့မှာ
မင်းက ငါ့ကို မကြည့်တော့ဘဲတိတ်တိတ်လေး ပြောခဲ့တယ်။“ငါတို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်…”
အဲ့စကားကို ကြားတဲ့အချိန်ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသလိုပဲ။

ငါ မငိုချင်ခဲ့ဘူး။ဒါပေမဲ့ မင်းရှေ့မှာတင်
မျက်ရည်တွေ ကျလာခဲ့တယ်။တကယ်တော့
ငါဝမ်းနည်းခဲ့တာမင်းထွက်သွားလို့တင် မဟုတ်ဘူး။
တစ်ချိန်က“အဆုံးထိ ရှိပေးမယ်” လို့ ပြောခဲ့တဲ့လူက
နောက်ဆုံးမှာငါ့ကို ထားခဲ့တာကြောင့်ပဲ။

သီချင်းတွေ နားထောင်ရင် မင်းကို သတိရတယ်။
လမ်းဟောင်းတွေ ဖြတ်သွားရင် မင်းကို မြင်ယောင်တယ်။ဖုန်း notification တက်တိုင်း
မင်းများလားလို့ မျှော်မိတုန်းပဲ။
အတိတ်က အမှတ်တရတွေ အကုန်လုံးက အကျဥ်းထောင် တခုလို ငါ့ကို ပိတ်လှောင်ထားခဲ့တယ်။

တချို့လူတွေကဘဝထဲက ထွက်သွားကြပေမဲ့
နှလုံးသားထဲကတော့ဘယ်တော့မှ မထွက်သွားနိုင်ဘူး။

ငါတို့အချစ်ကပျော်ရွှင်စရာ အဆုံးသတ်မရခဲ့ပေမဲ့
ငါ့ဘဝမှာ အမှန်တကယ် ချစ်ခဲ့ဖူးတဲ့
အလှဆုံး အမှတ်တရတစ်ခုတော့ ဖြစ်ခဲ့တယ်။

အချိန်တွေ နောက်ပြန်လှည့်လို့ရရင်
မင်းကို ထပ်ချစ်မိဦးမှာပဲ…”

ရှင်ကွဲကွဲသော အချစ်ဆိုတာ
လူနှစ်ယောက် ခွဲသွားတာထက်
မေ့ချင်ပေမဲ့ မမေ့နိုင်သေးတဲ့
နှလုံးသားတစ်ခုရဲ့ နာကျင်မှု တခုအဖြစ်ကျန်ရှိနေအုန်းမှာပါ....

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
1111