Essential English Grammar Classes

Essential English Grammar Classes

Share

07/09/2025

Essential English တွင် Movers level တက်ရောက်နေသော မီးမီးလေးတို့၏ role Project ကို တင်ဆက်ထားခြင်း ဖြစ်ပါတယ်ရှင့်။✨

Speaking နဲ့ ထိတွေ့မှုအားနည်းသော်လည်း သားငယ်သမီးငယ်များ၏ Level အလိုက် တိုးတက်ဖွံ့ဖြိုးလာခြင်း၍ အကောင်းဆုံး ကြိုးစားထားခြင်းကို တွေ့ရမှာဖြစ်ပါတယ်ရှင့်။🙇🙇🙇

သင်ခန်းစာနှင့်ပတ်သက်သည့်အခါ သူငယ်ချင်းများ ဆရာမများနှင့် တက်ကြွစွာဆွေးနွေးလေ့ရှိကြပြီး အတန်းတွင်းမှ Class activities များတွင် တက်ကြွစွာပါဝင်နိုင်ကြပါတယ်ရှင့်။💟

သားသားမီးမီးတို့ရဲ့ အင်္ဂလိပ်စကားပြောစွမ်းရည် ပိုမိုတိုးတက်စေရန်၊ Public Speaking ပြောရာ၌ မိမိကိုယ်ကိုယ် ယုံကြည်မှု တိုးလာ၍ four skills ပိုမိုတိုးတက်လာစေရန်ရည်ရွယ်လျက် Fun for Movers book မှ သင်ခန်းစာများနှင့် စပ်လျဉ်း၍ Speaking project, speaking practice နှင့် role play project စတာတွေကို စီစဉ်ပေးထားခြင်း ဖြစ်ပါတယ်ရှင့်။✨✨✨

Photos from Essential English Grammar Classes's post 07/04/2019

ကလေးငယ်များနဲ့ နွေရာသီလေးပါ။

Photos from Essential English Grammar Classes's post 12/03/2018

"English Grammar & Writing Course 2018"
ကလေးငယ်များ၏ အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာအခက်အခဲများကိုဖြေရှင်းနိုင်စေရန်-
Essential English Grammar Class မှ Summer Course နှင့် Regular Program အတွက် သင်တန်းများကို စတင်၍ ဖွင့်လှစ်မည် ဖြစ်ပါသောကြောင့် ယခုအချိန်မှစ၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ပါသည်။
*သင်တန်း၏ ရည်ရွယ်ချက်*
-အင်္ဂလိပ်စာကို လေ့လာသင်ယူရာတွင် ကျောင်းသင်ရိုးညွှန်းတမ်းစာအုပ်ကို လက်ကိုင်ပြု၍ သိမြင်၊တွေးခေါ်၊ဖန်တီးနိုင်စွမ်းဖြင့် ဘာသာရပ်ဆိုင်ရာအခက်အခဲကို ကျော်လွှားနိုင်စေရန်၊
-အင်္ဂလိပ်စာကို အတန်းငယ်စဉ်ကတည်းက အခြေခံမှစ၍ စနစ်တကျ သင်ယူတတ်မြောက်ထားလျှင်၊ အထက်တန်းရောက်ချိန်တွင် သင်ယူရမည့် ဘာသာရပ်များ၌ အခက်အခဲနည်းပါးစွာ လေ့လာသင်ယူနိုင်စေရန်၊
-တက္ကသိုလ်ဝင်တန်းတွင် အင်္ဂလိပ်စာဂုဏ်ထူး ရရှိစေရန် နှင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး၊ အသက်မွေးဝမ်းကြောင်းပညာသင်ကြားရာတွင် မဖြစ်မနေရင်ဆိုင်ရမည့် အင်္ဂလိပ်စာ လိုအပ်ချက်ကို ကျော်လွှားနိုင်စေရန်အတွက် ရည်ရွယ်ပါသည်။
*ထိရောက်မှန်ကန်သော သင်ရိုးနှင့် သင်ကြားနည်းစနစ်*
Summer Class တွင်
မူလတန်း၊ အလယ်တန်း နှင့် အထက်တန်း အသီးသီးတွင် သင်ကြားရမည့် အတန်းစဉ်များအလိုက် သင့်လျှော်သောသင်ခန်းစာများကို Cambridge နှင့် Oxford စသောသင်ရိုးညွှန်းတမ်းများမှ ရွေးချယ် သင်ကြားပေးထားပြီး၊ Essays နှင့် Letters ရေးတတ်စေရန်အတွက် အင်္ဂလိပ် ဝါကျဖွဲ့စည်းပုံကို အခြေခံမှစ၍ စနစ်တကျသင်ကြားပေးပါသည်။

Regular Program တွင်
-ပြဋ္ဌာန်းစာအုပ်ပါ Unit အလိုက် Comprehension များကို ဘာသာပြန်တတ်စေရန်၊
-ကျောင်းသင်ခန်းစာများကို လွယ်ကူစွာလေ့လာနိုင်စေရန် နှင့် လက်တွေ့ရေးတတ်၊ ဖတ်တတ်စေရန် အတွက် Applied English Grammar ကို သင်ကြားပေးခြင်း၊
-Workbook များကို ကိုယ်တိုင်စဉ်းစား၍ ဖြေဆိုစေခြင်းအားဖြင့် အင်္ဂလိပ်စာစွမ်းရည်ပိုမိုတိုးတက်လာပြီး၊ ကျောင်းသင်ခန်းစာများကို အထောက်အကူပြုစေရန်၊
-Reading Comprehension နှင့်ပတ်သက်၍ မေးခွန်းများကိုဖြေဆိုရာတွင် တိကျသေချာစွာ ဖြေဆိုတတ်စေရန်-
-How to write Letters & Essays နှင့် Grammar Structure Patterns & Writing တို့ကိုလေ့ကျင့်သင်ကြားပေးပါသည်။
- အင်္ဂလိပ်ဘာသာရပ်ဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးလိုသောဆန္ဒ၊ လက်တွေ့စာဖတ်တတ်စေရန်နှင့် မှန်ကန်သောစာရေးနည်းစနစ်ကို အခြေခံမှစ၍ စနစ်တကျလေ့ကျင့်ပေးလိုသော ရည်ရွယ်ချက်များဖြင့် စာသင်နှစ်(၁၆)နှစ် မှရရှိခဲ့သော သင်ကြားမှုနည်းစနစ်များဖြင့် နွေးထွေးစွာ ကြိုဆိုလိုက်ပါသည်။

သင်တန်းချိန်မှာ-
*တစ်ပတ် နှစ်ရက် ၊ တစ်နေ့ နှစ်နာရီ ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုလျှင်-
*09 515 6509, 09 799 732 850, 09 731 636 17 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သင်တန်းလိပ်စာမှာ-
*အမှတ် ( ၆၇၆ )၊ တပင်ရွှေထီးလမ်းနှင့် ခွာညိုလမ်းထောင့်၊ ( ၄၁ )ရပ်ကွက်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No(676), Tapin Shwe Htee Street, (41)Quarter, North Dagon
Yangon