YYM Institute
04/10/2025
ဒီဟာဘာအကျိုးသက်ရောက်မှုအတွက်လုပ်တာလဲလို့ Government ငွေကြေးpolicy နှင့်မရင်းနှီးသောသူတွေအတွက် (လုံးဝမသိသေးသူများအတွက်) အကြမ်းဖျဉ်းလေးသိသလောက်ပြောပြချင်တာပါ။
ဘဏ်တွေက ဗဟိုဘဏ်မှာ ဥပဒေအရ မဖြစ်မနေ required reserve လိုအပ်သောအရံငွေကြေးထားရှိရပါတယ်။ ထို မဖြစ်မနေထားရှိရန်လိုအပ်သော ငွေကြေး ( required reserve) ထက်ပိုသောငွေ (Excess reserve) ပေါ်မှာ ဗဟိုဘဏ်က ဘဏ်များ ကိုအတိုး (interest on excess reserve IOER ) ပေးပါတယ်။ ထိုအတိုးနှုန်းကိုတိုးမြှင့်ပေးမယ်လို့ပြောပါတယ်။ ဘဏ်တွေက သူတို့ဘဏ်တွေမှာရှိတဲ့ငွေကို income ပြန်ရဖို့ အပြင်စီးပွါးရေးလုပ်ငန်းတွေကိုငွေပြန်ချေးတာက risk များတဲ့အတွက် အဲဒီအစား ဗဟိုဘဏ်မှာထားပြီး အတိုးယူတာပိုနှစ်သက်လာနိုင်ပါတယ်။ စျေးကွက်ထဲမှာချေးငွေရှားပြီးအတိုးနှုန်းမြှင့်မားလာတာကြောင့် စီးပွါးရေးလုပ်ငန်းများရင်းနှီးမြှပ်နှံမှု / စားသုံးသူသုံးစွဲမှုနှေးကွေး ပြီးဝယ်လိုအားကျဆင်းကာ inflation ကျဆင်းရန်ရည်ရွယ်တဲ့ဗဟိုဘဏ် ထိန်းချုပ်ဖို့လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။
ဗဟိုဘဏ်သည် IOER အတိုးနှုန်းကိုသတ်မှတ်ရာမှာပိုမိုတင်းကြပ်သောထိန်းချုပ်မှုနဲ့သတ်မှတ်မယ် (သို့)ယခင်က money market အတိုးနှုန်းနဲ့ ချိတ်ဆက်ထားခြင်းကို ဖျက်သိမ်းလိုက်တဲ့အတွက် ဗဟိုဘဏ်ကအတိုးနှုန်းကိုပိုမိုတိုက်ရိုက်ထိန်းချုပ်သွားနိုင်မှာဖြစ်ပါတယ်။
ဗဟိုဘဏ်က expansionary policy မှ tightening policy သို့ကူးပြောင်းနေခြင်းဖြစ်ပါတယ်။ ထိုသို့လုပ်ခြင်းကြောင့် inflation ကိုထိန်းချုပ်မယ်၊ ဒေါ်လာစျေးနဲ့ရွှေစျေး ကျဆင်းနိုင်ခြေ (သို့) တည်ငြိမ်နိုင်ခြေရှိမယ်၊ ကုန်စျေးနှုန်းကျဆင်းနိုင်ခြေ(သို့) တက်နှုန်းနှေးသွားမယ်လို့ရည်ရွယ်ပါတယ်။
သို့သော် ဒီအကျိုးသက်ရောက်မှုများက ချက်ချင်းဖြစ်ပေါ်မှာမဟုတ်ပဲတဖြည်းဖြည်းထင်ဟပ်လာနိုင်ပါတယ်။ အခြားအကြောင်းရပ်များစွာကြောင့်လဲ ရည်ရွယ်ချက်အပေါ်ထိခိုက်မှုရှိနိုင်ပါသေးတယ်။
25/06/2025
ACCA changes တွေကြားလို့ ဆက်လုပ်ရမလား ဘာလုပ်ရမလဲလို့ စိတ်ပျက်စရာမလိုပါဘူး။ ဘာသာရပ်အမည်ပြောင်းတာ၊ syllabus ပြောင်းတာမျိုးက ခေတ်ရဲ့ပြောင်းလဲမှုနဲ့ လျှော်ညီအောင် Professional Qualification တိုင်း မကြာခဏလုပ်လေ့ရှိပါတယ် ။ လုပ်မှလဲ update ဖြစ်ပြီး အသုံးဝင်တဲ့ professional qualification အဖြစ်ဆက်ရှိနေမှာပါ။
လက်ရှိတက်နေဆဲ လေ့လာပြီးသားဘာသာရပ်တွေအတိုင်းဆက်ဖြေချင်တယ်ဆိုရင် အပြောင်းအလဲက July 2027 မှစတင်မှာဖြစ်လို့ ကောင်းကောင်းဆက်ဖြေဖို့ အချိန်လုံလောက်ပါတယ် ။ ၂၀၂၇ နားနီးရင်တော့ ဘယ်ဘာသာ အပြောင်းအလဲများပြီးခေတ်အခြေအနေအရပိုအသုံးဝင်မလဲစဉ်းစားပြီး ဖြေမယ့်ဘာသာနဲ့ ချန်မဲ့ ဘာသာရပ်ရွေး
ခြယ်ဖြေဆိုသင့်ပါတယ်။
အောင်ပြီးသာဘာသာရပ်များအတွက်လဲ သက်ဆိုင်ရာဘာသာတွေ credit ပြန်ရမှာ ဖြစ်တဲ့အတွက် ဘာမှစိတ်ပူစရာမလိုပဲ မိမိရည်မှန်းချက် အောင်မြင်အောင်သာ ဆက်လက်ချီတက်ကြပါလို့
20/07/2024
ဝါဆိုလပြည့် စမ္မစကြာအခါတော်နေ့မှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးဘယာဝေးကွာပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်
Credit photo
16/12/2023
၂၀၂၃/၂၀၂၄ခုနှစ်
အတွက်ကွန်ဒိုနှင့်လူနေတိုက်ခန်းရောင်းဝယ်မှုအပေါ်
အခွန်စည်းကြပ်ရန်နူန်းထားများ
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Latha Street
Yangon